Wednesday, November 23, 2016

တပ်မတော် F-7 တိုက်လေယာဉ် စက်နှိုးစဉ် မီးလောင်

(DVB)

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ်မှာ ဒီနေ့မနက်ပိုင်းက တပ်မတော်လေယာဉ် တစီး အင်ဂျင်စက်နှိုးစမ်းသပ်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပါတယ်။

ဒီနေ့မနက် ၉ နာရီ မိနစ် ၄၀ မှာ F-7 လေယာဉ်တစီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီ ၅၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလေယာဉ်ကို ပြင်ဆင်ဖို့ မြေပြင်မှာ ရပ်နားထားပြီး စက်နှိုးစမ်းသပ်စဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။