Thursday, August 22, 2013

စစ်အုပ်စုရဲ့ ဖိနှိပ်သွေးစုတ်မှုဟာ ဆင်းရဲမွဲတေမှု ရဲ့ အဓိကဇစ်မြစ်ဖြစ်တယ်

(မိုးမခ)

တူမောင်ညို (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)
ဖိနှိပ်အုပ်စိုးသူလူတန်းစားဆိုတာ  ဖိနှိပ်ခံလူတန်းစားအပေါ် စာနာ၊ ထောက်ထားတဲ့ အမြင်နဲ့ သဘောထားမရှိပါ။
စာနာထောက်ထားလိမ့်မယ်လို့ မျှော်လင့်စိတ်ကူးယဉ်နေခြင်းမျိုးလည်းမဖြစ်သင့်ပါ။
        အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအပေါ်ထားရှိသော သဘောထားဆိုသည်မှာ  ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့ ဆိုတဲ့ အမြင်နဲ့ သဘောထားမျိုးသာဖြစ်ပါတယ်။
        သြဂုတ်လ ၁၉ ရက်နေ့က သမ္မတ (ဗိုလ်)ဦးသိန်းစိန်ရဲ့ သဘောထားနဲ့ပြောစကားကလည်း အလားတူပါပဲ။

ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြမှ ဝမ်းဝခါးလှကြမည်ဖြစ်ပါကြောင်း၊ အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေ ကြလျှင် တစ်နေ့တွင်ဆင်းရဲမွဲတေမှုဖြင့်သာ ပြန်ပြီး သံသရာလည်နေကြရမည် ဖြစ်ပါကြောင်း ၊ထို့ကြောင့်အလုပ်လုပ်ကြရန်လိုအပ်ပါကြောင်း  တဲ့။ ဒီပြောဆိုချက် ဟာ ကိုယ့်လုပ်အားကိုယ်ရင်းနှီးပြီး လုပ်ကိုင်စားသောက်နေရသူတွေ အားလုံးကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက စော်ကားလိုက်တာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်အနေနဲ့  ဒီပြောစကားအတွက် ဝန်ချတောင်းပန်ရမယ်။
ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြပေမယ့် ဝမ်းမဝခါးမလှတာကို (ဗိုလ်) ဦးသိန်းစိန် တကယ်မသိတာလား၊ မသိချင် ဟန် ဆောင်တာပဲဖြစ်မှာပါ။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်သော်လည်း တစ်နေ့လုပ်ခဟာ ဘတ်စ်ကားခ၊ လက်ဖက် ရည်ဖိုး၊ ကွမ်းယာဖိုး၊ ဆေးလိပ်ဖိုးပင်မကာမိတော့သည့်အတွက် ထိုင်း၊ မလေးရှား၊ တရုတ် စတဲ့ အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသား တွေထွက်ပြီး အလုပ်လုပ်နေရတာ (ဗိုလ်) ဦးသိန်းစိန်တို့ အသိဆုံးပါ။ ဒီလို တိုင်းခြားပြည်ခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ဖြစ်ရပ်ဟာ (နဝတ-နအဖ) စစ်အစိုးရ ခေတ်မှာမှ ပေါ်ထွက်လာရတဲ့  အချင်းအရာတစ်ခုဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံများသို့ ခြေဆန့်နေသူတွေအနက် အများစုကြီးဟာ ကျေးလက်နေ တောင်သူလယ်သမား သားသမီးတွေဖြစ်ပါ တယ်။ ရှိစုမဲ့စု လက်ဝတ်လက်စား၊ အိမ်ခြံနဲ့လယ်ယာမြေကလေးကိုပေါင်နှံရောင်းချပြီးသွားရတာပါ။ သွားရတဲ့လမ်းခရီးကလည်း အသက် စွန့်ပြီးသွားရတာဖြစ်ပြီး၊ လုပ်ကြရတဲ့အလုပ်တွေကလည်း အသက်နဲ့ရင်းပြီးလုပ်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။
        အရင်းစစ်ရင် ဆင်းရဲမွဲတေမှုဖြစ်ရတဲ့ အဓိကဇစ်မြစ်ဟာ   ဖိနှိပ်သွေးစုပ်ခံရလို့သာဖြစ်ပါတယ်။
