Wednesday, November 27, 2013

၂၀၀၈ ဖွဲ့ စည်းပုံပြင် ရေး အတွက် တွေ့ ဆုံ ရေး ကာကွယ်ရေး ဦးစီးချုပ် က အထူးအရေး ပေါ် အစည်း အဝေး ခေါ်

(FNG)

၂၀၀၈ ခုနှစ် ဖွဲ့  စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်က နေ ကာကွယ်ရေး ဦးစီးချုပ် ၊ သမ္မတတို့  နဲ့  တွေ့ ဆုံ ဖို့  အတွက် ဗဟို အလုပ်မှုဆောင်အဖွဲ့  ရဲ့  မေတ္တာ ရပ်ခံစာ ကို အကြောင်း ပြန် နိုင် ဖို့  အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က တပ်ထဲ က ခေါင်းဆောင် တွေ ကို ဆင့် ခေါ် ပြီး အထူးအရေး ပေါ် အစည်း တစ်ရပ် ဒီနေ့  ပြု လုပ် တယ် လို့  FNG က သိရ ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရဲ့  အထူး အရေး ပေါ် အစည်း အဝေး မှာ မြောက်ကိုရီးယား နဲ့ သံယောဇဉ် မပြတ် လို့  ဇူလိုင် လ က ဒဏ်ခတ် ပိတ်ဆို့  ခံရတဲ့ ဗိုလ်ချုပ်ကြီး သိန်းဌေး လဲ ပါဝင်တယ် လို့  သိရ ပါတယ်။


” ဒီနေ့  လုပ်တာ G1 တွေ( စစ်ဦးစီးချုပ်) တွေ ၊ တပ်မှုး တွေ နဲ့  တိုင်းမှုး အချို့  လဲ ပါတယ်။ ကာကွယ်ရေး ၀န်ကြီး လဲ ပါတယ်။ NLD က ပို့  ထားတဲ့ စာ ကို ဘယ်လို အကြောင်း ပြန် မလဲ ပေါ့ ။ ဒီနေ့ မပြတ် ရင် မနက် ဖြန် လောက် အထိ ဆက် လုပ်မယ် ထင်တယ် လို့ ကာကွယ်ရေး ၀န်ကြီးဌာ န က အရာ ရှိ တစ်ဦး က FNG ကို ပြော ပါတယ်။

NLD က ပေးပို့  တဲ့ စာနဲ့  ပတ်သက် ပြီး ကာချုပ် က အစည်း အဝေး ခေါ် ရာမှာ လွှတ်တော် ထဲ က တပ်မတော် သား ကိုယ်စားလှယ် တွေ ပါဝင်မှု မရှိ ဘူး လို့  ဆို ပါတယ်။

အရင် က မြန်မာ စစ်တပ် မှာ နံပါတ် ၃ အဆင့် ရှိ ပြီး အခု လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် နေတဲ့ သူရ ဦးရွှေမန်း ကတော့ အခြေခံ ဥပဒေ ပြင် ဆင် ရေး ကိုထောက်ခံ သူ တစ်ဦး ဖြစ် ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရဲ့  အရေး ပေါ် အစည်း အဝေး ဟာ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကပဲ ခေါ်ယူ ခိုင်းတာ လား ဆိုတဲ့ မေးခွန်း ကို တော့ FNG နဲ့  အဆက် အသွယ် ရှိ တဲ့စစ်ရုံး က အရာ ရှိ က ” သူ့  အနေ နဲ့  အဲဒါ ကို တော့ မသိ ဘူး” လို့  ပြော ပါတယ်”

ဒီအစည်း အဝေး ဟာ တပ် တွင်း အစည်း အဝေး သက် သက် သာ ဖြစ် ပြီး မြန်မာ အစိုးရ အဖွဲ့  ထဲက တစ်ယောက် မှ မပါ ဘူး လို့  သိရ ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။