Sunday, December 9, 2012

မြန်မာအစိုးရရဲ့ စိုးရိမ်ပူပန်မှု ဒီရေ မြင့်တက်နေပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ ကြေးနီသတ္တုတွင်းဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေကြစဉ်

လက်ပန်းတောင်းတောင် အရေးအခင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ အစိုးရအနေနဲ့ စိုးရိမ်ကြီးစွာဖြင့် အနီးကပ် စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ နိုင်ငံခြားအလည်အပတ် ခရီးစဉ်ဖြစ်တဲ့ နယူးဇီလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေသွားမယ့် ခရီးစဉ်တောင်ရွှေ့ဆိုင်းလိုက်တာဟာ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ရောက်ရှိ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ အကျိုးစီးပွားထိခိုက်သွားမှာကို လိုလားဟန် မရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ သံအမတ်ကိုယ်တိုင် မကြုံစဖူး ထူးခြားစွာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာကို တွေ့ရှိရပါတယ်။


 မြစ်ဆုံရေကာတာ ဖြစ်စဉ် ရပ်ဆိုင်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် နှစ်ကျော် ကာလမှ စပြီး တရုတ်လူမျိုးများအား မြန်မာပြည်က ထွက်ခွာခိုင်းတဲ့ အထိ ဆန္ဒပြသူများ တောင်းဆိုနေတာဟာ တရုတ်သံအမတ် မစ္စတာလီကျင်းဟွာက စိတ်မကောင်းဖြစ်တဲ့ သဘောထူးဆန်းတဲ့ အဓိပ္ပါယ်မျိုးထွက်စေတဲ့ စကားမျိုး ပြောဆိုခဲ့ပါတယ်။ စစ်ဖက်နီးစပ်သူများက ကောက်ချက်ဆွဲရာမှာ တရုတ်တို့က အမေရိကန် ဝင်ရောက်လာလို့ မြန်မာတွေ အားကိုးရကာ ဆန္ဒပြတာမျိုး ကိုဆိုလိုနိုင်တာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ ဒေါ်အောင်ဆန်းစုကြည်အဖို့လည်း တရုတ်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံအစိုးရအပေါ် အမျက်ရှစေသည့် အခြေအနေ မျိုးရောက်အောင် ဖန်တီးမှာ မဟုတ်ဘူးလို့ စစ်ဖက်နီးစပ်သူများက ယုံကြည်ကြတယ်။ ဆန္ဒပြဆိုသူများရဲ့ တောင်းဆိုချက်များအနက် နစ်နာချက်များကို ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့က ထိုက်ထိုက်တန်တန် လျော်ကြေးပေးခိုင်းမည်ဟု မျှော်လင့်နေပါတယ်။

လက်ပန်းတောင်းတောင် အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့ဝင်များ၏အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် သံဃာတော်တစ်ပါး

သမ္မတဦးသိန်းစိန်အဖို့ တရုတ်နိုင်ငံအစိုးရမျက်နှာ ပျက်စေမည့် အပြုအမူမျိုးကို သတိထားနေရတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ UWSA “ဝ” များ တရုတ်နိုင်ငံ၊ လွှတ်တော်ထဲ တက်ရောက်နေတယ် သတင်းကြားရလို့ ဦးအောင်မင်းအား အပြေးအလွှား သွားရောက်ချော့မော့ခိုင်းကာ မြန်မာနိုင်ငံ လွှတ်တော်များသို့ တက်ရောက်လေ့လာဖိတ်ကြားခိုင်းတဲ့ အထိဖြစ်ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ နံပါတ်တစ် ခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတသစ်ဇီကျင်ပန်းရဲ့ အတွင်းစိတ်နေသဘောထားဟာ ယခင် ခေါင်းဆောင်ဟောင်းများနှင့် မတူနိုင်တာမို့ မြန်မာအစိုးရအဖို့ စောင့်ကြည့်ရမည့်အခြေအနေ ရှိပါတယ်။ လက်ပန်းတောင်းတောင် အရေးအခင်းနှင့် စပ်လျဉ်းပြီး အစိုးရကိုင်တွယ်ပုံ ညံ့ဖျင်းတာပေါ်လွင်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ သံဃာတော်များနှင့် လူထုအား သမ္မတအနေနဲ့ ဝန်ချတောင်းပန်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သပိတ်စခန်းစစ်ဆင်ရေးမှာပါဝင်တဲ့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များအား အရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။