Tuesday, December 4, 2012

တပ်မတော်သား တစ်ဦးရဲ့ ရင်ဖွင့်စာ

(ရွှေဟင်္သာသတင်းဌာန)



မင်္ဂလာပါခင်ဗျား

          ကျွန်နော်ကတော့ တပ်မတော်က စစ်သည် တစ်ယောက်ပါ ကျွန်နော်တို့မျိုသိပ် ထားတာတွေကို လူအများ သိစေချင်တဲ့အတွက် ဒီစာလေးကိုရေးလိုက်ရတာပါ၊ ကျွန်နော်ပြောချင်တာ ကတော့ မြန်မာ နိုင်ငံဟာ အခုလို အခြေအနေမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေတဲ့ အလျှောက်အောင်မြင်မှုတွေ ရတဲ့အတွက် စစ်သည် တစ်ယောက်ဖြစ်တဲ့ ကျွန်နော့် အနေနဲ့ ဝမ်းသာခဲ့ရပါတယ် ဒါပေမယ့်ကျွန်နော်တို့လိုစစ်မှုထမ်းနေရတဲ့ တပ်မတော်သားတွေ အတွက်ကတော့ ဒီမိုကရေစီဆိုတာ မရှိရဘူး တဲ့လားဗျာ။ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ သူတွေအနေနဲ့လည်း ထည့်ပြီး စဉ်းစားပေးချင်ပါ တယ်။

ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှုပါ ခံခဲ့ရသေးတယ်။ (အမိန့်ကိုးဗျ)

 
ကျွန်နော် တို့ကိုတော့ပြစ်မထားပါနဲ့ဗျာ စစ်သည်တွေမှာရော လူ့အခွင့်ရေး မရသင့်ဘူးလား ကျွန်နော်တို့ဟာ control
နဲ့ထိန်းချုပ်တာ ခံနေရပေမယ့် စစ်သားတွေဟာလည်း လူသားတွေပါပဲလို့ ကျွန်နော်ထင်ပါတယ် တပ်မတော်အတွင်းမှာ
အောက်ခြေ စစ်သည်တွေ ဘဝတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ် သက်ဆိုင်ရာအကြီးအကဲ တွေကိုအာယုံပြု စေချင်ပါတယ်။

ဒါပေမယ့်သူတို့ အချင်းချင်းမှာတော့ အကိုကြီး ညီလေးနဲ့ပြီးသွားတာပဲ။ ဘဝမှာ ချိုးနှိပ်ခံဘဝတွေကတော့ အခြားဆင့်ဖြစ် တဲ့ကျွန်နော်တို့ဘဝတွေပါ တပ်မတော်အတွင်းမှာ အငယ်ပိုင်းတွေမှာဖီလင်ဖြစ်နေကြပါပြီ ဖိနှိုပ်ချုပ်ချယ်မှုတွေနဲ့ပဲစ တင် ခဲ့ရပါတယ် ကျွန်နော်တို့ဟာ တပ်မတော်ရဲ့ အစဉ်အလာတွေကို ဘုမသိဘမသိနဲ့ ဝင်ခဲ့ပါတယ် ဒီထဲရောက်မှ ကျွန်နော်တို့ ဘဝတွေ အဖတ်ဆယ်လို့ မရတော့ဘူးလို့ ထင်မိပါတယ် ကျွန်နော်ဟာလည်း ဘွဲ့ရ ပညာတတ် တစ်ယောက်ပါ ကလိမ်ကကျစ် ကျတာကို ယုံစားမိပြီး ဒီလောကထဲရောက်ခဲ့ရတယ်၊
နောင်လာနောက်သားတွေ ကျွန်တော်တို့လို မဖြစ်စေချင်ပါဘူး မိဘအိမ်မှာ နေတုန်းမှာ နွေနွေး ထွေထွေး နေခဲ့ရပေမယ့် တပ်မတော်လို့ ခေါ်တဲ့ စစ်တပ်ထဲမှာ အကြောင်း အမျိုးမျိုးနဲ့ ဖြားယောင်းမှုကြောင့် ဝင်ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ အခြားဆင့် ဘဝတွေဟာ ငွေဝယ် ကျွန်ထက် ဆိုးရွားစွာ ဖိနှိပ်မှုကိုခံရတယ် စစ်ဥပဒေဆိုတာကလည်း သူတို့အတွက် ကာကွယ်ဖို့ပဲရေး ဆွဲထားတယ်။ ကျွန်နော့်တို့ လက်အောက် ငယ်သားတွေ အတွက်ကျတော့ ဘာမှပြောရေး ဆိုခွင့် မရှိဘူးခင်ဗျာ။
  

