(စည်းလုံးခြင်းရဲ့အင်အား)
၁၉၈၈ ခုနှစ် မတိုင်ခင်မှာ ပြည်သူလူထုနဲ့ အတူ တပ်မတော်သားတွေဟာလည်း မဆလပါတီကို စိတ်ကုန်စ ပြုနေပြီ ဖြစ်ပါတယ်။ မဆလအစိုးရဟာ ငွေစက္ကူတွေကို တရားမ၀င် ရပ်စဲခဲ့ရာမှာ ရှေ့ တန်းကို ရောက်နေတဲ့ စစ်သည်တွေအနေနဲ့ လဲလှယ်ခွင့်၊ အချိန်မှီ ထိန်းသိမ်းခွင့် မရရှိကြဘဲ ချွေးနဲစာ စုဆောင်းငွေတွေဟာ နစ်နာ ဆုံးရှုံး ခဲ့ကြရပါတယ်။ အောက်ခြေတပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ အတူ မဆလပါတီရဲ့  ဆိုးကျိုးတွေကို အမျိုးမျိုး အဖုံဖုံ ခံစားခဲ့ကြရပါတယ်။
မဆလပါတီ ကောင်စီ လူကြီးတွေ ရှေ့တန်းနယ်မြေကို ဆင်းလာရင် လုံခြုံရေး အပါအ၀င် အစစ အရာရာ လိုအပ်တာ မှန်သမျှ တပ်ရင်းတွေက သိမ်ငယ်စွာ လိုက်ပါဆောင်ရွက်ပေးကြရပါတယ်။ ဒါပေမဲ့ နယ်ဘက် ပြဿနာများ တိုင်ကြားစာများ ဖြစ်လာရင်တော့ ပါတီကောင်စီက လူကြီးတွေဟာ တပ်အပေါ်မှာ ညှာတာမှု မရှိဘဲ နှိပ်ကွပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ တပ်ရင်းမှူးတစ်ဦးဟာ ပါတီကောင်စီက လူကြီးကြောင့် ထောင်မကျသင့်ဘဲ ထောင်ကျရတဲ့ ဖြစ်စဉ်မျိုး အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် စစ်သည်များ အပါအ၀င် အောက်ခြေတပ်မတော်သား အရာရှိ အများစုဟာ တစ်ပါတီ စနစ်ကို စိတ်နာနေခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာ ဒေသပါတီ ကော်မတီဝင် အမျိုးသမီးကြီး တစ်ဦးက တပ်မတော်သားတွေကို နို့ဆီမပေးဖို့ ခြိုးခြံချွေတာဖို့တွေ တင်ပြလာပြန်ပါတယ်။ တပ်မှူးတွေက ဒီကိစ္စကို ပြင်းထန်စွာ ကန့်ကွက်ခဲ့လို့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားသမား တစ်ဦးဟာ ပါတီ ကလပ်စည်းနဲ့ ကောင်စီတွေမှာ လူကြီးဖြစ်နေပြီး စီမံခန့်ခွဲမှုနဲ့ လုပ်ပိုင်ခွင့်ကို မတရား ရယူထားလို့ စစ်သည်တွေ အနေနဲ့ မဆလအပေါ် ယုံကြည်မှု ကင်းမဲ့နေခဲ့ကြပါတယ်။ ပဲခူးတိုင်းမှာလည်း တိုင်းမှူးနဲ့ ဒေသပါတီ ဥက္ကဋ္ဌဟာ သဟဇာတ မသင့်မတင့် ဖြစ်နေကြပြီး ထိပ်ပိုင်းမှာလည်း မကျေနပ်မှုတွေ ရှုပ်ထွေးနေကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ထောက်လှမ်းရေ (၁၀) တပ်မှူးနဲ့ ကျောက်တော်မြို့ နယ် ပါတီယူနစ် ဥက္ကဋ္ဌတို့ဟာ ပဋိပက္ခ ဖြစ်ပွားနေကြပြီး ပါတီဥက္ကဋ္ဌက ဦးနေ၀င်းထံ တပ်နဲ့ အပြိုင် လက်ဦးမှု ရယူကာ တိုင်ကြားခဲ့ပါတယ်။
ဒါ့အပြင် မဆလထိပ်ပိုင်းမှာလည်း ယခင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အေးကို အား အဆင့်များစွာ ကျော်ပြီး နိုင်ငံတော် ကော်စီအတွင်းရေးမှူး ရာထူးကို ဦးနေ၀င်းက တိုးပေးခဲ့လို့ မကျေနပ် မှုတွေ ဖြစ်နေကြပါတယ်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခနဲ့ တွဲဖက် အတွင်းရေးမှူး ဦးစိန်လွင်တို့ရဲ့  အာဏာ ထိန်းညှိမှု ပြဿနာလည်း ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် ဒီလို ရှုပ်ထွေးနေချိန်မှာဘဲ မဆလအစိုးရ ပြုတ်ကျဖို့နဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ ဒီမိုကရေစီလိုလားသူ တပ်မတော်မှ ခေါင်းဆောင် တစ်ချို့လည်း ရှိနေခဲ့ပါတယ်။
လူထုအုံကြွမှုကြောင့် ဦးနေ၀င်း ပြုတ်ကျသွားပြီး ဦးစိန်လွင် တက်လာခဲ့ပါတယ်။ ဦးစိန်လွင် သမ္မတ ဖြစ်လာချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံမှ ဆန္ဒပြသူများအား စစ်တပ်မှ ရက်စက်စွာ နှိမ်နင်းခဲ့ပါတယ်။ ဦးစိန်လွင်လည်း ရက်ပိုင်းသာ ခံပြီး ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာပြန်ပါတယ်။ ဒေါက်တာမောင်မောင်ဟာ တပ်မတော်သားတွေ စစ်တန်းလျား ပြန်ဖို့နဲ့ အရေးကြီးတဲ့ အစိုးရရုံးဋ္ဌာန အဆောက်အဦးများကိုသာ ထိန်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ လူထုအုံကြွမှု သပိတ်ကြီးဟာ အရှိန်အဟုန်မြင့်မားလာပြီး အစိုးရရုံးဋ္ဌာနက ၀န်ထမ်းအသီးသီးတွေ ပါဝင်ဆန္ဒပြလာကြလို့ အစိုးရ အုပ်ချုပ်ရေး ယန္တယားဟာ ရပ်တန့်လု နီးပါး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လူထု ဆန္ဒပြပွဲကို လေတပ်မှ စစ်သည်များနဲ့ ရေတပ်က စစ်သည်တွေ စတင် ပါဝင်လာခဲ့ပါတယ်။
