လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၀)
(စည်းလုံးခြင်းရဲ့အင်အား)
ဆောင်းပါးရှင် - ဝေဟင်
(ခ) မြို့ပြလေကြောင်း လေယာဉ်များအား အရေးယူ ဆောင်
ရွက်ခြင်း (Interception of Civil Aircraft)။
(၇) ကြားဖြတ်ခံမြို့ပြ လေယာဉ်သည် မိမိပိုင်နက်တွင် ဆင်းသက် ရန် လိုအပ်ပါက
မိမိလေယာဉ်ကွင်း သည်၎င်းလေယာဉ် ဆင်းသက်နိုင် မည့် မြို့ပြ လေယာဉ်ကွင်း ဖြစ်ရပါမည်။ လေယာဉ်ကွင်း
ပတ်ဝန်းကျင် သည် အဆိုပါလေယာဉ် အတွက် Circling နှင့် Missed Approach လုပ် နိုင်ရပါမည်။
၎င်းလေယာဉ်၏ လက်ကျန် လေယာဉ်ဆီသည် ဖော်ပြပါ လေယာဉ်ကွင်းသို့ ရောက်ရှိ နိုင်ရပါမည်။ အဆိုပါ
လေယာဉ်ကွင်းသည် အနည်းဆုံးမီတာ ၂၅ဝဝ ရှည်ပြီး ၎င်းလေယာဉ်၏ အလေးချိန်ကို ခံနိုင်ရ ပါမည်။
(၈) ကြားဖြတ်ခံ မြို့ပြလေယာဉ်သည် ကြားဖြတ် တိုက်လေ ယာဉ်၏ အရေးယူ ဆောင်ရွက်မှု
ခံရပါက ကြားဖြတ် တိုက်လေယာဉ် မှူး၏ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး
မျက်မြင် အချက် ပြမှုများကို အပြည်ပြည် ဆိုင်ရာ အသိအမှတ် ပြုထားသည့်အတိုင်း ပြန် လည်ပြသ
ရပါမည်။ ဖြစ်နိုင်ပါက လေကြောင်းထိန်း သတင်းဌာနများနှင့် ဆက်သွယ်ဆောင်ရွက် ရပါမည်။ သက်ဆိုင်ရာနိုင်ငံမှ ကြိုတင်
အသိ ပေးထားပြီးဖြစ် Transponder Mode ကို ဖွင့်လှစ်ပြီး သက်ဆိုင်ရာ လေ ကြောင်း ထိန်းဌာန၏
ညွှန်ကြားချက်အတိုင်း ဆက်သွယ် ဆောင်ရွက် ရပါမည်။
(၉) ၁၉၈၄ ခုနှစ်၊ မေလ (၁ဝ) ရက်နေ့တွင်
ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ညီလာခံ၏ သဘောတူညီ မှုအရ မြို့ပြလေကြောင်းလိုင်း
လေယာဉ်များ လက်နက် အသုံးမပြုရန် ဆုံးဖြတ်ချက်အရ ကြားဖြတ်ခံ မြို့ပြညွှန်ကြား ချက်ကိုလိုက်နာမှု
မရှိပါက ကြား ဖြတ် တိုက်လေယာဉ်မှူးမှ အချက်ပြမီးကျည် (Tracer Bullet) များကိုသာ အသုံးပြုရပါမည်။
(ဂ) ကြိုတင်ခွင့်ပြုချက် မရရှိဘဲ မိမိပိုင်နက်အတွင်း
ဝင်ရောက် လာမည့် လေယာဉ် များအား အရေးယူ ဆောင်ရွက်ခြင်း[/B]။ မိမိရှာဖွေ ထောက်လှမ်းရေး ရေဒါများမှ ကြိုတင်သိရှိပြီး
မိမိ လေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမည့် လေယာဉ် များအား အောက်ပါ အတိုင်း
အရေးယူ ဆောင်ရွက်ရပါမည်-
(၁) မိမိကြားဖြတ်
တိုက်လေယာဉ်များဖြင့် ကျူးကျော် ဝင်ရောက်လာမည့် လေယာဉ်အား အင်အားပြ ကာကွယ်မောင်း ထုတ်
ခြင်း။
(၂) မိမိပိုင်နက် အတွင်းသို့ ကျူးကျော် ဝင်ရောက်လာပါ က တိုက်ခိုက်ချေမှုန်း
ဖျက်ဆီးခြင်း။
(ဃ) ကျူးကျော်ရန်သူအား တိုက်ခိုက်ခြင်း။
ထောက်လှမ်း ရှာဖွေတွေ့ရှိသည့် လေယာဉ်သည်
ရန်သူလေ ယာဉ်မှန်း သေချာသွားသည့်အခါ ထိုလေယာဉ်အား ၎င်းတို့ တပ်ဆင် ထားသည့် လက်နက်များ
စတင်ပစ်ခတ်နိုင်သည့် အကွာအဝေး မရောက် မီ ကြားဖြတ် ချေမှုန်းရန်အတွက် သက်ဆိုင်ရာ လေကြောင်းရန်
ကာကွယ် ရေး ကွပ်ကဲမှု ဌာနချုပ်များ၏ လေယာဉ်ကွင်းများမှ တက်ရောက်စေ ရပါ မည်။ ကြားဖြတ်
တိုက်လေယာဉ်များသည် ကြိုတင် သတိပေးရေဒါမှ သတင်းပေး ညွန်ကြားသည့်အတိုင်း ကျူးကျော် ဝင်ရောက်လာသည့်
လေယာဉ်အား အမြန်ဆုံး ထိတွေ့နိုင်ရန် ချဉ်းကပ်ရပါမည်။ ကြိုတင် သတိပေးရေဒါ၏ ထိန်းကျောင်း
လမ်းညွှန်မှုအပြင် မိမိလေယာဉ် တွင် ပါရှိသည့် ရေဒါကို အသုံးပြု၍လည်းကောင်း၊ မျက်မြင်ရှာဖွေခြင်းဖြင့်
လည်းကောင်း ဦးစွာ မြင်တွေ့နိုင်အောင် ကြိုးစားရပါမည်။
(၄၃) ချေမှုန်း
ဖျက်ဆီးခြင်း (Interception) ။ မိမိကြားဖြတ် တိုက်လေယာဉ်များတွင် ပါရှိသည့်
လက်နက်ဖြင့်လည်းကောင်း၊ မြေပြင်မှ
ဝေဟင်ပစ်ဒုံးများဖြင့် လည်းကောင်း၊ လေယာဉ်ပစ် အမြောက် များဖြင့် လည်းကောင်း၊ မိမိတို့၏
စီမံချက်အရ ပေါင်းစပ် ညှိနှိုင်းထား သည့် အတိုင်း အဆင့်ဆင့် တိုက်ခိုက်ချေမှုန်းခြင်း
ဖြစ်ပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။