Tuesday, April 30, 2013

တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို

(DVB)

ပြည်တွင်းပြည်ပ မီဒီယာ တစ်ချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့တာတွေ ရှိခဲ့တယ်၊ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ
တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုလိုက်ပါတယ်။ 

ပြည်တွင်းပြည်ပ မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။

စိန်စု လမ်းစဉ်နှင့် အနာဂတ် ဒီမိုကရေစီ

(ဧရာဝတီ)

လက်ပံတောင်းတောင် ကော်မရှင်၏ အစီရင်ခံစာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် နေသူများကို ငေးကြည့်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

နောက်ဆုံးအကြိမ် အကျယ်ချုပ်ဘ၀မှ လွတ်မြောက်လာပြီးသည့် နောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သဘောထားနှင့် လမ်းစဉ်သည် ယခင်အခါများနှင့် သိသိသာသာ ကွာခြားသွားသည်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။ သူသည် တိုင်းပြည်နှင့် လူမျိုးအတွက် လက်ငင်းလက်တွေ့ အကျိုးရှိနိုင်မည့် လမ်းစဉ် (Pragmatism – ဒိဋ္ဌဟိတ ၀ါဒ) ကို ရဲရဲတင်းတင်း ရွေးချယ်လာနိုင်ခဲ့သည်။

Monday, April 29, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးကို ဘယ်လို အနေအထားမျိုးနဲ့ ဆက်သွားသင့်တယ်၊ Hard Power နဲ့ Soft Power တွေကို ဘယ်လိုသုံးသင့်တယ်၊ စစ်တပ်ကို ဘယ်လို ဆွဲဆောင်စည်းရုံး ပညာပေး ဆွေးနွေးရမယ်ဆိုတာတွေကို အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို ပြောနေကြပေမယ့်လို့ အများစုက တကယ်တမ်းတော့ နားလည်တာ မဟုတ်ဘူး။ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက လက်စားချေဖို့ လုံးဝ မဟုတ်ဘူး။ နောက်တစ်ခုက တစ်အုပ်စုကနေ တစ်အုပ်စုကို အပြတ်အသတ် အနိုင်ယူတာလည်း မဟုတ်ဘူး။ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ လုပ်ငန်းစဉ်မှာ ဘယ်သူကမှားလဲ ဘယ်သူကမှန်လဲဆိုတာ ရှင်းလင်းပြတ်သားတဲ့ ကောက်ချက်ချ ဆွဲယူတာလဲ မရှိဘူး။ တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာလဲပဲ ခုနပြောသလို မင်းမှားတယ်။ မင်းမဟုတ်တာတွေ လုပ်တယ်။ မင်းကို အရေးယူရမယ်။

Sunday, April 28, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၅)

(စည်းလုံးခြင်းရဲ့အင်အား) (www.photayokeking.org)

မြန်မာ့တပ်မတော် (ရေ) တွင် အသုံးပြုနေသော ၂၅ မမ လေယာဉ်ပစ်
စက်အမြောက်အား စမ်းသပ်လေ့ကျင့်မှု ပြုလုပ်နေစဉ်

ဆောင်းပါးရှင် - ဝေဟင်


လေကြောင်း အန္တရာယ်မှ လျော့ပါးစေမှု နည်းလမ်းများ

(၆၅)           လေကြောင်းမှ တိုက်ခိုက်မှုခံ ရပြီးနောက် အခြေခံအားဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

                 (က)    ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်း။

ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဝစီပိတ် လွှတ်တော်နိုင်ငံရေးနဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ

ငြိမ်းချမ်းအေး

လက်ပံတောင်းတောင်ဒေသက တရားမဲ့မှု အသံတွေ ထပ်ကြားလာရတယ်။ ဒီရက်ပိုင်း တပြည်လုံးတင်သာမက တကမ္ဘာလုံးမှာပါ လုပ်သမျှ တင့်တယ်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရ သတင်းတွေကလည်း နားမဆံ့ ဖြစ်နေတယ်။ နိုင်ငံအဝှမ်းက လယ်သမား၊အလုပ်သမား၊ အခြေခံလူတန်းစားအရေး၊ မြေယာတိုက်ပွဲနဲ့ တိုင်းရင်းသားပြဿနာကတော့ ဒုံရင်း ဒုံရင်း ဆိုတာထက် ပိုမလာတဲ့အပြင် တနေ့တခြား အဖိနှိပ်ခံရသူတွေဟာ အဖေခေါ်စရာမရှိ၊ အမေပျောက်ဘဝနဲ့ “အမိမဲ့သား ရေနည်းငါးပမာ” အားကိုးရာမဲ့လာပြီး အခြေအနေဟာ အဆိုးဘက်ကိုသာ ဦးတည်သွားနေဆိုတာကိုလည်း မြင်နေရတယ်။

Saturday, April 27, 2013

ယာဉ်ထိန်းရဲ ပါးရိုက်ခံရမှု ဗိုလ်ချုပ်မှူးကြီးဟောင်းမြေးကို တရားစွဲပြီ

(ဒေါန်းမာန်ဟုန်)

တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးအား ပါးရိုက်မှုနှင့်စပ်လျဉ်း၍ပြည်သူလူထုလုံခြုံရေးကို ရှေးရှုကာ ဗိုလ်ချုပ်မှူးကြီးဟောင်းတစ်ဦး၏ မြေးဖြစ်သူကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှကိုထင်ကျော်က ဧပြီလ ၁၀ ရက်၊ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ထားပြီးဖြစ်သည်။

ဝန်ထမ်းတစ်ဦးတာဝန်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်ခြင်းကိစ္စအားတရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ပြည်ထဲရေးသို့ တွန်းအားပေးခြင်းဖြစ်ကြောင်း၊ပြည်သူ့ဝန်ထမ်းတစ်ဦးအား အနိုင်ကျင့်အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ကိုစိန်ခေါ်မှုအသွင်သဏ္ဍာန် သက်ရောက်ကြောင်းတို့ကို ““ဒါဟာ လူထုရဲ့ လုံခြုံရေးကို အကာအကွယ်မဲ့နေတယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ အမှုကို FIR နဲ့မဖွင့်ဘူး။ လက်တော့လက်ခံတယ်။ ၀န်ထမ်းတာဝန်ရှိတဲ့သူကိုယ်တိုင်က အကြောက်တရားရှိနေတယ်လို့ သုံးသပ်တယ်။ ကမာရွတ်ရဲစခန်းက စခန်းမှူးကို ဥပဒေကြောင်းတွေကျွန်တော်သွားရှင်းပြပြီး အမှုဖွင့်ဖို့ လက်ခံပေးဖို့ တောင်းဆိုတယ်။ အထက်ကိုတင်ပြမယ်ဆိုပြီးလက်မှတ်ထိုးပြီး ယူထားလိုက်တယ်””ဟူ၍ ကိုထင်ကျော် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်များ၏ ချုပ်ကိုင်မှု လျော့ရဲလာခြင်း (၁)

(ဧရာဝတီ)

မြန်မာနိုင်ငံသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ထဲမှာ ရောက်ရှိနေပြီး အဆိုပါ အသွင်ကူးပြောင်းမှု၏ အပြင်ပန်း ပုံသဏ္ဍန် အခြေအနေအရ ကုန်လွန်ခဲ့သော အနည်းဆုံး ရာစုနှစ်သက်တမ်း တ၀က်ခန့် အခြေအနေထက်စာလျှင် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးသည် “စိတ်ဝင်စားသူတိုင်း ၀င်ရောက်နိုင်သောနေရာ” ဖြစ်လာနေသည်။ စစ်တပ်၏ တိုက်ရိုက်ချုပ်ကိုင်မှုကား ပြီးဆုံးသွားခဲ့ပြီ။ အနည်းဆုံးတော့ ခုအချိန်ထိ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထိပ်တန်း အစိုးရရာထူးကြီးများကို ကိုင်ထားသူများ၏ ကြန်အင်လက္ခဏာများကမူ သိသိသာသာကြီး ပြောင်းလဲမှုများ မရှိသေး (ဤရာထူးကြီးများကို ကိုင်ထားသူများသည် ယောက်ျားသားများ၊ ဗမာလူမျိုးများ၊ အငြိမ်းစားယူထားသော၊ သို့မဟုတ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော စစ်အရာရှိကြီးများသာ ဖြစ်နေသေး) သည့်တိုင် အုပ်စိုးပုံအုပ်စိုးနည်းကို ပြောင်းလဲစေသော နိုင်ငံရေးအရ ချောမွေ့ပြေပြစ်မှု (အရှည်သဘော ရွေ့လျောပြောင်းလဲမှု) အသစ်တရပ် ရှိနေပါသည်။ စစ်တပ်၏ အခွင့်ထူးများ (ဆယ်စုနှစ်များနှင့် ချီ၍ “အမျိုးသား လုံခြုံရေး အမိန့်အာဏာ” အရ တည်ရှိခဲ့သော) ကို မမျှော်လင့်ဘဲ လွန်ခဲ့သော ၁၈ လ အတွင်းမှာ လျှော့ချခဲ့သည့်အပြင် ပွင့်လင်းသော နိုင်ငံရေးဖြစ်စဉ်တရပ် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ်လည်း သဘောမထားတော့ချေ။

Friday, April 26, 2013

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ယန်းဖရိုးလစ်

ယန်းဖရောလစ်။ ။ ပရာ့ (ဂ်) မြို့ရှိ ချားလ်စ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သူသည် နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ရပ်များ အတွက် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၂ နှစ် နေထိုင်ခဲ့ရသည်။ ၁၉၉၀ တွင် (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၌ ပထမ ဒုတိယ ဝန်ကြီး၏ အကြံပေး အရာရှိ တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့များမှ စာရွက်စာတမ်းများ အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာနမှ စာရွက်စာတမ်းများကို ထိန်းသိမ်းရသော မော်ကွန်းတိုက်မှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၀ တွင် သူသည် ချားလ်စ်တက္ကသိုလ်၌ သမိုင်းဘာသာရပ် သင်ယူလေ့လာမှု ပြီးမြောက်ခဲ့သည်။