ဒီနေရာမှာ ရေတပ်၊ လေတပ်နဲ့ ပညာသည် အုပ်စုတပ်တွေ ဖြစ်ကြတဲ့ (ကပစ) လို တပ်မျိုးတွေဟာ ကြည်းတပ်၊ တိုက်ခိုက်ရေး ခြေလျင်တပ်တွေနဲ့ ကွာခြားပုံကို အနည်းငယ် တင်ပြလိုပါတယ်။ ရေတပ်၊ လေတပ်နဲ့ ကပစ တပ်တွေဟာ မြို့ ကြီးပြကြီးမှာ လူထုနဲ့ ထိတွေ့မှု၊ နီးစပ်မှု ရှိကြပြီး ပြည်သူလူထုရဲ့  ခံစားရမှု ဒီမိုကရေစီ လိုလားမှုတွေကို နားလည် သဘောပေါက်ကြပါတယ်။ စာစောင်၊ ဂျာနယ်၊ တယ်လီဖုန်းကဲ့သို့ ဆက်သွယ်ရေး ကောင်းမွန်စွာရရှိမှုကြောင့် နားမျက်စီ ဖွင့်နိုင်ပြီး သူတို့ရဲ့  ဆန္ဒအလျောက် အထွေထွေ သပိတ်ကြီးမှာ ပထမဦးစွာ ပါဝင်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာကို မတရားရယူထားတဲ့ စစ်အုပ်စုဟာ မီဒီယာကို အကြောက်ဆုံးဖြစ်ပြီး ယနေ့ အခါမှာ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ဖို့ အစီအစဉ်တွေ စနစ်တကျ ရေးဆွဲထားပြီး ပုဂ္ဂလိ ဂျာနယ်တွေကိုလည်း အမျိုးမျိုး ဖိအားပေးနေတာ မြင်ရကြားရမှာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလအတွင်း တပ်မတော်သားတွေရဲ့ လှုပ်ရှားမှု
ဆောင်းပါးရှင် – ဗိုလ်ထက်မင်း (RFA ထုတ်လွှင့်ချက်မှ ကူးယူဖော်ပြပါသည်။)
အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။မြန်မာနိုင်ငံရဲ့  ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ ကမ္ဘာ့သမိုင်းမှာ မကြုံစဖူး ထူးထူးကဲကဲ ကြီးမားခဲ့ပါတယ်။
အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပေမဲ့ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီ ဆိုတဲ့ ပန်းကောင်းကလေးကတော့ အညွန့်ချိုး ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီပန်းကလေးကို အရှိန်အဟုန် မပျက် ရေလောင်းပေါင်းသင် ပေးကြဖို့နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် သင်ခန်းစာယူ လေ့လာစရာတွေကို စာဖတ်ပရိသတ်များအား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့မှ ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထပ်မံတင်ပြသွားပါမယ်။ ဆောင်းပါးမှာ ပါရှိတဲ့ ဖြစ်စဉ်ကာလများဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရတဲ့အချိန်ဖြစ်ပြီး လွန်ခဲ့တဲ့ (၇) နှစ် ဝန်းကျင်ခန့် RFA က ထုတ်လွှင့်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကို တင်ပြရမယ် ဆိုရင် ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြတဲ့ တပ်မတော်သားများ ရှိကြပေမဲ့ အဓိကအင်အားစုဖြစ်တဲ့ ကြည်းတပ် ပါဝင်ရန်လိုအပ်သလို ကြည်းတပ်အင်အားစု တော်တော်များများက မဆလအစိုးရ အပေါ် စိတ်ပျက်နေကြကာ လူထုအုံကြွမှုအပေါ် ကြည့်ပြီး တွေဝေနေမှုအား စည်းရုံးရုံဖြင့် ပြည်သူ့ဘက်သို့ အလျင်အမြန် ကူးပြောင်းနိုင်မည့် အခြေအနေ အခွင့်အလမ်းများကို ဖော်ထုတ်ထားပါတယ်။အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။မြန်မာနိုင်ငံရဲ့  ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ ကမ္ဘာ့သမိုင်းမှာ မကြုံစဖူး ထူးထူးကဲကဲ ကြီးမားခဲ့ပါတယ်။
၁၉၈၈ ခုနှစ် မတိုင်ခင်မှာ ပြည်သူလူထုနဲ့ အတူ တပ်မတော်သားတွေဟာလည်း မဆလပါတီကို စိတ်ကုန်စ ပြုနေပြီ ဖြစ်ပါတယ်။ မဆလအစိုးရဟာ ငွေစက္ကူတွေကို တရားမ၀င် ရပ်စဲခဲ့ရာမှာ ရှေ့ တန်းကို ရောက်နေတဲ့ စစ်သည်တွေအနေနဲ့ လဲလှယ်ခွင့်၊ အချိန်မှီ ထိန်းသိမ်းခွင့် မရရှိကြဘဲ ချွေးနဲစာ စုဆောင်းငွေတွေဟာ နစ်နာ ဆုံးရှုံး ခဲ့ကြရပါတယ်။ အောက်ခြေတပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ အတူ မဆလပါတီရဲ့  ဆိုးကျိုးတွေကို အမျိုးမျိုး အဖုံဖုံ ခံစားခဲ့ကြရပါတယ်။
