Saturday, August 24, 2013

လူသိနည်းခဲ့သော တပ်မတော်အတွင်းမှ ဖြစ်စဉ်များ

(Burma VJ Media)

“စစ်အာဏာရှင်တွေ ဟာ နိုင်ငံရဲ့အဆီအနှစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစား သုံးပြီး ခေတ်မီ တပ်မတော် တည်ဆောက် ခဲ့ပေမဲ့ ထင်သလောက် ခရီးမပေါက်နိုင်ခဲ့ပါ ဘူး။ စစ်ဗိုလ်ချုပ်တွေ ဟာ ကိုယ်ကျိုး အတွက် တပ်မတော်ကို လက်ကိုင် တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာခဲ့သလို စစ်အင်အားကို ကြီးထွားလာအောင် အလောတကြီး တိုးချဲ့ခြင်းကြောင့် ကလေးစစ်သားပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေ များပြားလာ ခြင်းပြဿနာ အစရှိတဲ့
မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းက ရှေ့ကို အလောတကြီးတိုးနေပေမဲ့ ပြဿနာအထွေထွေတို့ကြောင့် ခေတ်မီရေးနဲ့ အင်အား တိုးချဲ့ရေးအတွက် အလျဉ်မမီနိုင်ပဲဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ “Building the Tatmadaw: Myanmar Armed Forces Since 1948” စာအုပ်ကို ရေးခဲ့တဲ့ ကိုအောင်မျိုးက မြန်မာ့ တပ်မတော်ဟာ ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးမသန်ဘူး လို့တင်စားပြောဆိုသွားခဲ့ဖူးပါတယ်။ တပ်မတော်ရဲ့ခါးမသန်မှုတွေထဲက အကြောင်းအရာတစ်ခုကို ပြောရရင်တော့ …….” စသဖြင့် ပြည်သူတွေဆီသတင်းမရောက်၊ လူသိနည်းခဲ့တဲ့ တပ်မတော်တွင်းမှ ဖြစ်စဉ်များကို Leaks From Burma ကဏ္ဍမှ မကြာမီရက်ပိုင်းအတွင်း တင်ဆက်ပေးပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။