Saturday, December 1, 2012

ခွေးမြီးကောက် ကျည်တောက်စွပ် သိန်းစိန်အစိုးရ

(မိုးမခ)



ဗုဒ္ဓေါဝါဒဆရာတော်
ဒီဇင်ဘာ ၁၊ ၂၀၁၂


မြန်မာနိုင်ငံ သမိုင်းမှာ ရဟန်းသံဃာတွေရဲ့ အပိုင်းကိုကြည့်လိုက်ရင် အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ တော်လှန်ရေး သ မိုင်းစာမျက်နှာကို ဖွင့်ခဲ့ကြပါတယ်။ ဘုရားသားတော်များ ဗုဒ္ဓအဆုံး အမတိုင်း လောကတ္ထစရိယ၊ဉာတတ္ထစရိယ လောကသူသားများရဲ့ အကျိုးစီးပွားအရေးကို အလေးထားဦးစားပေးပြီး ဓမ္မလမ်းကြောင့်ဖြင့် ချီတက်ခဲ့သည်မှာ သာသနာနှစ်ပေါင်း ၂၅၅၆ သို့ပင် ရောက်ရှိလာ ခဲ့ပါပြီ၊၊
ရဟန်းသံဃာများအပေါ်ကို ကြည်ညိုချင်ဟန်ဆောင်ထားတဲ့ စစ်အစိုးရ အနေဖြင့် ဘယ်လောက်ပင် ဟန်ဆောင်ကောင်းစေ သံဃာများက ပြည်သူလူထုဖက်ကရပ်တည်ပြီး အမှန်တရားကိုဖော်ထုတ်လာရင် စစ်အစိုးရအဆက်ဆက်ဆိုသလို အကြမ်းဖက် သတ်ဖြတ် ထောင်ချ မူ တွေရှိခဲ့တယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေးက သက် သေ ဖြစ်ခဲ့ပါပြီ။ အခုလည်း မုံရွာတဖက်ကမ်း ကြေးနီတောင် စီမံကိန်းဟာ ရဟန်းရှင်လူကျောင်းသားပြည်သူများ ဆန္ဒမပါဘဲ စစ်အစိုးရက လုပ်ခဲ့ တာမို့ အရပ်သား အစိုးရ ဒီမိုကရေစီဖော် ဆောင်နေပါ တယ်လို့ ပြော နေချိန်မှာဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ သံဃာနှင့်ကျောင်းသား ဒေသခံ တောင်သူလယ်သမားများကို ဓာတုလက်နက်ပါ တဲ့ ဗုံးတွေကို အသုံးပြုခဲ့တယ်။ လက်နက်အင်အားသုံးပြီး အကြမ်းဖက်တဲ့ စရိုက်ဆိုး တွေကို တတိုင်းပြည်လုံးက လက်မခံဘူးဆိုတာ နားလည်သဘောပေါက် ဖို့လိုတယ်။ ပြည်သူလူထုဆန္ဒကို အလေးမထားဘဲ ယခင် စစ်အစိုးရ အကျင့်ဆိုးတိုင်း လက်နက်အားကိုးနဲ့ ပြည် သူကို အနိုင်ယူမယ်ဆိုရင် ဒီကနေ့ ကမ္ဘာ့အသိုင်း အ၀ိုင်းက လက်ပိုက်ကြည့်မနေပါဘူး။၊


မကောင်းမူ ဒုစရိုက်မျိုးစုံကို အကုန်လုပ်ခဲ့ပြီဖြစ်တဲ့ စစ်ဗိုလ်များဟာ သူတို့ရဲ့ မျက်နှာတွေဟာ လူနဲ့မတူ တိရစ္ဆာန်အလား ပြောတာလည်း လူလိုမပြော၊ကြံစီတာကလည်း မိစ္ဆာ၊ကာယကံမြောက် လုပ်ခဲ့တာက မြန်မာပြည် တနံတလျား ချောင်းခြား မြောင်ခြားအစ ရွေတဂုံ ကုန်ပေါ် အဆုံး သွေးမြေကျခဲ့ရတဲ့အထိပါ ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ စရိုက် ဆိုးတွေကနေ ပြုပြင်ပြီး တိုင်းသူပြည်သားတွေကို အလေးထား ဆက် ဆံတဲ့ အခြေနေတွေကြောင့် အမေရိကန်နှင့် ဥရောပ နိုင်ငံတွေက အသိမှတ်ပြုတဲ့ သဘောနဲ့ အမေရိကန်သမ္မတ အိုဘားမားတောင်မှ ရန်ကုန်ကို ရောက်လာခဲ့တယ်။ ချီးမွမ်းမခံတဲ့ အနေထားပါ မြန်မာစကား တိုင်း ခွေးမြီးကောက် ကျည်တောက်စွပ် သိန်းစိန်အစိုးရပဲ ဖြစ်ပါ တယ်။ စစ်အစိုးရ သမိုင်းတလျောက်လုံး အမြဲကောက်နေသော သဘောသဘာ ၀ရှိနေတဲ့ စစ်ဗိုလ်ချုပ်များရဲ့ ခွေးမြီးများ အား ဖြောင့် စေဖို့ ရာ နိုင်ငံ တကာက အကူအညီ ကျည်တောက်စွပ်ပေးထားသော်လည်း ခေတ္တခဏ ကောင်းသလိုရှိခဲ့တယ်။စွပ်ထားတဲ့ ကျည်တောက်ကို တရုတ်ကြီး ၀မ်ချား ပေါင်က ဖြုတ်ချိန်မှာတော့ ခွေးမြီးကောက် ခွေးတွေက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ကိုက်နေအုန်း မည်ဖြစ် ပါတယ်။၊
ကောက်နေသည့် ခွေးမြီးကို ကျည်တောက်စွပ်လိုမရတာကြောင့် ခွေးမြီး ကို ဖြတ်ကြမလား။ ဒါမဟုတ်ရင်လည်း ခွေးကိုသတ်မလား၊ ကျည် တောက်ကို ဖြုတ်တဲ့ တရုတ်တွေကို မြန်မာနိုင်ငံအတွင်းက မောင်းထုတ် မလားဆိုတာကတော့ ပြည်သူလူထုရဲ့ သဘောဆန္ဒသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပစ္စည်း သယံဇာတ တန်ဘိုးရှိတဲ့ ကျွန်းသစ် ကျောက်သံ ပတ္တမြား ရေ၊မြေ၊တောတောင် မြေပေါ် မြေအောက်အားလုံး တရုတ်လက်ထဲကို ရောက်ခဲ့ပါပြီ၊တိုင်းပြည်မှာ အခွံပဲ ရှိပါတော့တယ်။ လက်ပံတောင်းတောင်(၃၃)လုံးနှင့်တကွ လယ်တီဆရာတော်ကြီးရဲ့ သိမ်တော်ကိုဖျက်ဆီးတာဟာ ဗုဒ္ဓသာသနာတော်ကြီးရဲ့ လည်းပင်းကို ဖြတ်လိုက်တာပင် ဖြစ်ပါတယ်။ဒါကြောင့် တတိုင်းပြည်လုံးရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူများက တော်လှန်ရေးခရီး ဆက်ရအုန်းမည်သာ ဖြစ်ပါတယ်။၊
ယခင်  အစိုးရ (ဦးသန်းရွေလုပ်ခဲ့တဲ့ စီမံကိန်းသည်) မှားခဲ့ပါတယ်လို့ ရင်းနှီးမြုတ်နှံမူကော်မရှင် ဥက္ကဌ ဦးစိုးသိန်းက ၀န်ခံလိုက်သလို မှား နေတာ သိပါလျက် ဘာကြောင့် ဦးသိန်းစိန်အစိုးရ ဆက်ပြီးတော့ လက်ပံတောင်းတောင်များအားမှိုင်းခွဲဖျက်ဆီးခဲ့လဲ၊ သာသနိက အဆောက်အဦးများကို ကွယ်ပျောက် အောင် ဘယ်လိုအကြောင်းတွေ ကြောင့် လုပ်ခဲ့တယ်ဆိုတာ ပြည်သူလူထုက သိချင်နေပါတယ်။၊ လက်ပံတောင်းတောင်ကိစ္စကို ထင်သာမြင်သာမူရှိအောင် တတိုင်းပြည် လုံးကို အချိန်မီ လူထုကျေနှပ် တဲ့အထိ လုပ်ကိုင်ဆောင်ရွက်မပေးရင် ဦးသိန်းစိန်အစိုးရ လူထုရဲ့ အဆုံးဖြတ်ကို ခံရမှာပါ၊၊