မဆလပါတီ ကောင်စီ လူကြီးတွေ ရှေ့တန်းနယ်မြေကို ဆင်းလာရင် လုံခြုံရေး အပါအ၀င် အစစ အရာရာ လိုအပ်တာ မှန်သမျှ တပ်ရင်းတွေက သိမ်ငယ်စွာ လိုက်ပါဆောင်ရွက်ပေးကြရပါတယ်။ ဒါပေမဲ့ နယ်ဘက် ပြဿနာများ တိုင်ကြားစာများ ဖြစ်လာရင်တော့ ပါတီကောင်စီက လူကြီးတွေဟာ တပ်အပေါ်မှာ ညှာတာမှု မရှိဘဲ နှိပ်ကွပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ တပ်ရင်းမှူးတစ်ဦးဟာ ပါတီကောင်စီက လူကြီးကြောင့် ထောင်မကျသင့်ဘဲ ထောင်ကျရတဲ့ ဖြစ်စဉ်မျိုး အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် စစ်သည်များ အပါအ၀င် အောက်ခြေတပ်မတော်သား အရာရှိ အများစုဟာ တစ်ပါတီ စနစ်ကို စိတ်နာနေခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာ ဒေသပါတီ ကော်မတီဝင် အမျိုးသမီးကြီး တစ်ဦးက တပ်မတော်သားတွေကို နို့ဆီမပေးဖို့ ခြိုးခြံချွေတာဖို့တွေ တင်ပြလာပြန်ပါတယ်။ တပ်မှူးတွေက ဒီကိစ္စကို ပြင်းထန်စွာ ကန့်ကွက်ခဲ့လို့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားသမား တစ်ဦးဟာ ပါတီ ကလပ်စည်းနဲ့ ကောင်စီတွေမှာ လူကြီးဖြစ်နေပြီး စီမံခန့်ခွဲမှုနဲ့ လုပ်ပိုင်ခွင့်ကို မတရား ရယူထားလို့ စစ်သည်တွေ အနေနဲ့ မဆလအပေါ် ယုံကြည်မှု ကင်းမဲ့နေခဲ့ကြပါတယ်။ ပဲခူးတိုင်းမှာလည်း တိုင်းမှူးနဲ့ ဒေသပါတီ ဥက္ကဋ္ဌဟာ သဟဇာတ မသင့်မတင့် ဖြစ်နေကြပြီး ထိပ်ပိုင်းမှာလည်း မကျေနပ်မှုတွေ ရှုပ်ထွေးနေကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ထောက်လှမ်းရေ (၁၀) တပ်မှူးနဲ့ ကျောက်တော်မြို့ နယ် ပါတီယူနစ် ဥက္ကဋ္ဌတို့ဟာ ပဋိပက္ခ ဖြစ်ပွားနေကြပြီး ပါတီဥက္ကဋ္ဌက ဦးနေ၀င်းထံ တပ်နဲ့ အပြိုင် လက်ဦးမှု ရယူကာ တိုင်ကြားခဲ့ပါတယ်။
ဒါ့အပြင် မဆလထိပ်ပိုင်းမှာလည်း ယခင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အေးကို အား အဆင့်များစွာ ကျော်ပြီး နိုင်ငံတော် ကော်စီအတွင်းရေးမှူး ရာထူးကို ဦးနေ၀င်းက တိုးပေးခဲ့လို့ မကျေနပ် မှုတွေ ဖြစ်နေကြပါတယ်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခနဲ့ တွဲဖက် အတွင်းရေးမှူး ဦးစိန်လွင်တို့ရဲ့  အာဏာ ထိန်းညှိမှု ပြဿနာလည်း ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် ဒီလို ရှုပ်ထွေးနေချိန်မှာဘဲ မဆလအစိုးရ ပြုတ်ကျဖို့နဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ ဒီမိုကရေစီလိုလားသူ တပ်မတော်မှ ခေါင်းဆောင် တစ်ချို့လည်း ရှိနေခဲ့ပါတယ်။
လူထုအုံကြွမှုကြောင့် ဦးနေ၀င်း ပြုတ်ကျသွားပြီး ဦးစိန်လွင် တက်လာခဲ့ပါတယ်။ ဦးစိန်လွင် သမ္မတ ဖြစ်လာချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံမှ ဆန္ဒပြသူများအား စစ်တပ်မှ ရက်စက်စွာ နှိမ်နင်းခဲ့ပါတယ်။ ဦးစိန်လွင်လည်း ရက်ပိုင်းသာ ခံပြီး ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာပြန်ပါတယ်။ ဒေါက်တာမောင်မောင်ဟာ တပ်မတော်သားတွေ စစ်တန်းလျား ပြန်ဖို့နဲ့ အရေးကြီးတဲ့ အစိုးရရုံးဋ္ဌာန အဆောက်အဦးများကိုသာ ထိန်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ လူထုအုံကြွမှု သပိတ်ကြီးဟာ အရှိန်အဟုန်မြင့်မားလာပြီး အစိုးရရုံးဋ္ဌာနက ၀န်ထမ်းအသီးသီးတွေ ပါဝင်ဆန္ဒပြလာကြလို့ အစိုးရ အုပ်ချုပ်ရေး ယန္တယားဟာ ရပ်တန့်လု နီးပါး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လူထု ဆန္ဒပြပွဲကို လေတပ်မှ စစ်သည်များနဲ့ ရေတပ်က စစ်သည်တွေ စတင် ပါဝင်လာခဲ့ပါတယ်။
ဒီနေရာမှာ ရေတပ်၊ လေတပ်နဲ့ ပညာသည် အုပ်စုတပ်တွေ ဖြစ်ကြတဲ့ (ကပစ) လို တပ်မျိုးတွေဟာ ကြည်းတပ်၊ တိုက်ခိုက်ရေး ခြေလျင်တပ်တွေနဲ့ ကွာခြားပုံကို အနည်းငယ် တင်ပြလိုပါတယ်။ ရေတပ်၊ လေတပ်နဲ့ ကပစ တပ်တွေဟာ မြို့ ကြီးပြကြီးမှာ လူထုနဲ့ ထိတွေ့မှု၊ နီးစပ်မှု ရှိကြပြီး ပြည်သူလူထုရဲ့  ခံစားရမှု ဒီမိုကရေစီ လိုလားမှုတွေကို နားလည် သဘောပေါက်ကြပါတယ်။ စာစောင်၊ ဂျာနယ်၊ တယ်လီဖုန်းကဲ့သို့ ဆက်သွယ်ရေး ကောင်းမွန်စွာရရှိမှုကြောင့် နားမျက်စီ ဖွင့်နိုင်ပြီး သူတို့ရဲ့  ဆန္ဒအလျောက် အထွေထွေ သပိတ်ကြီးမှာ ပထမဦးစွာ ပါဝင်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာကို မတရားရယူထားတဲ့ စစ်အုပ်စုဟာ မီဒီယာကို အကြောက်ဆုံးဖြစ်ပြီး ယနေ့ အခါမှာ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ဖို့ အစီအစဉ်တွေ စနစ်တကျ ရေးဆွဲထားပြီး ပုဂ္ဂလိ ဂျာနယ်တွေကိုလည်း အမျိုးမျိုး ဖိအားပေးနေတာ မြင်ရကြားရမှာ ဖြစ်ပါတယ်။