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၂)

(စည်းလုံးခြင်းရဲ့အင်အား)

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဆွေးနွေး ရှင်းလင်းသွားပါတယ်။ အင်ဒိုနီးရှားရဲ့သမိုင်းကြောင်းကို အရင် ပြောပြရမယ်ဆိုရင် ၁၉၆၇ ခုနှစ်မှာ ဆူကာနိုကနေပြီးတော့  ဆူဟာတိုဆီကို အာဏာအပြောင်းအလဲနဲ့ ၁၉၉၈ ခုနှစ်မှာ ဖြစ်သွားတဲ့ ဆူဟာတိုကနေပြီးတော့ နောက်ထပ် functions များ အနေနဲ့ပေါ့နော် ပြောင်းလဲတာဟာ အခြေအနေ မတူဘူး။

Monday, April 22, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၁)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ဟာ တပ်မတော်နှင့် ပတ်သက်သည့် သတင်းများ၊ နိုင်ငံရေးနှင့် ဆက်စပ် ဖြစ်ပေါ်နေသည့် သတင်းများအား တင်ပြပေးနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ မရောက်ခင် စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် ခေတ်ကာလကတည်းက တပ်မတော်အား ပြည်သူ့ဘက် ရပ်တည်လာသည့် ပြည်သူ့တပ်မတော် ဖြစ်လာစေရေး ရည်ရွယ်ချက်ကို ဦးထိပ်ထားပြီး Professional Army ဖြစ်လာစေရေးကို နောက်ဆုံး ရည်မှန်းချက်အထိ ထားရှိကာ တိုက်တွန်း စည်းရုံးနေတဲ့ မီဒီယာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သားများရဲ့ ခံစားချက်၊ ထုတ်ဖေါ်ပြောကြားလိုသည့် ဆန္ဒများကို တင်ပြပေးရင်း ပြည်သူလူထုက သိမြင်ခံစားလာကာ စစ်အာဏာရှင်နှင့် တပ်မတော်သားများကို ခွဲခြား သိမြင်လာစေရေး ဦးတည်ထားပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့နှင့် ပင်တိုင်ဆောင်းပါးရှင် တပ်မတော် အရာရှိများဟာ အလျဉ်းသင့်သလို မြန်မာ့အရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဆွေးနွေး သုံးသပ်ကြပါတယ်။ အရာရှိတစ်ဦးက ဆွေးနွေးရာမှာ -

HRW အစီရင်ခံစာအပေါ် ရခိုင်ပြည်နယ်အစိုးရ နဲ့ နေပြည်တော်ရဲ့ တုံ့ပြန်ချက်

(ဧရာဝတီ)

 ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ မြန်မာအာဏာပိုင်တွေက အကွက်ချ စီစဉ်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးတခုဖြစ်တဲ့ Human Rights Watch (HRW) က ဒီကနေ့ အစီရင်ခံစာတစောင်ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။ 

ရခိုင်ပြည်နယ် စစ်တွေမြို့ ပဋိပက္ခ နောက်ဆက်တွဲမြင်ကွင်းတခု

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုဖြစ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်မှုကျူးလွန်သူများကို အရေးမယူတဲ့အတွက် သမ္မတဦးသိန်းစိန်အစိုးရကို ကန့်ကွက်ကြောင်း

HRW က နယူးယောက် အခြေစိုက် အထင်ကရ လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်ပါတယ်။

ဦးအောင်မင်းတို့ အဖွဲ့ နယူးယောက်မှာ ဆန္ဒပြမှုနှင့် ကြုံ

(ဧရာဝတီ)

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လူလိမ်တွေလို့ အော်ဟစ် ဆန္ဒပြမှုကို ခံခဲ့ရတာ အင်တာနက် စာမျက်နှာတွေမှာ အတော် ပျံ့နှံ့နေပါတယ်။ 

နုယူးယောက်မှာ မြန်မာမိသားစုတွေနဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပွဲပြင်ပမှာ အမေရိကန်ရောက် မြန်မာဆန္ဒပြသူ ၂ ဒါဇင် ကျော်လောက်က  လိမ်ညာနေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆို ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အလိုမရှိ စသဖြင့် အဓိက တရား ဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူ့ အခွင့် အရေး အပြည့်အ၀ ရရှိရေး တို့ကို တောင်းဆိုခဲ့ကြ ပါတယ်။ 

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၄)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ့တပ်မတော် ဆက်သွယ်ရေး တပ်ဖွဲ့များ၏ သုတေသနနှင့်
ထုတ်လုပ်ရေးဌာနမှ တပ်မတော် အရာရှိများ