        ဒီအရင်းခံအချက်ကို အုပ်စိုးသူတန်းစားတိုင်းက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပါတယ်။ ဖိနှိပ်သွေးစုတ်ခံရလို့ ဆင်းရဲမွဲတေရ တယ်ဆိုတဲ့ အချက်ကို အုပ်စိုးခံတွေ သိရှိ၊ နားလည်၊ သဘောပေါက်သွားမှာကိုလည်း ဖိနှိပ်အုပ်စိုးသူတွေက ဒူးတုန်အောင်ကြောက် ပါ တယ်။ ဒါကြောင့် ဆင်းရဲမွဲတေမှုဆိုတာ   ပျင်းလို့၊ ဖျင်းလို့၊ လုံ့လဝီရိယမရှိလို့၊ ရှေးဘဝ၊ အတိတ်ကံအကြောင်းမလှခဲ့လို့ ဖြစ်ရတယ်ဆိုပြီး လှည့်စားမှိုင်းတိုက်လေ့ရှိပါတယ်။
        ဒီလိုနည်းနဲ့ မှိုင်းတိုက်လှည့်စားထားနိုင်မှသာ အုပ်စိုးသူများထံ ဦးတည်လာမယ့် ပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။
        ဗိုလ်နေဝင်းစစ်အုပ်စုအုပ်စိုးခဲ့တဲ့ (၁၉၆၂ မှ ၁၉၈၈ အထိ) ကာလမှာ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကျရောက် ခဲ့ရပါတယ်။သို့သော်လည်း ဗိုလ်နေဝင်းတို့ စစ်အုပ်စုများကတော့ ကျိကျိတက်ချမ်းသာကြွယ်ဝသူများဖြစ်သွားခဲ့ပါတယ်။
ဗိုလ်စောမောင်ဗိုလ်သန်းရွှေ ဗိုလ်မောင်အေး ဗိုလ်ခင်ညွန့် ဗိုလ်ရွှေမန်း ဗိုလ်သိန်းစိန် တို့ရဲ (နဝတ-နအဖ) စစ်အစိုးရ လက်ထက်မှာလည်း အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝက ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် ဆင်းရဲတွင်း နက်သထက်ပိုနက်ခဲ့ရပါတယ်။ သို့သော် လည်း (နဝတ-နအဖ) စစ်အစိုးရထိပ်သီးများနဲ့ သူတို့ သားမယားများဟာ ချမ်းသာကြွယ်ဝသူများ၊ ကုမ္မဏီပိုင်ရှင်များ၊ လုပ်ငန်း ပိုင်ရှင် သူဌေးကြီးများဖြစ်လာပါတယ်။
 ဤကဲ့သို့ တိုင်းပြည်နဲ့လူထု ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့ရသည့် အဖြစ်ဆိုးကို ဗိုလ်ရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွှဲပြောင်းလက်ခံတဲ့နေ့ (၃၁ ဇူလိုင်) မှာ အခုလို (လျှာဖျားပေါ်ကနေ)  ဝန်ခံသွားပါတယ်။
        ခေတ်အဆက်ဆက်အစိုးရအဖွဲ့များသည် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံသားများအကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရည်မှန်းချက်အတိုင်းဖြစ်မလာဘဲ နောက်ဆုံးအခြေအနေတွင် မိမိတို့ နိမ့်ကျသည့်၊ နောက် ကျ နေရသည်ကို ဝမ်းနည်းစွာတွေ့ရှိရမည်ဖြစ်ပါကြောင်း တဲ့။
        အဲဒီဝန်ခံချက်ကို သေချာဖတ်ကြည့်တဲ့အခါ အကြောင်း/အကျိုး အချက် ၂ ချက်ကို တွေ့ရပါလိမ့်မယ်။
        -  အုပ်စိုးသူ အစိုးရအဆက်ဆက်ဟာတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းပေါက်မြောက် ၊ အောင်မြင်အောင်၊ လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ဘူး။ (အကြောင်းရင်း)
        - တိုင်းပြည်နဲ့လူထု နိမ့်ကျဆင်းရဲပြီး ခေတ်နောက်ကျရခြင်း (အကျိုးဆက်ရလဒ်)
