Sunday, December 9, 2012

အာတီမီသာဇာတ်လမ်း(မော်စီတုန်း၊ ဗီယက်နမ်စစ်ပွဲနှင့် WHO ) - အပိုင်း(၂)

(စည်းလုံးခြင်းရဲ့အင်အား)
အမေရိကန်စစ်တပ်မှ မက်ဖလိုကွင်းငှက်ဖျားဆေး ထုတ်လုပ်ရာ ဓာတ်ခွဲခန်း

တရုတ်ပြည်က ခေတ်နောက်ကျပြီး ဟောင်းနွမ်းနေတဲ့ ဓာတ်ခွဲကိရိယာတွေကြောင့် သုတေသနလုပ်ငန်း နှောင့်နှေးတာလည်းရှိပါတယ်။ ဒါပေမယ့် ၁၉၇၀ ခုနှစ်တွေထဲရောက်တော့ ငှက်ဖျားပိုးကို သတ်တဲ့ဓာတ်ပစ္စည်းချင်းဟောက်စု သို့မဟုတ် အာတီမီစီနင် (Artemisinin) ရဲ့ ထူးခြားတဲ့ ဓာတုဖွဲ့စည်းပုံကို သိလာခဲ့ပါတယ်။ ဒေါနရွှေဝါပင်ကို ဖြုတ်လိုက်ရင် ချင်ဟောက်စုဓာတ်ဟာ ပျက်စီးသွားပြိး ပိုးမသတ်နိုင်တော့တဲ့အတွက် ရေအေးနဲ့ကြိတ်ရည် ( သတ္တုရည် ) သို့မဟုတ် အီသာနဲ့ဖျော်ယူမှ ၁၀၀ ရာခိုင်နှုန်း ပိုးသတ်နိုင်တာကိုလည်း တွေ့ခဲ့ပါတယ်။ လူနာ ၂၀၀၀ မှာ စမ်းသပ်ကြည့်တဲ့အခါ ချင်းဟောက်စုဟာ ငှက်ဖျားပိုးကို အင်မတန်ကို မြန်မြန်ဆန်ဆန် သတ်နိုင်တာ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆေးဟာ လူခန္ဓာကိုယ်ထဲကနေ မြန်မြန်ပြန်ထွက်သွားတဲ့အတွက် လွတ်သွားတဲ့ ပိုးတွေက ပြန်ခေါင်းထောင်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒြါေုကာင့် သိပ္ပံပညာရှင်တွေက သွေးထဲမှာ ပိုကြာကြာနေတဲ့ ဆေးတွေနဲ့ ပေါင်းစပ်ပေးရပါတယ်။ ဒါတွေကို အာတီမီသာဆေးပေါင်း ကုထုံးလို့ ခေါ်ပါတယ်။ (အာတီမီသာနဲ့ မက်ဖလိုကွင်း ပေါင်းပေးတာလည်း ရှိပါတယ်)


၅၂၃ စီမံကိန်းကို မော်စီတုန်းက တာဝန်ယူခဲ့ပေမယ့် အခက်အခဲတွေလည်း တော်တော်တွေ့ရပါတယ်။ ပညာရှင်အချင်းချင်း အငြင်းအခုံဖြစ်တာတွေ၊ ပြိုင်ဆိုင်တာတွေ၊ ယဉ်ကျေးမှု တော်လှန်ရေးအဖျားခတ်လို့ ဓာတ်ခွဲခန်းကို မြေအောက်ထဲ သွားဖွင့်ရတာတွေ၊ နယ်ဆင်းလေ့လာတဲ့ သူတေသီဆရာဝန်တွေက လုံးတီးဆန်နဲ့ ဂေါ်ဖီထုပ်ပဲ စားရတာတွေ၊ ဗီယက်ကောင်း ပြောက်ကျားတွေနဲ့အတူ တရုတ်သုတေသနပညာရှင်တွေ ဟိုချီမင်း လမ်းမကြီးအတိုင်း တောင်တွေကျော်၊ တောတွေတိုး ခရီးရှည်လမ်းလျှောက်ရတာတွေ ရှိခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးရှိ/မရှိကိုလည်း သုတေသီဆရာဝန်တွေကိုယ်တိုင် ကိုယ့်ကိုကိုယ် စမ်းသပ်ခဲ့ကြပါတယ်။

