Saturday, August 31, 2013

နိုင်ငံရေး လှုပ်ရှားသူများကို အရေးယူနေခြင်းသည် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် သမ္မတပြောကြားမှု ဖြစ်လာရန် မလွယ်ဟုဆို

(Eleven Media Group)

နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား အရေးယူနေ ခြင်းများသည် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် နိုင်ငံတော် သမ္မတ၏ ပြောကြားမှု ဖြစ်လာရန် မလွယ်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင် ဦးဘိုကြည်က သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Friday, August 30, 2013

အသက်မပြည့်သည့် ကလေးကို စစ်တပ်သို့ လိမ်ညာခေါ်သွင်းဟု ကလေးမိဘကဆို

(Mizzima)

အသက်မပြည်သေးသည့် ကလေးများကို လိမ်ညာပြီးခေါ်ဆောင်ကာ စစ်တပ်သို့ ထည့်သွင်းထားသည် ဟုဆိုကာ သြဂုတ် ၂၉ ရက်တွင် မိဘများက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ အသိပေးရှင်းလင်း ခဲ့သည်။

ယင်းရှင်းလင်းပွဲတွင် အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ၏ မိဘနှစ်ပါး နှင့် အသက်၁၉ နှစ်အရွယ်
ဖြစ်သူ၏ မိဘတစ်ဦးက ယင်းတို့၏ ကလေးများကို လိမ်လည်လှည့်ဖျားကာ စစ်တပ်ထဲသို့ အသွင်းခံရကြောင်း ရှင်းလင်းခဲ့သည်။

အီဂျစ်နွေဦး၏အရိပ်အောက်က မြန်မာခေါင်းဆောင်များ............

(Minmaha Bagan FB Page)

1981 မှ 2011 ထိ နှစ်ပေါင်း 30 လုံးလုံး တစ်ဦးတည်း အာဏာရှင်အဖြစ်နဲ့  အုပ်စိုးသွားခဲ့တဲ့ အီဂျစ်သမ္မတ မူဘာရက် ( Hosni Mubarak ) ဟာ ကမ္ဘာမှာ longest - serving President သက်တမ်းအရှည်ဆုံးသမ္မတ အဖြစ် ၊ အာဏာကို နှစ်အကြာဆုံး ဆုပ်ကိုင်ထားခဲ့သူအဖြစ်၊ နာမည်ကြီးသူပါ ။ လေတပ် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အကြောင်းအားလျော်စွာနဲ့ ပဲ 1975 မှာ ဒုသမ္မတရာထူး ရလာခဲ့ပြီး 1981 သမ္မတ Sadat လုပ်ကြံခံရတဲ့ အချိန်မှာတော့ 14 Oct. 1981 မှာသမ္မတဖြစ်လာခဲ့ပါတယ် ။

အထက်လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီ အမတ် ကို ပြည်သူများ ဆန္ဒပြ

(Mizzima)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှ ပြည်သူ ၁၀၀ ကျော်သည် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦးကို အလိုမရှိကြောင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ထို အမျိုးသားလွှတ်တော်အမတ်သည် ပေါင်းတည်မြို့ရှိ ကုသိုလ်ဖြစ်
ဆေးခန်းမှာ နိုင်ငံရေးပါတီတစ်ခု၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံခြားအကူအညီများ ရယူထားကြောင်း၊ ပရဟိတအသင်းများသည် မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ငွေအားဖြင့် ဖိခိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

အစိုးရအသုံးစရိတ်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ ပြည့်စုံစွာ မတင်ပြဟု ဆို

(Mizzima)

ပြည်သူ့ဘဏ္ဍာငွေကို အစိုးရဌာနများကသုံးစွဲရာ၌ ချွတ်ချော်လွဲမှားမှုများကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ထိုတွေ့ရှိချက်များကို လွှတ်တော်သို့ ပြည့်စုံစွာမတင်ပြကြောင်း လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ဩဂု တ် ၂၇ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာ၌ ဝန်ကြီးဌာန ၃၃ ခုလက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၁၈ ခု၏ အားနည်းမှုကြောင့်
ငွေကြေးကွာခြားချက်များကို ပြည်ထောင်စုအဆင့် စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့သော်လည်း လွှတ်တော်သို့ အစီရင်ခံရာ၌ တွေ့ရှိချက်နှင့် အရေးယူဆောင်ရွက်ချက်များကို အသေးစိတ် မဖော်ပြခဲ့ခြင်းကြောင်း လွှတ်တော်၏
ကော်မတီက ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

Thursday, August 29, 2013

အဘခေါ်တဲ့ခေတ် ကုန်သင့်ပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyla မြို့နဲ့ စိန့်ပီတာစဘတ်မြို့တို့ရှိ မြန်မာသံရုံးမှ အရာရှိ ဝန်ထမ်း မိသားစုများမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကန်တော့ဖို့ ပြင်ဆင်နေကြပုံ

ယနေ့ တပ်မတော်က လူကြီးတွေကို “အဘ” ဆိုတဲ့ စကားလုံးနဲ့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲလာကြပြီးတော့ နယ်ဘက် ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကပါ ရောရောင်ပြီး “အဘ” လို့ နှုတ်ကျိုးကုန်ကျပါတယ်။ အခုနောက်ပိုင်း အသံလွှင့်ဌာန မီဒီယာ တချို့ကပါ အဘလို့ဘဲ စတင် ခေါ်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘဆိုတာ ဘယ်တုန်းက စပေါ်လာတယ် ဆိုတာရယ်နဲ့ ဘာလို့ သုံးခိုင်းရတယ် ဆိုတာတွေကို အငြိမ်းစား တပ်မတော် အရာရှိများက စည်းလုံးခြင်းရဲ့အင်အား သို့ အခုလို သုံးသပ် တင်ပြသွားပါတယ်။

အဘဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၈၆ ခုနှစ်ကတည်းက စတင်လာခဲ့ကြောင်း တပ်မတော် အရာရှိကြီး (ငြိမ်း) က ပြောလာပါတယ်။

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံ တ၀န်းတွင် ဖြစ်နေသော မြေယာ သိမ်းဆည်းမှုများကို အမြန်ဆုံး ဖြေရှင်းပေး ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အချက် ၆ ချက်ပါ သ၀ဏ်လွှာ တရပ်ပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာစစ်တပ်အပေါ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ဘယ်လို သုံးသပ်

(ဧရာဝတီ)

အမေရိကန်ပြည်ထောင်စုက အာရှ ပစိဖိတ်ဒေသအပေါ် မဟာဗျူဟာ ဗဟိုချက်အဖြစ် ပြန်လည် သတ်မှတ်ပြီး ပင်တဂွန် က ဘတ်ဂျက် ပိုသုံးစွဲမယ့်အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ 

အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ် ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်း ပြောရင်း ကြေညာခဲ့တာပါ။ 

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ

(Mizzima)

စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် စစ်သားများသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်းလင်းဖြေကြားချက်တွင် ပါရှိသည်။

မသန်စွမ်း ဖြစ်သွားသည့် အငြိမ်းစား စစ်သားများအတွက် နိုင်ငံမှ ကူညီ ထောက်ပံ့ပေးရန်နှင့် စစ်မှုထမ်းဟောင်းများ
နှင့် ၎င်းတို့မိသားစုများ၏ ဘ၀ကို မြှင့်တင်ပေးရန် သြဂုတ် ၂၈ ရက်က အောက်လွှတ်တော်တွင် အမတ်သုံးဦးက အရေးဆိုသဖြင့် ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ဖြေကြားစဉ် ထိုအချက်အလက် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြင်ဆင်ရန် စိန်ခေါ်ခြင်းခံနေရသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

(Mizzima)

လက်ရှိ မိမိတို့နိုင်ငံကျင့်သုံးနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ဥပဒေတချို့မှာ လက်တွေ့အားဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆရသဖြင့် ယင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အချက်များကို တရားဝင်
ဖော်ထုတ်နိုင်ရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ခုကို ယခုလ ၂၇ ရက်က ပြည်ထောင်စု
လွှတ်တော်မှ ဖွဲ့စည်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ မင်္ဂလာသတင်း၊ မင်္ဂလာရှိသော ဆောင်ရွက်ချက်အဖြစ် မဇ္ဈိမက ကြိုဆိုအပ်ပါသည်။

Wednesday, August 28, 2013

“ဦးရွှေမန်းနဲ့ ဦးသိန်းစိန် ပဋိပက္ခ သက်ရောက်မှု ရှိနိုင်တာပေါ့”

(ဧရာဝတီ)


