Wednesday, July 31, 2013

ပြည်ထဲရေးဝန်ကြီး ၏ ထောင်ကြွေးကျန် ပြန် ကျခံ ရ မည် ဆိုသည့် အပြော ရှစ်လေးလုံး နှစ် ပတ်လည် နီးကပ် လာ ချိန် တွင် အုံကြွ ဂယက် ရိုက်ဖွယ်ရှိ

(FNG)


ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာ မင်း ၏ မေးမြန်း ချက် ဖြစ်သည့်
လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်ကြွေးကျန်များ
နှင့် ပတ်သက် သည့် မေးခွန်း ကို ပြည်ထဲရေး ၀န်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့်
ဖြေကြား မှု နှင့် ပတ်သက် ပြီး နိုင်ငံ ရေး အကျဉ်းသား ဟောင်းများ ကြား တွင် ဂယက်
ရိုက် လျှက် ရှိ ပြီး အချို့  က လည်း ပြင်းပြင်းထန် ထန် တုံ့  ပြန် မည် ဟု FNG မှ သိရ
သည်။


 
သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း တည်ဆဲဥပဒေတစ်ခုခုကို
ထပ်မံဖောက်ဖျက်ကျူးလွန်သော မည်သူမဆို ကျန်ရှိနေသော ကြွင်းကျန်ပြစ်ဒဏ်ကို
ကျခံရမည်ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဇူလိုင်၂၉ ရက်က
ပြည်ထောင်စုလွှတ်တော်တွင် ပြောဆို မှု ကို ကိုးကား ပြီး ယနေ့  ထုတ် မဇ္ဈိမ သတင်း
စာ တွင် ဖော် ပြထား သည်။


သမ္မတဦးသိန်းစိန် ၏ မကြာသေးခင် က ရေဒီယို မိန့် ခွန်း တစ်ခု တွင် မူ နိုင်ငံ ရေး အကျဉ်း
သား ဟောင်းများ ကို ကြွင်း ကျန် ပြစ်ဒဏ် သုံး ပြီး နှိပ် ကွပ် မှု မလုပ် ဟု ထည့် သွင်း ပြော
ကြား ခဲ့ ဖူးသည်။


ပြည်ထဲရေး ၀န်ကြီး အပြော အရ ဆို လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ဥက္ကဌ ၊ ကော့
မှုး မြို့  နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည် သည် ပင် လျှင် ၂၀၀၉ ခုနှစ် က အမေရိကန် နိုင်ငံ သား ဂျွန်ဝီလျှံ ယက်
တော ကို လူသားချင်း စာနာ စိတ် ဖြင့် နေ အိမ် ဉ် စောင့် ရှောက် ခဲ့ မှု ဖြင့် ထောင်ဒဏ် ချမှတ်
ခံခဲ့ ရ ပြီး မြန်မာ့ တပ်မတော် တည် ထောင်သူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သဖြင့် ပြစ်
ဒဏ် အား ဆိုင်း ငံ ပြီး လွတ် ငြိမ်း ချမ်းသာ ခွင့် ပြု ခဲ့သည်။


ပြည်ထဲ ရေး ၀န်ကြီး ၏ ပြော ဆို မှု ကို နိုင်ငံ ရေး အကျဉ်း သား ဟောင်း များ က ပြင်းပြင်းထန်
ထန် ကန့် ကွယ် ဖွယ် ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။