Friday, March 29, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံး သပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။


ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်း ဆို မှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒ ရယ် အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ် ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ  ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

စစ်တပ်ပြုပြင် ပြောင်းလဲရေး - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ယန်းအစ်ခ်ျလာ။ 

လွတ်လပ်တဲ့ ချက်သမ္မတ နိုင်ငံ ထူထောင်ခဲ့ပြီးနောက် တပ်မတော်ကို ခေတ်မှီအောင် လုပ်ဖို့ အစီအစဉ်တစ်ခုကို စတင် အကောင်အထည် ဖေါ်ဖို့ ရှိပါတယ်။ အဲဒီ အစီအစဉ်ရဲ့ အဓိက ဦးစားပေး လုပ်ငန်းတွေက စစ်တပ်ခေတ်မှီရေးအတွက် လက်နက် စနစ်တွေနဲ့ ဝန်ဆောင်မှုတွေ ရယူမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ အစီအစဉ်ရဲ့ အဓိက ချို့ယွင်း အားနည်းချက်က ညံ့ဖျင်းစွာ ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်ထားတဲ့ အပြောင်းအလဲတွေ တစ်ပုံကြီး ရှိနေခြင်းနဲ့ ဦးစားပေး အစီအစဉ် အနည်း ငယ် လောက်မှာသာ ရေရှည် အကျိုးသက်ရောက်မှု ရှိခဲ့ခြင်း တို့ပါပဲ။ အဲဒီ အစီအစဉ်က စစ်တပ်ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်း အတွက် ဒါမှမဟုတ် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း အတွက် လမ်းညွှန်မှုတွေ ချမပေးခဲ့ပါဘူး။

Wednesday, March 27, 2013

အမျိုးသားနိုင်ငံရေး ကဏ္ဍတွင် တပ်မတော် ဆက်လက် ပါဝင်မည်

(ဧရာဝတီ)

တပ်မတော် အနေဖြင့် နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့) အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ဖြစ်စေရန် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်ထောက်ခံ ပါဝင်သွားမည်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Tuesday, March 26, 2013

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း


ဒေါက်တာလွဏ်းဆွေ
မတ်လ ၁၃ ရက်နေ့တွင် လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောပြမှုကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်ပြီးနောက် သိပ်မကြာမတင် မတ်လထဲမှာပင် တုန်လှုပ် ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီး ပေါ်ပေါက်လာသည်။

“ဦးပိုင်အကျိုးစီးပွား” အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံ တောင်းအစီရင်ခံစာဖြင့် အကာအကွယ်ပေးသည်ကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်သည့်အပေါ် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ ထိတ်လန့်တုန်လှုပ်သွားပုံပေါ်သည်။ အထူးသဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အကျိုးအမြတ်များ နင်းကန်ရယူထားပြီး စစ်တပ်ကိုလည်း ကြိုးကိုင်ထားနိုင်ဆဲဖြစ်သည့် စစ်ခေါင်းဆောင်ကြီးများ ရှော့ခ်ရသွားပုံပေါ်သည်။

Monday, March 25, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံ တော်သမ္မတနဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင် သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံး ခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ် ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လို ငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ် ဦး လျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့  ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာ တိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါ တယ်။

ဖိုးလပြည့် သို့မဟုတ် တရား ဥပဒေအထက်က လူသားလား


(ဧရာဝတီ)

ဒီရက်ပိုင်း အင်တာနက်မှာ ပျံ့နှံ့နေတဲ့ လူအများစိတ်ဝင်တစား ရှိတဲ့ သတင်းတပုဒ်ကတော့ လူထု ပုံရိပ် ဂျာနယ် အတွဲ ၁ ၊ အမှတ် ၂၆ မှာ မတ်လ ၁၈ ရက်နေ့က ရေးသား ဖော်ပြထားတဲ့ သတင်းတပုဒ်ပါ။ 

 ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ( အကီင်္ျ အဖြူလက်ရှည် ၀တ်ထားသူ) ၊ ဓာတ်ပုံ- မိုးမခ

ဒါကတော့ လွန်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ၉ ရပ်ကွက်၊ အင်းလျားလမ်း မီးပွိုင့်မှာ ဖြစ်ခဲ့တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ဆိုတဲ့သူက ယာဉ်ထိန်းရဲတဦး ကို ရိုက်နှက်မှု လုပ်ခဲ့တာလို့ ဆိုတယ်။