သူရ ဦးရွှေ မန်း နာယက အဖြစ် ဆောင် ရွက်နေသော ပြည်ထောင်စု လွှတ်တော် က ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ အခြေခံဥပဒေကို အပြီး လေ့လာ သုံးသပ်တော့မည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ လတ်တလော အစိုးရနှင့် လွှတ်တော်အကြား၊ တပ်မတော် ကိုယ်စားလှယ်များ နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီလွှတ်တော်ကိုယ်စားလှယ်များ အကြား အဆင်မပြေမှု များရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အပေါ် သက်ရောက်မှု ရှိနိုင်ခြေ များနှင့်စပ်လျဉ်းပြီး ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ(ကျားဖြူ)မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန် ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

(The Voice Weekly)

နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အဆိုပါ ဟိုတယ်ကို ခေတ္တ ပိတ်သိမ်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်

(Mizzima)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက
ပြဋ္ဌာန်းပြီးဖြစ်ရာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထွေထွေလိုအပ်ချက်များနှင့်အတူ ကျေးလက်နှင့် မြို့ပြများတွင်
မြောက်မြားစွာသော ဆန္ဒပြပွဲများ၊ ဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာခဲ့သည်။ အစိုးရ၏ စီမံကိန်းများအပေါ်
ဒေသခံတို့၏ ကန့်ကွက်မှု၊ မြေသိမ်းယာသိမ်း ကိစ္စများအပေါ် ဆန္ဒပြမှု၊ လျှပ် စစ်မီးမရခြင်းကြောင့် ဆန္ဒပြမှုစသည့် လူထု၏ အကျပ်အတည်းတို့ကို ဆန္ဒနည်းဖြင့် ဖြေရှင်းတောင်းဆိုရန် ကြိုးစားလာခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

(Mizzima)

လေ့ကျင့်မှု အရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဟု ထောက်ပြ

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေး များစွာ နိမ့်ကျလျက်ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့က
ဝေဖန်လိုက်သည်ဟု သိရသည်။

ဝန်ကြီးဌာနငါးခု ကျပ်သန်း သုံးသောင်းကျော်နှင့် ကန်ဒေါ်လာ ၂၂ သန်းကျော် ပြန်လည်ပေးဆပ်ရန် အကြွေးကျန်နေ

(Mizzima)

အစိုးရ၏ ၀န်ကြီးဌာနငါးခုက ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်လည်ပေးဆပ်ရန် ကျပ်ငွေသန်းပေါင်း သုံးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ရှိနေသည်ဟု လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ် ၂၇ ရက်၌ လွှတ်တော်တွင် ထုတ်ဖော် အစီရင်ခံလိုက်သည်။

ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်ထည့်ရန် ကြွေးကျန်နေသည့် ၀န်ကြီးဌာနများမှာ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သတ္တုတွင်းနှင့် ဟိုတယ်/ ခရီး ၀န်ကြီးဌာနများဖြစ်ကြပြီး ယင်းဝန်ကြီးဌာန ငါးခုပေါင်း၏ ပေးရမည့် ကြွေး ကျန်ငွေ အတိအကျမှာ ကျပ်သန်းပေါင်း ၃၂၄၅၅.၉၁၁ နှင့် အမေရိကန်ဒေါ်လာ ၂၂.၈၉ သန်းဖြစ်သည်။

Tuesday, August 27, 2013

အဓိကရုဏ်းကို အစိုးရ အဆုံးမသတ်ချင်သလော

(ဧရာဝတီ)

ဩဂုတ်လ ၂၄ ရက် ည စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် တဖန်ပြန်လည် ဖြစ်ပွားလာခဲ့သော ဘာသာရေးခွဲခြားမှု အကြောင်းပြုပြီး မီးရှို့ဖျက်ဆီးခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ကားကို ဝိုင်း၍ ထုရိုက်ခံရအပြီး ၄ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ပေါ်တာထမ်းသမားများနဲ့ မြန်မာ့ တပ်မတော် စစ်သည်တစ်ဦး

တပ်မတော်သားများဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ နိုင်ငံတကာက စွပ်စွဲကြတဲ့ အချက်အလက်တွေ အထဲမှာ ပေါ်တာခေါ်ဝန်ထမ်း ချောဆွဲတဲ့ကိစ္စဟာ အဓိက ဖြစ်ပါတယ်။ ဝန်ထမ်း၊ ပေါ်တာတွေဟာ အမှန်တကယ် ဒုက္ခဆင်းရဲ ဖြစ်ကြရသလို လက်နက်ကြီး၊ ဗုံးသီး၊ ကျည်ဆံ၊ ရိက္ခာများ တနင့်တပိုး ထမ်းရတဲ့အတွက် ပင်ပန်းဆင်းရဲ နွမ်းနယ်လှပါတယ်။ 

NDC ကျောင်းဆင်း အရာရှိကြီးများကို တပ်မတော်က ဘယ်လို တာဝန်မျိုးတွေ ပေးသလဲ

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (ကုန်းမြင့်သာ)

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းဟာ နိုင်ငံတော်ကချမှတ်တဲ့ Policy နဲ့အညီ Grand Strategy ကို အကောင်အထည်ဖေါ်နိုင်တဲ့ Higher Leader တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ပြုစု ပျိုးထောင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ရည်မှန်းချက်ကတော့ စစ်ဘက်နှင့် မြို့ပြဆိုင်ရာအဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များအား မျက်မှောက်ကမ္ဘာ့အခြေအနေ၊ ပြည်တွင်းအခြေအနေများနှင့် စွမ်းအားစုများကို သိရှိနားလည်စေ၍ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ခေတ်မီသိပ္ပံဆိုင်ရာများကို တစ်ဦးချင်းနှင့် အဖွဲကလိုက် စုပေါင်းဖေါ်ထုတ်တတ်ကြပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင် စသည့်အမြင်လေးမြင်ဖြင့် တွေးခေါ်မြှော်မြင်၍ မှန်ကန်သော အယူအဆများ၊ တိကျပြတ်သား သော ဆုံးဖြတ်ချက်များ၊ ချမှတ်လုပ်ဆောင်စေရေးအတွက် ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ အနာဂါတ် အမျိုးသားရေး မဟာဗျူဟာကို ချမှတ်ရန်အလို့ငှာ နိုင်ငံတော်အဆင့် မူဝါဒများကို လေ့လာစူးစမ်းဖေါ်ထုတ်ရန်ဆိုတဲ့ ရည်မှန်းချက်တွေရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မယ့် အရည်အချင်းမြင့်မားတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို လေ့ကျင့် မွေးထုတ်ပေခဲ့ကြောင်း၊ ဒီသင်တန်းမှာ ကမ္ဘာထိပ်တန်းနိုင်ငံတွေ၊ စစ်အင်အားကြီးနိုင်ငံများရဲ့ အုပ်စုတွေ၊ မျိုးနွယ်တူနိုင်ငံများရဲ့ အုပ်စုတွေ၊ စီးပွားဖက်နိုင်ငံများရဲ့ အုပ်စုတွေ၊ ဒေသအလိုက် နိုင်ငံများရဲ့ အုပ်စုရဲ့ နောက်ဆုံး အခြေအနေ အရပ်ရပ်ကို နိုင်ငံရေး ရှုထောင့်က လေ့လာသင်ကြား ပေးခဲ့ကြောင်း၊ အထောက်အကူပြု ဘာသာရပ်တွေကို ပညာရှင်များ၊ တာဝန်ရှိသူများကိုယ်တိုင် လာရောက်ဆွေးနွေး ပိုချခဲ့ကြောင်း၊ ဒီသင်တန်းတွေကို အောင်မြင်စွာ တက်ရောက်ပြီးရင် သမိုင်းသစ်ကို ဖန်တီးနိုင်တဲ့ လူသားအရင်းအမြစ်ဖြစ်ကြောင်း သိရှိရပါတယ်။

ကစထမှူးများ ဖွဲ့စည်းပုံနှင့် တာဝန် ပျက်ယွင်းလျက်ရှိ

(စည်းလုံးခြင်းရဲ့အင်အား)

ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဆိုတာကို တပ်မတော်မှာ ဖွဲ့စည်းခဲ့တာတော့ ကြာပါပြီ။ ဦးနေဝင်း လက်ထက်ကတည်းက ကစထ (၁/၂) ရယ်ဆိုပြီး ၁၉၇၅ ခုနှစ် နောက်ပိုင်း ကာလကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ကစထ (၁/၂) မှူး အရင်ဦးဆုံး ဖြစ်လာသူတွေကတော့ ဗိုလ်ချုပ် တင်စိန်နှင့် ဒုဗိုလ်ချုပ်ကြီး ထွန်းရီတို့ဘဲ ဖြစ်ကြပါတယ်။ အဲဒီနောက် ဒုဗိုလ်ချုပ်ကြီး စိန်အောင်နှင့် ချစ်ဆွေတို့ ဖြစ်လာကာ နဝတ တက်လာတော့ ကရင်ပြည်နယ် KNU ရဲ့ အမာခံ စခန်းများအား တိုက်ဖို့ ဒုဗိုလ်ချုပ်ကြီး မောင်လှကို အထူး စစ်ဆင်ရေး အဖွဲ့မှူးလို့ တပ်ချုပ်က အာဏာကုန် လွှဲအပ် တာဝန်ပေးထားခဲ့ပါတယ်။ သူက အမြောက်တပ် အပါအဝင် (ရေ/လေ) တပ်များကို ခေါ်ပိုင်ခွင့် ရှိပါတယ်။ သူ့အနေနဲ့ တပ်မတော်သားများ စခန်းသိမ်းလို့ရရင် တိုက်ပွဲမှာ ထူးချွန်ရင် ရှေ့တန်းမှာ Field Promotion (Jump Promotion) လုပ်ပေးပိုင်ခွင့် ရှိပါတယ်။

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ (မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ)

(စည်းလုံးခြင်းရဲ့အင်အား)
Tor M1 surface to air missile defense system

စာဖတ်ပရိသတ်များ ခင်ဗျား-

ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ တည်နေရာ၊ အကျယ်အ၀န်း၊ ထုတ်လုပ်မှု၊ လျာထားချက် စသည်တို့အား ပြည်တွင်းရှိ တပ်မတော် အရာရှိ တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ပေးပို့လာရာ စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ တင်ပြပေး လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိကြောင်း၊ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုးအတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုး စီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမဲ့ စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြောင်း ဒီဆောင်းပါးကို ဖတ်ရှုရင်း သိရှိနိုင်ပါတယ်။ 
အခုလို ရေးသားပြုစု ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော်အရာရှိ ဗဟိန်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့ အင်အား” မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ

Monday, August 26, 2013

ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ

(ဧရာဝတီ)

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ကျောဘက် ၃၂ လမ်း ထဲမှာ ပျော်ပွဲရွှင်ပွဲကြီးတခု လုပ်နေပါတယ်။
ထောင့်ငါးရာတန်ဖုန်းကတ် မဲနှိုက်ပေးနေတာပါ။
ဗလာမဲပေါက်သူအများအပြားရှိသလို ကံကောင်းသူတွေလည်း ရှိပါတယ်။ 


ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ ဘယ်ကို ဦးတည်မလဲ

(ဧရာဝတီ)

သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲပွဲက တဖြည်းဖြည်း ပြင်းထန်လာပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီလို့ နေပြည်တော် လွှတ်တော် ကိုယ်စားလှယ် တွေဆီက စုံစမ်း သိရှိရပါတယ်။

လတ်တလော သူတို့ ၂ ဦးကြား နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေး ပါတီ အတွင်းမှာ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ် တခုနဲ့ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တခု ဖြစ်ပေါ်လာ နိုင်တယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သုံးသပ်နေကြပါပြီ။

Sunday, August 25, 2013

တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်

(Irrawaddy)

မြန်မာနိုင်ငံမှာ တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ် တွေကို မြင်ဖူးကြမှာပါ။ တပ်ပိုင်မြေဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာ အများပြည်သူအနေနဲ့ အတိအကျ မသိနိုင်ပါဘူး။ 


ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။ 
  

Saturday, August 24, 2013

အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေး တပ်၏ တတိယလေးလပတ် အစီရင်ခံစာ

(Burma VJ media)

စစ်အခြေခံလေ့ကျင့်ရေးတပ် ဆိုတာဟာ တပ်မတော်တွင်းသို့ တပ်သားသစ်အဖြစ် ၀င်ရောက် အမှုထမ်းသူများအား အခြေခံစစ်ပညာများသင်ကြားပေးရာနေရာဖြစ်ပါတယ်။ ယခင်ကတော့ လေ့ကျင့်ရေးတပ် (လကရ) လို့ ခေါ်ရာကနေ နောက်ပိုင်းမှာ စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တိုင်းဗဟိုလေ့ကျင့်ရေးတပ်များကို တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းလို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ စစ်အခြေခံလေ့ကျင့်ရေးတပ်များရဲ့ အတိုကောက်သုံးကတော “စခတ” ဖြစ်ပါတယ်။ ယခုတင်ပြမဲ့အကြောင်းအရာကတော့ အမှတ်(၂)စစ်အခြေခံ လေ့ကျင့်ရေးတပ်ရဲ့ ၂၀၀၈ ခုနှစ်၊ တတိယလေးလပတ် ဦး/ရေး/ထောက်ဆိုင်ရာ တင်ပြချက် ဖြစ်ပါတယ်။ လေ့လာလိုသူများ၊ အချက်အလက်ကိုးကားလိုသူများအနေနဲ့ Download ရယူ လေ့လာနိုင်ပါတယ်။

Leaks From Burma

တပ်အင်အားပြုန်းတီးမှုနှင့် ယနေ့ မြန်မာ့တပ်မတော်၏ အနာဂတ်

(Burma VJ Media)
မိုးဇေညိမ်း
စခတ(၂)မှ တပ်သားသစ်အပတ်စဉ်တစ်ခု၏ သင်တန်းဆင်းပွဲ
မြန်မာ့တပ်မတော်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အင်အားတိုးချဲ့ရေးနဲ့ခေတ်မီရေးကို အပြင်းအထန် ဆောင်ရွက်ခဲ့ တဲ့အတွက် အရှေ့တောင်အာရှဒေသအတွင်းမှာ ဗီယက်နမ်ပြီးရင် ဒုတိယအင်အား အကြီးဆုံးစစ်တပ် ဖြစ်လာခဲ့ပါ တယ်။ နိုင်ငံရဲ့အဆီအနှစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစားသုံးပြီး ခေတ်မီတပ်မတော် တည်ဆောက်ခဲ့ပေမဲ့ ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါဘူး။ စစ်အာဏာရှင် တွေဟာ တပ်မတော်ကို လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာ ခဲ့သလို စစ်အင်အားကို ကြီးထွားလာအောင် အလောတကြီး တိုးချဲ့တာကြောင့် ကလေးစစ်သား ပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေများပြားလာတဲ့ပြဿနာ အစရှိသော ဘေးထွက် ဆိုးကျိုးတွေ အများအပြား ရှိလာခဲ့ပါတယ်။

လူသိနည်းခဲ့သော တပ်မတော်အတွင်းမှ ဖြစ်စဉ်များ

(Burma VJ Media)

“စစ်အာဏာရှင်တွေ ဟာ နိုင်ငံရဲ့အဆီအနှစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစား သုံးပြီး ခေတ်မီ တပ်မတော် တည်ဆောက် ခဲ့ပေမဲ့ ထင်သလောက် ခရီးမပေါက်နိုင်ခဲ့ပါ ဘူး။ စစ်ဗိုလ်ချုပ်တွေ ဟာ ကိုယ်ကျိုး အတွက် တပ်မတော်ကို လက်ကိုင် တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာခဲ့သလို စစ်အင်အားကို ကြီးထွားလာအောင် အလောတကြီး တိုးချဲ့ခြင်းကြောင့် ကလေးစစ်သားပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေ များပြားလာ ခြင်းပြဿနာ အစရှိတဲ့

ဘာလဲဟဲ့ စွမ်းအားရှင်

(Burma VJ Media)
မိုးဇေညိမ်း
စွမ်းအားရှင်များအား လေ့ကျင့်ပေးနေစဉ်
 မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေမှာ နအဖခေတ်က နာမည်ကြီးဗီလိန်တွေ ဖြစ်တဲ့ စွမ်းအားရှင်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ စွမ်းအားရှင်တွေကို ပြည်သူတွေ မုန်းတီးရွံရှာ ကြပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်ဆိုတာ၊ ဘယ်သူတွေလဲ၊ ဘယ်လိုဖွဲ့စည်းလုပ်ကိုင်သလဲ ဆိုတာကိုတော့၊ စစ်အစိုးရ လက်အောက်က တခြားသော လူထုဖိနှိပ်ရေးလျှို့ဝှက်ယန္တရားတွေလို၊ အဖြစ်ပျက်တွေလိုပဲ အဆန်းတကျယ် ကိစ္စတခုလိုဖြစ်နေပြီး တိတိကျကျ ပေးနိုင်ကြတာ မတွေ့ရပါဘူး။ တချို့ကျတော့လည်း နီးစပ်ရာအလိုက် ဘယ်သူကတော့ စွမ်းအားရှင်ဆိုတဲ့ထဲမှာ ပါတယ်လို့ သိကြတာတွေတော့ ရှိပါတယ်။ ဒါ့ကြောင့်မို့ အာဏာရှင်တွေရဲ့ နောက်ဆုံးပေါ် အသုံးအကျဆုံး လူထုဖိနှိပ်မှုအဖွဲ့အစည်းတစ်ခုအကြောင်းကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ဘက်တော်သားတွေ ရေရေရာရာ သိရှိထားဖို့ လိုအပ်ပါတယ်။ စွမ်းအားရှင်တွေကို ရဲ၊ စစ်တပ်၊ အခြားလုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်တာဝန်ထမ်းဆောင်ဖို့ ဘယ်လို စီမံခဲ့တယ်ဆိုတာ မူရင်းစီမံချက် အထောက်အထားတွေ၊ ဓာတ်ပုံတွေ၊ နှစ်ရှည်လများ စွန့်စားစုဆောင်းခဲ့တဲ့ အချက်လက်တွေနဲ့ အဖြစ်နိုင်ဆုံး ပြည့်စုံ အောင် တင်ပြလိုက်ပါတယ်။