ကလေးစစ်သားတွေပါ ရင်နင့်အောင် ခံစားနေရတာကိုလည်း မမြင်ချင်အဆုံးပေါ့
ကျွန်နော်တို့ တတွေက သစ္စာ ရှိကြပေမယ့် စစ်ခေါင်းဆောင်များ ဖြစ်မည့် ဗိုလ်တွေ ဗိုလ်ကြီးတွေ တပ်ရင်းမှူတွေ ကတော့ အောက်လက် ငယ်သားတွေ အပေါ်မှာ ဒီကောင်တွေငါတို့ လုပ်ရင်ရတယ်ပဲ ရှိပါတယ် ပညာပေးလိုက်အုံးမယ် အဲ့လိုမျိုး တွေပဲလုပ်နေပါတယ်ဗျာ။ ကိန်းဂဏာန်းတွေပြည့်စုံပြီး ချမ်းသာသွား တာဒီကောင်တွေပါ အောက်ချေအခြားအဆင့် တွေကတော့ ဖတ်ထိပ်လုပ် အလုပ်မရှိရင် ရှိတာရှာခိုင်းတယ် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းမဟုတ်တော့ပါဘူး ခင် ဗျာ။ 
ဟိုအပင်စိုက်ရတာနဲ့ ဒီအပင်စိုက်ရတာနဲ့ အများလည်းသိကြမှာပါ နောက်ဆုံးတော့ရွှံ နွံဗွတ်တောထဲမှာလုပ်ရတာ ရဲဘော်တွေပါ တစ်ခါတစ်ခါ အခြား အဆင့် အချင်းချင်းကို ဖိနှိပ်တဲ့တပ်ရင်းမှူးတွေရဲ့လက်ပါးစေ ဆရာကြီး ဆိုတာတွေ ရှိပါသေးတယ် ဆရာကြီးလို့တော့ ပြောတယ်ဗျ ပညာ အရည်အချင်း ကြည့်တော့ လေးတန်း ဆိုလားပဲ ဝလုံးကို အံကြိတ် ရေးပြီး အော်ကြောလန်တွေ ပေါ့ဗျာ တစ်ခါတစ်ခါ ငါကဘာဆိုပြီးလုပ်သေးတာ ရင်းမှူးတွေကအခွင့်အရေးလေး ပေး ထားတော့ ဒီကောင်တွေကလည်း စစ်သည်ရဲဘော်တွေ အပေါ်ဖိတယ်ကျွန်နော်က ပညာတတ်တစ်ယောက်မို့ ဒါတွေ ကိုမခံချင်လို့ပါ တခါတခါ အရမ်းစိတ်ပျက်လာတယ် ။
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ လောကထဲမှာ သူခိုးရောကြမ်းပိုရော စုစောင်းထားတော့စရိုက်ကပေါင်းစုံပေါ့ စစ်တပ်ကအမျိုးမျိုး ကလိမ် နည်းနဲ့စုတာဗျ မဖြစ်နိုင်တာတွေ မက်မောအောင်ပြော လိမ်ညာစည်းရုံးတာပေါ့မဝင်ခင်မှာတော့ ဝင်ချင်အောင်ချော့ မော့ပြီ သင်တန်းလေးလည်း ဆင်းရော ဖိတော့တာပဲ စစ်သည်တွေ ဘဝက ကျွန်ထက်ဆိုး တယ် အခွင့်ထူးခံ လူတန်းစား တွေရဲ့ထားရာနေကြရတယ် အခုဆို ကျွန်နော် စစ်တပ်ဆိုတာ ရွံစရာ ကောင်းပါလားလို့ သိလာတယ် ကျွန်တော်တို့ပြန် ထွက်ချင်ပါတယ်။ 


ဒီအလွှာတွေကိုတော့ မျက်နှာသာပေးတာလွန်ရောဗျာ
ဒီမိုကရေစီရဲ့ အနစ်သာရ ကိုရော စစ်သားတွေ မခံစားရဘူးလား။ ကျွန်နော်တို့လည်း ဒီမိုကရေစီ အနစ်သာရကို ခံစားချင် ပါတယ် လူ့အခွင့်ရေးဆိုတာ ဘာလဲ။ ကျွန်နော်တို့ စစ်တပ်အတွင်းမှာတော့ ဆုံးရှုံးနေပါတယ် စစ်သားတွေနဲ့ အခွင့်ထူးခံ လူတန်းစား စစ်ခေါင်းဆောင်တွေနဲ့ ရောပြီး မမြင်လိုက်ပါနဲ့ ကျွန်နော်တို့ဘဝတွေက ဒီမိုကရေစီကို လိုလားတယ် လူအခွင့် ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များနှင့် ပြည်သူများ အနေဖြင့် ခိုင်းတာ လုပ်ပေးတာ ယူကြွေးတာပဲ စားရတဲ့ ကျွန်နော်တို့ အခြား ဆင့်စစ်သည်တွေကိုတော့ မမုန်းလိုက်ပါနဲ့လို ကျွန်နော် ဒီနေရာကနေ ရင်ဖွင့် လိုက်ရပါတယ်။
 

လေးစားစွာဖြင့်
တပ်မတော်သားတစ်ဦး



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။