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

တိုက်ပွဲနယ်မြေ တစ်ခုအား လေကြောင်းရန် ကာကွယ်ခြင်း
(၄၄)        ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဟုဆိုနိုင်သော လေတပ်များ၌ ပင်လျှင် တိုက်ပွဲနယ် မြေတစ်ခုအား လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသော နည်းလမ်းကောင်းများ  ရှာဖွေနေဆဲပင် ဖြစ်ပါသည်။ တိုက်ပွဲနယ်မြေအတွင်း လေကြောင်းရန် ကာကွယ်ရေးအား ဆောင်ရွက်ရာတွင်  ၎င်းနယ်မြေ အတွင်းရှိ မြေပြင်တပ် များ၏ အနေ အထားပေါ်တွင် အဓိကမူတည်၍ ဆောင်ရွက်ပါသည်။ တိုက်ပွဲနယ်မြေ အတွင်း ဖြန့်ကျက် ချထားသော လေကြောင်း အင်အားစုများနှင့် မြေပြင် တပ်များ၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို ၎င်းနယ် မြေ ၏ အထက်ရှိ ဝေဟင် ပိုင်နက်အတွင်း စနစ်တကျ သေချာစွာ စီမံခန့်ခွဲနိုင်ရေးသည် အဓိကသော့ချက် ဖြစ်ပါသည်။ လေကြောင်း ဆိုင်ရာ နည်းပညာများ တိုးတက်လာသကဲ့သို့ လက်နက်စနစ်များ၏ စွမ်းပကားများမှာလည်း လျင်မြန်စွာတိုးတက် လာနေသောကြောင့် တိုက်ပွဲနယ်မြေ တစ်ခု၏ ဝေဟင်ပိုင်နက် အား စီမံခန့်ခွဲရေးနှင့် ပါဝင် သော တပ်ဖွဲ့များကို မှန်ကန်စွာ စုစည်းကွပ်ကဲနိုင်ရေးမှာ ပိုမို၍ခက်ခဲ နက်နဲလာပါသည်။

Saturday, March 23, 2013

ပဋိပက္ခ မိတ္ထီလာ

(ဧရာဝတီ)


ဈေးအရောင်းအဝယ်တခုကနေ စတင်ခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်းတွေ စဖြစ်လာပြီးနောက် မတ်လ ၂၁ ရက်နေ့မှာ မန္တလေးကနေ မိတ္ထီလာမြို့ကို သွားတဲ့ ကား ၃ စီးပဲ တွေ့ရပါတော့တယ်။ မနက် ၈ နာရီကျော်လောက် မန္တလေးကနေ ထွက်လာပြီး မိတ္ထီလာကို နေ့လည် ၁၁ နာရီလောက် ရောက်တဲ့အခါ မိတ္ထီလာမြို့ အဝေးပြေးဝင်းအထိ ကားတွေ ဝင်လို့ မရတော့ပါဘူး။

အဲဒီမြို့နားက အထက်တန်းကျောင်းပေါက်ဝထိပ်မှာပဲ ကာတွေက ရပ်ပေးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း အဲဒီနားမှာ ကားတချို့ကို မီးရှို့ဖျက်ဆီးထားတာကို စမြင်လိုက်ရတယ်။ အဝေးမှာ မီးလောင်နေလို့ မီးခိုးလုံးတွေ တက်နေတာကိုလည်း ကားပေါ်က ဆင်းပြီးတာနဲ့ လှမ်းမြင်နေရတယ်။

Friday, March 22, 2013

NDC ကျောင်းဆင်း အရာရှိကြီးများကို တပ်မတော်က ဘယ်လို တာဝန်မျိုးတွေ ပေးသလဲ

(စည်းလုံးခြင်းရဲ့အင်အား)


နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (ကုန်းမြင့်သာ)

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းဟာ နိုင်ငံတော်ကချမှတ်တဲ့ Policy နဲ့အညီ Grand Strategy ကို အကောင်အထည်ဖေါ်နိုင်တဲ့ Higher Leader တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ပြုစု ပျိုးထောင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ရည်မှန်းချက်ကတော့ စစ်ဘက်နှင့် မြို့ပြဆိုင်ရာအဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များအား မျက်မှောက်ကမ္ဘာ့အခြေအနေ၊ ပြည်တွင်းအခြေအနေများနှင့် စွမ်းအားစုများကို သိရှိနားလည်စေ၍ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ခေတ်မီသိပ္ပံဆိုင်ရာများကို တစ်ဦးချင်းနှင့် အဖွဲကလိုက် စုပေါင်းဖေါ်ထုတ်တတ်ကြပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင် စသည့်အမြင်လေးမြင်ဖြင့် တွေးခေါ်မြှော်မြင်၍ မှန်ကန်သော အယူအဆများ၊ တိကျပြတ်သား သော ဆုံးဖြတ်ချက်များ၊ ချမှတ်လုပ်ဆောင်စေရေးအတွက် ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ အနာဂါတ် အမျိုးသားရေး မဟာဗျူဟာကို ချမှတ်ရန်အလို့ငှာ နိုင်ငံတော်အဆင့် မူဝါဒများကို လေ့လာစူးစမ်းဖေါ်ထုတ်ရန်ဆိုတဲ့ ရည်မှန်းချက်တွေရှိကြောင်း သိရှိရပါတယ်။ 

စစ်တပ်ပြုပြင် ပြောင်းလဲရေး - အပိုင်း (၁)


(စည်းလုံးခြင်းရဲ့အင်အား) (www.photayokeking.org)