ဆောင်းပါးရှင် - ဝေဟင်


အယ်ဒီတာအဖွဲ့၏ တင်ပြချက်။     ။       လေကြောင်းရန် ကာကွယ်ရေး အခန်းကဏ္ဍကို ဤ၀က်ဘ်ဆိုက်ဒ်မှ တင်ပြနေရာတွင် တချို့က မည်သည့်ရည်ရွယ်ချက်ဖြင့် တင်ပြနေသလဲဟု မေးမြန်းကြရာ ရည်ရွယ်ချက်တစ်ချို့ကို စောစောပိုင်း တင်ပြသွားခဲ့သည့် အပိုင်းများ၌ ဖော်ပြခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံတော်၏ လေကြောင်းပိုင်နက် လုံခြုံရေးအတွက် ပြည်သူလူထုမှ တစ်တပ်တစ်အား လက်တွဲနိုင်ရေးအတွက် သိရှိနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။ ထို့အပြင် လေကြောင်းရန် ကာကွယ်ရေး ကွန်ယက် လိုအပ်ချက် အားနည်းနေသည်ကို ထောက်ပြပြီး အပြုသဘောဖြင့် နိဂုံးချုပ် အပိုင်း (၁၇) တွင် တင်ပြရန်ရှိပါသည်။

Sunday, April 21, 2013

ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ

(ဧရာဝတီ)

စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ၀င်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။

Saturday, April 20, 2013

သတင်းမီဒီယာ နဲ့ အစိုးရဆက်ဆံရေး

(VOA)

နိုင်ငံတိုင်းမှာ စာနယ်ဇင်း သတင်းမီဒီယာရှိပေမယ့် နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဓလေ့လိုက်ပြီး အစိုးရနဲ့ ဆက်ဆံပုံဟာ တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားပါတယ်။ မြန်မာပြည်မှာ စာပေစီစစ်ရေးဌာန မရှိတော့ပေမယ့် အစိုးရခွင့်ပြုချက်နဲ့ ထုတ်ဝေနေရတဲ့ မြန်မာ့စာနယ်ဇင်းဟာ ဆက်လက်တည်တံ့နိုင်ရေးအတွက် မိမိဘာသာဆင်ဆာလုပ်ပြီး ထုတ်ဝေနေပုံရပါတယ်။ စစ်အစိုးရနှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျန်ရှိနေသေးတာမို့ အစိုးရပေးတဲ့သတင်းကို သံယောင်လိုက်ပြီး သတိထားရေးသား နေကြပုံရပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းလွတ်လပ်မှုကို အစိုးရက တန်းဖိုးထားသလို တိုးတက်မှုရှိနိုင်ပါတယ်။

ဗုံးကွဲမူဖြစ်ရင်ဘာမှမဆိုင်တဲ့လူကို ပြီးပြီးရောဆွဲထည့်တတ်တဲ့အစဉ်အလာရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတုယူနိုင်ပါစေ

(ဒေါင်းမာန်ဟုန်)


ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။ 

Friday, April 19, 2013

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၂)

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း
အပိုင်း(၂)

မြန်မာပြည်သည် ငပွကြီးဆုတံဆိပ်ဟုခေါ်ဆိုနိုင်လောက်သော ချစားညစ်ပတ်မှုအား နိုင်ငံတကာ ပွင့်လင်းလွတ်လပ်သော စစ်တမ်းကောက်ယူရေးဆိုင်ရာအဖွဲ့မှ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် နံပတ် ၁၈၀ သို့၇ှိသော အဆင့်တွင် သတ်မှတ်ခံရ၏။ ၂၀၀၉ ခုနှစ်အ၀င်ပိုင်းကာလတွင် တိုင်းပြည်တွင် အထွေထွေ ရရှိနေသော ၀င်ငွေများအား မည်သည့်နေရာတွင် သုံးစွဲနေကြောင်း နှမ်းတစေ့ မျှစာလောက်ကိုပင် ခြေရာမခံနိုင်သးသော အခြေနေ၀ယ်၊ စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေမှ ကမ္ဘာတွင် တန်ဘိုးကြီးမားဆုံးဖြစ်သည့် ဘောလုံးအသင်းဖြစ်သော မန်ချက်စတာ ညွန့်ပေါင်းအဖွဲ့ ဘောလုံး အသင်းကြီးအား အမေရိကန်ဒေါ်လာ သန်းပေါင် တစ်ထောင်ဖြင့် ၀ယ်ယူရန် စိတ်ကူးယဉ်နေသည်ဟု (The Tribute ) စာစောင်က အောက်ပါအတိုင်း ထောက်ပြပါသည်။

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၁)

ကျနော့ မင်းမဟာ ပုဂံအား နေပြည်တော်မှ တိုက်ချလိုက်သောကြောင့် ယခု ပြန်တင်ပါသည်။

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း - အပိုင်း(၁)