၁၉၈၈ အရေးအခင်းအတွင်း ပြည်သူဘက်မှ ရပ်တည်ခဲ့ကြတဲ့ တပ်မတော်သားများ
ကြည်းတပ်တွေဟာ မြို့ နဲ့ အနည်းဆုံး (၁၀) မိုင်ဝေးတဲ့ နေရာမျိုးတွေမှာ အခြေပြုနေရပြီး စစ်တပ်အ၀န်းအ၀ိုင်း ထဲက အပြင်ကို ထွက်ခွင့်မရကြဘဲ ဒီမိုကရေစီ အုံကြွမှု ပြင်းထန်လာချိန်မှာလည်း အဖြစ်မှန်ကို မသိရှိကြတာမျိုး ဖြစ်ခဲ့ပါတယ်။ တပ်မတော်သားတွေကို ပြည်ပအသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့ အစီအစဉ် တွေကို နားမထောင်ဖို့ ဆူပူကြိမ်းမောင်းအရေးယူမယ်လို့ ခြိမ်းခြောက်ထားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် စစ်သည်အများစုဟာ နားမျက်စီ ပိတ်နေခဲ့ကြပြီး ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုတာတွေကို မသိရှိကြသေးတာ ဖြစ်ပါတယ်။ ရှေ့တန်း နယ်မြေတွေမှာ အချိန်ပေးနေရတဲ့ တပ်တွေဟာဆိုရင် ပြည်သူလူထု အုံကြွမှုကို စဉ်ဆက်မပြတ် မသိရှိကြဘဲ နားလည် သဘောပေါက်မှုလည်း မရှိခဲ့ကြတာမျိုး ဖြစ်နေပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး မဆလစစ်အာဏာရှင်တွေက ဒီမိုကရေစီ အုံကြွမှုကို မင်းမဲ့စရိုက် အဖျက်အမှောင့် လုပ်တာမျိုး၊ ဗကပ၊ ယူဂျီဝင်လာတာမျိုး အစားထိုး ပြောကြားပြီး တပ်မတော်သားတွေ အထင်အမြင် လွဲမှားအောင် လုပ်ကြံ ၀ါဒဖြန့် ရိုက်သွင်း ခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့  အရေးကြီးကဏ္ဍ တစ်ခု ဖြစ်တဲ့ ကျည်ဆန်တွေ ထုတ်လုပ်နေတဲ့ ကပစတပ်က စစ်သည်တွေဟာ လူထုသပိတ်မှာ ထပ်မံပါဝင် လာခဲ့ကြ လို့ မဆလအစိုးရလည်း တုန်လှုပ်ချောက်ချား နေခဲ့ရပြီဖြစ်ပါတယ်။
ထိုစဉ်မှာဘဲ တပ်မ (၂၂) ကြည်းတပ်က ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြည်သူ့ ရင်ခွင်ထဲ ခိုလှုံခဲ့ပြန်ပါတယ်။ မြန်မာပြည်သူလူထု အများစု မျှော်လင့် တောင့်တနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ ပန်းကလေးကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးရရှိနိုင်ဖို့ သင်ခန်းစာ ယူစရာတွေနဲ့ လက်တွေ့သုံးသပ်ချက်တွေကို တင်ပြသွားပါမယ်။
၁၉၈၈ ပြည်သူလူထုရဲ့ အုံကြွမှုကြီးဟာ ဒီလောက်ထိ ပြင်းထန်အောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှကြိုတင် တွေးမထင်ခဲ့ပါဘူး။ဒါကြောင့် ဒီလိုအုံကြွမှုမျိုး ထပ်မဖြစ်နိုင်ဘူးလို့လဲ ဘယ်သူကမှ မပြောနိုင်ပါဘူး။ ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲမှာ ရေတပ်၊ လေတပ်နဲ့ ကပစတပ်မှ စစ်သည်များပါဝင်လာရာမှာ ကြည်းတပ်သာ ပါဝင်လာပါက ပွဲသိမ်းသွားမှာကို ကြိုတင်သိရှိတဲ့ ထိပ်ပိုင်းစစ်အုပ်စုဟာ ရှေ့ တန်းမှာ စစ်ဆင်ရေးပြီးလို့ အနားယူရန် အလှည့်ကျတဲ့ တပ်မများ ဖြစ်တဲ့ တပ်မ(၄၄)၊ (၃၃) နဲ့ (၇၇)တွေကို အနားယူခွင့်မပေးဘဲ ရန်ကုန်မြို့ လူထုအုံကြွမှုကို နှိမ်နင်းဖို့ အရေးပေါ် လုံခြုံရေးယူခိုင်းပါတော့တယ်။
ရှေ့တန်းပြန်စစ်သည်များအနေနဲ့ မိသားစုများနဲ့ ပြန်တွေ့ရမဲ့အရေး ပျက်သွားလို့ စိတ်ပိုင်းဆိုင်ရာ မကျေမနပ် ဖြစ်နေကြပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အုံကြွမှုကိုလည်း ဂဃဏန သိရှိနားလည်ခြင်း မရှိခင်မှာဘဲ ရန်ကုန်မြို့တွင်း လုံခြုံရေးကို နေ့ည စဉ်ဆက်မပြတ် တာဝန်ယူရလို့ ပင်ပန်းမှု ဒါဏ်ကို ခံစားနေကြရပါတယ်။
