Monday, July 22, 2013

ကပ္ပလီ ဗိုလ်ရွှေမန်း (Tu Maung Nyo)

(မိုးမခ)

အမတ်ချုပ်ကြီးကို ကပ္ပလီဗိုလ်ရွှေမန်းဟု ခေါ်ရတော့မည်။

        ဒီချုပ်ဥက္ကဋ္ဌ အနားကပ်ထားပြီး၊ ပလီစိချောက်ချက်တွေ ပြောနေသဖြင့် ယင်းသို့ ခေါ်လိုက်ရခြင်းဖြစ်သည်။

 ဇူလိုင်၁၈ ရက်လွှတ်တော်ခမ်းမဆောင်၌ မီဒီယာသမားများနှင့်တွေ့ဆုံပွဲဓါတ်ပုံများ၊  ခြံအမှတ် ၅၄ မှာပြုလုပ်သော အာဇာနည် နေ့ဆွမ်းကျွေးဓါတ်ပုံများသည် ပလူပျံနေတော့သည်။

 ဗိုလ်ချုပ်ကိုနောက်ခံထား၍ သမ္မတကြီး(ဗိုလ်)ဦးသိန်းစိန်နှင့် ဒီချုပ်ဥက္ကဋ္ဌအတူတွဲရိုက်ခဲ့သော ဓါတ်ပုံသည်ပင်အတိတ်မှာ ကျန် ခဲ့ပြီ။ ယခု အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းနှင့်ရိုက်ထားသောပုံများက သမ္မတကြီးနှင့်အတူတွဲ ရိုက်ခဲ့သော ဓါတ်ပုံထက် ပို၍အသက်ဝင် လှသည်။ ပေါ့ပေါ့ပါးပါး ပြုံး၊ ရယ်၊ ဟား။

        ယင်းပုံများကိုကြည့်၍ ၂၀၁၅အတွက်နိုင်ငံရေးဗေဒင်တွက်သူကတွက်၍၊ နိုင်ငံရေးဟောစာတမ်းထုတ်သူကထုတ်ကြသည်။ စိတ်ကူး ဖဲရိုက် သူ ကရိုက်ကြသည်။ ကိစ္စမရှိ စိတ်ကူးထဲတွင် တိုက်အိမ်မျှမက ရဲတိုက်နန်းတော်ကြီးပင်ဆောက်လိုက ဆောက်နိုင်သည်။ စိတ်ကူးယဉ်ပြန် လည်သင့်မြတ်ရေးရွှေနိုင်ငံတော်ကြီးတည်ဆောက်အုံးမလား ရသည်သာပင်။ စိတ်ကူးယဉ်သည်ကို ပိုက်ဆံပေးရ သည်မဟုတ်။ မည်သူ့ထံမှာမှတင်ပြပြီးခွင့်ပြုချက်တောင်းနေစရာမလို။ သဘောရှိစိတ်ကူးယဉ်နိုင်သည်။ သို့သော်လည်း စိတ်ကူးသည် စိတ်ကူးပင် ဖြစ်မဟုတ်လား။

        အမတ်ချုပ်ကြီးကပ္ပလီဗိုလ်ရွှေမန်းကလည်း သူ့စိတ်ထဲမှာရှိတာနဲ့ သူတို့တကယ်လက်တွေ့ဆုံးဖြတ်ခဲ့ပုံကို မီဒီယာများထံ ဤသို့ ထုတ်ပြောလေသည်။

        ကာ/လုံခေါ်ပြီး အစည်းအဝေး လုပ်တဲ့အခါမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်း တဲ့ အကြောင်းကတော့ ယခင်ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်များ မရှိတော့တဲ့အတွက် သူတို့နေရာမှာ အစားထိုးပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတော့ ကာ အန်တီစုကို ဒီနေရာမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ကိုတော့ အဲဒီအစည်းဝေးမှာ မပြောခဲ့ပါဘူး။ သို့ပေမဲ့ စိတ်ထဲမှာ တော့ရှိပါ တယ်  ဒီမှာတင် အမတ်ချုပ်ကြီးရဲ့တကယ့်သဘောထားပေါ်လွင်သည်။ 

        ဗိုလ်အောင်မင်းကပြောလိုက်တော့ပိုရှင်းသွားပါတယ်။

အခြားသောလွှတ်တော်ကော်မတီများဖြစ်သော သိန်းဇော် ကော်မတီ  ဌေးဦးကော်မတီတို့ ပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့တရားဥပဒေစိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့လည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးကြတဲ့အခါမှာ ပါဝင်ဖို့ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