ပွင့်လင်းလွတ်လပ်စွာ ခြေရာခံ စစ်ဆေးနိုင်မှု ကင်းမဲ့ခြင်းကြောင့် အဂတိချစားမှုက ဆင်းရဲ ချမ်းသာမှုအား အံ့မခန်းဘွယ် ကွာဟ ကြီးထွားလာရခြင်းနှင့် အကန့်သတ် သီးခြား သတ်မှတ်ထားသည့် အနည်းငယ်သော လူတန်းစားများအတွက်သာ ကြီးမားသော ငွေရေးကြေးရေးပိုင်ဆိုင် စီမံပိုင်ခွင့်အားမျက်နှာသာပေးခွင့်ပြုထားလေ၏။ ထိုအချက်၂ချက်ကြောင့် ဆင်းရဲချွတ်ခြုံကျမှုပမာဏ တိုးမြင့်လာပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်စွာ အသုံးပြုခွင့်ရှိသော ဓနအင်အား ချိနဲ့ ချို့ယွင်းသွားရသည်ဟု The Financial Time က ရေးသားထောက်ပြပါသည်။

Saturday, April 13, 2013

ရဲတပ်ဖွဲ့ကို ဘယ်လို ပြုပြင်မှာလဲ

(ဧရာဝတီ)

လတ်တလော ဖြစ်ပွားခဲ့သော မိတ္ထီလာ အဓိကရုဏ်း အပါအဝင် အများပြည်သူ လုံခြုံရေးနှင့် ကာကွယ်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း လူအများက ဝေဖန်နေကြချိန်တွင် လူမျိုးဘာသာကွဲ အများဆုံး နေထိုင်လျက်ရှိသည့် စီးပွားရေး အချက်အခြာ ရန်ကုန်မြို့၏ လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

ဧပြီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးကျော်မှ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရဲတပ်ဖွဲ့ဝင် အင်အားများ တိုးချဲ့ပေးရန်နှင့် ထိုက်သင့်သော ချီးမြှင့်ထောက်ပံ့မှုပေးမှုများအကြောင်း မေးမြန်းရာ မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း လေးသောင်းကျော် လိုအပ်နေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဗိုလ်မှုးကြီးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Thursday, April 11, 2013

နှစ်သစ်ကူးအကြို မင်္ဂလာရှိသော သတင်း

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ ယခုနှစ် ကျင်းပတဲ့ တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အပေါ် တပ်မတော်သားများရဲ့ မင်္ဂလာရှိသော တုန့်ပြန်သံများအား ဖေါ်ပြပေး လိုက်ပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားများက အားမလို အားမရ ဖြစ်နေကြတဲ့ ရင်ဖွင့်သံများကို ဖေဖော်ဝါရီလအတွင်းက ဒီနေရာမှာ တင်ပြသွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်၊  ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်ချုပ်) တို့ဟာ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ရင်းနှီးမှုတွေကို လက်တွေ့ သက်သေပြခဲ့ကြတာ တွေ့ရှိရပါတယ်။

လက်ပန်းတောင်းတောင် ဒေသသို့ သွားရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် စိတ်ပူပြီး လုံခြုံရေး လုပ်ဆောင်ပေးဖို့ သမ္မတက ညွှန်ကြားခဲ့တဲ့အပြင် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့လည်း တပ်ချုပ်က ဖိတ်ကြားခဲ့ပါတယ်။ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းနဲ့ တပ်ချုပ်က တစ်ကြိမ်တခါမှ ဖေါ်ထုတ်ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်း အလျဉ်းမရှိခဲ့တဲ့ တပ်မတော်ရဲ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုစကားများ အမွှန်းတင် ပြောကြားခြင်းနဲ့အတူ လိုက်နာဆောင်ရွက်ရမဲ့ လမ်းညွှန်ချက် တစ်ရပ်အနေနဲ့လည်း ပြောဆိုသွားခဲ့တာကို တွေ့ရပါတယ်။

နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ်

(VOA)

အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်စာအလိုအရ လူထုအတွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ ဒီနှစ်မှာ သကြားမင်းက လေးနဲ့မြားရယ် ဒိုင်းရယ်ကိုကိုင်ပြီး နဂါးမင်းစီးဆင်းမှာဖြစ်တဲ့အတွက် ရန်တွေအားလုံး ချုပ်ငြိမ်းမယ့် သဘောဖြစ်ပေမယ့် အုပ်ချုပ်သူတွေတော့ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း မြန်မာလူမျိုးတွေ သင်္ကြန်စာ၊ သင်္ကြန်ဟော စာတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ အပြေးအလွှား ၀ယ်ဖတ်လေ့ရှိကြတာပါ။ အထူးသဖြင့်တော့ တိုင်းပြည်မှာ နိုင်ငံရေးအရ အခက်အခဲ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ သင်္ကြန်မှာ သကြားမင်း ဒီနှစ်အတွက် ဘာစီးဆင်းမလဲ၊ ဟောစာတမ်းမှာ ဘာတွေ ပါမလဲဆိုတာကို လူထုက သိချင်နေကြတာဖြစ်ပါတယ်။ အခုလာမယ့်နှစ်ကတော့ မြန်မာ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အတော်များများ ပြည့်ဝပြီး ကောင်းမွန် တဲ့ နှစ်တနှစ် ဖြစ်နိုင်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်း ထုတ်ပါတယ်။