အယ်ဒီတာအဖွဲ့၏တင်ပြချက်။ ။ အာရှနိုင်ငံအများစုက အနောက်တိုင်း ဒီမိုကရေစီပုံစံကို တိုက်ရိုက်သွတ်သွင်းမပြုလုပ်ချင်ကြတာကို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအား လက်ညွန်း ထိုးပြီး ငြင်းဆန်နေကြပါ တယ်။ မြန်မာအစိုးရက ဥရောပရှိ နိုင်ငံများ ပြိုကွဲတာကိုထောက်ပြပြီး တပ်မတော်က (၂၅)ရာခိုင်နူန်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍ မှာ အမြဲတမ်း ပါဝင်ရမယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် အာဏာရှင် များကို ပြန်လည် အသက်သွင်းမည့် သို့မဟုတ် အကာအကွယ်ပေး မည်ဆိုတာကို ပြည်သူလူထုက စိုးရိမ်ပူပန်နေပါတယ်။  အဆိုပါဆောင်း ပါးကို တင်ပြနေရတဲ့ ရည်ရွယ်ချက်ဟာ လက်ရှိမြန်မာအစိုးရရဲ့လိုလား ချက်အတိုင်း ဖေါ်ပြ နေတာမဟုတ်သလို တချို့အတိုက်ခံအဖွဲ့အစည်း ရဲ့ ဆန္ဒသဘောထားကို မျက်ကွယ်ပြုတာမဟုတ်ကြောင်း သတိပြုစေ လိုပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ဝေတဲ့ အဆိုပါ အသွင်ကူး ပြောင်းရေး စာအုပ်မှ အချက်အလက် များဟာ ချက်သမ္မတနိုင်ငံရှိ အထင်ကရ တာဝန်ထမ်းဆောင်းခဲ့တဲ့ ပုဂ္ဂိုလ် များရဲ့အတွေ့အကြုံများကို နိုင်ငံအကျိုးအတွက် လေ့လာ မှတ် သားနိုင်ရန်သာဖြစ်ပြီး စည်းလုံးခြင်းရဲ့ အင်အား ၀က်ဆိုဒ်ရဲ့ အာဘော် မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆောင်းပါးရှင် - ယန်းအစ်ခ်ျလာ

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

(ဧရာဝတီ)


အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေး ကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ် မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။

“အကြီးအကဲက ခေါ်လို့ နေပြည်တော်ကို ပို့လိုက်ပြီ။ ဟို Case ဖြစ် ကတည်းက ပို့လိုက်တာ” ဟု သူက ဆိုသည်။

နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေ ချာမသိရှိဘဲ နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ် ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ယင်းယာဉ် ထိန်းရုံးမှ တခြား အရာရှိတဦးကလည်း ပြောသည်။

ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

(VOA)


ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိက ကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ် သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်း မျဉ်းပြောပါ ဆရာ။

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို


သျှမ်းသံတော်ဆင့်
 
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ် သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေး နေ ကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။

“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့  ဆမ်ပူးဘက် မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကား များပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော်  တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေ က ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော် ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

Wednesday, March 20, 2013

ဗိုလ်ချုပ်မှူးကြီးဟောင်းမြေး လက်ရောက်မှု မတိုင်ကြားလိုဟု ကာယကံရှင် ယာဉ်ထိန်းရဲ ဆို


FEC ရုပ်သိမ်းမည်

(ဧရာဝတီ)


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော နိုင်ငံခြားငွေ လက် မှတ် FEC (Foreign Exchange Certificate) သန်း ၃၀ ကျော်ကို ယခု မတ်လအတွင်းတွင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံတော်၏ စီးပွားရေး စနစ်အတွင်း ကြားခံအဖြစ် သတ်မှတ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ် မည့် ကြေညာချက် ထုတ်ပြနိုင်ရေး လွှတ်တော်ထံသို့ အတည်ပြုချက် ရယူသည့် အစီရင်ခံစာ တင်သွင်းစဉ် ဦးဝင်းရှိန်က ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်ပြချက်ကို သဘောတူညီခဲ့သည်။

မြန်မာ သို့ တင်ပို့မဲ့ မြောက်ကိုးရီးယား နျူ ပစ္စည်း ဖမ်းမိ အတည်ပြု

(Kachinduwa)


ဂျပန် ဆိပ်ကမ်းမှာ စင်ကာပူ အလံလွင့်ထားတဲ့ သင်္ဘောတစ်စင်း ပေါ်က မြန်မာသို့ တင်ပို့မဲ့ မြောက်ကိုးရီးယား ပစ္စည်း ဖြစ်တဲ့ နျူကလီးယား လက်နက် ထုတ်ရာမှာ အသုံးပြုဖွယ် ရှိတဲ့ အလူမီနီယမ် သတ္တုချောင်း ၅ခု ဖမ်းမိတဲ့ အကြောင်း ဂျပန်တိုင်မ်း သတင်းစာမှာ ရေးထားပါတယ်။

နိုင်ငံရေးမှာ တပ်မတော်ဦးတည်မှုကဏ္ဍ ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်

(VOA)


