Tuesday, May 28, 2013

ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု

(The Voice Weekly)

တောင်ငူ ရွှေဆံတော်ဘုရားပွဲမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုး ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက မေလ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်က လုယက်ခဲ့သည်ဟု တောင်ငူမြို့ အမှတ်(၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဒေါ်နှင့်အတူ ဘုရားပွဲမှ မော်တော်ဆိုင်ကယ် စီးပြန်လာသည့် အသက်၂၄ နှစ်အရွယ် ဒေါ်သေးသေး (ခ) ဒေါ်မျိုးမျိုး သည် ဗောဒိဓိသာရတံတားအနီး ဆိုင်ကယ်ရပ်၍ အဒေါ်၏ပစ္စည်းများ ကူချပေးနေစဉ် ဆိုင်ကယ်စီးလာသူ တစ်ဦးက ၄င်းတို့ ကိုကျော်၍ ပြန်လှည့်လာပြီး ဒေါ်သေးသေး ဆွဲထားသည့် ရွှေချိန်သုံးပဲလေးရွေးခန့် ရှိသောဆွဲကြိုးကို ဖြတ်ယူခဲ့ကြောင်း ရဲစခန်း တွင် ကနဦးတိုင်တန်းချက်အရ သိရသည်။



ဆွဲကြိုးဖြတ်လုယက်သူမှာ အမှတ် (၃) ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးအောင် ဆိုသူ ဖြစ်ပြီး ၄င်း၏လက်ကို ဆွဲကြိုးပိုင်ရှင်၏ အဒေါ်ကဆွဲထားပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံသဖြင့် ဆိုင်ကယ်မောင်းနှင်သူ ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

"ဆိုင်ကယ်မှောက်သံ ကြားလို့ သွားကြည့်တာ၊ အမျိုးသမီးကြီးက ရဲလက်ကို ဖမ်းဆွဲထားတယ်။ ရဲကလည်း ဆိုင်ကယ် မှောက်သွားတော့ ပြေးဖို့မလွယ်ဘူး။ သူ (ရဲတပ်သား) က ငြင်းသေးတယ်။ နောက်မှ ဗွက်ထဲမှာ သုံးပိုင်းပြတ်ဆွဲကြိုးကို ပြန်တွေ့တာ" ဟု အဆိုပါလုယက်မှုကို သွားရောက် ကြည့်ရှုခဲ့သည့် တော်ဝင်ကေတုမတီ ဟိုတယ် တည်ဆောက်ရေးအင်ဂျင်နီယာ ဦးစောမြင့်ထွေး က ပြောကြားသည်။

ဆွဲကြိုးလုယက်သည်ဟု တိုင်တန်း ခံရသူ အသက်၂၁ နှစ်အရွယ် ရဲတပ်သား ပြည့်ဖြိုးအောင် ကို (ပ) ၁၇၂/၁၃ ၊ ပုဒ်မ ၃၇၉ (ခါး) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း အမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။