(စည်းလုံးခြင်းရဲ့အင်အား)
ဆောင်းပါးရှင် - ဝေဟင်
မြို့နယ်အဆင့် မြို့ပြကာကွယ်ရေး အဖွဲ့အစည်း
(၇၃) မြို့နယ်အဆင့် ဌာနချုပ်တစ်ခု ဖွင့်လှစ်ပြီး ကြီးကြပ်ကွပ်ကဲခြင်းနှင့် သတင်းပို့ ဗဟိုဌာနအဖြစ် ဆောင်ရွက်ရ ပါမည်။ အောက်ပါအတိုင်း အဖွဲ့အစည်း (၇)ခု ဖွဲ့စည်း၍ ဆောင်ရွက်ရပါမည် -
(က) စစ်ဆင်ရေး ဆောင်ရွက်သောအဖွဲ့
(၁) လေကြောင်းရန် အချက်ပေးအဖွဲ့။
(၂) ထိခိုက်ဒဏ်ရာ ရသူများအား ဆေးကုသရေးအဖွဲ့။
(၃) အသက် ကယ်ဆယ်ရေးအဖွဲ့။
(ခ) ထိန်းသိမ်း ပြုပြင်ရေးအဖွဲ့
(၁) ထောက်ပံ့ရေးအဖွဲ့။
(၂) ထိန်းသိမ်းရေးအဖွဲ့။
(၃) လေ့ကျင့်ရေးအဖွဲ့။
(၄) ဆက်သွယ်ရေးအဖွဲ့။
(၇၄) အဖွဲ့တစ်ခုချင်း၏ ဆောင်ရွက်ချက်များသည် မြို့နယ်အဆင့် မြို့ပြကာကွယ်ရေး၏ လက်အောက်တွင် ထားရှိပြီး ၎င်းအဖွဲ့များ၏ အရေးကြီး ဆောင်ရွက်ရန်များ၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များအား တာဝန်ယူ ဆောင်ရွက်ရပါမည်။
မြို့ပြကာကွယ်ရေး၌ တွေ့ကြုံနိုင်သော ပြဿနာများ
(၇၅) မြို့ပြကာကွယ်ရေး အဖွဲ့အစည်းတိုင်းတွင် တွေ့ကြုံရလေ့ရှိသော ပြဿနာ အမျိုးစုံရှိသည့်အနက် အချို့မှာ-
(က) ပြည်သူလူထုမှ စိတ်ပျက် လျစ်လျူရှုတတ်ခြင်း။
(ခ) ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း။
(ဂ) ကာလကြာရှည်စွာ ပြင်ဆင်ရခြင်းတို့ကြောင့် မြို့ပြကာကွယ်ရေး တည်ဆောက်ရာတွင် အခက် အခဲရှိနိုင်ခြင်း။
မြို့ပြကာကွယ်ရေး ကြီးကြပ်မှုနှင့် သတင်းပို့ဗဟိုဌာန
(၇၆) မြို့ပြကာကွယ်ရေး ကြီးကြပ်မှုနှင့် သတင်းပို့ဗဟိုဌာန၏ အကြီးအကဲသည် မြို့ပြကာကွယ်ရေး၏ ကြီးကြပ်ကွပ်ကဲသူ ပင်ဖြစ်ပါသည်။ ၎င်းသည် လက်တွေ့လုပ်ဆောင်နေရသော မြို့ပြကာကွယ်ရေး၏ တာဝန်ခံလည်း ဖြစ်ပါသည်။ သတင်းပို့ ဗဟိုဌာနနှင့် ကြီးကြပ်ရေးဌာနတို့ကို ခွဲခြား၍သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း ထားရှိနိုင်ပါသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။