        သို့ဖြင့် ဗိုလ်ရွှေမန်းတို့သည် နိုင်ငံရေးလျှပ်စီးလက်နေတော့သည်။

        ခြံအမှတ် ၅၄ ထဲထိ ခြေဆန့်သည်။ ဗိုလ်ခင်အောင်မြင့်က နတ်မောက်သွားပြီး ငွေကျပ် ၁၀ သိန်းအလှူငွေထည့်သည်၊ ဗိုလ်ချုပ်လက်ရေးစာအုပ်ဇွတ်ယူလာသည်။ အဖြည့်ခံသမ္မတစိုင်းမောက်ခမ်းက အာဇာနည်ကုန်းသွား၍ပန်းခွေချအလေးပြုရသည်။

        ဤသို့သောဖြစ်ရပ်များက ဆောင်းပါးအစပိုင်းတွင်ဖေါ်ပြခဲ့သလို စိတ်ကူးယဉ်မှုတွေကိုပေါ်ပေါက်စေခဲ့ပြီး၊ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဗဟိုပြုပြီး ကြံ့ဖွံ့ပါတီကလွှတ်တင်လိုက်သည့် မှိုင်းဝနေသောမီးပုံးပျံတစ်လုံးသည် မြန်မာ့နိုင်ငံရေးလေထုထဲသို့ ဝေ့ဝဲ တက်သွားတော့သည်။

 ကြံ့ဖွံ့ပါတီ၏သဘောထားအမှန်ကို ထင်ဟပ်နေသည့် အမတ်ချုပ်ကြီးဗိုလ်ရွှေမန်းစကားတစ်ခွန်းမှာ မှတ်လောက်သားလောက် ရှိပါသည်။

        တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်၊ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်

စိတ်ကူးယဉ်နေသူများသတိပြုသင့်သည့်အချက်ဖြစ်သည်။ ဤအချက်က သူတို့၏စိတ်ကူးယဉ်မှု မိုးပျံပူပေါင်းကို ထိုးခွဲလိုက်မည့် အချက်လည်းဖြစ်နေသည်။

ကြံ့ဖွံ့ပါတီသည်ဒေါ်အောင်ဆန်းစုကြည်ကို၂၀၀၈အခြေခံဥပဒေပွဲထုတ်ရာ၌ အသုံးချခဲ့ကြပြီ၊ လက်ပံတောင်းအရေးအခင်း တွင်အသုံးချခဲ့ကြပြီ၊ သူတို့တွက်ကိန်းတွေ လက်တွေ့ဖြစ်မြောက်လာခဲ့သည်မဟုတ်သလော။

ဒေါ်အောင်ဆန်းစုကြည်နှင့်ခွဲထားလျှင်ခွာထားလျှင်၊ ရန်သူလိုဆက်ဆံနေရင်ပြည်တွင်းနှင့်နိုင်ငံတကာတွင် သူတို့ပုံရိပ် မကောင်းနိုင်သည်ကို သဘောပေါက်ကြသည်။ သို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ကပ်နိုင်သမျှကပ်ထားရန် ဆုံးဖြတ်ထားကြပြီဖြစ် သည်။ ဤသို့ကပ်ထားသည်မှာ အာဏာခွဲဝေပေးဖို့မဟုတ်ဆိုသည့်အချက်ကိုလည်း (ကာ/လုံ) ၊ စစ်တပ်နှင့်၊ ကြံ့ဖွံ့ပါတီတို့ထဲတွင် ရှင်း လင်းခဲ့ကြပြီးပုံပေါ်ပါသည်။

ယနေ့ပြည်တွင်းပြည်ပအခြေအနေအရ အာဏာကိုရေရှည်ထိန်းသိမ်းရာတွင် ကြံ့ဖွံ့ပါတီအနေဖြင့် စစ်တပ်နှင့် ၂၀၀၈ အခြေခံ ဥပဒေကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ထားနိုင်ပြီဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ထင်ပေါ်ကျော်ကြားမှုကို ပီပီပြင်ပြင်အသုံးချရမည်ဆိုသည့် အချက်ကို သူတို့ ကောင်းကောင်းနားလည်သဘောပေါက်ကြပါသည်။

သို့ဖြင့် အမေရိကန်ကပြန်လာပြီး အမတ်ချုပ်ကြီးဗိုလ်ရွှေမန်း ခြေလှမ်းတွေ ပိုသွက်ပိုရဲလာတာတွေ့ရသည်။ ဒီချုပ်ဥက္ကဋ္ဌ အနား သို့ လည်းပို၍ပို၍ ကပ်လာခဲ့သည်။

