Monday, July 1, 2013

ဒေါက်တာဆိတ်ဖွားရှာပုံတော်ကြီးနဲ့  လွှတ်တော် ဘာလဲဘယ်လဲ

(လူထုအော်သံ)

ဆိတ်ဖွားကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ကြေညာမည် ( နေပြည်တော်၊ ဇွန် ၃၀ )
အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားမည်သူ ဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော်   တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။


ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မရှင်က
“ဒေါက်တာဆိတ်ဖွားက လာဝန်ခံထားတယ်လို့ ပြောထားပြီး။ အဲတော့ နာမည် ကြေညာရုံပဲတဲ့။

ဒေါက်တာဆိတ်ပွားရှာပုံတော်ကြီးနဲ့  အလုပ်ရှုတ်နေတဲ့လွှတ်တော်ဟာ ပြည်သူတွေတိုးတက်ဖို့ 
အတွက် ဘာမှမလုပ်နိုင်ဘဲ မရောင်ရာဆီလူး အလုပ်များခဲ့ပါတယ်။လွှတ်တော်ကြီးက စစ်မှန်တဲ့
ဒီမိုကရေစီနဲ့  စီးပွားရေးဖွင့်ဖြိုးတိုးတက်စေရန် ဥပဒေတွေကို အခိုင်အမာဆောက်တည်ဆောက်ပြီး
 နိုင်ငံခြားရင်းနှီမြုတ်နှံမှုတွေဝင်လာအောင် လေးလေးနက်နက် ဆောင်ရွက်ကာ ပြည်သူတွေဝင်ငွေရပြီး အလုပ်အကိုင်တွေ ပေါများလာအောင် နိုင်ငံတော်မှ လုပ်ကိုင်မှုမရှိတာကို တွေ့ မြင်ရပါသည်။ 

ဒီမိုကရေစီ အုပ်မြစ်တည်အောင် ခိုင်ခိုင်မာမာတည်ဆောက်မည် ဆိုသော်လည်း လွှတ်တော်အတွင်း  အစိုးရ၏ မတရားမှု အရှုပ်အရှင်းများသာ ဖြေရှင်းနေကြရပါတယ်။ဒေါက်တာဆိတ်ပွားရှာပုံတော်ကို
 ကော်မရှင်ဖွဲ့ စုံစမ်းနေတာနဲ့  အချိန်ကုန်နေပါတယ်။အခြေခံဥပဒေကလည်း ခိုင်မာမှုမရှိ ဥပဒေ
ဆိုးမိုးမှုလည်းမရှိ၊ ပြည်သူတွေကိုလည်း ဥပဒေက အကာအကွယ်မပေးနိုင်၊တရားရေးမဏ္ဍိုင်က
လည်း ချစားမှုနဲ့  မတရားမှုတွေအပြည့်၊အချိန်အနည်းငယ်အတွင်း ၂၀၁၅ ရွေးကော်ပွဲ ကျရောက်လာမှာ ဖြစ်ပါတယ်။သန်းကောင်စရင်းလည်း မကောက်ရသေးတဲ့အတွက် ပြသနာ
ပေါင်းစုံနဲ့ ကြုံတွေ့ နေရပါတယ်။

ဒီမိုကရေစီမှာ အတိုက်အခံတွေနဲ့  ဝေဖန်ရေးသမားတွေအများကြီးရှိတယ်ဆိုတာ လက်ခံထားပုံ
မရပါဘူး။ဒေါက်တာဆိတ်ပွားဟာ တယောက်ထဲမဟုတ်ပါဘူး ကိုယ်ပွားတွေအများကြီးရှိတယ်။
တယောက်ကိုထိုးပြပြီး မိပြီဆိုပြီး စစ်အစိုးရလက်ထက်ကလို ပြီးသွားမှာမဟုတ်ပါဘူး ပြည်တွင်းမှာ ကိုယ်ပွားတွေအများကြီးရှိတယ်ဆိုတာ သတင်းတွေကိုကြည့်ရင်သိနိုင်ပြီး အစိုးရသဘောပေါက်
 ပုံမရပါဘူး။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။