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို အာဏာရ ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့တာဟာ အများစိတ်ဝင်စား စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံပါ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ်ပဲ လျှော့ချမလား။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အာမခံချက်တွေ တကယ်ပဲ တိုးလာမလား။ စိုးရိမ်သံသယတွေ ရှိနေတာ တွေ့ရပါတယ်။ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်ကိုတော့ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရလက်ထက်မှာ ရေးဆွဲတာကို ခေတ်နဲ့ အညီ ပြန်ပြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲ့တော့ အခု ဒီမိုကရေစီ အရပ်သားအစိုးရအနေနဲ့ ခေတ်နဲ့ညီအောင်ဆိုရင် ဘယ်လိုအချက်တွေကို ပြင်သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့ အမြင်ပေါ့။

Tuesday, March 19, 2013

သြစတြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ


မတ်လ 19 ရက် 2013 ခုနှစ် ကေအိုင်စီ သတင်း - ကေအိုင်စီ 

Photo-Jade Land copyနယူးဇီလန်နိုင်ငံမှတဆင့် သြစတြေးလျားနိုင်ငံ သို့ အလည်အပတ် ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန် ကို သြစတြေးလျားရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော်က ယနေ့ ဆန္ဒပြ ခဲ့ကြသည်။

သြစတြေးလျားနိုင်ငံ၊ ကင်ဘာရာမြို့တော်ရှိ ဘုရင်ခံချုပ်အိမ်ရှေ့တွင် နေ့လည် ၁၂ နာရီ မှ ၂ နာရီအထိ တကြိမ်၊ ပါလီမန်အဆောက်အဦးရှေ့ တွင် ညနေ ၂ နာရီခွဲမှ ၃ နာရီအထိ တကြိမ် အချက် ၇ ချက်ပါဝင်သည့် တောင်းဆိုချက်နှင့်အတူ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲသို့ ရောက် ရှိနေသည့် ကေအိုင်စီသတင်း ထောက် စောကျော်ခွီးက ပြောဆို သည်။

မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင်


18.03.2013 (VOA)
ကမ္ဘာတ၀ှမ်း လက်နက်တင်ပို့မှုမှာ အခုနောက်ဆုံး ဗြိတိန်နိုင်ငံ ကို ကျော်လွန်ပြီး နံပါတ် ၅ နေရာအထိ ရောက်လာတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တင်ပို့မှုမှာတော့ ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း  နိုင်ငံတကာ လက်နက်ရေးရာ ဆန်းစစ်မှုအဖွဲ့တခုက ပြော လိုက်ပါ တယ်။ တရုတ်နိုင်ငံကတော့ လက်နက်တင်ပို့မှုဟာ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်နေတာသာဖြစ် တယ်လို့ ပြောဆိုခဲ့ တာပါ။ အပြည့်အစုံကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာ ဖြစ်ပါ တယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့လက်နက် တင်ပို့ရောင်း ချတဲ့ ဈေးကွက်မှာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့တဲ့အကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေ သနဌာန (SIPRI) က ပြောလိုက်ပါတယ်။ ကမ္ဘာမှာ နံပတ် ၅ အဆင့် ရှိပေမဲ့လည်း မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု မှာတော့ ထိပ်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ နေရာယူထားတယ်လို့ SIPRI ရဲ့ နိုင်ငံတကာ လက်နက်လွှဲပြောင်းမှုဆိုင်ရာ အထူးကျွမ်းကျင်သူ မခ့် ဘရွန်လေ (Mark Bromley) က ပြောပါတယ်။

Monday, March 18, 2013

ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

(သစ်ထူးလွင်)


အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့  ၀န်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် မလွယ်ကူသေးသည့် နှောင်ကြိုးများ

(စည်းလုံးခြင်းရဲ့အင်အား)


မကြာသေးမီကလေးကမှ လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ အဆို တင်သွင်းမယ်လို့ သိရပါတယ်။ အဲဒီလို တင်ပြ ရာမှာ အင်အားကြီးပါတီ ကြံ့ဖွံ့ပါတီက ဦးဆောင်ပြု လုပ်သွားမယ်လို့ ဆိုလာတဲ့အတွက် ကြိုဆိုကြတဲ့ အသံဗလံများ ထွက်ပေါ်လာပါတယ်။ တချို့ကတော့ တိုင်းရင်းသားများအနေနဲ့ ကိုယ်ပိုင်အခွင့်အရေးတိုး တက်ရရှိနိုင်ဖို့ ဥပဒေပြုပြင်ဖို့ တောင်းဆိုနိုင် သလို အတိုက်အခံ NLD ပါတီအနေနဲ့ အုပ်ချုပ်ရေးယန္တယားနဲ့ သမ္မတဖြစ်ခွင့်ဥပဒေ ပြုပြင်နိုင်ဖို့ တောင်းဆိုလာနိုင်ကြတယ်လို့ သုံးသပ်ကြပါတယ်။ စစ်ဖက်နီးစပ်သူ များက လက်ရှိအခြေခံဥပဒေ မပေါ်ပေါက်ခင် စစ်အာဏာရှင်တွေရဲ့ မှာကြားထားတဲ့ တပ်မတော်အား လမ်းညွန်ချက်များအပေါ် ဥပဒေပြု ပြင်ရေး ကြိုးပမ်းသူများအနေနဲ့ ကြိုတင်လေ့လာစေနိုင်ဖို့ တင်ပြပေး လာပါတယ်။

