Monday, August 12, 2013

သက်တမ်း လ ၃၀ သာ ကျန်တော့သည့် အစိုးရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း ၇ ရပ် သမ္မတရုံး ဖေါ်ပြ

(Mizzima)

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ သြဂုတ်လ ၉ ရက်တွေ့ဆုံမှုအတွင်း
ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၇ ခုကို သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် သြဂုတ်လ ၁၂ ရက်
က ဖေါ်ပြထားသည်။


သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သည့် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၏ လက်မည့် သက်တမ်း လပေါင်း ၃၀ အတွက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဖေါ်ပြထားခြင်းဖြစ်ပြီး လပေါင်း ၃၀ အတွင်း အပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဟု ဖေါ်ညွှန်းပါရှိသည်။

ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ခုတွင်

၁) လျှပ်စစ်မီး
၂) သောက်သုံးရေ
၃) စိုက်ပျိုးရေး
၎) အလုပ်အကိုင် ရရှိရေး
၅) ခရီးသွားလုပ်ငန်း
၆) ငွေကြေးလုပ်ငန်း
၇) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

အဆိုပါ ကဏ္ဍ ၇ ခု တိုးတက်ရေးအတွက် သမ္မတက အစိုးရအဖွဲ့ဝင်အားလုံးနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အသေးစိတ် ညွှန်ကြားချက်များကိုပါ သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။