Saturday, August 24, 2013

မြန်မာပြည်မှ ပေါက်ကြားမှုများ ကဏ္ဍဖြင့် အများပြည်သူသိအောင် ထုတ်လွှင့်တော့မည်

(Burma VJ Media)

မိမိတို့ အနေဖြင့် စစ်အာဏာရှင် အဖွဲ့ အစည်းများ၏ လျှို့ဝှက်ချက် အထောက် အထားများ၊ လူ့အခွင့်ရေးဆိုင်ရာချိုးဖေါက်မှု များ၊ တရားဥပဒေနှင့် မလျော်ညီသည့် စီမံလုပ်ကိုင်မူများ၊ အာဏာကို အလွဲသုံးစား ပြုမူများ ၊သမိုင်းရေးရာ အထောက်အထား များနှင့် အရပ်ရပ် လျှို့ဝှက်ချက်များစွာကို ယုံကြည်လေးနက်စွာ တာဝန်ထမ်းဆောင်ခဲ့ သော ၊ ဌာနအတွင်း/အပြင် ရဲဘော် ရဲဘက်များ အကူညီဖြင့် နှစ်ပေါင်းများစွာ စနစ်တကျစုဆောင်း နိုင်ခဲ့ပါသည်။ 


တိုင်းပြည်နှင့်လူမျိုး၏ ရေရှည်အကျိုးစီးပွား အရသော်လည်းကောင်း၊ လုံခြုံရေးနှင့်အဖက်ဖက် ထိန်းသိမ်းသင့်သည့် ကျင့်ဝတ်များအရ သော်လည်းကောင်းလျှို့ဝှက်ချက်များ အဖြစ်  မိမိတို့ အဖွဲ့တွင်းသာ နှစ်ပေါင်းများစွာ ထိန်းသိမ်း ထားရှိခဲ့ပါသည်။ သို့သော် လက်ရှိနိုင်ငံရေး အပြောင်းလဲတွင် သာမန်လူများသာမက နိုင်ငံရေးသမားများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးလှုပ်ရှားသူများ အကြားတွင်ပါ ဖြတ်သန်းခဲ့ရသော အာဏာရှင်၏ အခြေအနေမှန်၊ အတွင်းသားအစစ်မှန်  ကိုသုံးသပ်ရာတွင် အလွန်ပင်ဝိ၀ါဒထွေပြားစရာ အချက်အလက် အထောက်အထားရှားပါးမှုကို မိမိတို့ အလေးနက် သတိပြုမိပါသည်။ အများပြည်သူမှ မှန်ကန်သော ကောက်ချက် သုံးသပ်ချက်အတွက် မိမိတို့ ထိန်းသိမ်းထားသော အထောက်ထားများထဲမှ အများပြည်သူ သိရှိသင့်သော အချက်လက်များကို ရွေးချယ်ကာ တင်ပြသွားမည်ဖြစ်ပါသည်။ မိမိတို့အဖွဲ့မှ တင်ပြသော အထောက်အထားအချက်လက်များသည် မှန်ကန်သော သုံးသပ်ချက်များချနိုင်ရန်အတွက် တစုံတရာ အထောက် အကူပြုလိမ့်မည် ဟု မိမိတို့ အဖွဲ့မှ ယုံကြည်ပါသည်။

မိုးဇေညိမ်း၊ တာဝန်ခံ
ဒီမိုကရေစီနှင့် တရားမျှတမှုတည်ဆောက်ရေးကော်မတီ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။