Thursday, January 23, 2014

မှော်ဘီလက်နက်တိုက် ဖောက်ထွင်းခံရ

(Mizzima)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အမှတ် ၅ဝ၁ဝ တင့်ကားတပ်အတွင်းမှ လက်နက်တိုက် ဖောက်ထွင်းခံရပြီး တိုင်းခရိုင်အဆင့်တွင် ပူးပေါင်းဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မှ ရဲစခန်းမှူး ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။

အဆိုပါ ဖောက်ထွင်းခံရမှုသည် MA 13၊ မက် ၁ အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပျင်းကျဉ် စုစုပေါင်း ၅၀၀ တောင့်၊ MA 13 ကျဉ်ကဒ်ငါးကဒ် ပျောက်ဆုံးနေလျှက်ရှိသည်ဟု ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ပြောသည်။

 
သို့သော် လက်နက်တိုက်ကို ဖောက်တွင်းခံရသည့် ရက်ကိုမူ မသိရှိရသေးဘဲ လက်နက်တိုက်ဖောက်သည်ကို ဇန်နဝါရီလ ၂၁ရက်ကမှ သိရပြီး ဇန်နဝါရီလ ၂၂ရက်တွင် မှော်ဘီမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။