Monday, January 20, 2014

ကာချုပ် စိတ်ကြိုက် “ဗိုလ်ထီး၊ ဗိုလ်မတွေ” နဲ့ ကလဖန်ထိုးနိုင်သည့် လွှတ်တော်



(မိုးမခ)
တူမောင်ညို

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်၊  ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )ဖြင့် တိုင်းဒေ သ ကြီး (၅) ခုနှင့် ပြည် နယ် (၆) ခု တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်သား အမတ် ၂၄ ဦး အစားထိုးခဲ့သည်။ ၂၀၁၄ ခုနှစ်ထဲ တွင် ဒုတိယအကြိမ် အစားထိုးခြင်းဖြစ်သည်။ 

ထိုသို့ အစားထိုးခဲ့ သည် စစ်သား အမတ် ၂၄ ဦး တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌  ‘ဗိုလ်မ’ တစ်ဦး ပါဝင်လာ သည်။


အင်န် – ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော်

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် (၁/၂၀၁၄) ဖြင့် ပြည်သူ့လွှတ်တော် စစ်သား အမတ်များအား အစားထိုးရာတွင် ‘ ဗိုလ်မ ’ ၂ ဦး ပါဝင်လာခဲ့သည်။

(ကြည်း – ၂၅၅၀၄) ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်
(ကြည်း – ၂၆၀၇၀) ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်

ဗိုလ်ထီးဖြစ်ဖြစ်၊ ဗိုလ်မဖြစ်ဖြစ် အစိုးရအဖွဲ့ထဲ၌ဖြစ်စေ၊ စစ်တပ်ထဲ၌ဖြစ်စေ၊ လွှတ်တော်ထဲတွင်ဖြစ်စေ ကာချုပ် ဗိုလ်မင်းအောင်လှိုင် အမိန့်နာ ခံရမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် စစ်သားအမတ် ၂၄ ဦးအစားထိုးခြင်း
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

● တိုင်းဒေသကြီး ၅ ခု
၁။ တနင်္သာရီတိုင်းဒေသကြီး          ၁ ဦး
၂။ ပဲခူးတိုင်းဒေသကြီး                     ၂ ဦး
၃။ မကွေးတိုင်းဒေသကြီး                ၅ ဦး
၎။ ရန်ကုန်တိုင်းဒေသကြီး              ၂ ဦး  (ဗိုလ်မ တစ်ဦးပါဝင် – အင်န် ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော် )
၅။ ဧရာဝတီတိုင်းဒေသကြီး            ၃ ဦး

● ပြည်နယ် ၆ ခု
၁။ ကချင်ပြည်နယ်                        ၂ ဦး
၂။ ကယားပြည်နယ်                      ၁ ဦး
၃။ ကရင်ပြည်နယ်                         ၁ ဦး
၎။ မွန်ပြည်နယ်                              ၁ ဦီး
၅။ ရခိုင်ပြည်နယ်                           ၂ ဦး
၆။ ရှမ်းပြည်နယ်                             ၄ ဦး

ညွန်း 
၁၈၊ ၁၊ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။