၁၉၇၆ ခုနှစ်မှာ မော်စီတုံး ကွယ်လွန်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာတော့ ၅၂၃ စီမံကိန်းကို တရားဝင်နိဂုံးချုပ် ဖျက်သိမ်းလိုက်ပါတယ်။ မက်ဖလိုကွင်းဆေး ဖော်ထုတ်ရာမှာပါခဲ့တဲ့ ဟောင်ကောင်ငှက်ဖျားသုတေသီ ဒေါက်တာကိသ်အားနိုးလ်ဟာ ၁၉၇၉ ခုနှစ်မှာ တရုတ်နိုင်ငံထဲ ရောက်သွားပြီး အာတီမီသာဆေး စမ်းသပ်နေတဲ့ ဒေါက်တာလီကိုကျောက်နဲ့ တွေ့ခဲ့ပါတယ်။ ဆရာဝန်နှစ်ယောက်ဟာ တရုတ်ငှက်ဖျားဆေးအသစ်နဲ့ အမေရိကန်ငှက်ဖျားဆေးသစ်ကို ယှဉ်ပြီး စမ်းသမ်းသပ်ကြည့်တဲ့အခါ တရုတ်ဆေးက နိုင်သွားတယ်လို့ ဒေါက်တာအာနိုးလ်က ပြန်ပြောပြခဲ့ပါတယ်။

နယ်စပ်ဒေသတွင် တာဝန်ကျသော ထိုင်းစစ်သားများအား ငှက်ဖျားရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ပေးနေစဉ်

မကြာခင်မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က တရုတ်ဆေးပညာ ဂျာနယ်တွေထဲမှာပါတဲ့ အာတီမီသာဆေးအကြောင်း ဆောင်းပါးတွေကို တောင်းယူလေ့လာခဲ့ပါတယ်။ တရုတ်ဆေးစာစောင်တွေမှာ ငှက်ဖျားဆေးသစ်အကြောင်း ၁၉၇၇ ခုနှစ်က စတင်ပြခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်ဆရာဝန်အပြင် အာတီမီသာကို ပထမဆုံး စမ်းသပ်လေ့လာတဲ့ နိုင်ငံတကာ ဆေးပညာရှင်ကတော့ ယူဂိုဆလားဗီးယားနိုင်ငံက ဆရာဝန်တယောက်ဖြစ်ပါတယ်။ ဂုဏ်သိက္ခာမြင့်မားလှတဲ့လင်းဆက် (Lancet) ဆေးပညာဂျာနယ်မှာ အာတီမီသာအကြောင်း တရုတ်သုတေသီတွေ တင်ပြထားတဲ့ ဆောင်းပါးတပုဒ် ၁၉၈၂ ခုနှစ်မှာ ပထမဆုံးအကြိမ်ပါလာပါတယ်။

မရှေးမနှောင်းလောက်မှာပဲ အမေရိကန်ကြည်းတပ် ဝေါလ်တာရိဒါ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ဒေါနရွှေဝါပင်တွေ အမေရိကန်နိုင်ငံမှာလည်း ပေါက်နေတာတွေ့ခဲ့ပြီး အာတီမီစိန်ဓာတ်ကို ထုတ်ယူလေ့လာခဲ့ကြပါတယ်။ ဒေါက်တာအာနိုးလ်က တရုတ် အစိုးရဆီက ခွင့်ပြုချက်ယူပြီး ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် WHO က အချိန်ဆွဲနေခဲ့ပါတယ်။ အခုလို WHO က အတည်မပြုသေးချိန်မှာ အာဖရိကတိုက်မှာ တနှစ်ကို ကလေးငယ်တသန်း ငှက်ဖျားကြောင့် သေနေတဲ့အတွက် WHO ရဲ့ မပြတ်သားမှုဟာ “လူမျိုးတုန်းလူသတ်ပွဲ” (Genocidal) သဘောဆောင်တယ်လို့ ဒေါက်တာအာနိုးလ်က စွပ်စွဲရှုတ်ချခဲ့ပါတယ်။