မြန်မာပြည်မှ ပေါက်ကြားမှုများ ကဏ္ဍဖြင့် အများပြည်သူသိအောင် ထုတ်လွှင့်တော့မည်

(Burma VJ Media)

မိမိတို့ အနေဖြင့် စစ်အာဏာရှင် အဖွဲ့ အစည်းများ၏ လျှို့ဝှက်ချက် အထောက် အထားများ၊ လူ့အခွင့်ရေးဆိုင်ရာချိုးဖေါက်မှု များ၊ တရားဥပဒေနှင့် မလျော်ညီသည့် စီမံလုပ်ကိုင်မူများ၊ အာဏာကို အလွဲသုံးစား ပြုမူများ ၊သမိုင်းရေးရာ အထောက်အထား များနှင့် အရပ်ရပ် လျှို့ဝှက်ချက်များစွာကို ယုံကြည်လေးနက်စွာ တာဝန်ထမ်းဆောင်ခဲ့ သော ၊ ဌာနအတွင်း/အပြင် ရဲဘော် ရဲဘက်များ အကူညီဖြင့် နှစ်ပေါင်းများစွာ စနစ်တကျစုဆောင်း နိုင်ခဲ့ပါသည်။ 

ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည်ဖေါ်ဖို့လည်းအရေးကြီး

(VOA)

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အရေးကြီးသလိုပဲ ဖွဲ့စည်းပုံနဲ့အညီ လိုက်နာဆောင်ရွက် အကောင်အထည် ဖော်သွားဖို့ကလည်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ခ်ျတောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ကနဦး ခြေလှမ်းတရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာစိစစ်ရေး လွှတ်တော်ကော်မတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ အဓိက ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေတာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

Friday, August 23, 2013

သမ၀ါယမ ၀န်ကြီှးဌာန တရုတ် ချေးငွေကိစ္စ လွှတ်တော်တွင် ကန့်ကွက်မှုများရှိ

(Irrawaddy)

သမ၀ါယမ ၀န်ကြီးဌာန က တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည်ကို လွှတ်တော်၌ သဘော တူညီမှု ရှိမရှိ မဲခွဲဆုံးဖြတ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တခြားပါတီ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် စစ်တပ် ကိုယ်စားလှယ်များမှအပ အတိုက်အခံ ကိုယ်စားလှယ်အများစုက သဘော မတူကြသော်လည်း မတ်တတ်ရပ်၍ မဲခွဲဆုံးဖြတ်ရာ မတ်တတ်ရပ်ပြသူ နည်းပါးသဖြင့် ထိုတရုတ်ချေးငွေ ကိစ္စကို ပြည်ထောင်စု လွှတ် တော်က အတည်ပြု သဘောတူ ပေးခဲ့သည်ဟု ဆိုသည်။

ကင်တားနားဖတ်ဖို့ ဦးရဲထွဋ်ရဲ့ Facebook မှတ်ချက်

(Irrawaddy)

မြန်မာပြည်ကနေ ဟိုတနေ့က ထွက်သွားတဲ့ ကင်တားနားက သူ့ကို အစိုးရက သင့်တော်တဲ့ လုံခြုံရေး မပေးခဲ့ဘူး ဆိုတဲ့သဘော ပြောသွားပါတယ်။

မိတ္ထီလာမှာ သူ့ကားက လူ ၂ဝဝ လောက် ရှိတဲ့ လူအုပ်ကြီးနဲ့ တွေ့ခဲ့ရတယ်၊ ကားမှန်တံခါးတွေ ထုရိုက်ခံရတယ်လို့ ကင်တားနားက ဆိုပါတယ်။

ကင်တားနားကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး   သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်က သူ့ Facebook မှာ မနေ့က ပြန်တုန့်ပြန်ပါတယ်။

လွှတ်တော်နှင့် သမ္မတတို့ သဘောထားကွဲမှုများ သတင်းထုတ်ပြန်ခြင်းသည် ဥပဒေပြုရေးကို အုပ်ချုပ်ရေးက ၀င်စွက်ခြင်းဟုဆို

(Mizzima)

သမ္မတနှင့် လွှတ်တော်တို့ ဥပဒေကြမ်း နှစ်ခုအပေါ် သဘောထားကွဲလွဲမှုများကို နိုင်ငံပိုင်သတင်းစာများတွင်
ဖော်ပြမှု၊ သတင်းများ ထုတ်ပြန်မှု၊ သ၀ဏ်လွှာများ ပေးပို့ကာ သတင်းထုတ်ပြန်မှုများသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးပိုင်းသို့ ၀င်ရောက် စွက်ဖက်ရာရောက်သည်ဟု သြဂုတ်လ ၂၂ ရက် ပြည်ထောင်စု လွှတ်တော်တွင် အစီရင်ခံလိုက်သည်။

သမ္မတ၏ သ၀ဏ်လွှာများ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်၏ ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖတ်ကြား အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

Thursday, August 22, 2013

စစ်အုပ်စုရဲ့ ဖိနှိပ်သွေးစုတ်မှုဟာ ဆင်းရဲမွဲတေမှု ရဲ့ အဓိကဇစ်မြစ်ဖြစ်တယ်

(မိုးမခ)


တူမောင်ညို (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)
ဖိနှိပ်အုပ်စိုးသူလူတန်းစားဆိုတာ  ဖိနှိပ်ခံလူတန်းစားအပေါ် စာနာ၊ ထောက်ထားတဲ့ အမြင်နဲ့ သဘောထားမရှိပါ။
စာနာထောက်ထားလိမ့်မယ်လို့ မျှော်လင့်စိတ်ကူးယဉ်နေခြင်းမျိုးလည်းမဖြစ်သင့်ပါ။
        အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအပေါ်ထားရှိသော သဘောထားဆိုသည်မှာ  ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့ ဆိုတဲ့ အမြင်နဲ့ သဘောထားမျိုးသာဖြစ်ပါတယ်။
        သြဂုတ်လ ၁၉ ရက်နေ့က သမ္မတ (ဗိုလ်)ဦးသိန်းစိန်ရဲ့ သဘောထားနဲ့ပြောစကားကလည်း အလားတူပါပဲ။

လွှတ်တော်ထဲက အလွဲများ

(Irrawaddy)

ပြည်ထောင်စုအဆင့် လွှတ်တော်တွေ ကျင်းပနေတာ အခုဆိုရင် ၂ နှစ်ကျော် (သက်တမ်း တ၀က်ခန့်ရှိ)လာပြီ ဖြစ်ပေမယ့် ကိုယ်စားလှယ်တချို့ဟာ ကိုယ့်ရဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့မှု အားနည်းသလို၊ လွှတ်တော်ထဲမှာ ထိရောက်မှုမရှိတဲ့ မေးခွန်းနဲ့ အဆို တချို့ကို မေးမြန်း ဆောင်ရွက်နေတာတွေလည်းပဲ တွေ့နေရဆဲ ဖြစ်ပါတယ်။

Wednesday, August 21, 2013

အီထရောနစ် ဥပဒေ ပြင်ဆင်ရန် လွှတ်တော် ဆွေးနွေးမည်

(ဧရာဝတီ)

ယခင်စစ်အစိုးရ လက်ထက်ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု ပြစ်ဒဏ်ပေးမှုများ အဆုံးသတ်နိုင်ရေး ပြင်ဆင်ချက်အဆိုတခုကို ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ လက်ခံလိုက်ကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ဥပဒေ အမှတ် ၅/၂၀၀၄ ဖြင့် ပြဋ္ဌာန်းခဲ့သော အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်း လိုက်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူညီလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

နေပြည်တော် မသာအိမ်မှ ဖဲဝိုင်းကြီးများ (၁)

(Minmaha Baga FB Page)