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

(ဧရာဝတီ)


အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင် ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချမည်ဟု တရားဝင်ထုတ် ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ်တိုး ၀ယ်ယူကြ မည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက် လှုပ်လှုပ် ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဂျီအက်စ်အမ်ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၂၀၀၀ နှင့်  WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်း များက အပတ်စဉ်ထုတ်ပုဂ္ဂလိကသတင်းဂျာနယ်များတွင် ဖော်ပြထားရာ ပြည်သူအများစုမှာ မိုဘိုင်းလ်ဖုန်းဟန်းဆက် အရောင်း ဆိုင်များသို့ ကြိုတင်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း မိုဘိုင်းလ် ဖုန်းဟန်းဆက်အရောင်းဆိုင်များထံမှ သိရှိရသည်။

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၀)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင်

            (ခ)      မြို့ပြလေကြောင်း လေယာဉ်များအား အရေးယူ ဆောင် ရွက်ခြင်း (Interception of Civil Aircraft)။

(၇)        ကြားဖြတ်ခံမြို့ပြ လေယာဉ်သည် မိမိပိုင်နက်တွင် ဆင်းသက် ရန် လိုအပ်ပါက မိမိလေယာဉ်ကွင်း သည်၎င်းလေယာဉ် ဆင်းသက်နိုင် မည့် မြို့ပြ လေယာဉ်ကွင်း ဖြစ်ရပါမည်။ လေယာဉ်ကွင်း ပတ်ဝန်းကျင် သည် အဆိုပါလေယာဉ် အတွက် Circling နှင့် Missed Approach လုပ် နိုင်ရပါမည်။ ၎င်းလေယာဉ်၏ လက်ကျန် လေယာဉ်ဆီသည် ဖော်ပြပါ လေယာဉ်ကွင်းသို့ ရောက်ရှိ နိုင်ရပါမည်။ အဆိုပါ လေယာဉ်ကွင်းသည် အနည်းဆုံးမီတာ ၂၅ဝဝ ရှည်ပြီး ၎င်းလေယာဉ်၏ အလေးချိန်ကို ခံနိုင်ရ ပါမည်။

Sunday, March 17, 2013

ငြိမ်းချမ်းရေးအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ဝေဖန်မှုများရှိ


Created on Sunday, 17 March 2013 (Eleven Media Group)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိနေ သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် သုံးစွဲနေသော ငွေကြေးများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်ထောက်ပြပြောဆိုခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မ တမှ ဖွဲ့စည်းထားသည့် Myanmar Peace Center (MPC) မှ အဓိက ထား လုပ်ဆောင်နေပြီး အဆိုပါအဖွဲ့ကို နော်ဝေနှင့် ဥရောပသမဂ္ဂ (EU) တို့မှ ငွေကြေးထောက်ပံ့မှုများ ပေးအပ်ထားသည်။

Saturday, March 16, 2013

ဧပြီလ ၁ ရက်နေ့ စတင်ကာ ရောင်းချ မည်...

(ဧရာဝတီ)

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ် ဖုန်းများကို ဧပြီလ ၁ ရက်နေ့ စတင် ကာ ရောင်းချ ပေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွား မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက် ဈေးကွက် မှာ ဈေးတက် လျှက် ရှိနေသည်။


စီးပွားရှာတဲ့ စစ်တပ်နဲ့ မြေယာသိမ်းယူမှု ပြဿနာ

(VOA)


စစ်တပ်က သိမ်းယူထားတဲ့ မြေယာပမာဏဟာ ဧကနှစ်သိန်းခွဲနီးပါး ရှိတယ်လို့ လွှတ်တော်ရဲ့  လယ်ယာမြေ စုံစမ်းရေးကော်မရှင် အစိရင်ခံစာ မှာ မကြာမီက ဖော်ပြထားကြောင်း သိရပါတယ်။ ဒီပြဿနာကို တိုင်းရင်း သားအဖွဲ့တွေက တင်ပြနေတာ ကြာလှပါပြီ။ ၁၉၈၈ စစ်အစိုးရတက် လာပြီးနောက် စစ်အင်အားတိုးချဲ့ တာနဲ့ မြေယာသိမ်းယူမှုဟာ ဆက်စပ် နေပါတယ်။ တိုးချဲ့ ဖွဲ့စည်းထားတဲ့ တပ်ကိုကျွေးမွေးနိုင်တဲ့ စီးပွားရေး အင်အားမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ရပ်တည်ကြဖို့ စစ်အစိုးရက ညွှန်ကြားပါတယ်။ အဲဒီနောက် အစိုးရတပ်ရင်းတွေက ရိက္ခာလုယူတာနဲ့ မြေယာသိမ်းပိုက်တဲ့သတင်းတွေ မကြာခဏ ပေါ်ထွက်လာပါတယ်။

