Friday, April 19, 2013

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၁)

ကျနော့ မင်းမဟာ ပုဂံအား နေပြည်တော်မှ တိုက်ချလိုက်သောကြောင့် ယခု ပြန်တင်ပါသည်။

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း - အပိုင်း(၁)

ပွင့်လင်းလွတ်လပ်စွာ ခြေရာခံ စစ်ဆေးနိုင်မှု ကင်းမဲ့ခြင်းကြောင့် အဂတိချစားမှုက ဆင်းရဲ ချမ်းသာမှုအား အံ့မခန်းဘွယ် ကွာဟ ကြီးထွားလာရခြင်းနှင့် အကန့်သတ် သီးခြား သတ်မှတ်ထားသည့် အနည်းငယ်သော လူတန်းစားများအတွက်သာ ကြီးမားသော ငွေရေးကြေးရေးပိုင်ဆိုင် စီမံပိုင်ခွင့်အားမျက်နှာသာပေးခွင့်ပြုထားလေ၏။ ထိုအချက်၂ချက်ကြောင့် ဆင်းရဲချွတ်ခြုံကျမှုပမာဏ တိုးမြင့်လာပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်စွာ အသုံးပြုခွင့်ရှိသော ဓနအင်အား ချိနဲ့ ချို့ယွင်းသွားရသည်ဟု The Financial Time က ရေးသားထောက်ပြပါသည်။
A lack of accountability, corruption allows enormous financial opportunity for a select few at the expense of average persons, intensifying the gap between rich and poor; this coupled with a resulting lack of effective social spending, leads to increased rates of poverty.(The Financial Time)

မြန်မာပြည်အတွင်း နိုင်ငံခြားမှ ၀င်လာသောငွေ၏ အကြီးမားဆုံးသည် တန်ဘိုးဂနကြီးသော ကျောက်မျက်၇တနာလုပ်ငန်းနှင့် သဘာဝတွင်းထွက် ဂစ် များအား စုပ်ထုတ်ရောင်းချခြင်းဟု သိရသည်။ ယခင် ဦးသန်းရွှေ စစ်အုပ်စုနှင့် ယခု ဦးသိန်းစိန်တို့၏ အုပ်စုနှစ်ခုလုံးက တိုင်းပြည်၏ ၀င်ငွေပမာနအား ပွင့်လင်းမြင်သာစွားဆောင်ရွက်လုပ်ကိုင်ခွင့်မပြုကြောင်းကို ယခုတိုင်ပင်ရှိနေလေသည်။ တိုင်းပြည်၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ ၀င်ငွေပမာဏအား ယနေ့ထိ ဘယ်လို ရရှိသည်၊ မည်သို့ စီမံသုံးစွဲသည် ဆိုသော အချင်းရာအား ဖွင့်ထုတ်ဖေါ်ပြခြင်းမရှိသည့်အပြင် စစ်ဘက်ဆိုင်ရာမှ ပါဝင်ပတ်သက်သော ရင်းနှီးမြုပ်နှံလုပ်ကိုင်သည့် လုပ်ငန်းများအား အဆိုပါဝင်များတွင် စီမံဆောင်ရွက်ခွင့်ရှိနေသောကြောင့် မည်သို့မည်ပုံ ရရှိသုံးစွဲနေသည်မှာ ခန့်မှန်းတွက်ဆနိုင်ခြင်းမရှိသေးသော အနေထားတွင်ရှိနေရခြင်းနှင့် အကျိုးမြတ်ခွဲဝေရယူမှုအနေထား ဖုံးကွယ်ထားခြင်းသည်ကပင် အလွန်ရှည်လျှားသော မြန်မာပြည်၏ သံယံဇာတမှာ ကြောက်မက်ဖွယ်ကြိမ်စာသင့်နေကြောင်း Asia Review စာစောင်က ရေးသား ထောက်ပြပါသည်။

Although revenues from the export of natural gas and precious jades are the largest source of foreign income in Burma, there has been no revenue transparency under both the previous Than Shwe regime and the current Thein Sein regime. How the government receives, manages, or uses oil and gas revenues is not publicly disclosed, the role that military enterprises play in revenue management and use remains unaccountable, and a total lack of benefit sharing is prolonging Burma’s resource curse.( Asia Review)