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

(ဧရာဝတီ)

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သား စံသိန်းထွေးက ရှင်းပြသည်။
တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့် လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။
“ကျနော် အေးအေးဆေးဆေးပဲ နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။

Tuesday, April 9, 2013

စက်ရုပ်ဘဝနဲ့ ဝစီပိတ် တပ်မတော်သား ကိုယ်စားလှယ်များ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


လွှတ်တော်အတွင်း တပ်မတော်အရာရှိများ ယခင်ကလို လွတ်လပ်တက်ကြွစွာ ဆွေးနွေးခွင့် မရရှိတဲ့အပေါ် စစ်ဖက်နီးစပ်သူများက ဝေဖန်လာပါတယ်။ တပ်မတော်မှ အငြိမ်းစားယူသွားသော အရာရှိကြီးတစ်ဦးက ဒီဖြစ်စဉ်အပေါ် ဝေဖန်ကြည့်ရာမှာ “တပ်ချုပ်အနေနဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောထားတာ ရှိတယ်ဗျာ။ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရမည်ဆိုရင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ တန်းတူရင်ဘောင်တန်း ယှဉ်ရဲရမယ်ဗျ။ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး၊ သံတမန်ရေးရာဆက်ဆံရေး၊ တိုင်းရင်းသားရေးရာတွေမှာ အရပ်သားတွေ မသိနိုင်လောက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတော်အတွက် စေတနာထားပြီး ရှင်းပြရဲရမယ်၊ လွှတ်တော်အတွင်း တပ်မတော် အရာရှိတွေကို အတိုင်းအတာ တစ်ခုထိ အကန့်အသတ်ဖြင့် ဝေဖန် ဆွေးနွေး ပိုင်ခွင့် မပေးရင်တော့ နိုင်ငံတကာနှင့် ပြည်သူလူထုက တပ်မတော်ရဲ့ အထူးသဖြင့် အရာရှိတွေရဲ့ ဦးဆောင်မှု ခေါင်းဆောင်မှု အင်္ဂါရပ် အရည်အသွေးတွေကို Credit ပေးခွင့်ရမှာ မဟုတ်သလို တပ်မတော်ရဲ့ ပုံရိပ် Image ကိုလည်း တွေ့မြင်ကြမှာ မဟုတ်ဘူးဗျာ”။

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၃)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။                               မြန်မာနိုင်ငံ ကမ်းရိုးတန်းတလျောက် တပ်မတော်(ရေ) ၏ ကာကွယ်စောင့်ရှောက်မှု အနေအထားသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ အားနည်းနေသည်ကို တွေ့ရှိရသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် အမေရိကန် စစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ရှိလာကြောင်းကို ကြယ်ငါးပွင့်သင်္ဘော သတင်းပို့မှ သိရှိလာရပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အခင်း ဖြစ်ပွားသည့် ရေပိုင်နက် အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများက အင်အားကောင်းစွာဖြင့် လှုပ်ရှားနေသော်လည်း မြန်မာ ရတပ် သင်္ဘောများက ရေပြင်တွင် စိုးမိုးနိုင်ရန် စက်သုံးဆီ ချွေတာနေရကြောင်း သိရှိရပါသည်။ အလားတူ ထိုင်းနိုင်ငံတွင် လေယာဉ်တင် သင်္ဘောပိုင် ဆိုင်နေကြောင်း သိရှိရပါသည်။ မြန်မာ့ရေတပ် သင်္ဘောတွင်ရှိသော လေကြောင်း ကာကွယ်ရေး အမြောက်များမှာ ဒုတိယကမ္ဘာစစ် ကတည်းက အသုံးပြုသည့် အမြောက်များကိုသာ သုံးစွဲနေရသဖြင့် ရေပြင်ရှိ ဝေဟင်ပိုင်နက် နယ်နိမိတ်မြေကို ထိန်းသိမ်းနိုင်ရန်မှာ ရေတပ်၏ ကွပ်ကဲမှုအောက် လေယာဉ်များ လိုအပ်နေသေးသည်ဟု စစ်ဖက်နီးစပ်သူများက ဆိုပါသည်။

