Monday, March 25, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံ တော်သမ္မတနဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင် သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံး ခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ် ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လို ငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ် ဦး လျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့  ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာ တိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါ တယ်။


“ဦးရွှေမန်းရဲ့မိန့်ခွန်းထဲမှာ နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှုက လတ်တလော မှာ ဖြစ်ကောဖြစ်ပါ့မလား ဆိုပြီး မသေချာတဲ့ သဘောနဲ့  သံသယရှိတဲ့ အသုံးအနှုန်းမျိုး သုံးလိုက်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ Image  ပုံရိပ် ကောင်း ထွက်ပေါ်လာမှုအပေါ် ဦးရွှေမန်းရဲ့အတွင်းစိတ်က ယှဉ်ပြိုင် လိုတာမျိုး ရှိတာမို့ သူကလည်း ပြည်သူလူထုအတွက်  တကယ်ပဲ အကျိုး ဆောင် လုပ်ပေးတော့မလို အနစ်နာခံပြမလို အမှတ်ယူ ချင် တယ်လေ။ ဒါပေမဲ့ လွှတ်တော်မှာ ဦးရွှေမန်းမိန့်ခွန်းက အသက်ဝင်မူ အားနည်းနေသလို စကားလုံး၊ စကားစုတွေကို စာဖတ်သလို ဖတ်ရူနေ တယ်။ ဖတ်ရာမှာလည်း ထစ်ငေါ့နေတယ်၊ ဆွဲဆောင်မှု မရှိဘူးပေါ့ဗျာ။ ဦးသိန်းစိန်တောင် မိန့်ခွန်းပြောရင် ချောနေတာဘဲ၊ ခေါင်းဆောင် တစ်ဦးရဲ့ ထန်၊ မာန်တွေ အပြည့်နဲ့ ထိထိရောက်ရောက် ပြတ်ပြတ်သား သား လှိုက်လှိုက်လှဲလှဲ ပြောရမယ်ဆိုတာ ဦးရွှေမန်း မေ့သွားပြီ ထင် တယ်၊ စက်ရုပ်ကြီးလို ပြောနေတယ်၊ လုံးဝ အားမရဘူး”

မကြာသေးမှီကလေးကမှ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေများ ပြီး မတည်မငြိမ် ဖြစ်နေတာကို တွေ့ရပါတယ်။ နယ်စပ်ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာလည်း ရခိုင်ကိစ္စကြောင့် ဒုတိယ အကြိမ် မြောက် တပ်ထဲကို ပြန်သွားရတဲ့ ဗိုလ်ချုပ်တစ်ဦးအဖြစ် စံချိန်တင် သွားပြီး သူ့အစား ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဝင် လာပါတယ်။ ခန့်လိုက်တဲ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီး ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတစ် ယောက် စိတ်ထဲမှာ ခံစားနေရတယ်  လို့ လေတပ်နဲ့ နီးစပ်သူများ အသိုင်းအဝိုင်းများထံမှ ကြားသိရပါတယ်။ တပ်မတော်မှာနေခဲ့တုန်းက သူနဲ့အပြိုင်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဥာဏ်ထွန်းကတော့ ဒုသမ္မတဖြစ်သွားပြီး သူကတော့ ဦးဥာဏ်ထွန်းလက်အောက်ခံ ဝန်ကြီး ဖြစ်သွား လို့ စစ်ဖက်နီးစပ်သူများက ကိုမြတ်ဟိန်း စိတ်ထဲမှာ အောင့် သက်သက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အမှတ်လျော့သွား တာကတော့ KIA ကို စစ်ဆင်ရေးလုပ်တဲ့ အတောအတွင်း MI-24 ရဟတ်ယာဉ် စက်ချို့ယွင်းချက် ဖြစ်သွားလို့ ထိုးဆင်းလိုက်ရသလို KIA စခန်းတွေကို တိုက်ခိုက်ဖို့ လေကြောင်းအကူ သုံးရာမှာလည်း အမောင်း သင်လေယာဉ်ဖြင့် ပစ်ခတ်ရာမှာ ထိရောက်မှု မရှိတာမို့ နဂိုကတည်းက ပွင့်ပွင့်လင်းလင်း မပြောခဲ့လို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အစိုးရရဲ့ လေကြောင်း ပစ်ကူ သုံးတာကို နိုင်ငံတကာက ထောက်ပြတာပဲ အဖတ် တင်တာ တွေ့ရပါတယ်။
တပ်မတော်မှာ ငယ်ရွယ်နုပျိုသူများကိုသာ ထားရမယ်ဆိုတဲ့ မူအရ အသက်ကန့်သတ်ချက်များကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် (DSA-19) ထက် တစ်နှစ်ကြီးနေတဲ့ (DSA-18) က (လေ) ချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဖယ်လိုက်တာလည်း ဖြစ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။