Friday, December 6, 2013

ဗမာအစိုးရ ၏ နူကလီးယား လက်နက်ပိုင်ဆိုင်ရန် အစီအစဉ်


မြန်မာနိုင်ငံတွင် နူကလီးယား လက်နက်ပိုင်ဆိုင်ရန် သုသေသန ပြုလုပ် မှု့များကို ရပ်ဆိုင်းထားသည် ဟုကာကွယ်ရေး ၀န်ကြီး ဋ္ဌာနမှ နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနIISS နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ IAEA တို့ ကို ငြင်းဆို ထားသော် လည်း ဆက်လက်ပြု လုပ်နေသည် မှာ ဒေသတွင်း နိုင်ငံ များအား ခြိမ်းခြောက် လာနိုင်သည့် အနေအထား သို့ ရောက်ရှိလာ ပြီဖြစ်

အခုအစီစဉ် မှာ ပူပေါင်းပါဝင်လာသူ မှာ ခရိုနီ တေဇ ဖြစ်ပြီး သန်းရွှေ ၏အိမ်မက် တစ်ခု ကို အကောင်ထည်ပေး ချင်တာ တစ်ကြောင်း နောက်ပြီး တေဇမှ ငါတို့ဆီမှာ နူကလီးယား လက်နက်သာ ရှိ ဘယ်နိုင်ငံမှ ကြောက်နေစရာ မလို ဘူးဟု ပြောတယ် လို့ လည်းကြားရပါတယ်
ဒီအစီစဉ်ကို အကောင်ထည် ဖော် ဖို့ အတွက် သန်းရွှေ အနာမယူ မှီကတည်းက ကြိုးပမ်း နေတာကတော့ အားလုံးအသိပါ DSA DSTA ကျောင်းဆင်း ဗိုလ်များ ထဲ မှ ထူးချွန် သူများအား ရှရှားနိုင်ငံသို့ စေလွှတ်ပြီး နူကလီးယား နက်နဲ့ ပက်သက် တဲ့နည်းပညာ တွေ ကိုသွားရောက် လေ့လာ ခိုင်းခဲ့ ပါတယ်

နူကလီးယား လက်နက်အစီအစဉ် လုံးဝ ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့အတွက် နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ အိုင်အေအီအေ ရဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုအပ်ကြောင်း လက်နက်မပြန့်ပွားရေး နဲ့ ထိမ်းချုပ်ရေး ဆိုင်ရာဒါရိုက်တာ Mr. Mark Fitzpatrick က ပြောကြားခဲ့တာကို နူကလီးယားအစီအစဉ်မရှိတဲ့အတွက်ဘာမှအတည်ပြုစရာအကြောင်းမရှိဘူး၊ အိုင်အေအီးအေလည်း လာရောက် စစ်ဆေးစရာမလိုပါဘူးလို့ မြန်မာ့ ကာကွယ်ရေး ဘက် ကပြန်လည် ပြောကြားခဲ့ ပါတယ်

နာက် ပိုင်းမှာ နျူကလီးယား လက်နက်ထုတ် လုပ်ဖို့အတွက် မြောက် ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို စတင်ခဲ့တာဘဲဖြစ်ပါတယ်။ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးပါ။ ၂၀၀၈ခုနှစ်နိုဝင်ဘာလ အတွင်းမှာလည်း သူရရွှေမန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာသွားရောက်ခဲ့ ကြပါတယ်။နေပြည်တော်လေဆိပ်မှ အထူးလေယာဉ် ATR-72 ဖြင့် တရုပ်ပြည် ကူမင်းသို့၎င်း ထိုမှတဆင့် China Southern Airline CZ 6160 ဖြင့် ပေကျင်း လေဆိပ်သို့၎င်း ပေကျင်းလေဆိပ်မှ Korea Air Line JS-152 နှင့် မြောက်ကိုရီးယာ သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား ရေတပ် စခန်း တစ်ခုကိုသွားရောက်လေ့လာရာတွင်၎င်းရေတပ်စခန်းကို ရေအောက်မျက်နှာပြင်မှ ရေမျက်နှာပြင်ပေါ်အထိ တည်ဆောက်ထားပုံ ရေယာဉ်များကို လုံခြုံစွာ ထိမ်းသိမ်းထားနှိုင်ရန် ဥမင်လှိုင်ခေါင်းတည်ဆောက်ထားပုံ ၎င်းဥမင်များကို ဒုံးပျံများ ပစ်ခတ်မှု ဒါဏ်ခံနှိုင်ရန် တည်ဆောက်ထားပုံတွေ လေ့လာခဲ့ကြပါတယ်။လေတပ်စခန်းတွင်လည်း တိုက်လေယဉ်များကို ဝင်ဆန့်မှု ရှိစေရန် ဥမင်လှိုင်ခေါင်းများတည်ဆောက် ထားပုံတွေနှင့် လေကြောင်းရန်ကာကွယ်ေ၇း လက်နက်ဖြစ်သည့် ပခုံးထမ်း ပဲ့ထိမ်း ဒုံး တပ်ဆင်ထားသော တင့်ကားပေါ်မှ စီးနင်းလိုက်ပါပြီး လေယာဉ် ရဟတ်များကို ပစ်ခတ်နှိုင်ရန် ဆက်စပ်ဖန်တီးထားပုံ မြေအောက်လှိုင်ခေါင်း အတွင်း Anti tank Missile များထုတ်လုပ် သည့် စက်ရုံများ တည်ဆောက်ထားပုံတွေ လေ့လာခဲ့ ကြပါတယ်။