        သို့သော်လည်း ဗိုလ်ရွှေမန်း ဝန်မခံသွားတဲ့ တစ်ချက်ကျန်ခဲ့ပါတယ်။ ဗိုလ်ရွှေမန်း တမင်ချန်လှပ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် လျှာဖျားပေါ်ကနေဝန်ခံသွားတာလို့ အထူးပြုထားတာပါ။
        အဲဒီအချက်က ဘာလဲ။
        တိုင်းပြည်နဲ့ပြည်သူလူထုက ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေသွားပြီး  အုပ်စိုးသူများကတော့ ကျိကျိတက်ချမ်း သာကြွယ်ဝသူ တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
 အုပ်စိုးသူနဲ့ အုပ်စိုးခံတွေကြားမှာ အစွန်း ၂ ဖက်ချောက် ကမ်းပါးကြီး ခြားနားသွားပါ တယ်။ အုပ်စိုးသူလူတစ်စုက မိုးထိမြင့် အောင်ချမ်းသာသွားပြီး၊ အုပ်စိုးခံပြည်သူတွေက အဝီစိရောက်အောင် နိမ့်ကျဆင်းရဲမွဲတေသွားရတဲ့ အဖြစ်ပါပဲ။
        ဒါဟာ အုပ်စိုးသူတွေ ရည်မှန်းတာနဲ့ ခြားနားဆန့်ကျင်ပြီး အုပ်စိုးသူတွေ ကိုယ်ပိုင်ရရှိသွားတဲ့ အကျိုးဆက်ရလဒ်ပါပဲ။
        ဗိုလ်ရွှေမန်းပြောသလိုခေတ်အဆက်ဆက်အစိုးရအဖွဲ့များဟာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ် ထွန်းရန်၊ရည်မှန်းချက်များချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့ရရှိလာတဲ့ အကျိုးဆက်ကတော့ အုပ်စိုးသူအစိုးရအဆက်ဆက် သာ ချမ်းသာကြွယ်ဝသွားတယ်ဆိုတာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။
 တိုင်းပြည်နဲ့လူထုအကျိုးလုံးဝမကြည့်ဘဲ၊ သူတို့ကိုယ်ကျိုးစီးပွားကွက်ကွက်ကလေးသာကြည့်ခဲ့ကြတယ်ဆိုတဲ့ အချက်ပေါ်လွင် ထင်ရှားနေပါတယ်။ ဒါကြောင့် တိုင်းပြည်နဲ့ လူထုဖွံ့ဖြိုးတိုးတက်ရန်ဆိုတဲ့ ရည်မှန်းချက်ဟာ လိမ်ညာမှုကြီးသာဖြစ်ပါတယ်။
        အချုပ်က (နဝတ-နအဖ) စစ်အစိုးရအပါအဝင် အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ သူတို့ဘာသာချမ်းသာကြွယ်ဝအောင် လုပ် ခဲ့ကြတယ်။ တိုင်းပြည်လူထုချမ်းသာကြွယ်ဝ ခေတ်မီတိုးတက် အောင်လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိခဲ့ဘူးဆိုတဲ့အချက်ပါပဲ။
        ဗိုလ်သိန်းစိန်တို့ဗိုလ်ရွှေမန်းတို့ က ခရီးသွားဟန်လွှဲ ဝန်ခံစကားဆိုတာမျိုးတွေကို လျှာဖျားပေါ်ကနေ ပြောနေကြပါတယ်။ သူတို့ စတိဖြစ်စေ၊ ဟန်ပြဖြစ်စေ၊ လျှာဖျားပေါ်ဖြစ်စေ ဝန်ခံနေကြရတာက အချက်  ၂ ချက်ကြောင့်ဖြစ်ပါတယ်။
        ပထမဆုံးအချက်က ရှောင်လွှဲခြင်းငှာ မစွမ်းသာတော့လို့ (ဥပမာ တိုင်းပြည်ဆင်းရဲတွင်းနက်ပြီး ခေတ်နောက်ကျသွားရတာ)
        ဒုတိယအချက်ကစတိဖြစ်စေ၊ ဟန်ပြဖြစ်စေ၊ လျှာဖျားပေါ်ဖြစ်စေ ဝန်ခံခြင်းဟာ လက်ရှိရရှိထားတဲ့ အုပ်စိုးမှုကို ဆက်လက် ထိန်းသိမ်းရာမှာ သိပ်ကို အကျိုးရှိနေလို့ဖြစ်တယ်။ တချို့ မျှော်တော်ယောင်တွေထင်နေသလို၊ ဆန္ဒစွဲနဲ့သုံးသပ်နေသလို အပြောင်းအလဲမျိုးမဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်နဲ့ သူတို့ဖြစ်တယ်။ သူတို့ရဲ့ စဉ်းလဲမှုဖြစ်တယ်။ သူတို့ရဲ့လှည့်းစားမှုသာဖြစ်တယ်။
