Sunday, March 3, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။        လေကြောင်းရန် ကာကွယ်ရေး အရေးပါမှုကို သိရှိသည့် အားလျော်စွာ တပ်မတော် (လေ) ၏ ဖွဲ့စည်းပုံမှ ထုတ်နုတ်သကဲ့သို့ အမြောက်တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးရုံး ဖွဲ့စည်းပုံမှ လည်း အင်အားထုတ် နုတ်ပြီး လေကြောင်းရန် ကာကွယ်ရေး အရာရှိ ချုပ်ရုံး ဖွဲ့စည်းပုံအသစ်ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အရာရှိများအား ရုရှား၊ ယူကရိန်း၊ ဘီလာရုစ်နှင့် တရုတ်နိုင်ငံများသို့ သင်တန်း တက် ရောက်စေခဲ့ပြီး ၎င်းနိုင်ငံများမှ ပညာရှင်များ ကိုလည်း ခေါ်ယူကာ လေ ကြောင်းရန် ကာကွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ အရာရှိချုပ်၏ အဆင့်မှာ တပ်မတော်တွင် ထိပ်ပိုင်း အဆင့် (၅) အတွင်း ပါဝင်ကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် ဒုံးပျံများ အရေးပါမှုကို သိရှိသည့် အားလျော်စွာ ဒုံးတပ်ဖွဲ့ ညွှန်ကြား ရေးမှူးရုံး ဖွဲ့စည်းပုံအသစ်အား ခွဲထုတ်ပြီး ထိုးစစ်ပိုင်းဆိုင်ရာမှာ အသုံး ပြုဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ပါသည်။

(၃၈)        စစ်အေးကာလ လေကြောင်းရန် ကာကွယ်ရေးသည် စစ်မ ဖြစ်ပွားမီ စစ်အတွင်းအား မျှော်မှန်း လျက် ကြိုတင်ပြင်ဆင်ရသော လုပ် ငန်းစဉ်များ ဖြစ်ပါသည်။ စစ်ပွဲအား မျှော်မှန်းလျက် ကြိုတင်လေ့ကျင့်ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများအား ကြိုတင် ဆောင် ရွက် ရပါသည်။ စစ်အေးကာလတွင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း များ ဆောင်ရွက်နေသည်နှင့် တပြိုင်နက် မိမိဝေဟင် ပိုင်နက်၏ လေ ကြောင်းရန် ကာကွယ်ရေးအား အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO) မှ ချမှတ်ထားသော ဥပဒေ များနှင့် အညီ လိုက် နာဆောင်ရွက်နေရမည် ဖြစ်ပါသည်။


အပြည်ပြည်ဆိုင်ရာ လေကြောင်း စည်းမျဉ်းများအရ ကျင့်သုံးရန် သတ်မှတ်ထားသော ကြားဖြတ် ဖမ်းယူရေး လုပ်ငန်းစဉ် (Intercept Procedure)
(၃၉)   စစ်အေးကာလ လေကြောင်းရန် ကာကွယ်ရေးတွင် အောက်ပါ အတိုင်း အဆင့်ခွဲ၍ ဆောင်ရွက် သွားရပါသည်-
           (က)       ရှာဖွေ ထောက်လှမ်းခြင်း (Detection) ။
           (ခ)         စိစစ် ခွဲခြားခြင်း (Identification)။
           (ဂ)         ကြားဖြတ် တိုက်ခိုက်ခြင်း (Interception) ။
           (ဃ)       ချေမှုန်း ဖျက်ဆီးခြင်း (Destruction) ။

(၄၀)        ရှာဖွေ ထောက်လှမ်းခြင်း (Detection) ။   အောက်ပါအတိုင်း ဆောင်ရွက်ရန် ရှိပါသည်-
           (က)       ရေဒါများ။ တပ်မတော်(လေ)ရှိ ရေဒါများကို အသုံးပြု၍ ထောက်လှမ်းရှာဖွေ သွားရမည်။ ထို့ပြင် မြို့ပြလေကြောင်း ရေဒါများဖြင့် လည်းကောင်း၊ လေယာဉ်ကွင်းသုံး ရေဒါများဖြင့်လည်း ကောင်း ထောက်လှမ်း ရှာဖွေသွားရပါမည်။