၂၀၀၁ ခုနှစ်မှစ၍ သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ရရှိသော ကနဦးလက်ခံရရှိသော ၀င်ငွေမှ ယနေ့တိုင်ပင် မည်သို့ လုပ်ကိုင်ဆောင်ရွက် ခန့်ခွဲကြောင်း အတိလင်း ဖေါ်ပြခြင်း မရှိသည်မှာ ဦးသန်းရွှေ စစ်အုပ်စုအုပ်ချုပ်မှုကာလနှင့် လက်ရှိ ဦးသိန်းစိန် အုပ်စု အုပ်ချုပ်နေသော ကာလ နှစ်ရပ်လုံးတွင် တွေ့ရသည်။ သဘာဝဓါတ်ငွေ့များ ရောင်းချလိုက်ခြင်းမှရသော နိုင်ငံတော်ပိုင်ငွေများသည် ပြည်သူအတွက် သုံးစွဲရန် ဘတ်ဂျက်ငွေအဖြစ် အဘယ်ကြောင့်ရောက်လာခြင်းမရှိသေးသလဲ?ဟု မေးခွန်းထုတ်၇ပေမည်။ သို့သော် ကျွမ်းကျင်သော ပညာရှင်အများစု၏ ခန့်မှန်းတွက်ချက်မှုအရ အဆိုပါ နိုင်ငံခြားဝင်ငွေများသည် တိုင်းပြည်သို့ ၀င်မလာပဲ နိုင်ငံခြားတွင်ရှိသော ငွေအပ်နှံမှု (ဘန့်ခ်) အကောင့်များတွင်သာ အပ်နှံထားပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအတွက် နှင့် စစ်ဘက်ဆိုင်ရာ စစ်လက်နက်များ ၀ယ်ယူရန်အတွက်သာ ထည့်သွင်းထားသည်ဟု ( The Global Economic) စာစောင်က ထောက်ပြထားသည်။

Since receiving its first payments for the export of gas in 2001 until today, both the military junta led by Than Shwe and the current Thein Sein regime have not disclosed how gas revenues enter the country or how they are managed. The gas money is not entered into public accounts or the national budget, so where is it? Most analysts speculate that payments are deposited into foreign bank accounts which are accessed by military generals for arms purchases and personal expenses.
( The Global Economic)
နိုင်ငံတော်မှ ပိုင်ဆိုင်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းဆိုင်ရာတွင် လုပ်ကိုင်ခဲ့သော အရာရှိကြီး တဦး၏အဆိုအရ ဆိုလျှင်၊ ရတနာ သဘာဝဓါတ်ငွေ့မှ ရောင်းချရရှိသော ငွေများအား မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာခြင်းလုံးဝမရှိကြောင်း ဖွင့်ဟဘူးသည်။ အဆိုပါ ထိုင်းနိုင်ငံသို့ ရောင်းရငွေများအား တတိယ ကြားခံအဖွဲ့စည်းမှ နိုင်ငံခြားတိုင်းပြည်များဖြစ်သော တရုတ်၊ ဒူဘိုင်းနှင့် စကာင်္ပူတို့တွင်ရှိသော ငွေအပ်နှံရာ ဘဏ်များသို့ ပေးချေ ရောက်ရှိနေသည်။

၂၀၀၉ ခုနှစ်တွင် မြန်မာပြည်မှာ အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၂ထောင်မှ သန်းပေါင်း ၄ထောင် ထိပင် ထိုင်းနိုင်ငံသို့ ရောင်းချရသော ၀င်ငွေများ ရရှိခဲ့ရပြီး ၄င်းငွေသားများအား မြန်မာပြည်သူများနှင့်ဆိုင်သော တိုင်းပြည်၏ ဘဏ်အတွင်းသို့ ရောက်ရှိလာရန်မှ (The Economic Star Magazine) စောင်က အောက်ပါအတိုင်း ထောက်ပြထားသည်။

According to a former official of the state-owned Myanmar Oil and Gas Enterprise (MOGE), income from the sale of the Yadana gas never even enters Burma. The payments are disbursed by Thailand through a third party to bank accounts in foreign countries such as Singapore, Dubai, and China. in 2009 that “Burma currently receives between $2 and $4 billion a year from its sales of natural gas to Thailand, but these funds are kept far from the country’s public accounts.

အဆိုပါ ထောက်ပြသောအကြောင်းရာများထဲတွင် ထိမိဆုံးသော စကားလုံးမှာ” မြန်မာပြည် စစ်အာဏာရှင် အစိုးရမှ လူ့အခွင့်ရေးများအား မိမိ၏ တိုင်းသူပြည်သားများအပေါ် ချိုးဖေါက်ယုံတင်မက သန်းထောင်ပေါင်းများစွာသော အမေ၇ိကန် ဒေါ်လာများအား လုံးလုံးလျားလျား ပြည်သူများမှ ဓားမြတိုက် လုယက် ကွယ်ဝှက်ထားသည်” ဟု ဆိုထားသည်။


“As well as violating their own citizens’ human rights, Burma’s

military rulers are robbing their people blind by hiding billions in

energy revenues.”

