(စည်းလုံးခြင်းရဲ့အင်အား)
စစ်ဆင်ရေးမှာ ၀န်ထမ်း (ပေါ်တာ) မပါရင် မဖြစ်သလို ၀န်ထမ်း (ပေါ်တာ) ဆွဲတဲ့ ကိစ္စကြောင့်လည်း စည်းရုံးရေး ကျဆင်းပြီး တပ်မတော်အပေါ် ငြိုငြင်ခံရပါတယ်။ စစ်အောင်နိုင်ရာသော အကြောင်းကြီးများမှာ ပေါ်တာ အလုံအလောက် ရရှိရေးဟာ အဓိက အချက်တစ်ချက် ဖြစ်တယ်လို့ ကျွန်တော်တို့တပ်စုမှူး တပ်ခွဲမှူးတွေ စုမိတိုင်း ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့တပ်မ (၄၄) တပ်တွေ လှုပ်ရှားနေတဲ့ စစ်ကြောင်းလိုက် တပ်ရင်းလိုက် ဗျူဟာလိုက် လှုပ်ရှားမှုကြီးမှာ ပေါ်တာ မပါဘဲ ဘယ်လိုမှ မရပါဘူး။ ရဲဘော်တိုင်းမှာလည်း တစ်ပါတ်စာရိက္ခာ၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဒါး၊ စောင်၊ ခြင်ထောင်တွေနဲ့ ကျောပိုးအိပ်တစ်လုံးအပြင်ခါးမှာ ကျည်ဆံကျည်ကပ် အပြည့်နဲ့ဖြစ်လို့ စစ်ကြောင်းက လက်နက်ကြီး ကျည်ဆံတွေ လက်နက်ကြီးတွေကို မထမ်းနိုင်ပါဘူး။ ရွာသားတွေဘက်က ကြည့်ပြန်တော့လည်း အလုပ်ပျက် အကိုင်ပျက် တစ်နေကုန် အလေးအပင်ထမ်း အစားအအိပ် အနေ ပင်ပန်းဆင်းရဲ တိုက်ပွဲဖြစ်ရင် အခန့်မသင့်ရင် အသက်ပါ ဆုံးနိုင်တော့ တော်တော် ဒုက္ခရောက်ပါတယ်။
ရှမ်းပြည်နယ်ရှိ ရွာတစ်ရွာမှ ရွာသူရွာသားများနဲ့အတူ မြန်မာ့စစ်ကြောင်း
ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိတစ်ဦး)
ဒီလိုနဲ့ တစ်နေ့မှာ စစ်ကြောင်းတစ်ခုလုံး ကမမောင်းကနေ ၀က်သိုးခိုရွာဖက် ချီတက်ရပါတယ်။ ကျွန်တော့်တပ်စု ရှေ့ပြေးတာဝန်ပါ။ ညဖက် မှောင်စအချိန် လမ်းက ရွာတစ်ရွာကို ၀င်အရှင်း အောက်လင်း ဓါတ်မီးအောက်မှာ ရွာသား (၃) ယောက်တွေ့လို့ ၀င်ဖမ်းပြီး ဆက်ချီတက်ခဲ့ပါတယ်။ ညဖက် စခန်းချချိန်ရောက်တော့ သူတို့အား စစ်ကြောင်းကို မအပ်ဘဲ တပ်ခွဲရုံးမှာဘဲ ထားပါတယ်။ ည (၁၀) နာရီလောက်မှာ သုံးယောက်ထဲက တစ်ယောက်ဟာ ရှိုက်ကြီးတငင်နဲ့ တရှုံ့ရှုံ့ ငိုပါတော့တယ်။ တပ်ခွဲမှူးနဲ့ ကျွန်တော်လည်း ထမင်းစားခါနီး ပြင်နေတုံး ကြားနေရတော့ ခေါ်မေးကြည့်ပြီး နှစ်ယောက်စလုံး စိတ်မကောင်းလွန်းလို့ ထမင်းတောင် မစားနိုင်တော့ပါ။