ဒီအချိန်မှာ စိတ်ဖိစီးမှု ဒဏ်နဲ့ ကြုံတွေ့နေရတဲ့ ရှေ့တန်းပြန်တပ်တွေဟာ ဒီမိုကရေစီအရေးတောင်းဆိုနေတဲ့ လူထုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အုံကြွမှုဟာလည်း ဒီရေအလား အထွတ်အထိပ် ကို ရောက်ရှိနေပါပြီ။ ယခင်က မဆလအာဏာရှင် ဦးနေ၀င်းရဲ့ “စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်တယ်” ဆိုတဲ့ စကားနဲ့ တပ်မတော်သားတွေကို သွေးထိုးမြှောက်ကော် အမိန့်ပေးခဲ့တာကြောင့် လက်တွေ့ နယ်ပယ်မှာ ပြည်သူလူထုဟာ ၁၉၈၈ အရေးအခင်းမှာ သွေးမြေကျခဲ့ရပါတယ်။ လုံခြုံရေး ယူနေတဲ့ စစ်သည်တွေကို အချို့ စိတ်မထိန်းနိုင်တဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ လှောင်ပြောင်ရန်စခြင်း မုန်းတီးရွှံ့ ရှာခြင်း ပြုကြကြရာမှာ ရှေ့တန်း က ပြန်လာကြတဲ့ စစ်သည်တွေဟာ မဆလ အာဏာရှင်များရဲ့ မှိုင်းတိုက်ထားမှုကြောင့် လူထုကြီးကို အထင်မှား အမြင်မှားဖြစ်ပြီး ပြဿနာပေါက်ကွဲမှု စတင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာ ရန်ကုန်မြို့ ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနကို လုံခြုံရေး တာဝန်ယူနေတဲ့ တပ်မ (၄၄) လက်အောက်ခံ အမှတ် (၆) ခြေမြန်တပ်ရင်း တပ်ခွဲတစ်ခွဲက စစ်သည်တစ်ဦးဟာ လက်လုပ်လက်စား တစ်ဦးရဲ့ လှောင်ပြောင်မှုကို စိတ်မထိန်းနိုင်ဘဲ သေနတ်နဲ့ စတင် ပစ်ခတ်လိုက်ပါတယ်။ အဲဒီလို ပစ်ခတ်လိုက်တဲ့အခါ အုတ်နံရံကို ထိပြီး ကလေးတစ်ယောက်ကို ပိတ်မှန်ပါတော့တယ်။ အဲဒီအခါ လူထုအတွင်းမှာ တပ်က စတင်ပစ်ခတ်ပြီ ဆိုတဲ့သတင်း တောမီးပမာ ပြန့်နှံ့သွားပြီး ကုန်သွယ်ရေးဝန်ကြီးရုံးကို လူထုကြီးက ၀ိုင်းဝန်းပိတ်ဆို့ လိုက်ကြပါတော့တယ်။
လူထုကြီးရဲ့ ဒေါသအရှိန်မြင့်တဲ့မှုဟာ ကြီးမားလာပြီး ကုန်သွယ်ရေးရုံးမှာ စတင်ပစ်ခတ်လိုက်တဲ့ စစ်သည်ကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အခြေအနေတင်းမာနေချိန်မှာ လူထုခေါင်းဆောင်အချို့နဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး တို့ လာရောက်ပြီးဖြန်ဖြေဖို့ ကြိုးစားကြပေမယ့် လူထုကြီးက လက်မခံဘဲ ကုန်သွယ်ရေးဝန်ကြီးရုံးအတွင်း အတင်း ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ ကုန်သွယ်ရေးရုံးမှာ တာဝန်ကျနေတဲ့ တပ်ခွဲမှူးဟာ စစ်ရုံးချုပ်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဋ္ဌာနကို တယ်လီဖုန်းနဲ့ စဉ်ဆက်မပြတ် အခြေအနေကို ဆက်သွယ်သတင်းပို့နေပါတယ်။ စစ်ရုံးချုပ်မှာတော့ တယ်လီဖုန်းအနီးမှာ တပ်ချုပ်ဗိုလ်ချုပ်စောမောင် ကိုယ်တိုင်ရှိနေကြောင်း စစ်ဦးစီးဗိုလ်မှူးကြီးက တပ်ခွဲမှူးကို သတိပေး ပြောကြားနေပါတယ်။ ဗိုလ်ချုပ်စောင်မောင်က အမိန့်မရရှိဘဲ လူထုကို လုံးဝမပစ်ဖို့ ထပ်မံမှာကြားနေသံကို တပ်ခွဲမှူးကြားပြီးတာနဲ့ တပြိုင်နက် ဖုန်းဆက်သွယ်မှုဟာ ပြတ်တောက်သွားခဲ့ပါတယ်။ ပြည်သူလူထုက အောက်ဆုံးမြေညီထပ် တံခါးကို ရိုက်ချိုးပြီးတော့ ကုန်သွယ်ရေးရုံးအတွင်း အလုံးအရင်းနဲ့ ၀င်ရောက်လာနေကြပြီ ဖြစ်ပါတယ်။
တပ်ခွဲမှူးဟာ မိမိစစ်သည်များကို အပေါ်ဆုံးထပ်မှာ နေရာယူစေပြီး ကျဉ်းတည်းကြပ်တည်းမှာ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ သူ့နေရာမှာ သာမန် တပ်ခွဲမှူး တစ်ဦးဆိုရင် အစိုးရရုံး၊ မိမိလက်နက်ခဲယမ်းမီးကျောက်၊ စစ်သည်များ၏အသက် ဆုံးရှုံးရမည့် ကိစ္စကြောင့် အထက်အမိန့်ကို ဆန့်ကျင်ပြီး ပစ်မိန့်ကို အလွယ်တကူပေးကာ သူတို့ရဲ့  အသက်ကို ကာကွယ်မှာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူးဟာ ပြည်သူလူထု ကို လုံးဝနားလည်ပြီး စစ်သည်တွေ အနေနဲ့ ကျည်ဆံတစ်တောင့်မှ မသုံးစေဘဲ မပစ်ဖို့ဘဲ အထပ်ထပ် အမိန့်ပေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ လူထု ကြီးကြားထဲကို ရဟန်းပျို အဖွဲ့ ရောက်ရှိလာပြီး လမ်းဖယ် ပေးရန်အသံကြားသဖြင့် ဦးဂန္ဓာသာရအပါအဝင် ရဟန်းပျိုများကို ကုန်သွယ်ရေးရုံးထဲသို့ဝင်ရန် လူထုကြီးက လမ်းရှင်းပေးလိုက် ကြပါတယ်။
