Sunday, March 10, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

(၄၂)        ကြားဖြတ်တိုက်ခိုက်ခြင်း (Interception) ။   အောက်ပါ အတိုင်း ဆောင်ရွက်သွား ရပါမည်-
              (က)    ကာကွယ်ရေးဇုန် သတ်မှတ်ခြင်း
(၁)        တိုက်လေယာဉ် တိုက်ခိုက်ရေးဇုန် (Fighter Engagement Zone) ။   သက်ဆိုင်ရာ လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ်မှ တပ်မတော်(လေ)ရှိ ကြားဖြတ် တိုက်လေယာဉ်များဖြင့် စစ်ဆင်နိုင်သည့် အကွာအဝေးအထိ/မြန်မာနိုင်ငံ လေကြောင်းရန် ကာကွယ်ရေး စိစစ်မှုဇုံ    (Myanmar Air Defense Identification) အထိ ဖြစ်ပါသည်။

            (၂)        ဒုံးပျံ တိုက်ခိုက်ရေးဇုံ (Missile Engagement Zone) ။  သက်ဆိုင်ရာ လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ်မှ  ၂ဝဝ  နော်တီကယ် မိုင်အကွာအဝေးထိဖြစ်ပြီး ဖော်ပြအပါဇုံအတွင်း ဝင်ရောက်လာသည့် လေယာဉ်များအား တာဝေး၊ တာလတ်မြေပြင်မှ ဝေဟင်ပစ်ဒုံးများဖြင့် တိုက်ခိုက်မည့်ဇုံ ဖြစ်သည်။
 (၃)       စပ်ကြားနယ်မြေဇုံ (Cross Over Zone) ။ ဒုံးပျံတိုက်ခိုက်ရေးဇုံ အပြင်ဘက် ၁၅ မိုင်ခန့်အကွာအဝေး အထိဖြစ်ပြီး ယင်းနယ်မြေတွင် တိုက်လေယာဉ်များသည် ရန်သူလေယာဉ်များကို အဆက်ဖြတ်ရမည် ဖြစ်သည်။
            (၄)        ဘေးကင်းမှုအကန့် (Safety Sector)။   မိမိလေယာဉ်များ သက်ဆိုင်ရာ လေတပ်စခန်း ဌာနချုပ်လေယာဉ်ကွင်းသို့ အန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်မည့် လမ်းကြောင်းဖြစ်ပြီး အလျား၊ အနံ၊ ညွှန်းဒီဂရီ၊ အမြင့်နှင့် အချိန် စသည်တို့ကို သက်ဆိုင်ရာ လေကြောင်းရန် ကာကွယ်ရေး ဌာနမှ ကြိုတင်သတ်မှတ် ထားရပါမည်။
(ခ)     မြို့ပြ လေကြောင်းလေယာဉ်များအား အရေးယူ ဆောင်ရွက်ခြင်း (Interception of Civil Aircraft)။   ကြိုတင်အသိ ပေးခြင်း မရှိဘဲမိမိ၏ လေကြောင်းပိုင်နက် အတွင်းသို့ ဝင်ရောက်လာ သော မြို့ပြ လေကြောင်းလိုင်း လေယာဉ်များကို အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့အစည်း (International Civil Aviation Organization) မှ ထုတ်ပြန်ထားသည့်  Annex-2 Attachment A-Interception of Civil Aircraft   ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်။ အရေးယူ ဆောင်ရွက်ခြင်းကို အောက်ပါ အတိုင်း ဆောင်ရွက်ရပါမည်-
(၁)        ကြားဖြတ် တိုက်လေယာဉ် (သို့) လေကြောင်းရန် ကာကွယ်ရေး ကြီးကြပ်မှု ဗဟိုမှ အရေးပေါ် လေလှိုင်းနှုန်း ၁၂၁.၅ မဂွါဟတ်ဇ်ကို အသုံးပြုလျက် ကြားဖြတ်ခံရသည့် မြို့ပြလေကြောင်းလိုင်း လေယာဉ်ကို ဆက်သွယ် ညွှန်ကြားရပါမည်။
 (၂)       မိမိကြားဖြတ် တိုက်လေယာဉ်အုပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးတည်း ဖြစ်ပါက ကြားဖြတ် တိုက်လေယာဉ်မှူးသည် အောက် ဖော်ပြပါ အဆင့် (၃) ဆင့်ဖြင့် ရန်သူ/မိမိမျက်မြင် စိစစ်ခွဲခြားခြင်း ဆောင်ရွက်ရပါမည်-