Friday, April 5, 2013

စက်ရုပ်ဘဝနဲ့ ဝစီပိတ် တပ်မတော်သား ကိုယ်စားလှယ်များ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှာ တင်ပြခဲ့တဲ့ သတင်းများကို ဖတ်ရှုလိုက်ရတဲ့ လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် အရာရှိတစ်ဦးက သူတို့ဟာ ပြုပြင်ပြောင်းလဲ ပွင့်လင်းမြင်သာ ခေတ်ကြီးထဲမှာ ဝစီပိတ်ကျင့်နေကြရပုံနဲ့ စက်ရုပ်ဘဝ ရောက်နေကြရပုံတွေကို ရင်ဖွင့်သွားပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၅% သော တပ်မတော်အရာရှိ အမည်စာရင်းများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်ချုပ်) က အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်များမှာ တက်ရောက်ခွင့် တင်သွင်းခဲ့ပါတယ်။ တပ်ရဲ့ ထုံးစံအတိုင်း တပ်သစ် ဖွဲ့စည်းမည် ဆိုပါက တပ်ဟောင်းက ဆိုးသွမ်းသူ၊ သုံးမရသူ၊ ဂဏန်းသွား ကန့်လန့်တိုက်သူများ၊ မလုပ်မရှုပ် မပြုတ်တဲ့ ရာထူးမတက်သူများကို တွန်းပိုးလေ့ ရှိကြပါတယ်။ အဲဒီ အစဉ်အလာအတိုင်း လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်ကြရမဲ့ အရာရှိစာရင်းကို လက်အောက်တပ်များက တပ်ချုပ်ထံ အဆိုပါ ဂုဏ်အင်္ဂါရပ် ဝိသေသထူးများနဲ့ ပြည့်စုံသူများကိုသာ ရွေးချယ်ကာ တင်ပြပေးခဲ့ကြပါတယ်။ စည်းလုံးခြင်းရဲ့အင်အားက လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် (လေ) မှ အရာရှိများအကြောင်း တင်ပြခဲ့ဖူးပါတယ်။

စစ်တပ်ပြုပြင် ပြောင်းလဲရေး - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ယန်းအစ်ခ်ျလာ။ 

ဒါပေမဲ့ စစ်တပ်အပေါ် အရပ်ဘက်ရဲ့ နိုင်ငံရေးအရ ထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ အားနည်းချွတ် ယွင်းချက်တွေကတော့ ဆက်ရှိနေတုန်းပါပဲ။ အမိန့် နာခံမှု အပိုင်းမှာ မကြာခဏ ဆိုသလို ပြန်လည် ဖွဲ့စည်းမှုနဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ မတူကွဲပြားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ (ကြည်းတပ်၊ လေတပ်နဲ့ ထောက်ပို့တပ် စသည်တို့) ကို ပထမပိုင်းမှာ တပ်မှူးကြီး တစ်ဦးက ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာ စစ်ဆေးရေးမှူး တစ်ဦးက ဦးဆောင်ခဲ့ကာ နောက်ဆုံး တပ်မှူးကြီး တစ်ဦးကပဲ ဦးဆောင် ခဲ့ပြန်ပါတယ်။ မြို့ပြ ကာကွယ်ရေးရဲ့ အမိန့်နာခံမှုနဲ့ ဖွဲ့စည်း တည်ဆောက်ပုံဟာလည်း အမြဲတမ်း ပြောင်းလဲ နေခဲ့ပါတယ်။ အဲဒီအချက်က လေ့ကျင့် သင်တန်း ပေးမှုရဲ့ အရည်အသွေးကို လျော့ကျစေခဲ့ပါတယ်။ လေ့ကျင့် သင်တန်းပေးရေး လုပ်ငန်းအတွက် ရန်ပုံငွေ မလုံလောက်မှု ဟာလည်း တစ်နေ့တစ်ခြား တိုးတိုးပြီး ပေါ်လွင် ထင်ရှား လာခဲ့ပါတယ်။

Thursday, April 4, 2013

"စစ်အာဏာရှင်တို့ကို လက်စတုံး ချေမှုန်းရမည်"

(စည်းလုံးခြင်းရဲ့အင်အား)


ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်

ဒီနေရာမှာ အလျဉ်းသင့် ကြုံကြိုက်လို့ ဒီနေ့ တပ်မတော်က သမိုင်းမှန်မသိ ဦးနှောက် မရှိတဲ့ ချိန်းဘရီး ဗိုလ်ယုတ်တစ်ဦးရဲ့ စုတ်ပဲ့ပုံ ဇာတ်လမ်းလေး တစ်ခုကို ရေးပြပါရစေ။ လွန်ခဲ့တဲ့ ၂၀၀၆ မတ်လ ဆန်းလောက်က ထင်ပါတယ်။ ကျပ်လို့ ပြေးကြရတဲ့ တောကြို အုံကြားက တိရစ္ဆာန်တို့ ကျက်စားရာ ကျပ်ပြေးကို သွားရောက် စစ်ဆေးပြီး မော်တော်ယာဉ်နဲ့ ရန်ကုန်ကိုပြန်မဲ့ ဗိုလ်ချုပ် တစ်ယောက်က ရန်ကုန်ပြန်တဲ့ ကားလမ်း တလျှောက်မှာ “အောင်ဆန်း” အမည်ပါတဲ့ ဆိုင်းဘုတ် တွေကို တစ်ခုတလေမှ မမြင်ချင်ဘူး ဆိုလို့ ဖောင်တော်သီ လမ်းခွဲက အောင်ဆန်း သူရိယ လှသောင်း အုတ်ဂူသို့ လမ်းညွှန် ဆိုင်းဘုတ် ကိုတောင် ချက်ချင်း ဖြုတ်ချ ပေးလိုက်ရတယ် ဆိုပဲဗျ။ ဒါကို တစ်ညမှာ DVB မှ ရဲဘော်ထက်အောင်ကျော်က ကျနော့်ကို အင်တာဗျူးတာနဲ့ ပယ်ပယ်နယ်နယ် တွယ်လိုက်ပြီး ရှမ်းစုရွာ သမိုင်းဝင် တိုက်ပွဲစဉ်ကိုပါ ရှင်းပြလိုက်ရ ပါသေးတယ်။ ကြုံဘူးပေါင်ဗျာ၊ ဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ဖြစ်လာသလဲ မသိပါဘူး။ မဟုတ်မှ လွဲရော မဆလ တစ်ပါတီ စစ်အာဏာရှင်တို့ ဘုန်းမီးနေလ တောက်ပ ချိန်လောက်မှ ဒီနေ့ တပ်မတော်ထဲ ရောက်ခဲ့တဲ့ အစုတ်ပလုပ် စစ်သူတောင်းစား တစ်ကောင်ဖြစ်ပါ လိမ့်မယ်။ “အောင်ဆန်း” ဆိုတာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ ၊ ပြည်သူတိုင်းရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ မူလပထမ ဖခင်အစစ်၊ ဒီနေ့ တပ်မတော်ကို စတင်စုဖွဲ့သူရယ်လို့ သူမသိရှာတာ သနားစရာပါဘဲ။

Monday, April 1, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

(၅၀)        ပြီးပြည့်စုံသော တိုက်ပွဲနယ်မြေတစ်ခုအား လေကြောင်း ရန်ကာကွယ်ရေးစနစ် တည်ဆောက် နိုင်ရန်အတွက်  အောက်ဖော်ပြပါ နည်းလမ်းများကို ပေါင်းစပ်အသုံးပြုရပါမည် -
                (က)  ပိုမိုအစွမ်းထက်ပြီး တန်ပြန်အီလက်ထရောနစ် လုပ်ဆောင်ခြင်းခံရမှု အန္တရာယ် အနည်းဆုံးသော ရန်သူ/မိတ်ဆွေ ခွဲခြားသောစနစ်တပ်ဆင်ထားရှိခြင်း။
                (ခ)    တိုက်ပွဲနယ်မြေအတွင်းရှိ အင်အားစုများအားလုံးကို မှန်ကန်စွာ ပေါင်းစပ်ညှိနှိုင်း ပေးနိုင်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်း ပါဝင်သော လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အား သတ်မှတ်နယ် မြေ အလိုက် ဖွဲ့စည်းပေးထားခြင်း။
                (ဂ)    တိုက်ပွဲနယ်မြေကို အချိန်နှင့်ထုထည်အလိုက် ဝေဟင်ပိုင်နက်ဇုံများ သတ်မှတ်ခွဲဝေ ထားရှိပြီး ကြီးကြပ်ကွပ်ကဲခြင်း။
                (ဃ)  ရေဒါများနှင့်ဆက်သွယ်ရေးစနစ်များ၏ တန်ပြန် အီလက်ထရောနစ်နည်းကို တန်ပြန်ဆောင် ရွက်မှုဆိုင်ရာအပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် စေခြင်း။

ရဲတွေ အပေါ် စစ်တပ်က အမြင် မကြည်လင်

(စည်းလုံးခြင်းရဲ့အင်အား)


ယခုတလော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေဆဲ ပဋိပက္ခများ၊ အဓိကရုဏ်များကြောင့် မနိုင်မနင်း ဖြစ်နေရတဲ့ ရဲတပ်ဖွဲ့ဝင်များအပေါ် တပ်မတော်သားများက အမြင် မကြည်လင် ဖြစ်နေရကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့ လာပါတယ်။

မကြာသေးမှီကလေးကမှ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ်အတွင်း အဓိကရုဏ်းများနှင့် ပဲခူးတိုင်း ဒေသကြီး လက်အောက်ခံ မြို့နယ် တော်တော်များမှာ အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပွားလာတာမို့ ရှေ့တန်းမှ ပြန်လည် ရောက်ရှိနေပြီး စုဖွဲ့ အနားယူနေတဲ့ တပ်မများကို ကက (ကြည်း) မှ အရေးပေါ် ဆွဲထုတ် သုံးနေရပါတယ်။ စစ်ရုံးနဲ့ နီးစပ်သူများထံမှ တပ်မ အရွေ့အပြောင်း သတင်း သိရှိရသည်မှာ ပဲခူးတိုင်း ဒေသကြီး ရွှေကျင် ကျောက်ကြီး စစ်ဆင်ရေးဒေသ ဧရိယာအတွင်းမှ တပ်မ (၇၇) က တပ်မ (၂၂) နှင့် ရှေ့တန်း တာဝန်ချိန်းပြီး ပဲခူးသို့ ပြန်လည်