ရဟန်းပျိုများထဲမှ ရဟန်းသံဃာတစ်ပါးဟာ ရုံးပေါ်ကိုတက်ရောက်ပြီး ခမရ (၆) တပ်ခွဲမှူးနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။ ရဟန်းပျိုများဟာ လူထုကြီးရဲ့ ဒေါသနဲ့ ရုံးအတွင်းကို လုံးထွေးဝင်ရောက်နေမှုကို ထိန်းဖို့ မနိုင်မနင်းဖြစ်နေချိန်မှာ ကယ်တင်ရှင် ကျောင်းသားများ ထပ်မံအားဖြည့် ရောက်ရှိလာမှ အဆင်ပြေကာ နည်းလမ်းရှာကြံကြပါတယ်။ လူထုကြီးဟာ ရုံးကိုပတ်ပြီး မီးရှို့ဖို့နဲ့ စစ်သားများကို သတ်ဖြတ်ဖို့တောင်းဆိုနေကြရာ အကယ်၍မီးရှို့လိုက်ပါက ခမရ (၆) တပ်ခွဲရဲ့ လက်နက်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် အလောင်းတွေ အပုံလိုက် သေဆုံးကုန်တော့မယ့်အရေး သမိုင်းအမဲစက်ကြီး ဖြစ်ပေါ်ရန် အဆိုးဝါး အပြင်းထန်ဆုံးအချိန်ကို ရောက်ရှိနေပါတယ်။ စစ်သားတွေက လူထုကြီးကို ပစ်ခတ်ပြီးဖေါက်ထွက်ပြန်ရင်လည်းဒေါသထွက်နေတဲ့ လူထုကြီးကြောင့် မတွေးရဲစရာ အားလုံးအထိနာ ကြမှာဖြစ်ပါတယ်၊၊
ရဟန်းပျိုဦးဂန္ဓာသာရနဲ့ အဖွဲ့ဟာ ကျောင်းသားအဖွဲ့ကို သဘောထားမေးမြန်း ဆွေးနွေးရာမှာ ကျောင်းသားများ က တပည့်တော်တို့ လူသတ်ရန် စိတ်မကူးကြောင်း၊ မဆလ စနစ်နဲ့ လက်အောက်ခံအမိန့်အရ လုပ်ရတဲ့ စစ်သားကို ခွဲခြားနားလည်ကြောင်း၊ တတ်နိုင်သမျှ ကယ်တင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ ပါတယ်၊၊ဒီနေရာမှာ ကျောင်းသားတွေရဲ့ သဘောထားကြီးမြင့်မှုနဲ့ ရဲစွမ်းသတ္တိ၊ မြင့်မြတ်တဲ့ စိတ်ထားဟာ သမိုင်းမော်ကွန်းတင်လောက်ပြီး လူကို တိုက်နေတာမဟုတ်ဘဲ “မူကိုသာ တိုက်နေကြောင်း” ပြသလိုက် ပါတယ်။ အဲဒီအခါမှာ ဦးဆောင်သံဃာက ခမရ(၆)တပ်ခွဲမှူးကို လက်နက်ခဲယမ်းများအား ယုံကြည်စွာ အပ်နှံဖို့နဲ့ အရပ်ဝတ် အမြန်လဲလှယ်ကြဖို့ ဆွေးနွေး ပြောဆိုပါတယ်။ တပ်ခွဲမှူးကလည်း ရဟန်းသံဃာများ နဲ့ ကျောင်းသားတွေကို ယုံကြည်စွာ အားကိုး အားထားပြကြောင်း၊ ပြည်သူလူထုကို မပစ်ဖို့ အမိန့်ပေး ထားကြောင်း ပြန်လည်ဆွေးနွေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီနေရာမှာ လူထုကြီးအနေနဲ့ ကုန်သွယ်ရေးရုံးမှာ ရှိနေတဲ့ တိုက်ခိုက်ရေး တပ်ခွဲရဲ့  ပစ်ခတ်မှုစွမ်းအား Fire Power အင်အားကို ဆက်လက် အသုံးချတတ်မယ်ဆိုရင် ဒီမိုကရေစီ ပန်းတိုင်ကို ၀င်ရောက်သွားနိုင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် စစ်ရေးအမြင်ရှိတဲ့ ခေါင်းဆောင်မှုတစ်ရပ် အမှန်တကယ် လိုအပ်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်ကို သင်ခန်းစာ ယူပြီးတော့ လက်တွေ့နယ်ပယ်မှာ ဘယ်လို ဆက်လက်ဖြစ်သွားလဲ ဆိုတာကို ဆက်လက် သုံးသပ်တင်ပြ သွားပါမယ်။
ကုန်သွယ်ရေးဝန်ကြီးရုံးဖြစ်စဉ်ကို ပြည်သူလူထုအနေနဲ့အောင်ပွဲလို့ ပြောလို့ရပါတယ်၊ပြောလဲ ပြောခဲ့ကြပါတယ်။ အမှန်တကယ်တော့ နည်းဗျူဟာအရအောင်ပွဲလို့ သတ်မှတ်နိုင်ပေမဲ့မဟာဗျူဟာအရ စစ်အာဏာရှင်ပြုတ်ကျပြီး လူထုထံဒီမိုကရေစီအပ်နှံခံရတဲ့ အစစ်အမှန်အောင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အတွေ့အကြုံမရှိသေးလို့ အကွက်ကောင်းကိုအသုံးချတတ်ဖို့ လိုအပ်ခဲ့ပါတယ်။ (မဆလ)တဖြစ်လဲ(န၀တ)ဟာ အစိုးရရုံး၊ ခမရ(၆) တပ်ခွဲမှူးနဲ့  စစ်သည်များ၊ လက်နက်ခဲယမ်းများကို လက်လွတ်ခဲ့လို့ နည်းဗျူဟာအရ ရှုံးခဲ့ပါတယ်။ မဟာဗျူဟာအရ အောင်ပွဲရရှိပြီး အာဏာသိမ်းခွင့်ကို ရရှိသွားပါတယ်။ ရရှိတဲ့အခွင့်အရေးကို ပြည်သူလူထု အနေနဲ့ ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးအရေးအခင်းမှာရဟန်းသံဃာနဲ့ ကျောင်းသားတွေဟာ အချိန်ဆိုင်းနေရင် လူထုရဲ့ ဒေါသပေါက်ကွဲမှုကို မထိန်းနိုင်မှာ စိုးရိမ်လို့ စစ်သားတွေကို အရပ်ဝတ် အမြန်လဲလှယ်စေခဲ့ပါတယ်။ ဒါ့အပြင် စစ်သားတွေရဲ့ လက်မောင်းပေါ်မှာ ကျောင်းသား လက်ပတ်တွေကို ကျောင်းသားတွေက ဖြုတ် တပ်ပေးချိန်မှာတော့ စစ်သားတွေရဲ့ မျက်လုံးတွေမှာ ဖော်မပြနိုင်တဲ့ ကြည်နူးမှုတွေကို တွေ့ရ တယ်လို့ သိရှိခဲ့ရပါတယ်။