ခင်ဗျား ဘာတတ်သလဲ? ဆရာဝန်လား? အင်၈ျင်နီယာလား? ပရောဖက်ဆာလား? အန်ဂျီအိုလား? ခင်ဗျားတတ်တာတွေ အကုန်လုံး တိုင်းပြည်ရဲ့ ခြံစည်းရိုးမှားချိပ်ထားခဲ့၊ ဘာမှကို ယူမလာနဲ့….. သြော် တခု သေချာပေါက်ပြောရမှာတော့ရှိတယ်၊ ခင်ဗျား ဒေါ်လာ၊ ယူရို တခုခုတော့ ယူခဲ့…

ကျနော်တို့၏ နေပြည်တော် ရွာအား ဒကြီး ဦးစိန်ပြောင်အုပ်ချုပ်သည်။ သူက ပေါ့သေးသေးမဟု မတော်သောသူများနေသော တပ်တခု ( တပ်မတော်)ဟုခေါ်သော နေရာတွင် တာဝန်ထမ်းဆောင်ပြီးနောက် ကျနော်တို့ နေပြည်တော် ရွာသို့ ဒကြီးအဖြစ်ရောက်ရှိလာသည်။

Tuesday, August 20, 2013

ကင်တာနာကို ဦးသိန်းစိန် လက်ခံတွေ့ဆုံဖို့ လုံးဝ မရှိဟု ဆို

(ဧရာဝတီ)

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာကို သမ္မတ ဦးသိန်စိန်အနေနဲ့ လုံးဝ ( လုံးဝ) တွေ့ဆုံရန် အစီအစဉ် မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေ့စ်ဘုတ်ကတဆင့် အသိပေးလာပါတယ်။ 

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သို့မဟုတ် သင်ခန်းစာယူတတ်သူ”

(ဧရာဝတီ)

ဒီ ၁၀ နှစ်အတွင်း အရာရာ ပြောင်းလဲနေခဲ့ပါပြီ။ 
သူ(ဦးနေ၀င်း) ကိုယ်တိုင် တာဝန်ပေးထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်နဲ့ အစိုးရ ယန္တယား တစ်ခုလုံးကို သူတို့ဖာသာ သူတို့ ကောင်းကောင်း ကိုင်တွယ် ထိန်းချုပ်ထားနိုင်ပါပြီ။ 
သူတို့ အပါအ၀င် ထိပ်တန်းက စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာလည်း စီးပွားရေး နယ်ပယ် မှာ နေရာယူ ကျင်လည်နေကြပါပြီ။ 


ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန် အတွက်သာ ပေးအပ်ထားခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတ ပြောကြား

(Eleven Media Group)

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန် အတွက်သာ ပေးအပ်ထားခြင်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

သြဂုတ် ၁၉ ရက် နံနက်က နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ နေမှု၊ စားမှု အတွက် နိုင်ငံတော်မှ တရားဝင်ပေးထားသည့် လစာနှင့်သာ ရပ်တည်သင့်ပြီး လယ်ယာမြေ သိမ်းယူခြင်းမျိုး မပြုလုပ်သင့်ဟု ဦးမင်းကိုနိုင် ပြောကြား

(Eleven Media Group)

စစ်တပ်၏ နေမှု၊ စားမှုအတွက် နိုင်ငံတော်မှ တရားဝင် ပေးထားသည့် လစာနှင့်သာ ရပ်တည်သင့်ပြီး လယ်ယာမြေ သိမ်းယူမှုများ မပြုလုပ်သင့်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်သော တောင်သူ လယ်သမားများ၏ အသံစုစည်းခြင်း ဆွေးနွေးပွဲအတွင်း စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ ပြဿနာများ ရှိနေသည့်အပေါ် မေးမြန်းခြင်းကို ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Monday, August 19, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး

(Mizzima)

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့
ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့ မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဒီမိုကရေစီ ရမလား

(ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုရင်တော့ ဒါဟာ အပေါစား ပြက် လုံး ဖြစ်မယ် လို့ ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဌက ပြီးခဲ့တဲ့ အပတ်တွေ တုန်းက ပြောခဲ့တယ်။ အမေရိကန် အထက် လွှတ်တော် အမတ် မက်ကွန်နဲရဲ့ တောင်း ဆိုချက် လေးချက် ထဲက ဒုတိယအချက် ဟာလည်း စကားလုံးအရ ဘယ်လိုပဲ မွမ်းမံထား ပေ မယ့်  တည့်တည်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါပဲ။ ရုတ်တရက် ကြည့်ရင်တော့ ထိပ်တန်း နိုင်ငံရေးသမားတွေက ဒီလောက် ဗြောင်ကျကျ တောင်းဆိုနေတာ အထူးအဆန်းလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါက လက်တွေ့အကျဆုံး တောင်းဆိုချက်ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း စကားလုံးအရ ဘယ်လိုပဲ မွမ်းမံ ထားပေမယ့် အဓိက ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေရေးပါပဲ။

စည်ပင်ကို မကျေနပ်လို့ လွှတ်တော်အမတ် ဆန္ဒပြ

(RFA)

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်ကြောင်း စာတမ်းပါတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်း နဲ့ သစ္စာလမ်းထောင့်က ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးစိုက်ခဲ့တဲ့ မြေနေရာမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လူနေအထပ်မြင့်တိုက် ကွန်ဒိုမီနီယံ တစ်လုံး ဆောက်လုပ်ခွင့်ပြုလိုက်တာကြောင့်ကန့်ကွက်ဆန္ဒပြတာလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

Sunday, August 18, 2013

စစ်ခေါင်းဆောင်များ ရောင့်ရဲစိတ်မွေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

(Mizzima)

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ရောင့်ရဲတင်းတိမ်စိတ် အမြဲမွေးမြူထားကြကြရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက် အရာရှိများနှင့် သင်တန်းသား အရာရှိများကို သြဂုတ် ၁၇ ရက်တွင်
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားမှုကို အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် မျက်နှာဖုံးသတင်းအဖြစ် သြဂုတ်လ ၁၈ ရက်တွင် ဖေါ်ပြပါရှိလာခြင်းဖြစ်သည်။

Tuesday, August 13, 2013

ဗိုလ်ချုပ်စိုးရှိန် အမှု ရဲတပ်ဖွဲ့ စတင် စစ်ဆေး

(Irrawaddy)

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ လယ်ယာမြေ ပိုင်ဆိုင်မှုအပေါ် အငြင်းပွားရာမှ တောင်သူ လယ်သမားများကို သေနတ်ပြ ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့သည် ဗိုလ်ချုပ်စိုးရှိန်အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စတင် စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်း သိရှိရ သည်။

မူးယစ်ဆေးဝါး ရောင်းသူများကို ရဲများ မျက်ကွယ်ပြုနေဟု ဒေါ်စုဦးဆောင်သည့်ကော်မတီ တွေ့ရှိ

(Mizzima)

ရဲများက မူးယစ်ဆေးဝါးသုံးစွဲသူများကိုသာ အဓိကထား ဖမ်းဆီးနေပြီး ရောင်းချသူများကိုမူ ဖမ်းဆီးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ကို လေ့လာတွေ့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဥပဒေစိုးမိုးရေးကော်မတီက သြဂုတ် ၁၂ ရက်တွင် အောက်လွှတ်တော်တွင် အစီရင်ခံစာ တင်ပြခဲ့သည်။

ထိုသို့ ရဲများက မူးယစ်ဆေးရောင်းသူများကို မျက်ကွယ်ပြုနေမှုကြောင့် မူးယစ်ဆေးပြဿနာမှာ ကြီးထွားနေရသည် ဟုလည်း အစီရင်ခံစာတွင် ပါရှိသေးသည်။

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)
ရိက္ခာဖြည့်တင်းရေးအတွက် စစ်သုံးကားကြီးများ ရောက်ရှိလာပုံ

ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ရိက္ခာစုပုံ လုံခြုံရေး တာဝန်ယူနေချိန်မှာ ကျွန်တော်တို့တပ်ရင်း စစ်ဆင်ရေး ထွက်လာတဲ့ ကာလဟာ သုံးလကျော်လို့ လေးလထဲ ရောက်လာပါပြီ။ တိုက်ပွဲကြီးတစ်ပွဲမှ မတိုက်ရသေးဘဲ ချောင်းပစ်၊ မိုင်း ထောင် ပစ်ပြေးဘဲ မကြာခဏ ကြုံရပါတယ်။ စစ်တိုက်ဖို့လောက်ဘဲ သိထားတဲ့ ကျွန်တော်ဟာ စစ်တိုက် တာထက် အရေးကြီးတဲ့ အုပ်ချုပ်မှုကိစ္စတွေနဲ့ နဖူးတွေ့ ဒူးတွေ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင် ဖြေရှင်းနေရတော့မှ ကျောင်းက ဆရာကြီးတွေရဲ့ စကားကို ပြန်ကြားနေမိပါတော့တယ်။ အထူးသဖြင့် ဗထူး တပ်ကြပ်သင်ကျောင်းက ဆရာကြီးတွေဟာ တကယ့်စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့ သူတွေ ဖြစ်လို့ တိုက်မယ် ခိုက်မယ်ဘဲသိတဲ့ ကျွန်တော်တို့ကို စစ်မြေပြင်မှာ တကယ်ကြုံတွေ့ရမယ့် အုပ်ချုပ်မှုကိစ္စတွေကို အမြဲပြောဆိုခဲ့ပါတယ်။

အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြု

(Eleven Media Group)

အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြုနေကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစီရင်ခံစာအရ သိရသည်။

Monday, August 12, 2013

အပြုံးချိုချိုနဲ့ ပြည်သူလူထုရဲ့ အလိုကို တပ်ချုပ် လိုက်ပါနိုင်ပါစေ

(စည်းလုံးခြင်းရဲ့အင်အား)

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗိုလ်ချုပ်ကြီး ဝေလွင် (ဝဲ)

နအဖခေတ်က ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို TV မင်းသားလို့ လူတချို့က မှတ်ချက်ပြုကြသလို ယနေ့ အစိုးရသစ် လက်ထက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း စစ်တပ်နဲ့နီးစပ်သူများက အမေရိကန်နဲ့ ဗြိတိန်စစ်တပ်က ရုပ်ချောနုပျို ငယ်ငယ်ရွယ်ရွယ် ဗိုလ်ချုပ်တွေနဲ့ တူတယ်လို့ “မွှန်း” ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက်အရွယ် ၅၀ ကျော်လာသည့်တိုင် အောက်ဒိုးတွေမှာ  မျက်မှန်တပ်ဆင်မှု မရှိသေးတာရယ်၊ တချို့စစ်ဗိုလ်တွေလို ဗိုက်ရွဲပြီး ရုပ်ရင့်ထော်တဲ့ ပုံစံမျိုးနှင့် မတူတာကြောင့် သူ့အသက်အရွယ်နဲ့ လက်ရှိ ရာထူး နှိုင်းယှဉ်လိုက်ရင် နုပျိုတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်တွေမှာ တခြားနိုင်ငံတွေက ဗိုလ်ချုပ်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စကာင်္ပူနိုင်ငံ စစ်ဦးစီးချုပ်ကလွဲလို့ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေကဖြင့် ရုပ်ရင့်ထော်တဲ့သူတွေ များနေပါတယ်။ သူကရုပ်နုနေတာကြောင့် မျက်မှန် တပ်ထားတဲ့ သူ့ရဲ့ဇနီး ဒေါ်ကြူကြူလှကတောင် ပိုရုပ်ရင့်နေသလို အသက်ကြီးနိုင်တယ်လို့ ယူဆစရာ ရှိနေပါတယ်။

ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၁) - (၇)

(စည်းလုံးခြင်းရဲ့အင်အား)

ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

ရေးစရာလေး ပေါ်လို့ ရေးရပေဦးမည်…။ ရင်တော့ အတော် မောလှသည်…။ အမှန်အတိုင်း ပြောရလျှင် ကလောင်သွားမှာ အားမပါလှ…။ အဘယ့်ကြောင့်ဆိုသော်… ယခင့် ယခင် ကျနော့်ဆောင်းပါးများကို မြန်မာပြည် ပြုပြင် ပြောင်းလဲရေးအတွက် မျှော်လင့်ချက်တွေ တပုံတပင်ကြီးနဲ့ ရေးခဲ့မိပါသည်။ ဘဘ သန်းရွှေကြီးများ အနိစ္စ ရောက်ခဲ့သည်ရှိသော် မြန်မာပြည်ကြီးကို ပြုပြင် ပြောင်းလဲလိုသော ဗိုလ်ချုပ်များ ပေါ်လာကောင်းရဲ့ ဆိုသော မျှော်လင့်ချက်…။ ဒီ မျှော်လင့်ချက်နှင့်ပင် ဘဘ သန်းရွှေကြီးအား အပီအပြင်ကို နှက်ခဲ့သည်…။ ဆော်ပလော် တီးခဲ့သည်..။ ရေးရသည် မှာ အားပါလှသည်။

သက်တမ်း လ ၃၀ သာ ကျန်တော့သည့် အစိုးရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း ၇ ရပ် သမ္မတရုံး ဖေါ်ပြ

(Mizzima)

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ သြဂုတ်လ ၉ ရက်တွေ့ဆုံမှုအတွင်း
ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၇ ခုကို သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် သြဂုတ်လ ၁၂ ရက်
က ဖေါ်ပြထားသည်။

ဆင်စွယ်ခိုးဂိုဏ်း အမှုလိုက် စခန်းမှူး ပြစ်ဒဏ် ပြင်းထန်

(Irrawaddy)

ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသည့် ဆင်စွယ်ခိုးဂိုဏ်းများကို ဖော်ထုတ်ရန်ကြိုးပမ်းစဉ် သံသယတရားခံများကို ရိုက်နှက်စစ်ဆေးသည်ဟုဆိုကာ ငပုတောစခန်းမှူး ရဲအုပ် စိုးမင်းအား မြန်မာနိုင်ငံ ရဲချုပ်က ရဲတပ်ဖွဲ့မှထုတ်ပယ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်မှုမှာ လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မေးခွန်းများ ထွက်လာနေသည်။

Saturday, August 10, 2013

သွေးမြေကျတိုက်ပွဲ နဲ့ ဒီမိုကရေစီဓလေ့

(VOA)

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံဖြစ်ပွားခဲ့တာ အနှစ်အစိတ်ရှိသွားပါပြီ။ အဲဒီတုန်းက ဦးဆောင်ပါဝင်ခဲ့ပြီး မသေမပျောက်ကျန်ရှိနေတဲ့ လူငယ်တွေလည်း လူကြီးတွေဖြစ်ကုန်ကြပါပြီ။ ပြည်သူတွေ မျှော်မှန်းတဲ့ ဒီမိုကရေစီပြုပြင်ရေးကို စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားပေမယ့် ၈၈ သွေးမြေကျတိုက်ပွဲရဲ့  အကျိုးဆက်တွေ ဆက်လက်ရှင်သန်နေပါတယ်။ အစိုးရဦးဆောင်နေတဲ့ လက်ရှိပြုပြင်ရေးကို ၈၈ အရေးတော်ပုံရဲ့  အကျိုးဆက်တခုလို့ မြင်သူတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပမှာ တောင်းဆိုနေတဲ့ ဒီမိုကရေစီကို စစ်အုပ်စုထဲမှာ လက်ခံသူတွေ ရှိလာတာဟာ ၈၈ လှုပ်ရှားမှုရဲ့  အကျိုးဆက်တခုလို့ ယူဆကြပါတယ်။

Friday, August 9, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြောက်မနေသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(Mizzima)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိုပြင်ဆင်ရန်
ကြောက်မနေသင့်ဟု သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ သက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့ စာကြောင်းတစ်ခုကို ကြောက်နေရာ မရောက်ဘူးလားလို့။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုရဲ့ အသက်ဟာ ပြည်သူ လူထုရဲ့ လက်ခံယုံကြည်မှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အာဏာပိုင်နှင့် မိသားစုများ၏ ပိုင်ဆိုင်မှု မကြေညာလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည့် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း

(Mizzima)

အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်က
တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နှစ်က ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ထိုသို့ ပါဝင်လာခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် စာရင်းများ မစစ်ဆေးနိုင်သေး

(Mizzima)

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့် ဘတ်ဂျက်ငွေနှင့် သုံးစွဲရသည့် ကုန်ကျစရိတ် ငွေစာရင်းအတိအကျကို စစ်ဆေးပြုစုနိုင်ခြင်းမရှိ သေးကြောင်း အစီရင်ခံစာကို သြဂုတ် ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် လွှတ်တော်အမတ် အားလုံးက သဘောတူလိုက်ပြီဖြစ်သည်။

ယင်းသို့ ရငွေ၊သုံးငွေများကို စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာမှာ ကွဲလွဲနေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

ကုလားကိုရောင်းမှာလား .. တရုတ်ကိုရောင်းမှာလား နဲ့ မြန်မာ့လွှတ်တော်

(Irrawaddy)

