Monday, February 3, 2014

ဝန်ကြီး ဦးအုန်းမြင့်ပြောသွားခဲ့တာကို သင်ခန်းစာယူတဲ့ ဦးရဲထွဋ်

(Irrawaddy)
 ဒီရက်ပိုင်း လူပြော များနေ တဲ့ ပြည်ထောင် စု ၀န်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆို ခဲ့တယ်ဆို တဲ့ စကားတွေနဲ့ ပတ် သက်ပြီး သမ္မတ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ် က သူ့ဖေ့စ်ဘုတ်ကတဆင့် အခုလို ဖြေရှင်း ချက်ပေး ထားပါတယ်။ 



ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ရုပ်သံဖိုင်ပါ ပြောကြားချက်များနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို မီဒီယာများက မေးပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင် ဒီနေရာကပဲ ဖြေကြားလိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ၀န်ကြီးဦးအုန်းမြင့်ဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအပေါ် စိတ်ရော ကိုယ်ပါ ဆောင် ရွက်နေတယ်လို့ အပြည့်အ၀ယုံကြည်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလို ဘ၀မျိုးကို ခံစားဖြတ်သန်းခဲ့ ဖူးသူဖြစ်ပါတယ်။ 
ဒါပေမယ့်ရုတ်တရက်ဖြစ်လာတဲ့စိတ်ခံစားချက်အပေါ် အခြေခံပြီးပြောဆိုခဲ့တာကြောင့်ဝန်ကြီး ဦးအုန်းမြင့် ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ပေးနေမှု များအပေါ် ပြည်သူများ အနေနဲ့ အထင်မှား မှုတွေဖြစ်ပေါ် စေသလို နိုင်ငံတော်သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များအပေါ်မှာ လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ပူပေါင်းဆောင်ရွက်နေမှုများအပေါ်မှာလည်းကောင်း အထင်အမြင်လွဲမှုများ လည်း  ဖြစ်စေခဲ့ပါတယ်။ 
ဒီဖြစ်ရပ်ဟာ ပြည်သူတွေနဲ့ ထိတွေ့ဆောင်ရွက်နေရတဲ့ ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာ ယူစရာလို့ ထင်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။