ကုန်သွယ်ရေးဝန်ကြီးရုံးရဲ့ လှေကားကဆင်းလာချိန်မှာ စစ်သားတစ်ဦးရဲ့ ဘယ်ဘက်မှာ ကျောင်းသား၊ ညာဘက်မှာ ဘုရားသား ညှပ်ပြီး သားသုံးသား ဆင်းလာပါတယ်။ အဲဒီမြင်ကွင်းဟာ အကြောင်းသိ၊ အတွင်းသိသူများအတွက် ယနေ့တိုင်၊ မမေ့နိုင်တဲ့ အံ့သြဘွယ်ရာ လှပတဲ့ ပန်းချီကား တစ်ချပ်လို မြင်ယောင်နေပါတယ်။ ဘုရားသား ရဟန်းသံဃာတော်များရဲ့ အရှိန်အဝါ ကြီးမားမှု၊ ကျောင်းသားများရဲ့ မြင့်မြတ်တဲ့ မေတ္တာတရား လွှမ်းခြုံမှု အရိပ်အာဝါသ အောက်မှာ စစ်သားတွေဟာ ဒေါသဖြစ်နေတဲ့ လူထုကြီးကြားထဲက လွတ်မြောက်လာခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ သမိုင်းကြောင်းမှာ ဖျောက်ဖျက်လို့မရတဲ့ မှတ်ကျောက်တင် ဂုဏ်ယူစရာ အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ နအဖ စစ်အာဏာရှင်တွေကို မေးချင်တာက ကုန်သွယ်ရေးရုံးမှာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ စစ်သားတွေရဲ့ အသက်တွေကို ဘယ်လိုနည်းနဲ့ ကယ်တင်မလဲဆိုတာ နည်းလမ်းရှိရင် ပြောကြစမ်းစေချင်ပါတယ်။ တပ်ခွဲအနေနဲ့ လူထုကို ပစ်သတ်ပြီး ဖောက်ထွက်ရင်တော့ သွေးခင်းဇာတ်လမ်းနဲ့ သမိုင်းအမည်းစက် တင်မှာဖြစ်သလို စစ်သားတွေရဲ့ အသက်၊ လက်နက်ခဲယမ်းဆုံးရှုံးပြီး လူထုက စိတ်မထိန်းနိုင်ဘဲ မီးရှို့ခဲ့ရင် လည်း ပေါက်ကွဲမှုကြီး ကြောက်ခမန်းလိလိ မတွေးရဲစရာ အားလုံး သေကြေကြမှာ ဖြစ်ပါတယ်။

ကျောင်းသားနဲ့ ဘုရားသားတွေရဲ့ ကျေးဇူးကြီးမားမှုနဲ့ စစ်သားတွေရဲ့ အသက်ခန္ဓာကိုယ်အိုးစား ကွဲမှုမှ လက်မတင်လေး ကယ်တင်ခဲ့တာကို သတိရစေလိုပါတယ်။ သေဆုံးရမယ့် တစ်နေ့မှာ ရာထူးအာဏာများကို ယူဆောင် မသွားနိုင်ဘဲ မသေခင် တစ်နေ့ ပြည်သူလူထု ကောင်းကျိုးချမ်းသာကို မျှော်ကိုးပြီး သမိုင်းကြောင်းကောင်းအောင် ပြန်ပြင်ရေးဖို့ အချိန်ရောက်နေပါပြီလို့ ယနေ့ နအဖခေါင်းဆောင်များကို ပန်ကြားလိုပါတယ်။
ဒီကုန်သွယ်ရေးဇာတ်လမ်းဟာ မပြီးဆုံးသေးပါဘူး။ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နအဖကို လက်တိုပြီး ပြောလိုက်ချင်ပါတယ်။ သရက်တောကျောင်းတိုက်ကို ရောက်သွားတဲ့ ခမရ (၆) တပ်ခွဲက လက်နက်တွေကို စစ်တပ်က သွားရောက် ရှာဖွေတဲ့အခါ လက်နက် (၁၂) လက်၊ ၇ ဒသမ ၆၂ ကျည်ဆံတောင့် ၁၄ဝဝ၊ ၂ လက်မ မော်တာ ၃၅ တောင့်သာ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီအခါမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရဟန်းပျိုသမဂ္ဂအဖွဲ့ကို ကျည်ဆန်နဲ့ လက်နက်များ အကုန်အပ်နှံသင့်ပါကြောင်း တောင်းပန် လျှောက်ထားရာ ကျန်ရှိသောလက်နက်များကို ဗဟန်း ရဲစခန်းသို့ ရဟန်းပျိုများက ဆက်လက်အပ်နှံခဲ့ပါတယ်။ ဒါ့ကြောင့် အကြမ်းမဖက်ဘဲ မေတ္တာတရား ကြီးမားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးသင့်ပါတယ်။
ကုန်သွယ်ရေးရုံးမှာ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ခမရ (၆) ဟာ မြန်မာစစ်တပ်မှာ အဲဒီအချိန်က နံမည်ကျော်ကြားတဲ့ တပ်မများထဲက အကောင်းဆုံး တပ်မ (၄၄) က ဖြစ်ပြီးတော့ ကရင်ပြည်နယ်မှာလည်း နာမည်ရနေတဲ့ တပ်မ ဖြစ်ပါတယ်။ တပ်မ (၄၄) အောက်မှာ ရှိတဲ့ တပ်ရင်းတွေရဲ့  တိုက်ခိုက်မှု စွမ်းရည်ဟာ စစ်ရုံးမှာ ရှိနေတဲ့ တပ်ရဲ တွေနဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မ (၂၂) တပ်ရင်းတွေက လိုက်လို့ မမှီနိုင်အောင် ထက်မြက်ထူးချွန်ကြပါတယ်။ စစ်ရုံးက စစ်သည်တော်တော်များများဟာ သေနတ်သံတောင် မကြားဖူးဘဲ စစ်ရေးအတွေ့အကြုံ မရှိတဲ့ သူတွေ ဖြစ်ပါတယ်။ တပ်မ (၂၂) ဟာလည်း စတင်ဖွဲ့စည်းခါစ စစ်ဆင်ရေး အတွေ့အကြုံ မရှိသေးဘဲ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဋ္ဌာနရဲ့  အရေးပေါ် အရံတပ် အဖြစ် ရန်ကုန်မြို့ လုံခြုံရေးအတွက် ဆွဲသွင်းထားခြင်း ဖြစ်ပါတယ်။ အဲဒီ တပ်မ (၂၂) ကို တပ်အချင်းချင်းက လမ်းဖောက်၊ ပန်းခြံ နှင့် ကစားကွင်း ဆောက် တပ်မ လို့ နောက်ပြောင် ခေါ်ဆိုကြပါတယ်။