၂၀၀၀ ခုနှစ်ရောက်မှ WHO က အာတီမီသာဆေးကို လက်ခံခဲ့ပြီး ၂၀၀၆ ခုနှစ်ရောက်မှ ကျယ်ကျယ်ပြန့်ပြန့် စသုံးလာကြပါတယ်။ အခုလိုနှောင့်နှေးရတာ နှစ်ဘက်ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မတည်ငြိမ်မှု၊ ပြည်တွင်းမူပိုင်ခွင့်ဥပဒေ ကင်းမဲ့မှု၊ ဓာတ်ခွဲခန်းပေါင်းစုံက စံသတ်မှတ်ချက်မရှိဘဲ စွမ်းအားအမျိုးမျိုးနဲ့ ထုတ်လုပ်နေမှု၊ အနောက်နိုင်ငံတွေဆီ ပြည်ပမူပိုင်ခွင့် မလျှောက်ထားမှုတွေရှိသလို အနောက်နိုင်ငံတွေ၊ အနောက်တိုင်း ဆေးကုမ္ပဏီတွေက တရုတ်ဆေးပညာကို အထင်သေးမှု၊ အမြင်စောင်းမှု၊ ကွန်မြူနစ် ဆန့်ကျင်ရေးအမြင်ရှိမှု၊ ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ် ထုတ်လုပ်ပြီး အမြတ်များများရနိုင်ဖို့ အလားအလာမရှိမှုတွေကြောင့် ကမ္ဘာကိုမပြန့်ဘဲ ဖြစ်နေခဲ့ပါတယ်။ ငှက်ဖျားရောဂါဟာ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဆင်းရဲသားတွေမှာ အဖြစ်များတဲ့အတွက် ဆေးကုမ္ပဏီတွေက စိတ်မဝင်စားသလို ငွေကြေးအင်အားတောင့်တင်းတဲ့ ကျန်းမာရေး (အဲန်ဂျီအို)တွေကလည်း အဲဒီအချိန်တုန်းက မပေါ်ပေါက်သေးပါဘူး။ ထိုင်းနယ်စပ်က တော်လှန်ရေးအဖွဲ့ တွေလည်း အဲဒီကာလတုန်းက နဝတ၊ နအဖကို တရုတ်အစိုးရက ကူညီနေလို့ စိတ်နာပြီး အာတီမီသာကိုပါ လွဲမှားစွာဆန့်ကျင်ခဲ့ကြလို့ မဆီမဆိုင် လူနာတွေအများကြီး ထိခိုက်ခဲ့ကြပါတယ်။

အမေရိကန် တပ်မတော်ကတော့ ဈေးကြီးပြီး ဦးနှောက်ကြောင်စေတတ်တဲ့ မက်ဖလိုကွင်းကိုပဲ ဆက်ဖက်တွယ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ နယ်စည်းမခြားဆရာဝန်များအသင်းက အာတီမီသာကို ထောက်ခံတိုက်တွန်းနေပေမယ် အမေရိကန် အေအိုင်ဒီ ( USAID) ထောက်ပံ့ရေး အဖွဲ့ကတော့ (ဆေးမတိုးတာများနေပြီးဖြစ်တဲ့) မက်ဖလိုရိုကွင်းနဲ့ တခြားအပေါစား ငှက်ဖျားဆေးအဟောင်းတွေကို ဖက်တွယ်နေခဲ့ပါတယ်။