           (ခ)         အခြားအဖွဲ့အစည်းများမှ သတင်းရယူ စုဆောင်း ခြင်း။   တပ်မတော်(ရေ)မှ ရေဒါများ၊ သဘောင်္များပေါ်ရှိ ရေဒါများ၊ အမြောက်တပ်သုံး ရေဒါများ၊ မြေပြင်တပ်များ၊ ထောက်လှမ်းရေး တပ်များနှင့် နိုင်ငံတော်မှ ဦးဆောင်ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ များမှ ပေးပို့လာသော အနိမ့်ပျံသန်း ဝင်ရောက်လာသည့် လေယာဉ်၊ ရဟတ် ယာဉ် သတင်းများကို ရယူစုဆောင်းရပါမည်။
(၄၁)                  စိစစ်ခွဲခြားခြင်း (Identification)     မိမိလေ ကြောင်း ပိုင်နက်အတွင်း ဝင်ရောက်လာသည့် အမျိုးအမည် မသိ လေယာဉ်အား ရန်သူ မိတ်ဆွေခွဲခြားမှုကို အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-
          (က)        ပျံသန်းခွင့် တောင်းခံလွှာကို နှိုင်းယှဉ်လေ့လာခြင်း။        လေကြောင်းဖြတ်ကျော် ပျံသန်းခွင့် အစီအစဉ်နှင့် လက်ရှိ ပျံသန်းရောက် ရှိနေသည့် အနေအထား သတင်းပို့ ချက်များအား နှိုင်းယှဉ်လေ့လာ  ခြင်းဖြင့် ခွဲခြားနိုင်ပါသည်။
          (ခ)          လေယာဉ် တစ်စီးသည်  ရန်မူလိုသည့်  အပြု အမူရှိပြီး ညွှန်ကြားထားသည့် အမြင့်ပေနှင့် လမ်းကြောင်းတွင် မရှိလျှင် ၄င်းလေယာဉ်ကို ကျူးကျော် ဝင်ရောက်လာသော ရန်သူလေယာဉ် (Hostile Aircraft) ဖြစ်သည်ဟု သတ်မှတ်ရပါမည်။
          (ဂ)          ရေဒီယိုဖြင့် ဆက်သွယ်ပြီး ရန်သူ/မိတ်ဆွေ ခွဲခြားနိုင်ပါသည်။
          (ဃ)        လေကြောင်းရန် ကာကွယ်ရေး သတင်းပေးဌာနမှ မကြာမီက ရရှိထားသော စိစစ်ခွဲခြားမှုဖြင့် တိုက်ဆိုင် စစ်ဆေးခွဲခြားခြင်း ပြုလုပ်နိုင်ပါသည်။
          (င)          မျက်မြင် စိစစ်ခွဲခြားခြင်း
                   (၁) ချဉ်းကပ်မှုအဆင့်။    ကြားဖြတ် တိုက်လေ ယာဉ် (၂)စီးကို အသုံးပြုရပြီး အမျိုး အမည် မသိသော လေယာဉ်အား ရင်ေ ဘာင်တန်း အုပ်ဖွဲ့ပုံစံဖြင့် ကျူးကျော် လာသောလေယာဉ်၏ အနောက်မှ (Vertical Separation)  ချဉ်းကပ်ရသည်။ ညသို့မဟုတ် ချိန်ခွက်ဖြင့် ပျံသန်းရသော ရာသီဥတု အခြေအနေတွင် ရေဒါလမ်းညွှန်ဖြင့် ချဉ်းကပ် ရမည်ဖြစ်ပြီး အထက်အောက် အမြင့်ပေခွဲခြားမှု မဖြစ်မနေ အသုံးပြုရန် လိုအပ်ပါသည်။
                   (၂) စိစစ်ခွဲခြားမှုအဆင့်။  တိုက်လေယာဉ်အုပ်ဖွဲ့ ခေါင်းဆောင်သည် အမျိုးအမည်မသိ လေယာဉ်အား ချဉ်းကပ်စဉ် နောက်လိုက် လေယာဉ်သည် ထောက်လှမ်း စောင့်ကြည့်သည့် အနေအထားတွင် တိုက်ပွဲဝင်အသင့် အနေအထား ရှိရမည်။ အမျိုးအမည် မသိလေယာဉ်သည် ထိုအခြေအနေတွင် အခြေအနေ တည်ငြိမ်မှု ရှိစေရန် အမြန်နှုန်း လျော့စေသည့် ကိရိယာများကို ချထားရမည်။ တိုက်လေယာဉ် အုပ်ဖွဲ့ ခေါင်းဆောင် သည့် ယင်းလေယာဉ် အနီးသို့ ညင်သာစွာ လိုသလောက် ချဉ်းကပ်ပြီး လိုအပ်သည့် သတင်းကို ရယူရမည်။ ခရီးသည်များကို အနှောင့်အယှက် မဖြစ်စေရ။ တိုက် လေယာဉ် အုပ်ဖွဲ့ခေါင်းဆောင်မှ အခြေအနေသည် လုံခြုံမှုရှိ/မရှိ ဆုံးဖြတ်ချိန်သည် စိစစ်ခွဲခြားမှု ပြီးဆုံးချိန် ဖြစ်သည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။