 
သဘာဝဓါတ်ငွေ့နှင့် ကျောက်မြက်ရတနာတို့မှရ၇ှိသော ၀င်ငွေအား တရားဝင် ငွေလဲလှယ်နုံန်းအဖြင့် အမေ၇ိ ၁ကန်ဒေါ်လာသည် မြန်မာငွေ ၈၀၀မှ ၁၀၀၀ ကျပ် ၀န်းကျင်ပေါက်သော အချိန်ဝယ် မြန်မာငွေ ၆ ကျပ်နုံန်းနှင့်သာ နှစ်ပေါင်း ၂၀ ကာလအတွင်း စစ်အုပ်ချုပ်မှုတွင် သတ်မှတ်ခဲ့သည့်အတွက် သဘဘ၀ဓါတ်ငွေ့ရောင်းချမှုမှရရှိသော သန်းထောင်ပေါင်းများစွာဖြစ်သည့် အမေရိကန်ဒေါ်လာများအား

စားရင်းအင်းမရှိ အရှင်းပြောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် မြန်မာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများက ၁၉၉၈ ခုနှစ်မှစကာ အဆိုပါ တရားဝင်ငွေလဲနုံန်း သတ်မှတ်ထားချက်အရ နိုင်ငံခြားသို့တင်ပို့သော သဘာဝဓါတ်ငွေ့ရောင်းချမှုတန်ဘိုး၏ ဒေါ်လာ ဘီလီယံများစွာအား ဆထက်တံပိုး ကွယ်ဝှက်ကာ အိပ်ထဲသို့ ထည့်ခဲ့ကြသည် ဟု လက်ရှိ အမေ၇ိကန် ငွေထိန်းချုပ်ရေဌာနက ထုတ်ပြန်ထားခဲ့ဘူးသည်။


Gas and jade revenues in Burma are recorded at the ‘official’ exchange rate of 6 kyat: US$1 while the market exchange rate ranges from 800-1,000 kyat: US$1 under military regime rule for 20 years, leaving billions of dollars’ worth of gas payments completely unaccounted for. Burma’s top military generals have therefore hidden billions of gas export dollars since 1998 due to the dual exchange rate system in Burma according to US Treasury Control Department.


အဆိုပါ ငွေလဲလှယ်နုံန်းစည်းမျဉ်းအရ မြန်မာအာဏာပိုင် အုပ်စုအဖို့ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိတိုင် ရတနာ သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်တင်ပို ရောင်းချသောဝင်ငွေမျာအား အမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၄ထောင်နီးပါးမှ သန်းပေါင်း ၅ ထောင် နီးပါအထိ နိုင်ငံတော်ဝင်ငွေ ၉၉ ရာနုံန်းအား ခိုးဝှက် ခဲ့ကြသည်ဟု ခန့်မှန်းထားကြသည်။ ရတနာ သဘာဝဓါတ်ငွေ့တခုတည်းမှပင် တင်ပို့သော နိုင်ငံတော်ပိုင် တန်ဘိုးဝင်ငွေ ပမာဏ ဘာဂျက်တခုတည်းပင်သည် မြန်မာပြည်အတွင်း ခလေးသူငယ် သန်း၃၀ အတွက် ပညာရေးဆိုင်ရာ စာသင်ကျောင်းပေါင်း ၂ သောင်း ကျော်မက တည်ဆောက်ဖွင့်လှစ်ထူထောင်ပေးလို့ရသည်ဟု Burma’s Resource Curse ဟုခေါ်သော “မြန်မာ့ သံယံဇာတ ကြိမ်စာသင့်နေခြင်း” ဆိုသော စာတမ်းတွင် အတိကျ ထောက်ပြထားပါသည် ခင်ဗျာ။


Based on this exchange rate system, the military regime has hidden 99% of the Yadana gas exports from 2000 to 2008 (an estimated US$4 of US$ 4.83 billion). The unrecorded gas export revenue in the national budget from the Yadana project alone could build more than 200,000 schools for 30 million children.


ဆက်လက်ပြီး ဒုတိယ ဇာတ်သိမ်းပိုင်းအား တင်ပြပေးပါမည်။

စာဖတ်သူ fb မိတ်ဆွေများအား ကျေးဇူးအထူးတင်ပါသည်။


ဂိုလ်ရှယ်လေး


မှတ်ချက်။ ။ ဒုတိယပိုင်းတွင် သူခိုးတို့ လိမ်လည်မှု မည်မျှပင်ပိရိကြောင်း သက်သေအထောက်ထားများဖြင့်တင်ပြပေးပါမည်။
Copy from - Maha Mingyi

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။