ငှက်ဖျားဝေဒနာခံစားနေကြရသော အာဖရိကတိုက်မှ ကလေးငယ်များ

ဆွစ်ဇာလန်နိုင်ငံက နိုဗားတစ္စဆေးကုမ္ပဏီဟာ တရုတ်မူပိုင်ခွင့်ကိုဝယ်၊ အနောက်တိုင်းမူပိုင်ခွင့်တွေထပ်ယူပြီး အာတီမီသာကို အနောက်တိုင်းမှာ ပထမဆုံးထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ ဖြစ်လာပါတယ်။ Riamet နဲ့ Coartem နာမည်တွေနဲ့ ရောင်းခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ရောဂါသုံးမျိုးတိုက်ဖျက်ရေး ဂလိုဘယ်လ်ဖန် အဲန်ဂျီအြိုကီး ပေါ်လာပြီး ၂၀၀၅ ခုနှစ်မှာ သမ္မတဘွတ်ရှ်ရဲ့ ငှက်ဖျားတိုက်ဖျက်ရေး ရှေ့ဆောင်လုပ်ငန်း အစီအစဉ် ချမှတ်လိုက်ပြီးနောက်မှာတော့ အာတီမီသာကို ဆင်းရဲတဲ့နိုင်ငံတွေကို သန်းနဲ့ချီပြီးထောက်ပံ့တာတွေ ဖြစ်လာပါတယ်။

အာတီမီသာဆေးမတိုးတဲ့ ငှက်ဖျားပိုးဟာ ၂၀၀၆ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ  စပေါ်လာခဲ့ပြီး အခုအချိန်မှာတော့ ထိုင်းမြန်မာ နယ်စပ်မှာလည်း ရှိနေပြီးဖြစ်ပါတယ်။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ အခုချိန်အထိ အာတီမီသာဆေးကြောင့် ငှက်ဖျားဖြစ်နှုန်း သေနှုန်းတွေ အများကြီးကျဆင်း နေပါတယ်။

ဒီလိုနဲ့ ၅၂၃ စီမံကိန်းမှာပါခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်တွေကို အခုအခါ သူရဲကောင်းတွေအဖြစ် နိုင်ငံတကာမှာ ဂုဏ်ပြုတာတွေ ဖြစ်လာပါတော့တယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်နိုဘယ်ဆုလို့ခေါ်ကြတဲ့ ဒေါ်လာနှစ်သိန်းခွဲပါ လက်စ်စကာ (Lasker) ဆုကို အာတီမီသာဖော်ထုတ်ရာမှာ တန်းတူအရေးပါတဲ့ တခြားပညာရှင်တွေကတော့ ဒေါက်တာလီကိုကျောက်နဲ့ ဓာတုဗေဒပညာရှင် လီယင်းတို့ ဖြစ်တယ်လို့ ဒေါက်တာအာနိုးလ်က ပြောပါတယ်။ တရုတ်အစိုးရကတော့ ၅၂၃ စီမံကိန်းအဖွဲ့ကို ၁၉၇၈ ခုနှစ်မှာ ဂုဏ်ပြုဆုချီးမြင့်ခဲ့ပါတယ်။ နိုဘယ်ဆုအတွက် စဉ်းစားနေပြီးလြို့ကားပေမယ် အာတာမီသာကို အဖွဲ့အနေနဲ့ ဖော်ထုတ်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ကိုလည်း အခုဖျက်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။ အဖွဲ့ရဲ့ အဓိကတာဝန်ခံတွေကို ပေးမယ်ဆိုရင်လည်း နိုဘယ်ဆုဟာ တပြိုင်တည်းလူ ၃ ယောက်ထက်ပိုပေးလို့မရသလို ကွယ်လွန်သူကိုလည်း ပေးလို့မရတဲ့အတွက် မော်စီတုန်းကတော့ နိုဘယ်ဆုမရနိုင်တော့ပါ။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။