Thursday, February 6, 2014

သမဝါယမ စနစ် ပြောင်းလဲရန် လိုအပ် ဒု သမ္မတ ပြော



သျှမ်းပြည်မြို့တော် တောင်ကြီးရှိ အဝေရာ မီးပုံးပျံကွင်းတွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့်လူမှုစီး ပွားဘဝမြှင့် တင်ရေးအတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ချေးငွေများ ထုတ်ချေးပေး သော အခမ်းအနား ကျင်းပရာ သမဝါယမ စနစ် ပြောင်းလဲရန် လိုအပ်ပြီ ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။



“မြန်မာနိုင်ငံရဲ့ သမဝါယမစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ ဒုသမ္မကြီးကပြောတယ်။ မမှန်မကန် လုပ်ရင်  တိုင်ကြားလို့ရတယ်တဲ့။ လယ်သမားတွေအတွက်တော့ ဝမ်းသာစရာပေါ့။  ကျနော်တို့ရွာက ဒီနေ့ဒီချိန်အထိ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်နေတုန်းဘဲ ၊ မီးလည်း မရှိသေးဘူး ” ဟု ပင်ဖြစ်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။


အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက် ယမန်နေ့က ပြုလုပ်ခဲ့သည်ဖြစ်ရာ  တောင်ကြီးခရိုင်၊ လွယ်လင် ခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ ကွမ်လုံခရိုင် ၊ မူဆယ်ခရိုင်အစရှိ  ၆ ခရိုင် (၂၀ မြို့နယ်) သမဝါယမ အသင်း ၂၁၃ သင်းအား ငွေများချေးပေးခဲ့သည်ဟု သိရှိရသည်။



ဒု-သမ္မတမှ ချေးပေးသော ချေးငွေကျပ် ၁၄၇၈၂ သိန်းခန့်နှင့် သမဝါယမဝန်ကြီးဌာန ၊ဗဟိုသမဝါယမ အသင်းနှင့် သမဝါယမ ဘဏ်လီမိ တက်တို့ အားလည်း လယ်ယာသုံးစက်ကိရိယာများနှင့် လုပ်ငန်းသုံး စက်ကိရိယာများ   ၁၂၆၆ ခုကို အရစ်ကျ စနစ်ဖြင့် ပေးအပ်ခဲ့သည်ဟုဆိုပါသည်။


ယင်းအခမ်းအနားသို့ တက်ရောက်လာသူများမှာ ထောက်ပံ့ငွေတစ်ထောင့်ငါးရာကျပ်စီ ရရှိကြောင်း နှင့် အခမ်းအနားသို့ လုံခြုံရေးအတွက် ဖုန်း၊ စာအုပ်၊ မှင် မှအစယူဆောင်လာခြင်းမပြုကြောင်းလည်း  အခမ်းအနားတက်ရောက်သူများကပြန်လည်ပြောပြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။