တရုတ် ၀မ်ပေါင်နှင့် စစ်တပ် ဦးပိုင်တို့ လက်ပံတောင်းတောင် စီမံကိန်း သည် တရုတ်နှင့် ဦးပိုင် စစ်တပ် တို့ရဲ့အကျိုးတခုသာဖြစ်ပါတယ် တိုင်း သူပြည်သားများရဲ့အပေါ်မှာ အကောင်းရလဒ်မရှိဘဲ ဒေသခံ ပြည်သူများ မှာ ဆင်းရဲဒုက္ခ ပိုပြီးရောက်ခဲ့ပါပြီ၊ စစ်အစိုးရလက်ထက်မှာ မှားယွင်းစွာ စာချုပ်ခဲ့မိခဲ့တာကို တိုင်းသူပြည်သားများအား ၀န်ခံပြောဖို့လိုအပ်ပါ တယ်။ စစ်တပ်အကျိုးမျှသာ ချုပ်ဆိုခဲ့ပြီး ပြည်သူ လူထုအတွက် မစဉ်စား ဘဲ စစ်တပ်လူတစုကောင်းစားရေးသာ လုပ်ခဲ့မိတဲ့ ဒီအမှားစာချုပ်ကြီးကို တရုတ်မျက်နှာမကြည့်ဘဲ ပြည်သူမျာက်နှာ ပြည်သူဆန္ဒအရသာ ဆောင် ရွက်သင့်တယ်။တရုတ်နဲ့ ချုပ်ထားတဲ့ စာချုပ်ဟာ မြန်မာပြည်ရှိ ရဟန်း ရှင်လူကျောင်းသားပြည်သူတွေရဲ့ ဆန္ဒနှင့် ချုပ်ဆိုခဲ့တာ မဟုတ်ဘူးဆို တာ ဒီကနေ့ ဒီမိုကရေစီလမ်းကို သွားနေပါတယ်ဆိုတဲ့ ကျည်တောက် စွပ်များ သတိတရ ဖြစ်စေချင်တယ်။တရုတ်ကို ရောကြေးပေးရမယ်ဆိုရင် ဗိုလ်ချုပ်တွေနှင့် ခရိုနီအမတ်များက စစ်အစိုးရ အဆက်ဆက် တိုင်းပြည် ရဲ့ သယံဇာတများကို ပြည်သူပိုင်ကို ကိုယ်ပိုင်သဖွယ် နည်းပေါင်းစုံဖြင့် သိမ်းယူထားခဲ့တဲ့ ဒေါလာသန်းချီတဲ့ငွေများကို နိုင်ငံတော်သို့ပြန်အပ်ပြီး ဗိုလ်ချုပ်အားလုံးနှင့် ခရိုနီအားလုံးရဲ့ ပိုင်ဆိုင်မူ ၅၀% ကို သိမ်းယူပြီး တရုတ်ကို ရောကြေးပေးလိုက်မယ်ဆိုရင် တရားမျှတ ပါတယ်။ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့တရားဥပဒေသာ တကယ်မျှတပြီး အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ပြည်သူ အာဏာ၊ပြည်သူဘဏ္ဍာဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိနေရမှာဖြစ်ပါတယ်။၊