တိုးလာတဲ့တပ်ရင်းတွေရဲ့  စစ်စခန်း၊ စစ်တန်းလျားနဲ့ အခြားစစ်မှုရေးရာ အဆောက်အအုံတွေအတွက် လယ်ယာမြေကို သိမ်းပိုက်ပြီး လူနေအိမ် ခြေတွေကို ဖယ်ရှားလေ့ရှိပါတယ်။ လျော်ကြေးမပေးတဲ့အပြင် ဒေသခံ အရပ်သားတွေကို တပ်စခန်းသစ်မှာ အတင်းအဓမ္မခိုင်းစေပါတယ်။ လယ်ယာမြေကို စစ်တပ်ကသိမ်းယူပြီး လယ်သမားကို ပြန်ဌာစား တာမျိုးဟာ နေရာတိုင်းလိုလိုမှာ ရှိပါတယ်။ စစ်တပ်နဲ့ လယ်သမားပူး တွဲလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို တဝက်စီ ခွဲယူတာမျိုးလည်း ရှိပါတယ်။

Monday, March 11, 2013

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်

မဇ္ဈိမသတင်းဌာန 

ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်းထားသည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံများကပါ ထိုကဲ့သို့
ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး  အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားက ပြောကြားခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ်
ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံခဲ့ရသည့်ဒဏ်များကို ကုစားရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန်ခံဖြေရှင်းမှု ရှိရေးမှာ အလွန်အရေးကြီးလှသည်ဟု ဆိုသည်။

တပ်တွင်း ပြဿနာ မဖြေရှင်း ပေးလို့ အဆင့်ဆင့် တိုင်ကြားသူအား တပ်ထဲမှ နှင်ထုတ်

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၉၂) ခြေလျင်တပ်ရင်းအတွင်း နေထိုင်သူ တပ်ကြပ်ထွန်းဝင်းရဲ့ နေအိမ်လိုင်းခန်းမှာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ အိမ်ပိုင်နက်ကျော်နင်းမှု (သို့) ပိုင်နက်ကျူးလွန်မှုကို အရေးယူပေးဖို့ အကြိမ်ကြိမ်တိုင်ကြားသူ တပ်ကြပ်ထွန်းဝင်းရဲ့သား မောင်ဇင်ဝင်းထွန်းကို တပ်တွင်း မလာဖို့နဲ့ တပ်အပြင်ဘက်ရှိ ဈေးတန်းမှဆိုင်ရှင်များကို ၎င်းအား ဈေးမရောင်းဖို့ (ယာယီ) တပ်ရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းမှ အမိန့်ပေးထားတဲ့သတင်းအား တပ်တွင်း မိသားစုများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။

(၁၀.၆.၂၀၁၁) ရက်နေ့ ည (၁၀) နာရီကျော်ခန့်အချိန်မှာ ခလရ (၉၂) တပ်အတွင်း တပ်ကြပ်ထွန်းဝင်း (ကပ-၅၃၁၀၅၉) နေထိုင်ရာ စစ်သည်လိုင်းခန်းနေအိမ်တွင် သမီးဖြစ်သူ (၉) တန်းကျောင်းသူ မအေးဇင်ထွေးတစ်ဦးတည်းနေချိန် ခလရ (၉၂) မှ တပ်သားဇော်နိုင်ဝင်း ကိုယ်ပိုင်အမှတ် (ကပ-တ/၃၅၅၀၇၇)ဟာ အိမ်နောက် ဘေးတံခါးကို ဖျက်ဆီးကာ ဝင်ရောက်လာနေစဉ် မအေးဇင်ထွေးမှ အိမ်နီးနားချင်း များကို အော်ဟစ်အကူအညီတောင်းရာ တပ်သားဇော်နိုင်ဝင်းအား ဝိုင်းဝန်းဖမ်းဆီး ခဲ့ပါတယ်။

Sunday, March 10, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

(၄၂)        ကြားဖြတ်တိုက်ခိုက်ခြင်း (Interception) ။   အောက်ပါ အတိုင်း ဆောင်ရွက်သွား ရပါမည်-
              (က)    ကာကွယ်ရေးဇုန် သတ်မှတ်ခြင်း
(၁)        တိုက်လေယာဉ် တိုက်ခိုက်ရေးဇုန် (Fighter Engagement Zone) ။   သက်ဆိုင်ရာ လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ်မှ တပ်မတော်(လေ)ရှိ ကြားဖြတ် တိုက်လေယာဉ်များဖြင့် စစ်ဆင်နိုင်သည့် အကွာအဝေးအထိ/မြန်မာနိုင်ငံ လေကြောင်းရန် ကာကွယ်ရေး စိစစ်မှုဇုံ    (Myanmar Air Defense Identification) အထိ ဖြစ်ပါသည်။

Saturday, March 9, 2013

ကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ မှန်ကန်မှုမရှိကြောင်း အစိုးရ တုံ့ပြန်