ဥမင်လှိုင်ခေါင်းများကိုလည်း မြောက်ကိုရီးယား အကူအညီနှင့် တည်ဆောက်တာ ခန့်မှန်းခြေကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ခန့် ကုန်ကျခဲ့တယ်လို့သိရပါတယ်။ဥမင်လှိုင်ခေါင်းများမှာ အချို့နေရာများမှာ ဘော်လုံးကွင်း နှစ်ခုစာမျှကျယ်ဝန်းနေပြီး ကားများသွားလာနှိုင်လောက်အောင် ကျယ်ဝန်းသည့် လှိုင်ခေါင်းများပြင်ပမှတိုက်ခိုက်ပစ်ခတ်ခြင်းမရှိရအောင်တည်ဆောက်ထားသောဥမင်တွေ၊ချိတ်ဆက်ထားတဲ့ဥမင်လမ်းရှည်တွေ ရှိနေသည့်အတွက် သန်းရွှေ၏ အကြံအစည်မှာ ခန့်မှန်းမရလောက်အောင်ပင်ဖြစ်ပါတယ်။နူကလီးယားစီမံကိန်းအတွက် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များမှ လုပ်ဆောင်နေခြင်းလဲဖြစ်ပါတယ်။

အနုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကိုသုံးတယ် ဆိုတာ လူအတော်များများ သိကြပါတယ်။ ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူး အလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေ အတွက် အန္တရာယ်ကြီးလှပါတယ်။ ယူရေနီယမ် ကတဆင့် အနုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အနုမြူဓာတ်ပေါင်းဖို တည်ဆောက် ကြိုးစားကြပါတယ်။ ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ယူရေနီယမ် သန့်စင်ဖို့ လိုတဲ့အတွက် ဆလင်ဒါပြွန်လုံးတွေ ထောင်နဲ့ချီလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့ စက်ရုံအကျယ်ကြီးတွေ တည်ဆောက် ရပါတယ်။

သပိတ်ကျဉ်း၊
မေမြို့၊ မြိုင် နဲ့ ပွင့်ဖြူ ဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေရှိခဲ့ ပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့ သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ် ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့် ဗဟိုခွာအားစက်ရုံလို့ ခန့်မှန်းရပါတယ်။ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီ မှာ ရုရှားနဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။ အနုမြူလက်နက် လုပ်ငန်းမှာ ဗဟိုခွာအားစက်ရုံ ဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာပြီဖြစ်လို့ မေမြို့လိုတပ်မြို့နားမှာ ဆောက်တာ အများကြီး ဖြစ်နိုင်ပါတယ်။

စစ်အာဏာရှင် လို လူမျိုး လက်ထဲသို့ လူထောင်ပေါင်းများစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ် ရှိလာမယ်ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။ သူတို့အမှန်တကယ်လိုချင်နေတာကတော့ အနုမြူဗုံးပါ အဲဒါ သူတို့ရဲ့ အဓိကရည်မှန်းချက်ဘဲ ဖြစ်ပါတယ်

(Credit to-Burmar Pyi Thar)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။