Saturday, April 20, 2013

ဗုံးကွဲမူဖြစ်ရင်ဘာမှမဆိုင်တဲ့လူကို ပြီးပြီးရောဆွဲထည့်တတ်တဲ့အစဉ်အလာရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတုယူနိုင်ပါစေ

(ဒေါင်းမာန်ဟုန်)


ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။ 





 ဆက်သွယ်ရေးတွေအားလုံး ပိတ်ထားတယ်။ ဘော်စတွန်လေပျံခရီးစဉ်ပါ ပိတ်ဆို့ထားတယ်။ တက်ကစီတွေ ဘတ်စ်ကားတွေ မီးရထားတွေ အားလုံး ပိတ်ထားတယ်။ တစ်မြို့လုံးစီးပွါးရေးတွေ ပိတ်လိုက်တယ်။ ကျောင်းတွေအားလုံးပိတ်ထားပါတယ်။ ရဲအရာရှိတွေ မူ့ခင်းအရာရှိတွေ စစ်သားတွေ အားလုံး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေနေပါတယ်။ အကြမ်းဖက်သမားဖြစ်သူအ ကိုကြီးကတော့ အသက် ၂၆နှစ်ရှိပြီး အမည်မှာ Tamerlan Tsarnaev ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်ညီအကို နှစ်ဦးဟာ ဘော်စတွန် ကွန်မြူနတီကောလိပ်မှာ အင်ဂျင်နီယာဘာသာ သင်ယူနေကြတဲ့ မူဆလင် ညီအကိုနှစ်ဦးဖြစ်ပါတယ်။ ရုရှားပြည်ထောင်စုကခွဲထွက်သွားတဲ့ CHECHNYA (ဥရောပရဲ့ အရှေ့တောင်အရပ် ) က ကျောင်းလာတက်ကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ အမေရိကား ကို လွန်ခဲ့တဲ့ (၇) နှစ်လောက်ကတည်းက ပြောင်းရွှေ့အခြေချလာကြသူတွေဖြစ်ပါတယ်တဲ့။

 လူတကာ ကြောက်လန့်ပြီး ပြေးလွှားနေတဲ့အချိန်မှာ ခပ်တည်တည်နဲ့ မှင်သေသေ လမ်းလျှောက်သွားတဲ့ သံသယရှိတဲ့လူ အမှတ် ၂ ကို ဒေးဗစ်ဂရင်းဆိုတဲ့လူ ရိုက်ထားတဲ့ ဓာတ်ပုံမှာ တွေ့ရတဲ့ ပုံ ။ ရဲနဲ့ပြည်သူ လက်တွဲကူ ဆိုတာ ဒါမျိုးဖြစ်မယ်ဗျ ။ ဒီလို ရနိုင်သမျှ ဓာတ်ပုံတွေကို အသေးစိတ် ကြည့်ရူကြရင်းနဲ့ ခြေရာခံမိသွားတာ။ ပြည်သူရဲ့အားက အများကြီးပါသလို FBI ရဲ့ ကြိုးစားအားထုတ်မူကလည်းကြောက်ခမန်းလိလိပါ။

ဗုံးကွဲကွဲခြင်း အိုဘားမားက ကျွန်တော်တို့ ဘယ်သူ လုပ်လည်း ဖော်ထုတ်မယ် ဘာကြောင့်လုပ်လည်း

ဖော်ထုတ်မယ်လို့ ယုံကြည်မူ ရှိရှိတဲ့ ပြောသွားတဲ့ စကားကို အစက သိပ် မထင်ထားပေမယ့် ခုတော့ ကောင်းကောင်း သက်သေပြသွားပါပြီ။ ဗုံးကွဲမူဖြစ်ရင် ဘာမှမဆိုင်တဲ့ လူကို ပြီးပြီးရော ဆွဲထည့်တတ်တဲ့ အစဉ်အလာရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတုယူနိုင်ပါစေဗျာ။


Zaw Win, Nyi Thit

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။