2013-03-09 (RFA)

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူများကိစ္စ၊ ကချင်နဲ့ ရခိုင်ပြည်နယ်ဘက်က အခြေအနေများ လက်ပန်းတောင်းတောင် ဖြစ်စဉ်များအပြင် အကျဉ်းထောင်နဲ့ ရဲစခန်းတွေအတွင်းက လူ့အခွင့်အရေးချိုး ဖေါက်မူတွေကို ဖေါ်ပြထားပါတယ်။

Tuesday, March 5, 2013

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွှတ်ပေးသော်လည်း အမှုမရုပ်သေး

(ဧရာဝတီ)


ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေး ခံခဲ့ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးက္ကိဒ္ဓိလှ၊ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အရာရှိ များအပါအ၀င် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီ များမှ အကြီးတန်း အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေး ခဲ့ပြီး မကြာခင် ရက်ပိုင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ

(ဧရာဝတီ)


လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနှင့် ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုပြုပြီး ဆားလင်းကြီး မြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတကို တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးက ထူးခြားသော အမှုဖြစ်စဉ်ဖြင့် လက်ခံပြီး မတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်းဆို လိုက်ကြောင်း သိရသည်။

၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသော သပိတ် စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံတော် သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီ ပေးနေသည့် ကိုသောင်းထိုက်က ပြောသည်။

ဦးသိန်းစိန်အစိုးရ အမှန်တရား ဖော်ထုတ်ရေးကို ဘယ်လိုရင်ဆိုင်မလဲ

(ဧရာဝတီ)


ဥရောပ ၅ နိုင်ငံဆီ ခရီးထွက်လာတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ နော်ဝေး နိုင်ငံကို ပထမ ဆုံးရောက် လာပြီး နော်ဝေးအစိုးရတာဝန်ရှိ သူတွေ အပြင် နော်ဝေးမှာနေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ပါ တွေ့ဆုံခဲ့ပါ တယ်။ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်း တွေ၊ စစ်ပြေးဒုက္ခသည်တွေ ထောင်နဲ့ချီရောက်ရှိနေတဲ့အရပ်မှာ ဒီလို တွေ့ဆုံပွဲလုပ်ဖို့ သဘောတူတာကိုက ထူးခြားပြောင်းလဲလာမှု တခုအဖြစ် မြင်မိပါတယ်။ အရင်အစိုးရတွေခေတ်က (န၀တ၊ နအဖ ခေတ် က) ဒါမျိုး တခါမှ မတွေ့ခဲ့ ဖူးပါ။

ဒီတွေ့ဆုံပွဲမတိုင်ခင် ပထမ ဆုံးကျနော်မြင်လိုက်ရတဲ့ အပြောင်းအလဲ ကတော့ ပြည်ပရောက် မြန်မာတွေ ရဲ့ ဆန္ဒပြပွဲတွေကို လျစ်လျူရှုမထားပဲ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ လိုတယ်ဆိုတာကို အစိုးရ သစ်က လက်ခံလာခြင်းပါ။

ရိုက်နှက် စစ်ဆေးခဲ့ရာမှ စစ်သည် တစ်ဦး လက်လွန်ပြီး သေဆုံး

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် အမှတ် (၉၂) ခြေလျင်တပ်ရင်းမှ တပ်သားထွန်းမင်းဇော် (အဖ) ဦးအေးသိန်းဟာ တပ်ရင်းရှေ့တန်းကို ထွက်ခွာတော့မယ့်အချိန်မှာ အချိန်မှီ ပြန်မရောက် လာတဲ့အတွက် သူ့ကို စစ်ဆေးရာမှ လက်လွန်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ သေဆုံးသွားကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက် (၅) နာရီခွဲခန့်က ခလရ (၉၂) တပ်ရင်းဟာ ရှေ့တန်း စစ်မြေပြင်အနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ကရင်ပြည်နယ်ကို စစ်ဆင်ရေးရှေ့တန်း သွားရမှာဖြစ်ပြီး ရှေ့တန်းတိုက် ခိုက်ရေး စာရင်းမှာ တပ်သားထွန်းမင်းဇော်လည်း ပါဝင်ပါတယ်။
ရှေ့တန်းမထွက်ခွာမှီ ဒီဇင်ဘာလ (၂၈) ရက်နေ့ညက တပ်သားထွန်း မင်းဇော်ဟာ အဲဒီတပ်အနီးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အရက် သောက်ခဲ့ကြောင်း သိရပါတယ်။

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

(ဧရာဝတီ)


တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော် မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင် ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံ စာတွင် ပါရှိသည်။