                         မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသော၊ ရာသီဥတုသမမျှတသော၊ နှိုင်းယှဉ်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ကျ ရောက်မှုနည်းပါးသော၊ သင်ယူလွယ်၊တတ်မြောက်လွယ်သော လုပ်သားပေါများရာ တိုင်းပြည်ကို ဗိုလ်နေဝင်းစစ်အုပ်စုက ဆင်းရဲတွင်းထဲ သို့ တွန်းချခဲ့ပါတယ်။
        ဗိုလ်နေဝင်းတပည့်သားမြေးတွေဖြစ်တဲ့ (နဝတ-နအဖ)စစ်အုပ်စုက ဆရာထက်တပည့်လက်စောင်းထက်ဆိုသလို တိုင်းပြည်နဲ့ လူထုကို ဆင်းရဲတွင်းနက်သည်ထက် ပိုနက်အောင်ဆက်လက် ဆွဲချသွားခဲ့ကြပါတယ်။
        သေချာတဲ့အချက်ကတော့ စစ်အုပ်စု အဆက်ဆက်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်စွမ်းမရှိဘူး။ မွဲသည် ထက်မွဲပြာကျခဲ့ရပြီး ခေတ်နောက်ကျသည်ထက် ခေတ်နောက်ကျအောင်သာလုပ်ခဲ့ကြပါတယ်။
 ဒါပေမယ့် သူတို့ စစ်အုပ်စု ကိုယ်တိုင်ကတော့ အကြီးအကျယ်ချမ်းသာကြွယ်ဝလာကြပါတယ်။
        ဒီအချက်တွေဟာ  ၁၉၆၂ မှ ၂၀၁၁ ခုနှစ်ထိ ရာစုနှစ်ဝက်နီးပါးကာလအတွင်း ဖြစ်ပေါ်လာတဲ့  ဖြစ်ရပ်တွေက အခိုင်အမာ သက်သေပြနေတဲ့အချက်တွေပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖိနှိပ်သွေးစုတ်မှုဟာ  ဆင်းရဲမွဲတေမှု ရဲ့ အဓိကဇစ်မြစ်ဖြစ်ပါတယ်။
        ဒါကြောင့် ဘယ်စစ်အုပ်စုပဲဖြစ်ဖြစ်  တိုင်းပြည်လူထုကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူး။ မလုပ်ခဲ့ကြဘူး။
        သူတို့ ကြီးပွားချမ်းသာဖို့သာတစ်ခုတည်းကိုသာ လုပ်ခဲ့ကြပါတယ်။
        ထို့အပြင် တိုင်းပြည်ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မယ် ဆိုတဲ့ သူတို့ ရည်မှန်းချက်တွေ၊ ကြွေးကြော်သံတွေဟာ လိမ်ညာမှုတွေသာဖြစ်မြဲဖြစ်တယ်။
        စစ်အုပ်စုရဲ့ ဖိနှပ်သွေးစုပ်မှုကို မဖယ်ရှားနိုင်သမျှ တိုင်းပြည်နဲ့လူထုဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ချမ်းသာကြွယ်မှုဆိုတဲ့လမ်းကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ဆင်းရဲမှုသံသရာလည်နေမြဲ လည်နေပါလိမ့်မယ်။
        ဒါကြောင့် စစ်အုပ်စုအဆက်ဆက်ရဲ့ အမွေခံ ယနေ့(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်လည်း တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက် အောင်လုပ်နိုင်စွမ်းရှိမယ်လို့ ပြည်သူတွေက မယုံကြည်ပါဘူး။

ညွန်း
- ၂၀၁၃ ခုနှစ်၊ သြဂုတ် ၂၀ ရက်၊ မြန်မာ့အလင်းသတင်းစာ၊
- ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁ ရက်၊ မြန်မာ့အလင်းသတင်းစာ၊

တူမောင်ညို (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)
ဖိနှိပ်အုပ်စိုးသူလူတန်းစားဆိုတာ  ဖိနှိပ်ခံလူတန်းစားအပေါ် စာနာ၊ ထောက်ထားတဲ့ အမြင်နဲ့ သဘောထားမရှိပါ။
စာနာထောက်ထားလိမ့်မယ်လို့ မျှော်လင့်စိတ်ကူးယဉ်နေခြင်းမျိုးလည်းမဖြစ်သင့်ပါ။
    အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအပေါ်ထားရှိသော သဘောထားဆိုသည်မှာ  “ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့” ဆိုတဲ့ အမြင်နဲ့ သဘောထားမျိုးသာဖြစ်ပါတယ်။
            သြဂုတ်လ ၁၉ ရက်နေ့က သမ္မတ (ဗိုလ်)ဦးသိန်းစိန်ရဲ့ သဘောထားနဲ့ပြောစကားကလည်း အလားတူပါပဲ။
“ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြမှ ဝမ်းဝခါးလှကြမည်ဖြစ်ပါကြောင်း၊ အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေ ကြလျှင် တစ်နေ့တွင်ဆင်းရဲမွဲတေမှုဖြင့်သာ ပြန်ပြီး သံသရာလည်နေကြရမည် ဖြစ်ပါကြောင်း ၊ထို့ကြောင့်အလုပ်လုပ်ကြရန်လိုအပ်ပါကြောင်း”  တဲ့။ ဒီပြောဆိုချက် ဟာ ကိုယ့်လုပ်အားကိုယ်ရင်းနှီးပြီး လုပ်ကိုင်စားသောက်နေရသူတွေ အားလုံးကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက စော်ကားလိုက်တာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်အနေနဲ့  ဒီပြောစကားအတွက် ဝန်ချတောင်းပန်ရမယ်။
ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြပေမယ့် ဝမ်းမဝခါးမလှတာကို (ဗိုလ်) ဦးသိန်းစိန် တကယ်မသိတာလား၊ မသိချင် ဟန် ဆောင်တာပဲဖြစ်မှာပါ။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်သော်လည်း တစ်နေ့လုပ်ခဟာ ဘတ်စ်ကားခ၊ လက်ဖက် ရည်ဖိုး၊ ကွမ်းယာဖိုး၊ ဆေးလိပ်ဖိုးပင်မကာမိတော့သည့်အတွက် ထိုင်း၊ မလေးရှား၊ တရုတ် စတဲ့ အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသား တွေထွက်ပြီး အလုပ်လုပ်နေရတာ (ဗိုလ်) ဦးသိန်းစိန်တို့ အသိဆုံးပါ။ ဒီလို တိုင်းခြားပြည်ခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ဖြစ်ရပ်ဟာ (နဝတ-နအဖ) စစ်အစိုးရ ခေတ်မှာမှ ပေါ်ထွက်လာရတဲ့  အချင်းအရာတစ်ခုဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံများသို့ ခြေဆန့်နေသူတွေအနက် အများစုကြီးဟာ ကျေးလက်နေ တောင်သူလယ်သမား သားသမီးတွေဖြစ်ပါ တယ်။ ရှိစုမဲ့စု လက်ဝတ်လက်စား၊ အိမ်ခြံနဲ့လယ်ယာမြေကလေးကိုပေါင်နှံရောင်းချပြီးသွားရတာပါ။ သွားရတဲ့လမ်းခရီးကလည်း အသက် စွန့်ပြီးသွားရတာဖြစ်ပြီး၊ လုပ်ကြရတဲ့အလုပ်တွေကလည်း အသက်နဲ့ရင်းပြီးလုပ်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။
            အရင်းစစ်ရင် ဆင်းရဲမွဲတေမှုဖြစ်ရတဲ့ အဓိကဇစ်မြစ်ဟာ   ဖိနှိပ်သွေးစုပ်ခံရလို့သာဖြစ်ပါတယ်။
            ဒီအရင်းခံအချက်ကို အုပ်စိုးသူတန်းစားတိုင်းက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပါတယ်။ ဖိနှိပ်သွေးစုတ်ခံရလို့ ဆင်းရဲမွဲတေရ တယ်ဆိုတဲ့ အချက်ကို အုပ်စိုးခံတွေ သိရှိ၊ နားလည်၊ သဘောပေါက်သွားမှာကိုလည်း ဖိနှိပ်အုပ်စိုးသူတွေက ဒူးတုန်အောင်ကြောက် ပါ တယ်။ ဒါကြောင့် ဆင်းရဲမွဲတေမှုဆိုတာ   ပျင်းလို့၊ ဖျင်းလို့၊ လုံ့လဝီရိယမရှိလို့၊ ရှေးဘဝ၊ အတိတ်ကံအကြောင်းမလှခဲ့လို့ ဖြစ်ရတယ်ဆိုပြီး လှည့်စားမှိုင်းတိုက်လေ့ရှိပါတယ်။