မြောက်ကိုးရီးယား လက်နက်အရောင်းအဝယ်ကိစ္စတွင် ဗိုလ်သိန်းဋ္ဌေး တစ်ဦးတည်းကိုသာ အမည်ပျက်စာရင်းသွင်းလိုက်ခြင်း ဖြင့်အမေရိကန်နှင့်ဈေးတည့်ခဲ့ကြပုံပေါ်သည်။ စင်စစ် မြောက်ကိုးရီးယားလက်နက်ကိစ္စ အဓိကတာဝန်ရှိသူမှာ  ဗိုလ်ရွှေမန်းသာဖြစ်သည်။ သို့သော်လည်း အမေရိကန်က ဗိုလ်ရွှေမန်း အပါအဝင် ကြံ့ဖွံ့အစိုးရတဖွဲ့လုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပုံရသည်။
 
အမတ်ချုပ်ကြီးကို “ကပ္ပလီဗိုလ်ရွှေမန်း” ဟု ခေါ်ရတော့မည်။
            ဒီချုပ်ဥက္ကဋ္ဌ အနားကပ်ထားပြီး၊ ပလီစိချောက်ချက်တွေ ပြောနေသဖြင့် ယင်းသို့ ခေါ်လိုက်ရခြင်းဖြစ်သည်။
 ဇူလိုင်၁၈ ရက်လွှတ်တော်ခမ်းမဆောင်၌ မီဒီယာသမားများနှင့်တွေ့ဆုံပွဲဓါတ်ပုံများ၊  ခြံအမှတ် ၅၄ မှာပြုလုပ်သော အာဇာနည် နေ့ဆွမ်းကျွေးဓါတ်ပုံများသည် ပလူပျံနေတော့သည်။
 ဗိုလ်ချုပ်ကိုနောက်ခံထား၍ သမ္မတကြီး(ဗိုလ်)ဦးသိန်းစိန်နှင့် ဒီချုပ်ဥက္ကဋ္ဌအတူတွဲရိုက်ခဲ့သော ဓါတ်ပုံသည်ပင်အတိတ်မှာ ကျန် ခဲ့ပြီ။ ယခု အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းနှင့်ရိုက်ထားသောပုံများက သမ္မတကြီးနှင့်အတူတွဲ ရိုက်ခဲ့သော ဓါတ်ပုံထက် ပို၍အသက်ဝင် လှသည်။ ပေါ့ပေါ့ပါးပါး ပြုံး၊ ရယ်၊ ဟား။
            ယင်းပုံများကိုကြည့်၍ ၂၀၁၅အတွက်နိုင်ငံရေးဗေဒင်တွက်သူကတွက်၍၊ နိုင်ငံရေးဟောစာတမ်းထုတ်သူကထုတ်ကြသည်။ စိတ်ကူး ဖဲရိုက် သူ ကရိုက်ကြသည်။ ကိစ္စမရှိ စိတ်ကူးထဲတွင် တိုက်အိမ်မျှမက ရဲတိုက်နန်းတော်ကြီးပင်ဆောက်လိုက ဆောက်နိုင်သည်။ “စိတ်ကူးယဉ်ပြန် လည်သင့်မြတ်ရေးရွှေနိုင်ငံတော်ကြီး” တည်ဆောက်အုံးမလား ရသည်သာပင်။ စိတ်ကူးယဉ်သည်ကို ပိုက်ဆံပေးရ သည်မဟုတ်။ မည်သူ့ထံမှာမှတင်ပြပြီးခွင့်ပြုချက်တောင်းနေစရာမလို။ သဘောရှိစိတ်ကူးယဉ်နိုင်သည်။ သို့သော်လည်း စိတ်ကူးသည် စိတ်ကူးပင် ဖြစ်မဟုတ်လား။
            အမတ်ချုပ်ကြီးကပ္ပလီဗိုလ်ရွှေမန်းကလည်း သူ့စိတ်ထဲမှာရှိတာနဲ့ သူတို့တကယ်လက်တွေ့ဆုံးဖြတ်ခဲ့ပုံကို မီဒီယာများထံ ဤသို့ ထုတ်ပြောလေသည်။
            “ကာ/လုံခေါ်ပြီး အစည်းအဝေး လုပ်တဲ့အခါမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်း တဲ့ အကြောင်းကတော့ ယခင်ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်များ မရှိတော့တဲ့အတွက် သူတို့နေရာမှာ အစားထိုးပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတော့ ကာ အန်တီစုကို ဒီနေရာမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ကိုတော့ အဲဒီအစည်းဝေးမှာ မပြောခဲ့ပါဘူး။ သို့ပေမဲ့ စိတ်ထဲမှာ တော့ရှိပါ တယ်”  ဒီမှာတင် အမတ်ချုပ်ကြီးရဲ့တကယ့်သဘောထားပေါ်လွင်သည်။ 