သူ့ရွာမှာ ဒီည မင်္ဂလာဆောင်ပွဲ လုပ်မှာဖြစ်ပြီး ပြင်ဆင်နေတုံး စစ်ကြောင်းနဲ့ ပါလာရလို့ ရွာမှာ ကျန်ခဲ့တဲ့ သူတွေနဲ့ မင်္ဂလာဦးညအတွက် ၀မ်းနည်းပက်လက် ဖြစ်နေတာပါ။ တပ်ခွဲမှူးလည်း စိတ်ထိခိုက်ပြီး “ကျွန်တော်တို့ ဒီလောက်ရိုင်းတဲ့သူတွေ မဟုတ်ပါဘူးဗျာ။ စောစောက ပြောရင် ဒီလိုဘယ်ဖြစ်မလဲ၊ တကယ် ၀မ်းနည်း တောင်းပန်ပါတယ်” လို့ တောင်းပန်ပြီး လက်ဖွဲ့ငွေ (၂၀၀) ကျပ် (အဲဒီအချိန် နှစ်ရာက တော်တော် တန်ဖိုး ရှိပါတယ်) ပေးပြီး ပြန်လွှတ်လိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့ သတို့သားရဲ့ ၀မ်းသာကြည်နှုးမှု မျက်နှာဟာ ခုချိန်ထိ ကျွန်တော့်မျက်စိထဲမှာ မြင်နေမိတဲ့ အမှတ်တရတစ်ခုပါ။ဒီလိုနဲ့ တစ်နေ့မှာ စစ်ကြောင်းတစ်ခုလုံး ကမမောင်းကနေ ၀က်သိုးခိုရွာဖက် ချီတက်ရပါတယ်။ ကျွန်တော့်တပ်စု ရှေ့ပြေးတာဝန်ပါ။ ညဖက် မှောင်စအချိန် လမ်းက ရွာတစ်ရွာကို ၀င်အရှင်း အောက်လင်း ဓါတ်မီးအောက်မှာ ရွာသား (၃) ယောက်တွေ့လို့ ၀င်ဖမ်းပြီး ဆက်ချီတက်ခဲ့ပါတယ်။ ညဖက် စခန်းချချိန်ရောက်တော့ သူတို့အား စစ်ကြောင်းကို မအပ်ဘဲ တပ်ခွဲရုံးမှာဘဲ ထားပါတယ်။ ည (၁၀) နာရီလောက်မှာ သုံးယောက်ထဲက တစ်ယောက်ဟာ ရှိုက်ကြီးတငင်နဲ့ တရှုံ့ရှုံ့ ငိုပါတော့တယ်။ တပ်ခွဲမှူးနဲ့ ကျွန်တော်လည်း ထမင်းစားခါနီး ပြင်နေတုံး ကြားနေရတော့ ခေါ်မေးကြည့်ပြီး နှစ်ယောက်စလုံး စိတ်မကောင်းလွန်းလို့ ထမင်းတောင် မစားနိုင်တော့ပါ။
စစ်ဆင်ရေးမှာ ၀န်ထမ်း (ပေါ်တာ) မပါရင် မဖြစ်သလို ၀န်ထမ်း (ပေါ်တာ) ဆွဲတဲ့ ကိစ္စကြောင့်လည်း စည်းရုံးရေး ကျဆင်းပြီး တပ်မတော်အပေါ် ငြိုငြင်ခံရပါတယ်။ စစ်အောင်နိုင်ရာသော အကြောင်းကြီးများမှာ ပေါ်တာ အလုံအလောက် ရရှိရေးဟာ အဓိက အချက်တစ်ချက် ဖြစ်တယ်လို့ ကျွန်တော်တို့တပ်စုမှူး တပ်ခွဲမှူးတွေ စုမိတိုင်း ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့တပ်မ (၄၄) တပ်တွေ လှုပ်ရှားနေတဲ့ စစ်ကြောင်းလိုက် တပ်ရင်းလိုက် ဗျူဟာလိုက် လှုပ်ရှားမှုကြီးမှာ ပေါ်တာ မပါဘဲ ဘယ်လိုမှ မရပါဘူး။ ရဲဘော်တိုင်းမှာလည်း တစ်ပါတ်စာရိက္ခာ၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဒါး၊ စောင်၊ ခြင်ထောင်တွေနဲ့ ကျောပိုးအိပ်တစ်လုံးအပြင်ခါးမှာ ကျည်ဆံကျည်ကပ် အပြည့်နဲ့ဖြစ်လို့ စစ်ကြောင်းက လက်နက်ကြီး ကျည်ဆံတွေ လက်နက်ကြီးတွေကို မထမ်းနိုင်ပါဘူး။ ရွာသားတွေဘက်က ကြည့်ပြန်တော့လည်း အလုပ်ပျက် အကိုင်ပျက် တစ်နေကုန် အလေးအပင်ထမ်း အစားအအိပ် အနေ ပင်ပန်းဆင်းရဲ တိုက်ပွဲဖြစ်ရင် အခန့်မသင့်ရင် အသက်ပါ ဆုံးနိုင်တော့ တော်တော် ဒုက္ခရောက်ပါတယ်။
ပေါ်တာများနဲ့အတူ မြန်မာ့ စစ်ကြောင်း တစ်ခု