လွှတ်တော် ကျင်းပနေတဲ့ကာလမို့  SKY NET က  ထုတ်လွှင့်ပြ သသော လွှတ်တော် ကဏ္ဍကို သတိပြုကြည့်မိပါ တယ်..။   နိုင်ငံရေး သမား မဟုတ်ပေမယ့် လည်း တပည့်များ ကို စာသင်နေတဲ့ ဆရာမမို့ ခေတ် ကို အများကြီးပြတ် ကျန်သွားလို့ မရပါဘူး။

လူငယ်တွေက သူတို့ခေတ်ရေစီးထဲက ဆရာမဆို သဘောကျပါတယ်။ သူတို့ကြိုက်တဲ့သီချင်းလေးများ ဆိုညည်းပြတဲ့အခါ  ဆရာမက ဒီသီချင်းတတ်တယ်ဆိုပြီး သူတို့တွေ မျက်ဝန်းထဲ အရောင်တွေလက်နေတာကို တွေ့ရပါတယ်။

အာဏာသိမ်းဖို့ "အဖေကြီး" စီစဉ်ပေးခဲ့

(Irrawaddy)

မဆလခေတ် ၁၉၈၈ လူထုအုံကြွမှုကာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းတဲ့နေ့က စက်တင်ဘာ ၁၈ ရက်နေ့ပါ။

အဲဒီမနက်မှာ ဦးနေ၀င်းအိမ်ကနေ  မဆလ ပါတီ အထွေထွေအတွင်းရေးမှူးကို ဖုန်းဆက်ခေါ်တယ်၊ ဒါနဲ့မဆလ ထိပ်သီး ၆ ယောက် ဦးနေ၀င်းအိမ်ကို အခစားဝင်ကြပါတယ် တဲ့။


Thursday, August 8, 2013

သမ္မတ ဖြစ်ချင်ခဲ့တဲ့ နောက်တစ်ဦး

(စည်းလုံးခြင်းရဲ့အင်အား)
ပြည်ခိုင်ဖြိုးပါတီ ညီလာခံမှာ ပါတီ ထိပ်တန်း ခေါင်းဆောင်များနဲ့အတူ တွေ့ရတဲ့ ဦးဌေးဦး၊ ဦးရွှေမန်းနဲ့ ဦးအောင်သောင်း

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးဟာ ပြည်ခိုင်ဖြိုးအကြီးအကဲ ဦးရွှေမန်းနှင့် စစ်တပ်အတွင်း တာဝန် ထမ်းဆောင်ခဲ့စဉ်တုန်းက အကြိတ်အခဲများ ရှိခဲ့ကြောင်းနှင့် သူလည်းဘဲ သမ္မတအဖြစ် စိတ်ကူးယဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နတခတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိတစ်ဦးက စည်းလုံးခြင်းရဲ့အင်အားထံ သတင်းပေးပို့ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်က လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ မဟာဗျူဟာမြောက် အခွင့်အရေး (ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ဂုဏ်ပြုခြင်း)

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလအတွင်း တပ်မတော်သားတွေရဲ့ လှုပ်ရှားမှု

ဆောင်းပါးရှင် – ဗိုလ်ထက်မင်း (RFA ထုတ်လွှင့်ချက်မှ ကူးယူဖော်ပြပါသည်။)

အယ်ဒီတာအဖွဲ့ တင်ပြချက်။       ။မြန်မာနိုင်ငံရဲ့  ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ  ကမ္ဘာ့သမိုင်းမှာ မကြုံစဖူး ထူးထူးကဲကဲ ကြီးမားခဲ့ပါတယ်။

၈ လေးလုံးနှိမ်နင်းမှုနဲ့ ဦးသိန်းစိန်

(VOA)

မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ တောင်းဆို အုံကြွမှုကို သွေး ထွက်သံ ယို နှိမ်နင်းခဲ့ တာ ၂၅ နှစ်ပြည့် လာတဲ့ အချိန်မှာပဲ တချိန်က စစ်တပ် ထဲမှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုစဉ်က အခန်း ကဏ္ဍ ကို ပွင့်ပွင့်လင်း လင်း ဖော် ထုတ် ဖို့ တောင်းဆို သံတွေ လည်း ထွက်ပေါ်လာနေ ပါတယ်။

ရှစ်ဆယ့်ရှစ် လူထုအုံကြွမှု ဘာတွေအောင်မြင်ခဲ့

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်းမှာ မြန်မာလူထုရဲ့  ၁၉၈၈ ခုနှစ် အရေးတော်ပုံကို အစောဆုံး၊ အထိမိဆုံး မှတ်တမ်းတင်ခဲ့တဲ့ သတင်းစာ ဆရာ Outrage: Burma's Struggle for Democracy စာအုပ်ကို ရေးသားခဲ့သူ Bertil Lintner နဲ့ မြန်မာ့အရေး တစိုက်မတ်မတ် လေ့လာနေတဲ့ ပါမောက္ခ David Steinberg တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

Wednesday, August 7, 2013

မြန်မာအတိုက်အခံတွေကို ထိုင်းကကူညီနေဟု မြန်မာစစ်တပ်ပြစ်တင်

 


ထိုင်း-မြန်မာ တိုင်းအဆင့် နယ်ခြားကော်မတီ အစည်းအဝေး RBC မှာ မြန်မာစစ်ဘက်ဆိုင်ရာ အာဏာ ပိုင်တွေက ထိုင်းလုံခြုံရေးအာဏာပိုင်တွေကို “အစိုးရအတိုက်အခံတွေကို ကူညီထောက်ပံ့တယ်” လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် (ဂျူလိုင်လ နှောင်းပိုင်း) က တိုင်းအဆင့် ထိုင်း- မြန်မာ နယ်ခြားကော်မတီ RBC အစည်းအဝေးကို ဖိတ်ပူးရီးခရိုင် ချအမ်းမြို့မှာ ကျင်းပခဲ့ရာမှာ မြန်မာဘက်က တာဝန်ရှိသူတွေ က အခုလို ပြစ်တင်ပြောဆို လိုက်တာဖြစ်ပါတယ်။

တပိုတိုက်ပွဲ အတွေ့အကြုံ - အပိုင်း (၁) (ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဂုဏ်ပြုခံ တပ်ဖွဲ့ဝင်များ

ဆောင်းပါးရှင် - ကိုကျော်ထင်

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။      ။ ဤ၀က်ဘ်ဆိုဒ်၏ ပင်တိုင် ဘာသာပြန်ဆောင်းပါးရှင် ကိုကျော်ထင်သည် ABSDF ကျောင်းသားတပ်မတော်တွင် ထိပ်ပိုင်း ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည့်နည်းတူ အောက်ခြေစစ်မြေပြင် တိုက်ပွဲအတွေ့အကြုံများကိုလည်း အထိုက်အလျောက် ရယူနိုင်ခဲ့သူ ဖြစ်ပါသည်။ သူ၏ တပိုတိုက်ပွဲ အတွေ့အကြုံကို ပေးပို့လာရာ န၀တခေတ် အမျိုးသားညီလာခံအား အတုအယောင်ညီလာခံ ဖြစ်ကြောင်း နိုင်ငံရေးအရ မီးမောင်းထိုးပြကာ လှုပ်ရှား အကောင်အထည်ဖေါ်နိုင်ခဲ့ပြီး စစ်ရေးအရလည်း အောင်မြင်ခဲ့သော တိုက်ပွဲတစ်ပွဲဖြစ်သောကြောင့် ရှစ်လေးလုံးအရေးတော်ပုံအကြို ဂုဏ်ပြု ဖေါ်ပြပေးလိုက်ပါသည်။ ကျနော် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်သားဘ၀ ဖြတ်သန်းစဉ်ကာလ ဗဟို စစ်ရေးဌာနတွင် စစ်ရေးဌာန အတွင်းရေးမှူး အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသော်လည်း တိုက်ပွဲ အတွေ့အကြုံမှာ အနည်းငယ်သာ ရှိပါတယ်။ ထိုတိုက်ပွဲ အတွေ့အကြုံများမှာ ကော့မူးရာ ၀မ်းခစခန်း တိုက်ပွဲအတွေ့အကြုံ၊ ဥူးသုထတိုက်ပွဲ အတွေ့အကြုံနဲ့ တပိုတိုက်ပွဲ အတွေ့အကြုံတို့ ဖြစ်ကြပါတယ်။ ကျနော့်အနေဖြင့် ပထမတိုက်ပွဲ (၂) ခု ဖြစ်တဲ့ ကော့မူးရာဝမ်းခနဲ့ ဥူးသုထတိုက်ပွဲ အတွေ့အကြုံများကို ရေးသား မှတ်တမ်းတင်ခြဲ့ပီး ဖြစ်ပါတယ်။

Tuesday, August 6, 2013

တပ်ရင်းမှူးက အရပ်သားကို ဆဲဆိုရိုက်နှက်မှု ကာချုပ်ထံ တိုင်မည်

(Irrawaddy)