            ဗိုလ်အောင်မင်းကပြောလိုက်တော့ပိုရှင်းသွားပါတယ်။ အခြားသောလွှတ်တော်ကော်မတီများဖြစ်သော “သိန်းဇော် ကော်မတီ”၊  “ဌေးဦးကော်မတီ”တို့ ပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ “တရားဥပဒေစိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီ” အနေနဲ့လည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးကြတဲ့အခါမှာ ပါဝင်ဖို့ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
            သို့ဖြင့် ဗိုလ်ရွှေမန်းတို့သည် နိုင်ငံရေးလျှပ်စီးလက်နေတော့သည်။
            ခြံအမှတ် ၅၄ ထဲထိ ခြေဆန့်သည်။ ဗိုလ်ခင်အောင်မြင့်က နတ်မောက်သွားပြီး ငွေကျပ် ၁၀ သိန်းအလှူငွေထည့်သည်၊ “ဗိုလ်ချုပ်လက်ရေးစာအုပ်” ဇွတ်ယူလာသည်။ အဖြည့်ခံသမ္မတစိုင်းမောက်ခမ်းက အာဇာနည်ကုန်းသွား၍ပန်းခွေချအလေးပြုရသည်။
            ဤသို့သောဖြစ်ရပ်များက ဆောင်းပါးအစပိုင်းတွင်ဖေါ်ပြခဲ့သလို စိတ်ကူးယဉ်မှုတွေကိုပေါ်ပေါက်စေခဲ့ပြီး၊ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဗဟိုပြုပြီး ကြံ့ဖွံ့ပါတီကလွှတ်တင်လိုက်သည့် မှိုင်းဝနေသောမီးပုံးပျံတစ်လုံးသည် မြန်မာ့နိုင်ငံရေးလေထုထဲသို့ ဝေ့ဝဲ တက်သွားတော့သည်။
 ကြံ့ဖွံ့ပါတီ၏သဘောထားအမှန်ကို ထင်ဟပ်နေသည့် အမတ်ချုပ်ကြီးဗိုလ်ရွှေမန်းစကားတစ်ခွန်းမှာ မှတ်လောက်သားလောက် ရှိပါသည်။
            “တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်၊ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်”
စိတ်ကူးယဉ်နေသူများသတိပြုသင့်သည့်အချက်ဖြစ်သည်။ ဤအချက်က သူတို့၏စိတ်ကူးယဉ်မှု မိုးပျံပူပေါင်းကို ထိုးခွဲလိုက်မည့် အချက်လည်းဖြစ်နေသည်။
ကြံ့ဖွံ့ပါတီသည်ဒေါ်အောင်ဆန်းစုကြည်ကို “၂၀၀၈အခြေခံဥပဒေ” ပွဲထုတ်ရာ၌ အသုံးချခဲ့ကြပြီ၊ လက်ပံတောင်းအရေးအခင်း တွင်အသုံးချခဲ့ကြပြီ၊ သူတို့တွက်ကိန်းတွေ လက်တွေ့ဖြစ်မြောက်လာခဲ့သည်မဟုတ်သလော။
“ဒေါ်အောင်ဆန်းစုကြည်နှင့်ခွဲထားလျှင်ခွာထားလျှင်၊ ရန်သူလိုဆက်ဆံနေရင်” ပြည်တွင်းနှင့်နိုင်ငံတကာတွင် သူတို့ပုံရိပ် မကောင်းနိုင်သည်ကို သဘောပေါက်ကြသည်။ သို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ကပ်နိုင်သမျှကပ်ထားရန် ဆုံးဖြတ်ထားကြပြီဖြစ် သည်။ ဤသို့ကပ်ထားသည်မှာ အာဏာခွဲဝေပေးဖို့မဟုတ်ဆိုသည့်အချက်ကိုလည်း (ကာ/လုံ) ၊ စစ်တပ်နှင့်၊ ကြံ့ဖွံ့ပါတီတို့ထဲတွင် ရှင်း လင်းခဲ့ကြပြီးပုံပေါ်ပါသည်။
ယနေ့ပြည်တွင်းပြည်ပအခြေအနေအရ အာဏာကိုရေရှည်ထိန်းသိမ်းရာတွင် ကြံ့ဖွံ့ပါတီအနေဖြင့် “စစ်တပ်နှင့် ၂၀၀၈ အခြေခံ ဥပဒေ”ကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ထားနိုင်ပြီဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ထင်ပေါ်ကျော်ကြားမှုကို ပီပီပြင်ပြင်အသုံးချရမည်ဆိုသည့် အချက်ကို သူတို့ ကောင်းကောင်းနားလည်သဘောပေါက်ကြပါသည်။

- See more at: http://moemaka.com/archives/36708#sthash.c6o43Jb7.dpuf

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။