Thursday, May 30, 2013

တိုက်တိုက်ဆိုင်ဆိုင်

(ဧရာဝတီ)

ဒီကနေ့က မေလ ၃ဝ ရက်နေ့။
ဒီပဲယင်းဒေသ အကြမ်းဖက်မှု  ဆယ်နှစ်ပြည့်တဲ့နေ့။


ဒီပဲယင်းနှစ်လည်နေ့ အစီအစဉ်ကို အမှတ်တရ ကျင်းပဖို့အတွက် အကြမ်းဖက်မှုကြီးဖြစ်ခဲ့တဲ့ ဒီပဲယင်းမြို့ ကျည်ရွာကို ရွေးခဲ့ကြတာပါ။
အပြည့်အစုံကို http://blog.irrawaddy.org/2013/05/blog-post_3335.html မှာ ဖတ်နိုင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဒီကနေ့တော့ အများ အာရုံစိုက်စရာတွေ အများအပြား ထွက်ပေါ်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ရန်ကုန်မှာ တံတားတခုဖွင့်ပွဲကြီးကို ဝှဲချီး ကျင်းပတယ်။ အင်မတန် စည်ကားတယ်။
http://blog.irrawaddy.org/2013/05/blog-post_4344.html

မြစ်ကြီးနားမှာ အစိုးရ နဲ့ KIA တို့ ဆက်လက် ဆောင်ရွက်ရန်အချက်အများအပြားကို လက်မှတ်ထိုးကြ၊ သဘောတူကြတယ်။ နိုင်ငံတကာက စောင့်ကြည့်ကြရတယ်။ သတင်းသမားများလည်း သွားရောက် အုံခဲကြရတဲ့ပွဲကြီးပါပဲ။
http://blog.irrawaddy.org/2013/05/kia_30.html

လားရှိုးမှာ တနေ့ကဖြစ်တဲ့ အဓိကရုဏ်းကြီး အဆုံးသတ်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြတယ်။
www.irrawaddy.org/archives/35875

ပဲခူးတိုင်း ကျောက်ကြီးမြို့မှာလည်း မနေ့က မတည်မငြိမ် ဖြစ်လို့ ထိန်းသိမ်းနေကြတယ်။
www.irrawaddy.org/archives/35984

ဒါနဲ့ပဲ ဒီပဲယင်းဒေသ အကြမ်းဖက်မှု  ဆယ်နှစ်ပြည့်နေ့ အစီအစဉ် သတင်းက မှိန်သွားတယ်။ ဝပ်သွားတယ်။

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
သတင်းကြီးတွေ၊ သတင်းဧရာမတွေ တိုက်တိုက်ဆိုင်ဆိုင် တပြိုင်တည်း ဖြစ်ပေါ်တဲ့ကာလပါပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။