လက်ပံတောင်းတောင်ကိစ္စမှာ သံဃာများအား အကြမ်းဖက် သတ်ဖြတ် တာဟာ လုံးဝလက်မခံပါဘူး။ ပြည်သူကမွေး ပြည်သူတွေထဲက ပေါက် ဖွားလို့ ပြည်သူများက ကျွေးထားတဲ့ ရဲနှင့်စစ်သားတွေက တရုတ် ၀မ်ပေါင်ရဲ့ လက်ပါးစေဖြစ်တယ်။ ကိုယ်လူမျိုးအချင်းချင်း သတ်တဲ့ ကြေးစား လူသတ်တိရစ္ဆာန် တွေဖြစ်တယ်ဆိုတာ ပေါ်လွင်ခဲ့ပါပြီ၊ တရုတ် အစိုးရ ခိုင်းတာကို တသွေမသိမ်းလိုက်ပြီး လုပ်နေရတဲ့ ဦးသိန်းစိန် အစိုးရဟာ ခွေးမြီးကောက် ကျည်တောက်စွပ် ကြံ့ဖွတ်အဖွဲ့မို့ တကယ် နောက်ကြောင်းပြန် မလှည့်ပါဘူးလို့ နိုင်ငံတကာကို ပြောနေပေမဲ့လည်း တန်ဆောင်တိုင်ညမှာ သံဃာများအား မီးလောင် တိုက်သွင်းပြီး ဓာတုလက်နက်တွေနဲ့ သတ်ဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ခဲ့ပါပြီ၊၊

သံဃာနှင့်လူထုတရပ်လုံးက ဦးသိန်းစိန်ကိုလည်း မယုံ၊လွတ်တော်ကိုယ် တိုင်ကလည်း ဒီကိစ္စ ကလေးမမွေးနိုင်တဲ့ မြုံနေတဲ့ ဝေဒနာရှင်လား၊ မုံရွာ ဆေးရုံ သံဃာကုသဆောင်မှာ သံဃာကို လက်မခံတဲ့ အခြေအနေတွေ ကို  ဦးပိုင်သံဃမဟာနာက ကိုယ်တော်ကြီးများက တကယ်ပဲ မသိတာ လား ဒါမဟုတ် ဦးသိန်းစိန်အစိုးရက တရုတ်ကိုကြောက်ရ၊မဟနက ဦးသိန်းစိန်ကို ကြောက်ရနဲ့ ခေါက်ရိုးကျိုးနေတဲ့ ခွေးမြီးကောက်များကို ကျည်တောက်စွပ်လည်း အစွပ်ဖြုတ်ရင် အမြီးကတော့ ကောက်မြဲတိုင်း ကောက်နေမှာပါ၊လက်ရှိအစိုးရအတွင်းမှာ အမြီးကောက်များကို ဖယ် ရှားပါ လူထုဆန္ဒကို လေးစားလိုက်နာပြီး မကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့ နည်လမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေ ကောင်းရှာနိုင်ပြီး အထက်က ခိုင်း တာကို ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ပြီး လူထုနှင့် တထပ်တည်း တသား တည်းကြတဲ့ အလုပ်မျိုးကို ဖော်ဆောင်နိုင်တဲ့ နိုင်ငံဝန်ထမ်း ခေါင်းဆောင် ကောင်းလိုပါတယ်။သတ်ဆို တိုင်း သတ်ရမည့် ခေတ်မဟုတ်၊ ပစ်ဆိုတိုင်း ပစ်ရမည်ဆိုရင် ဘယ်မှာလဲ လူရဲ့ အသိဥာဏ်၊ ဘယ်မှာလဲ နိုင်ငံသား ကောင်း၊ ဘယ်မှာလဲ အမျိုး ဘာသာ သာသနာကို ချစ်တယ်ဆိုတာ၊ ဘယ်မှာလဲ ယဉ်ကျေးမူအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် တယ် ဆိုတာ ရွေဝါရောင်မှာ သံဃာများအား သတ်ခဲ့တာကို ၀န်ချမတောင်း ပန်ဘဲ လက်ပံတောင်းတောင်မှာ ထပ်ပြီးသတ်ဖြတ်ခဲ့တာကြောင့် မြန်မာပြည်မှာရှိတဲ့ ငါးသိန်းကျော်တဲ့ သံဃာထုကြီးက ခွေးမြီးကောက် များကို ဓမ္မလမ်းကြောင်းကနေ တုံ့ပြန်သွားဖို့လုပ်နေကြပါပြီ၊၊
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။