Thursday, July 23, 2015

"ဦးအောင်သောင်း ကွယ်လွန်"

 စင်ကာပူနိုင်ငံ တွင် ဆေးကုသမှု ခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း သည် ယနေ့ နံနက်ပိုင်းတွင် စင်ကာ ပူနိုင်ငံ၌ ကွယ်လွန် သွားပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။
မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် ဆရာဝန် တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။


ဦးအောင်သောင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံနှင့် တောင်သာမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောပေါက်၍ ဆေးကုသမှုခံယူရန် ဇူလိုင် ၉ ရက်ကပင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။

china.com Myanmar
https://www.facebook.com/china.com.mm

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။