(ကက)   ပထမအဆင့်။        မိမိကြားဖြတ် တိုက်လေယာဉ် အုပ်ဖွဲ့ ခေါင်းဆောင်/ တိုက်လေယာဉ်မှူးသည် ကြားဖြတ်ခံရသည့်  လေယာဉ်၏ နောက်ပိုင်းမှ ချဉ်းကပ်၍ ယင်းလေယာဉ်၏ ဘယ်ဘက် အပေါ် အရှေ့၊ ယင်းလေယာဉ်မှူး၏ မြင်ကွင်း  မီတာ (၃ဝဝ) အထက် မနီးသော နေရာတွင် ပျံသန်းရပါမည်။ အုပ်ဖွဲ့  ဖြစ်ပါက ဒုတိယအစီး သည် ကြားဖြတ်ခံရသည့် မြို့ပြလေယာဉ်၏ အနောက်ဘက်အပေါ်တွင် လိုက်ပါပျံသန်းရပါမည်။
(ခခ)      ဒုတိယအဆင့်။         အုပ်ဖွဲ့ခေါင်းဆောင်/ ကြား ဖြတ် တိုက် လေယာဉ်မှူးသည် လိုအပ်သည့် သတင်းအချက်အလက် ရနိုင် လောက်သည်အထိ ကြားဖြတ်ခံ မြို့ပြလေယာဉ်၏ အနီးသို့ လိုအပ် သလောက်ဖြေးညှင်းစွာ ပျံသန်းလာရမည်။ ထို့နောက်ကြားဖြတ်ခံ လေယာဉ်သားများ (သို့)ခရီးသည်များ ကြောက်ရွံ့ မှုမရှိ စေဘဲဂရုပြု လာရန် ဆောင်ရွက်ရမည်။ ဒုတိယအစီးသည် ကြားဖြတ်ခံ လေယာဉ်နှင့် လွတ်အောင် ပျံသန်းနေရ ပါမည်။ စိစစ် ခွဲခြားမှု ပြုပြီးပါက ကြားဖြတ် တိုက်လေယာဉ်မှူးသည် တတိယ အဆင့်ကို ဆက်လက် ဆောင်ရွက် ရပါမည်။
(ဂဂ)      တတိယအဆင့်။   အုပ်ဖွဲ့ခေါင်းဆောင်/ကြားဖြတ် တိုက်လေယာဉ်မှူးသည် ကြားဖြတ်ခံ လေယာဉ်၏ ဝေးရာသို့ ဖြေးညှင်း စွာ အောက်သို့ စိုက်ဆင်း၍ ထွက်ခွာသွားရမည်။ ဒုတိယကြားဖြတ် တိုက်လေယာဉ်သည် ကြားဖြတ်ခံ မြို့ပြလေယာဉ် နှင့် ဘေးကင်းစွာ နေပြီးအုပ်ဖွဲ့ခေါင်းဆောင် လေယာဉ်နောက်သို့ လိုက်ပါပျံရပါမည်။
(၃) ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ကြားဖြတ်ခံ မြို့ပြ လေယာဉ်သည် လမ်းကြောင်းညွှန်ပြရန် လိုအပ်ပါက အုပ်ဖွဲ့ခေါင်း ဆောင်/ ကြားဖြတ် တိုက်လေယာဉ်မှူးသည် ၎င်းလေယာဉ်၏ အပေါ် ဘယ်ဘက်တွင် ပျံသန်းလျက် အဆိုပါ လေယာဉ်မှူးအား မျက်မြင် အချက်ပြမှုများကို ပြုလုပ် ရပါမည်။
(၄)        အုပ်ဖွဲ့ခေါင်းဆောင်/ကြားဖြတ် တိုက်လေယာဉ် မှူးသည် ကြားဖြတ်ခံမြို့ပြ လေယာဉ်မှူးမှ မျက်မြင်အချက်ပြမှုများကို အပြည်ပြည်ဆိုင်ရာ အချက်ပြမှု များအတိုင်း နားလည်သဘောပေါက် သည်အထိ ပြသရပါမည်။ အထက်ပါ အတိုင်း ဆောင်ရွက်မှု မအောင် မြင်ပါက အုပ်ဖွဲ့ ခေါင်းဆောင်/ကြားဖြတ် တိုက်လေယာဉ်မှူးသည် မိမိလေယာဉ်၏ အရှိန်မြင့်ကရိယာ (After Burner) အား ကြားဖြတ်ခံ မြို့ပြလေယာဉ်ကို အနှောင့်အယှက် မဖြစ် စေဘဲ  ၎င်း လေယာဉ်မှူး သတိပြု လာမိစေရန် အသုံးပြုရပါမည်။
(၅)        ရာသီဥတု အခြေအနေအရ အုပ်ဖွဲ့ခေါင်းဆောင်/ ကြားဖြတ်တိုက်လေယာဉ် မှူးသည် မိမိ လေယာဉ်အား ကြားဖြတ်ခံ မြို့ပြလေယာဉ်၏ ညာဘက်အပေါ် အနီးမှလိုက်ပါ ပျံသန်းပြီး ဆောင် ရွက်ရပါက ကြားဖြတ်ခံ မြို့ပြလေယာဉ်မှူး သည် မိမိလေယာဉ်အား အစဉ်အမြဲ မြင်နိုင်စေရန် အထူးဂရုစိုက် ပျံသန်း ရပါမည်။
(၆)        လမ်းကြောင်းညွှန်ပြမှုနှင့် လိုအပ်သည့် သတင်း အချက်အလက်များ ပေးပို့ နိုင်ရန် ရေဒီယို ဆက်သွယ်မှု ကောင်းမွန်ပါက အုပ်ဖွဲ့ ခေါင်းဆောင်/ကြားဖြတ် တိုက်လေယာဉ်မှူးသည် ကြားဖြတ်ခံ လေယာဉ် အား ရေဒီယိုဖြင့် ဆက်သွယ် ညွှန်ကြားရပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။