            ဒီလိုနည်းနဲ့ မှိုင်းတိုက်လှည့်စားထားနိုင်မှသာ အုပ်စိုးသူများထံ ဦးတည်လာမယ့် ပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။
            ဗိုလ်နေဝင်းစစ်အုပ်စုအုပ်စိုးခဲ့တဲ့ (၁၉၆၂ မှ ၁၉၈၈ အထိ) ကာလမှာ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကျရောက် ခဲ့ရပါတယ်။သို့သော်လည်း ဗိုလ်နေဝင်းတို့ စစ်အုပ်စုများကတော့ ကျိကျိတက်ချမ်းသာကြွယ်ဝသူများဖြစ်သွားခဲ့ပါတယ်။
ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ – ဗိုလ်မောင်အေး – ဗိုလ်ခင်ညွန့် – ဗိုလ်ရွှေမန်း – ဗိုလ်သိန်းစိန် တို့ရဲ (နဝတ-နအဖ) စစ်အစိုးရ လက်ထက်မှာလည်း အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝက ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် ဆင်းရဲတွင်း နက်သထက်ပိုနက်ခဲ့ရပါတယ်။ သို့သော် လည်း (နဝတ-နအဖ) စစ်အစိုးရထိပ်သီးများနဲ့ သူတို့ သားမယားများဟာ ချမ်းသာကြွယ်ဝသူများ၊ ကုမ္မဏီပိုင်ရှင်များ၊ လုပ်ငန်း ပိုင်ရှင် သူဌေးကြီးများဖြစ်လာပါတယ်။
 ဤကဲ့သို့ တိုင်းပြည်နဲ့လူထု ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့ရသည့် အဖြစ်ဆိုးကို ဗိုလ်ရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွှဲပြောင်းလက်ခံတဲ့နေ့ (၃၁ ဇူလိုင်) မှာ အခုလို (လျှာဖျားပေါ်ကနေ)  ဝန်ခံသွားပါတယ်။
 “ခေတ်အဆက်ဆက်အစိုးရအဖွဲ့များသည် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံသားများအကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရည်မှန်းချက်အတိုင်းဖြစ်မလာဘဲ နောက်ဆုံးအခြေအနေတွင် မိမိတို့ နိမ့်ကျသည့်၊ နောက် ကျ နေရသည်ကို ဝမ်းနည်းစွာတွေ့ရှိရမည်ဖြစ်ပါကြောင်း ” တဲ့။
            အဲဒီဝန်ခံချက်ကို သေချာဖတ်ကြည့်တဲ့အခါ အကြောင်း/အကျိုး အချက် ၂ ချက်ကို တွေ့ရပါလိမ့်မယ်။
  -  အုပ်စိုးသူ အစိုးရအဆက်ဆက်ဟာတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းပေါက်မြောက် ၊ အောင်မြင်အောင်၊ လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ဘူး။ (အကြောင်းရင်း)
 - တိုင်းပြည်နဲ့လူထု နိမ့်ကျဆင်းရဲပြီး ခေတ်နောက်ကျရခြင်း (အကျိုးဆက်ရလဒ်)
            သို့သော်လည်း ဗိုလ်ရွှေမန်း ဝန်မခံသွားတဲ့ တစ်ချက်ကျန်ခဲ့ပါတယ်။ ဗိုလ်ရွှေမန်း တမင်ချန်လှပ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် “လျှာဖျားပေါ်ကနေ” ဝန်ခံသွားတာလို့ အထူးပြုထားတာပါ။
            အဲဒီအချက်က ဘာလဲ။
            တိုင်းပြည်နဲ့ပြည်သူလူထုက ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေသွားပြီး  အုပ်စိုးသူများကတော့ ကျိကျိတက်ချမ်း သာကြွယ်ဝသူ တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