တပ်စုမှူး အဓိကတာဝန် တစ်ခုဖြစ်တဲ့ ရှေ့ပြေးတပ်စု တာဝန်ကတော့ စိတ်ပင်ပန်း လူပင်ပန်းပေမယ့် ပျော်စရာ ကောင်းပါတယ်။ မြေအနေအထား အမျိုးမျိုးအပေါ် မူတည်ပြီး တပ်စုကို အမျိုးမျိုး တပ်ဖြန့် ချီတက်ရပါတယ်။ ကွင်းပြင်၊ ချောင်း၊ တောတန်း၊ တောင်ကုန်းငယ်များ ပေါများတဲ့ ဒေသဖြစ်လို့ ရန်သူခြုံခို ချောင်းပစ်ပြေးလို့ အလွန်ကောင်းတဲ့ မြေအနေအထားတွေပါ။ ဒီအားသာချက်ကို အပြည့်အ၀ အသုံးချပြီး နယ်ခံ KNDO က လှုပ်ရှားစစ်ကြောင်းတွေကို မကြာခဏ ဒုက္ခပေးပါတယ်။ ဒီပြဿနာ ကျော်လွှားနိင်ဖို့က ရှေ့ပြေးတပ်စုမှူးရဲ့ အရည်အချင်းနဲ့ တပ်စုရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေပါတယ်။ တပ်စုအတိုင်းအတာနဲ့ မနိုင်တဲ့ မြေအနေအထားတွေမှာတော့ တပ်ခွဲမှူးထံ တင်ပြပြီး ဆက်လုပ်ရပါတယ်။ ဒီလိုနဲ့ တပ်စုမှူးတာဝန် နှစ်လလောက် ထမ်းဆောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ တပ်ရင်းမှာ ပေမှီဒေါက်မှီ တပ်စုမှူးတစ်ယောက် ဖြစ်လာပါပြီ။
ဒီအချိန်မှာဘဲ ကျွန်တော်တို့စစ်ကြောင်းဟာ ဖာပွန်ဖက်ကို ချီတက်ရပါတော့တယ်။ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်လို့ ဖာပွန်မြို့ လုံခြုံရေးနဲ့ ရိက္ခာစုပုံ ယာဉ်တန်းလုံခြုံရေးအတွက် ဖြစ်ပါတယ်။ ဖာပွန်အရောက် ချီတက်ရမယ့် နေ့မှာတော့ ကျွန်တော့်တပ်စု ရှေ့ပြေးတာဝန် ကျပါတယ်။ ကျင့်သားရနေပြီ ဖြစ်တဲ့အတိုင်း စံနစ်တကျ ချီတက်လာရင်း ဖာပွန်ဝင်ခါနီး လေယာဉ်ကွင်းနဲ့ ယွန်းစလင်းချောင်း တစ်ဖက်က တောင်ကြောကို တပ်စိတ်နှစ်စိတ် ဖြန့်ရှင်းချိန်မှာတော့ ဓါးမကိုယ်စီ ကိုင်ထားတဲ့ အမျိုးသမီးအုပ်စုနဲ့ ပက်ပင်း တိုးပါတော့တယ်။ ထုံးစံအတိုင်း သေနတ်တွေချိန်ပြီး ကရင်လိုမေးတော့ အဲဒီအမျိုးသမီးတွေ အဖြေကြောင့် ကျွန်တော်တို့လည်း ချိန်ထားတဲ့ သေနတ်တွေအောက်ချပြီး ရှက်ကိုးရှက်ကန်းနဲ့ သူတို့နဲ့အတူ ဖာပွန် ခလရ (၁၉) တပ်ရင်းကို လိုက်သွားခဲ့ ပါတော့တယ်။ သူတို့က ဗမာလို ပြောတာက “ကျွန်မတို့က ခလရ (၁၉) က ရဲမေတွေပါတဲ့”။ ခလရ (၁၉) ရဲမေတွေ ထင်းခုတ်လာတဲ့ နေရာကို ကျွန်တော်တို့ တပ်မ (၄၄) စစ်သားကြီးတွေ ရင်ဘောင်တန်း အသင့်တက်ရှင်းခဲ့တဲ့ ဖြစ်စဉ်ကတော့ ဗိုလ်လေးဘ၀မှာ မမေ့နိုင်တော့တဲ့ အမှတ်တရတစ်ခုပါ။

ကင်းတဲတခုအတွင်းမှ မြန်မာ့ တပ်မတော် စစ်သည်ရဲဘော် နှစ်ဦး
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။