ကုန်သွယ်ရေးရုံးမှာ ရှိတဲ့တပ်ခွဲမှူးနဲ့ စစ်သည်တွေကို သွားရောက်စည်းရုံးခဲ့တဲ့ ကျောင်းသားတွေနဲ့ ရဟန်း သံဃာတော်တွေဟာ တပ်နဲ့ လူထုကို တစ်ပါတည်း စည်းရုံးပြီး နာရီဝက်ခရီးသာ ရှိတဲ့ စစ်ရုံးကို ချီတက်ခဲ့ကြပါရင် ဖိလစ်ပိုင် နိုင်ငံလို ပြည်သူ့ဘက်ရပ်တည်တဲ့ တပ်မတော်နဲ့ တကွ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ကျဉ်းတည်း ကြပ်တည်း ရောက်နေတဲ့ ခမရ (၆) တပ်ခွဲမှူးနဲ့ စစ်သည်တွေဟာ လူထုနဲ့ ဒီမိုကရေစီ အရေးကို နားလည် သဘောပေါက်လို့ သူတို့ရဲ့ အသက်နဲ့ လဲပြီး လူထုကို မပစ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ လူထုနဲ့ ကျောင်းသားများ စစ်ရေး အမြင်ရှိကြပြီး ရှေ့ မှ တက်ကြမယ်၊ ငါတို့ ရှေ့မှာ အသေခံပြီးချမယ် ဆိုတဲ့ စကားမျိုးနဲ့ စည်းရုံးပြီး တပ်ကို ခေါ်ဆောင်လာနိုင်ပါရင် စစ်သားတိုင်း သူတို့ ဂုဏ်သိက္ခာနဲ့ အရှက်ကြောင့် လိုက်လျောဖို့ သေချာသလောက် ရှိပါတယ်။ စစ်ရုံးမှာ ရှိတဲ့ စစ်သားတွေဟာလည်း အချင်းချင်းတွေမို့ လူထုနဲ့ ပါလာတဲ့ တပ်မတော်သားတွေကို ပစ်ခတ်ဖို့ ၀န်လေးမှာ အမှန်ပင် ဖြစ်ပါတယ်။ သေနတ်ပြောင်းဟာ ပြည်သူလူထုဘက်မှ အာဏာရှင်ဘက်သို့ ပြောင်းပြန် လှည့်မဲ့ ကြည်းတပ် တချို့ လည်း ရှိနေပါတယ်။ အခြေအနေတစ်ခုကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပြီး ကြည်းတပ်မှ တပ်ခွဲနှင့် တပ်ရင်း အဆင့်လောက်သာ ပြည်သူဘက် ကူးပြောင်းသွားခဲ့ပါရင် ကျန်တဲ့ ကြည်းတပ်မှ တိုင်းမှူး အဆင့်ထိ ပြည်သူ့ဘက် လိုက်ပါမဲ့ အနေအထား ရှိနေပါတယ်။
ပြည်သူလူထု ခေါင်းဆောင်ပိုင်းထဲမှာ တချို့ တပ်မတော်ထဲမှာ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးများ အနေနဲ့ ဒီလို အခွင့်အရေးမျိုးကို အောင်မြင်စွာ အသုံးချနိုင်ခဲ့ပါလျှင် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို မလွဲမသွေ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ဟာ မိမိထိုင်ခုံ လှုပ်မှသာ စေ့စပ်ဆွေးနွေးရေး စကားမျိုး ပြောလာနိုင်ပြီး အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြိုကွဲပျက်စီးမှသာ စေ့စပ်ဆွေးနွေးနိုင်ပါမယ်။ သူတို့ အကြောက်ဆုံး အုပ်ချုပ်ရေး ယန္တရား ပျက်ပြားစေမဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ ရဲ့ သေနတ်ပြောင်း၊ ပြောင်းပြန်လှည့်မှာ စိုးရိမ်လို့ ကြပ်ပြေးကို ပြောင်းပြေးခြင်း ဖြစ်ပါတယ်။ ဘယ်လိုတော်လှန်ရေး ဖြစ်ဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြလို့ ရရှိတဲ့ အောင်မြင်မှုမျိုးနဲ့ သွေးထွက်သံယို အင်အားသုံးလို့ ရရှိတဲ့ အောင်မြင်မှုမျိုးကို နှိုင်းယှဉ်ရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အောင်မြင်မှု မျိုးကို ပြည်သူလူထု အကြိုက်ဆုံးဖြစ်တာ ဓမ္မတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သမိုင်းကြောင်းကို သုံးသပ်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ခေတ်မှီလက်နက် မရှိတဲ့အပြင်စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့မျိုး မဟုတ်လို့ ဆရာစံ တော်လှန်ရေး ကျဆုံးရခြင်းကို သင်ခန်းစာ ယူကာ BIA ဖွဲ့စည်းပြီး အင်္ဂလိပ်ကို တော်လှန်နိုင်ခဲ့ပါတယ်။ မျိုးချစ် လက်နက်ကိုင် မြန်မာ့တပ်မတော် ရှိလို့သာ အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ဟာ အရှိန်အ၀ါ လန့်ပြီး လွတ်လပ်ရေး မပေးရင် တော်လှန်မယ်လို့ သိနေလို့ လွတ်လပ်ရေး ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ်ကို ဖြိုချမယ်ဆိုရင် အမာခံ တပ် စည်းရုံးရန် လိုအပ်သလို ပြည်သူဘက်ကို ရပ်တည်မဲ့ တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုပြီး ပြည်သူနှင့်တပ်မတော် လက်တွဲ နိုင်ပါလျှင် ဒီမိုကရေစီ ပန်းတိုင်ကို အလျင်အမြန် ရောက်ရှိနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
ဒီမိုကရေစီလိုလားသော မြန်မာပြည်သူလူထု တရပ်လုံး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ အတိုက်အခံ အင်အားစုများ အားလုံး ဟန်ချက်ညီညီ လက်တွဲ၍ မြန်မာ့တပ်မတော်မှ မျိုးချစ် သူရဲကောင်းများကို ကြိုးစားစည်းရုံးကာ မဟာဗျူဟာမြောက် အခွင့်အရေးတစ်ရပ်ကို ဖန်တီးကြရန် တိုက်တွန်း လိုက်ရပါတယ်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။