 အုပ်စိုးသူနဲ့ အုပ်စိုးခံတွေကြားမှာ အစွန်း ၂ ဖက်ချောက် ကမ်းပါးကြီး ခြားနားသွားပါ တယ်။ အုပ်စိုးသူလူတစ်စုက မိုးထိမြင့် အောင်ချမ်းသာသွားပြီး၊ အုပ်စိုးခံပြည်သူတွေက အဝီစိရောက်အောင် နိမ့်ကျဆင်းရဲမွဲတေသွားရတဲ့ အဖြစ်ပါပဲ။
            ဒါဟာ အုပ်စိုးသူတွေ ရည်မှန်းတာနဲ့ ခြားနားဆန့်ကျင်ပြီး အုပ်စိုးသူတွေ ကိုယ်ပိုင်ရရှိသွားတဲ့ အကျိုးဆက်ရလဒ်ပါပဲ။
            ဗိုလ်ရွှေမန်းပြောသလိုခေတ်အဆက်ဆက်အစိုးရအဖွဲ့များဟာ “နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ် ထွန်းရန်၊ရည်မှန်းချက်များချမှတ်ဆောင်ရွက်ခဲ့သော်လည်း” လက်တွေ့ရရှိလာတဲ့ အကျိုးဆက်ကတော့ အုပ်စိုးသူအစိုးရအဆက်ဆက် သာ ချမ်းသာကြွယ်ဝသွားတယ်ဆိုတာဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။
 တိုင်းပြည်နဲ့လူထုအကျိုးလုံးဝမကြည့်ဘဲ၊ သူတို့ကိုယ်ကျိုးစီးပွားကွက်ကွက်ကလေးသာကြည့်ခဲ့ကြတယ်ဆိုတဲ့ အချက်ပေါ်လွင် ထင်ရှားနေပါတယ်။ ဒါကြောင့် တိုင်းပြည်နဲ့ လူထုဖွံ့ဖြိုးတိုးတက်ရန်ဆိုတဲ့ ရည်မှန်းချက်ဟာ လိမ်ညာမှုကြီးသာဖြစ်ပါတယ်။
            အချုပ်က (နဝတ-နအဖ) စစ်အစိုးရအပါအဝင် အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ သူတို့ဘာသာချမ်းသာကြွယ်ဝအောင် လုပ် ခဲ့ကြတယ်။ တိုင်းပြည်လူထုချမ်းသာကြွယ်ဝ ခေတ်မီတိုးတက် အောင်လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိခဲ့ဘူးဆိုတဲ့အချက်ပါပဲ။
            ဗိုလ်သိန်းစိန်တို့ – ဗိုလ်ရွှေမန်းတို့ က ခရီးသွားဟန်လွှဲ ဝန်ခံစကားဆိုတာမျိုးတွေကို လျှာဖျားပေါ်ကနေ ပြောနေကြပါတယ်။ သူတို့ စတိဖြစ်စေ၊ ဟန်ပြဖြစ်စေ၊ လျှာဖျားပေါ်ဖြစ်စေ “ဝန်ခံ” နေကြရတာက အချက်  ၂ ချက်ကြောင့်ဖြစ်ပါတယ်။
            ပထမဆုံးအချက်က ရှောင်လွှဲခြင်းငှာ မစွမ်းသာတော့လို့ (ဥပမာ – တိုင်းပြည်ဆင်းရဲတွင်းနက်ပြီး ခေတ်နောက်ကျသွားရတာ)
            ဒုတိယအချက်က “စတိဖြစ်စေ၊ ဟန်ပြဖြစ်စေ၊ လျှာဖျားပေါ်ဖြစ်စေ ဝန်ခံခြင်း” ဟာ လက်ရှိရရှိထားတဲ့ အုပ်စိုးမှုကို ဆက်လက် ထိန်းသိမ်းရာမှာ သိပ်ကို အကျိုးရှိနေလို့ဖြစ်တယ်။ တချို့ မျှော်တော်ယောင်တွေထင်နေသလို၊ ဆန္ဒစွဲနဲ့သုံးသပ်နေသလို “အပြောင်းအလဲ” မျိုးမဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်နဲ့ သူတို့ဖြစ်တယ်။ သူတို့ရဲ့ စဉ်းလဲမှုဖြစ်တယ်။ သူတို့ရဲ့လှည့်းစားမှုသာဖြစ်တယ်။

Photo – PAULA BRONSTEIN / GETTY IMAGES (TIME)
- See more at: http://moemaka.com/archives/37518#sthash.b7Xd327V.dpuf

- See more at: http://moemaka.com/archives/37518#sthash.b7Xd327V.dpufလလ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။