Sunday, March 3, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။        လေကြောင်းရန် ကာကွယ်ရေး အရေးပါမှုကို သိရှိသည့် အားလျော်စွာ တပ်မတော် (လေ) ၏ ဖွဲ့စည်းပုံမှ ထုတ်နုတ်သကဲ့သို့ အမြောက်တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးရုံး ဖွဲ့စည်းပုံမှ လည်း အင်အားထုတ် နုတ်ပြီး လေကြောင်းရန် ကာကွယ်ရေး အရာရှိ ချုပ်ရုံး ဖွဲ့စည်းပုံအသစ်ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အရာရှိများအား ရုရှား၊ ယူကရိန်း၊ ဘီလာရုစ်နှင့် တရုတ်နိုင်ငံများသို့ သင်တန်း တက် ရောက်စေခဲ့ပြီး ၎င်းနိုင်ငံများမှ ပညာရှင်များ ကိုလည်း ခေါ်ယူကာ လေ ကြောင်းရန် ကာကွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ အရာရှိချုပ်၏ အဆင့်မှာ တပ်မတော်တွင် ထိပ်ပိုင်း အဆင့် (၅) အတွင်း ပါဝင်ကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် ဒုံးပျံများ အရေးပါမှုကို သိရှိသည့် အားလျော်စွာ ဒုံးတပ်ဖွဲ့ ညွှန်ကြား ရေးမှူးရုံး ဖွဲ့စည်းပုံအသစ်အား ခွဲထုတ်ပြီး ထိုးစစ်ပိုင်းဆိုင်ရာမှာ အသုံး ပြုဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ပါသည်။

(၃၈)        စစ်အေးကာလ လေကြောင်းရန် ကာကွယ်ရေးသည် စစ်မ ဖြစ်ပွားမီ စစ်အတွင်းအား မျှော်မှန်း လျက် ကြိုတင်ပြင်ဆင်ရသော လုပ် ငန်းစဉ်များ ဖြစ်ပါသည်။ စစ်ပွဲအား မျှော်မှန်းလျက် ကြိုတင်လေ့ကျင့်ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများအား ကြိုတင် ဆောင် ရွက် ရပါသည်။ စစ်အေးကာလတွင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း များ ဆောင်ရွက်နေသည်နှင့် တပြိုင်နက် မိမိဝေဟင် ပိုင်နက်၏ လေ ကြောင်းရန် ကာကွယ်ရေးအား အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO) မှ ချမှတ်ထားသော ဥပဒေ များနှင့် အညီ လိုက် နာဆောင်ရွက်နေရမည် ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာတွေဆန္ဒပြ


02.03.2013 (OVA)
ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါ တယ်။ ဦးသိန်းစိန်ဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်လာတဲ့ သမ္မတဖြစ်တဲ့အတွက်  မြန်မာနိုင်ငံကိုယ်စားပြု သမ္မတအဖြစ် အသိ အမှတ်မပြုလို့ သမ္မတရဲ့ ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ဖင်လန်စံတော်ချိန် စနေမနက်ပိုင်းမှာ ဖင်လန်ပြည်သူ့လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါ တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံခရီးစဉ်အတွင်း ဒုတိယမြောက်နိုင်ငံ ဖြစ်တဲ့ ဖင်လန်နိုင်ငံ ကို သောကြာနေ့က ရောက်ရှိလာခဲ့ပါတယ်။ သော ကြာနေ့မှာတော့  ဖင်လန်သမ္မတနဲ့တွေ့ဆုံ ခဲ့ပြီးတဲ့နောက် မြန်မာသမ္မတ ရဲ့ ဖင်လန်ခရီးစဉ် ဒုတိယမြောက် စနေနေ့မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာနိုင်ငံသားတွေ က မြန်မာနိုင်ငံကိုယ် စားပြု သမ္မတအဖြစ်နဲ့ အသိအမှတ်မပြုကြောင်း၊ သမ္မတရဲ့ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ပြည်သူ့ လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပါ တယ်။

Saturday, March 2, 2013

တာချီလိတ် တပ်တွင်း ပစ်ခတ်မှု တပ်ရင်းမှူး သေဆုံး

(ဧရာဝတီ)


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၃၁) ၌  ပြီးခဲ့သည့် ကြာသပတေးနေ့ ညပိုင်းက တပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

တပ်တွင်းစည်းရုံးရေး ကိစ္စများနှင့် ပတ်သက်ပြီး စကားများရာမှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး ပြည်စုံအောင်က သေနတ်နှင့် ပစ်ခတ်ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ လည်ပင်း၌ ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။

Friday, March 1, 2013

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။             ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက်  ပါတယ်။

ဆက်လက်ပြီး အယ်ဒီတာအဖွဲ့ဟာ အငြိမ်းစားယူသွားတဲ့ တပ်မတော်က အရာရှိကြီးတစ်ဦးအား ဆက်လက် မေးမြန်းခဲ့ပါတယ်။ အဲဒီအရာရှိကြီး ဟာ တပ်မှာနေခဲ့စဉ်က သူ့ရဲ့အထက်အရာရှိနဲ့ တွေ့ဆုံခဲ့တုန်း ရှေး ဟောင်းနှောင်းဖြစ် တပ်မတော်ခေါင်းဆောင်များရဲ့ အတွင်းရေးဇာတ် လမ်းများကို သိခဲ့ရလို့ ယခုလို ပြန်ပြောပြပါတယ်။