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃၄၄) တပ်ရင်းမှူးက အရပ်သားတဦးကို ဆဲဆို ရိုက်နှက်သည့်အတွက် ကုန်းပြင် ရဲစခန်း၌ အမှုဖွင့်ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်း တိုင်ကြားမည်ဟု သတင်းရရှိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းက ကားသမား ကိုစိုးလှိုင်သည် ငါးသိုင်းချောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့ Light Truck ကားဖြင့် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် မောင်းနှင်လာခဲ့ရာ မြောက်စန်းကျေးရွာ အရောက်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး လူ ၂ ဦးက လမ်းကြောအလယ် ပိတ်ဆို့၍ မောင်းနှင်နေသဖြင့် ဟွန်းတီး၍ လမ်းတောင်းခဲ့ကြောင်း၊ ဆိုင်ကယ်သမားက ဖယ်ရှားမပေးဘဲ ၅ မိနစ်ခန့် ဆက်လက် မောင်းနှင်နေသည့် အတွက် ကျော်တက်ရာမှ ပြဿနာ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်တွင်း ရဲမေများက တပ်တွင်း စိုက်ခင်းများကို ကစထမှူးထံ ရှင်းလင်းတင်ပြနေစဉ်
ဆောင်းပါးရှင် - စစ်မင်း

“မြင်စဖူး ကြုံဖူးမှ ယုံစဖွယ်” ဆိုတဲ့အတိုင်း ဖာပွန်မြို့ဟာ တကယ့်ဘုရားစူးမြို့ပါဘဲ။ အရင်ခေတ်ကောင်းတုံး ကတော့ (ယခင် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်ကို ခေတ်ကောင်းလို့ အဖိုးကြီး အဖွားကြီးတွေက ဆိုကြပါတယ်)  တော်တော် အေးချမ်းသာယာတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ ရောက်ချိန်ကတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ မှိုင်းဝေနေပါတယ်။ ပွင့်လင်းရာသီရောက်တိုင်း တိုက်ကွက်ဖော်လေ့ရှိတဲ့ ကေအန်ယူရဲ့ လှုပ်ရှားမှု သတင်းတွေ စုံစမ်း၊ မိုးတွင်း စားသောက်ရေး အုပ်ချုပ်မှု ကိစ္စတွေ တစ်နှစ်စာ ရိက္ခာစုပုံရေးအတွက် လှုပ်ရှား၊ မြိုခံစစ်ပြင်ဆင်နဲ့ ခလရ (၁၉) တပ်ရင်းဌာနချုပ်ရဲ့ စစ်သည်ရဲမေ မိသားစုအားလုံးဟာ အလုပ်တွေ ရှုပ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့် ပြင်ဆင်သင့်

(VOA)

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး ပြန်ပြီး သုံးသပ်ဖို့အတွက် အဖွဲ့ဝင် (၁၀၉) ပါဝင်တဲ့ ကော်မတီကို ဇူလိုင်လ (၂၅) ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီဝင် အမတ်တွေနဲ့ တပ်မတော်အမတ်တွေပါ ပါဝင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး BNI (Burma News International) ခေါ် တိုင်းရင်းသားမီဒီယာအဖွဲ့ရဲ့  အတိုင်ပင်ခံအယ်ဒီတာ ဦးဇင်လင်း က အခုလို သုံးသပ်ပါတယ်။

Friday, August 2, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

အယ်ဒီတာအဖွဲ့၏ တင်ပြချက် ။    ။ အာရှနိုင်ငံအများစုက အနောက်တိုင်း ဒီမိုကရေစီပုံစံကို တိုက်ရိုက်သွတ်သွင်း မပြုလုပ်ချင်ကြတာကို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအား လက်ညွန်းထိုးပြီး ငြင်းဆန်နေကြပါတယ်။ မြန်မာအစိုးရက ဥရောပရှိနိုင်ငံများ ပြိုကွဲတာကို ထောက်ပြပြီး တပ်မတော်က (၂၅) ရာခိုင်နူန်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ အမြဲတမ်း ပါဝင်ရမယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် အာဏာရှင်များကို ပြန်လည်အသက်သွင်းမည့် သို့မဟုတ် အကာအကွယ်ပေးမည်ဆိုတာကို ပြည်သူလူထုက စိုးရိမ်ပူပန်နေပါတယ်။ အဆိုပါ ဆောင်းပါးကို တင်ပြနေရတဲ့ ရည်ရွယ်ချက်ဟာ လက်ရှိမြန်မာအစိုးရရဲ့လိုလားချက်အတိုင်း ဖေါ်ပြ နေတာမဟုတ်သလို တချို့အတိုက်ခံအဖွဲ့အစည်းရဲ့ ဆန္ဒသဘောထားကို မျက်ကွယ်ပြုတာမဟုတ်ကြောင်း သတိပြုစေ လိုပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ဝေတဲ့ အဆိုပါ အသွင်ကူးပြောင်းရေး စာအုပ်မှ အချက်အလက်များဟာ ချက်သမ္မတနိုင်ငံရှိ အထင်ကရတာဝန်ထမ်းဆောင်းခဲ့တဲ့ ပုဂ္ဂိုလ် များရဲ့အတွေ့အကြုံများကို နိုင်ငံအကျိုးအတွက် လေ့လာမှတ်သားနိုင်ရန်သာဖြစ်ပြီး စည်းလုံးခြင်းရဲ့အင်အား ၀က်ဆိုဒ်ရဲ့ အာဘော်မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, August 1, 2013

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် လူရယ်စရာဖြစ်မည်ဟု ဗြိတိန် လွှတ်တော်ဥက္ကဋ္ဌ ပြော

(ဧရာဝတီ)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ကြိုဆို လိုက်သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအ၀န်း၏ လှောင်ပြောင်စရာ ဖြစ်လိမ့်မည်ဟု ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ပြောဆို လိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. John Bercow က ရန်ကုန် ကမာရွတ် မြို့နယ်ရှိ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် တက္ကသိုလ် ကျောင်းသားများ အပါအ၀င် မြန်မာ့ ပညာရေး အသိုင်းအ၀န်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီမှ တာဝန်ရှိသူများ၊ သတင်းထောက်များနှင့် ယနေ့မနက် တွေ့ဆုံ မိန့်ခွန်း ပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား နှစ်ကုန်ပိုင်း၌ လုံးဝ မရှိစေရဟု ဦးသိန်းစိန် ထပ်ကတိပေး

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန် တွင် နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ မကျန်ရှိစေ ရန် ဆောင်ရွက်သွားမည် ဟု ထပ်မံ ကတိပေး ပြောကြား လိုက်သည်။

ယနေ့ နံနက် က ပြောကြား သည့် ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်းတွင်“ကျနော့် အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက် မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်”ဟု ပါရှိသည်။

ဗိုလ်ချုပ်ကြီးများကို ကယ်တင်ရှင် ခေါ်ထိုက်သလား

(ဧရာဝတီ)


ရှစ်လေးလုံး လူထုအရေးတော် ပုံကြီးရဲ့ ငွေရတုကာလမှာ ဒီမေးခွန်းကို မေးကြည့်တာပါ။
မြန်မာပြည်ကို စစ်ခေါင်းဆောင်တွေချည်း အုပ်ချုပ်လာတာ နှစ်ပေါင်း ရာစုနှစ်တ၀က်တောင် ကျော်လာပြီ။ ၁၉၆၂ ခုနှစ်ကနေ  အခုအချိန်အထိပါပဲ။ ဒီမိုကရေစီ အစိုးရ အမည်ခံထားတဲ့ လက်ရှိ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရက ဖြေလျှော့မှုတချို့ကို လုပ်နေတယ်။ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းထားတဲ့ နှစ်တွေကိုလည်း  “ ရွေးချယ်မှု choice မဟုတ်ဘဲ လိုအပ်ချက် necessity “ လို့ ဆင်ခြေပေးကြတယ်။ တနည်းအားဖြင့် ဒီမိုကရေစီ ချန်ပီယံလို့ နာမည်ခံချင်တာပါပဲ။

ကြည့်ကောင်းမယ့် သုံးပွင့်ဆိုင်

(စည်းလုံးခြင်းရဲ့အင်အား)

ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကို ကြံ့ဖွံ့ ညီလာခံအပြီး တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးကို ကြံ့ဖွံ့ပါတီက လိုက်လျောပေးနိုင်မှု အလားအလာ နည်းပါးကြောင်း ကြံ့ဖွံ့ပါတီထိပ်ပိုင်းမှ လူကြီးများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ သိရှိရပါတယ်။ ကြံ့ဖွံ့ဟာ နည်းဗျူဟာမျိုးစုံနဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ ဆိုလိုတာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(EMG)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။ ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။