Thursday, November 28, 2013

ဦးသန်းရွှေမြေး ဖိုးလပြည့်ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများ

(နေပြည်တော်သတင်း)

မောင့်ပုလဲဇင့် ဟိုတယ်ဆို တာ နေပြည်တော်မှ အလွန် နာမည်ကြီးပါ တယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော် ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာ အဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ ၊
၂၀၁၀ နှစ် ဆန်း ပိုင်းလောက်က စတင် ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊
ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ် ၊မောင့်ပုလဲဇင့် ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းအနီး ရွှေပုဇွန်ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်း တက်သွားရပါမယ် ၊အင်ကြင်းပန်းအဝိုင်းကို ဂူဂယ်မတ်မှာ 19.814272, 96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ် ၊မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါတယ် ၊
မောင့်ပုလဲဇင့်ဟော်တယ်မှာ ခေတ်မီဆက်သွယ်ရေး ကိရိယာများ အပြည့် တပ်ဆင်ထားပြီး အင်တာနက်လိုင်းအတွက် သီးသန့်ဖိုင် ဘာဂလပ်ကြိုး များဖြင့် ဆက်သွယ်ထားတယ်လို့လဲ သိရပါတယ် ၊ယခုအခါ မောင့်ပုလဲဇင့် ဟိုတယ်ပိုင် သီးသန့်လမ်းအဖြစ် မိုင် ၃၀ လောက်ရှည်တဲ့ တောင်ပေါ် ကွန်ကရစ်လမ်းမကြီးကိုဖောက်လုပ်ပြီးစီးသွားပြီလို့သိရပါတယ် ၊
အဲဒီလမ်းမကြီးဟာ မောင့် ပုလဲဇင့်ကနေ တောင်ကြောအတိုင်း ဆက်သွားရင် တပ်ကုန်းမြို့မြောက်ဖက်အထွက် ကိုရောက်သွားမှာဖြစ်ပါတယ် ၊အဲဒီလမ်းမကြီး ကိုလည်း ဦးသန်းရွှေမြေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ သိရပါတယ် ၊အဲဒီလမ်းမကြီးအတိုင်း တပ်ကုန်းဘက်ကနေ လာမယ်ဆိုရင် ဂူဂယ်မတ်ပေါ်မှာဒီအမှတ်တွေကိုတစ်ခုပြီးတစ်ခုရိုက်ထည့်ပြီးကြည့်နိုင်ပါတယ် ၊ရန်ကုန် မန္တလေးလမ်းဟောင်းမှ တပ်ကုန်းနေုပြည်တော် သီသန့်လမ်း အဝင် 20.152813,96.192069တပ်ကုန်းနေပြည်တော် သီးသန့်လမ်းမှ မောင့်ပုလဲဇင့်ဟော်တယ်ပိုင်လမ်းသို့အဝင် 20.145602,96.171434
အဲဒီလမ်းမကြီးကို နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်က တာဝန်ယူ အကုန်အကျခံ တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ် ၊
နေပြည်တော်ရောက်ဖူးသူတိုင်း မောင့် ပုလဲဇင့်ကို မရောက်ဖူးကြပါဘူး ၊ မောင့်ပုလဲဇင့်ကို မရောက်ဖူးရင် ခေတ်မမှီဘူးလို့လည်း ပြောသံတွေကြားရပါတယ် ၊အခြားဟိုတယ်တွေမှာ မရရှိနိုင်တာတွေ အကုန်လုံးကို မောင့်ပုလဲဇင့်မှာ ရရှိနိုင်အောင် အရန်သင့် ထားရှိထားတယ်လို့ သိရပါတယ် ၊မောင့်ပုလဲဇင့် ဟိုတယ်ဟာ ဦးသန်းရွှေ အိမ်မက်ရတဲ့ အတိုင်းတည်ဆောာက်ထားတာဖြစ်ပြီး မြေးဖြစ်သူ ဖိုးလပြည့် အကြိုက်ဝန်ဆောင်မှုများကိုလည်း အပြည့်အစုံဖြစ်အောင် ထည့်သွင်းထားတယ်လို့ သိရပါတယ် ၊မောင့်ပုလဇင့် ဟိုတယ်ရဲ့ အနောက်ဖက် ကပ်ရပ်မှာတော့ ဧကသောင်းချီရှိတဲ့ သစ်တောကြိုဝိုင်းကြီးတစ်ခုရှိပါတယ် ၊
အဲဒီသစ်တောကြိုးဝိုင်းကြိးကိုလည်း ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့က မြေးတော်လေး ဖိုးလပြည့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်လို့ သိရပါတယ် ၊

(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)


Hawdeka Khalaylay

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။