Wednesday, November 6, 2013

တပ်မတော်ရဲ့ အရည်အသွေး ကျဆင်းနေပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

၂၃ ကြိမ်မြောက် အာဆီယံနိုင်ငံရှိ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ကျင်းပရာ ပြင်ဦးလွင်မြို့

တပ်မတော် အရည်အသွေး ကျဆင်းနေပြီဟု စစ်ဖက်နီးစပ်သူများက သတင်းပေးလာပါတယ်။


ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ဆုရရှိကြစဉ်

၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း) သေနတ်ပစ် ပြိုင်ပွဲ အများစုမှာ မြန်မာ့တပ်မတော်မှ ဆုတံဆိပ် တတိယအဆင့်တောင် မရခဲ့ဘူးလို့ ဆိုပါတယ်။ ပစ္စတို ပစ်ပြိုင်ပွဲ၊ လက်နက်ငယ် မောင်းပြန်ရိုင်ဖယ် ပစ်ပြိုင်ပွဲ၊ စစ်သေနတ်ပစ်ပြိုင်ပွဲတွေမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ တပ်မတော်များမှ သေနတ်ပစ် တပ်မတော်သားတွေသာ ရွှေ၊ ငွေ၊ ကြေး တံဆိပ်တွေနဲ့ လွှမ်းမိုးနေပြီး မြန်မာမြေပေါ်မှာ ဂုဏ်ပြုဝံ့ကြွားစွာနဲ့ သူတို့ နိုင်ငံတွေရဲ့ အလံလွှင့်ထူ သွားကြတာ တွေ့ရပါတယ်။ နိုင်ငံငယ် ဘရူးနိုင်း နိုင်ငံတောင် ဆုရပါသေးတယ်။

၂၃ ကြိမ်မြောက် အာဆီယံနိုင်ငံရှိ တပ်မတော် (ကြည်း) များ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆွေးနွေးနေကြစဉ်


ယခင် မဆလ လက်ထက်က ဗိုလ်ကြီး မြင့်စိုး ဆိုရင် ပစ္စတို လက်ဖြောင့်ချက်က အခြား နိုင်ငံများမှပင် အံ့သြယူ လောက်အောင် ထိချက်ကောင်းလွန်းတာကြောင့် ယနေ့ တပ်မတော်သားများရဲ့ လက်စွမ်း မမှီသေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဂုဏ်ယူစွာ ကျင်းပနေပြီဟု TV များမှ လွှင့်ထုတ် ကြေငြာ နေသော်လည်း မြန်မာ့တပ်မတော်က စွမ်းရည်မပြနိုင်တာ ရှက်ဖွယ်လိလိပင် ဖြစ်ပါတယ်။

ဘရူးနိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ အသီးသီး ဆုရရှိကြစဉ်


မကြာသေးမှီကပင် လေးနိုင်ငံ ဖိတ်ခေါ် ချစ်ကြည်ရေး တပ်မတော် ဘောလုံးပြိုင်ပွဲမှာ ထိုင်းနိုင်ငံက (၆) ကိုး မြန်မာကို သွင်းနိုင်သည်အထိ အရှုံးကြီး ရှုံးခဲ့ဖူးပါတယ်။
စစ်ဖက်နီးစပ်သူများက ဘောလုံးပြိုင်ပွဲ ဦးစီးကျင်းပရတဲ့ (ကကရေး) စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ သေနတ်ပစ်ပြိုင်ပွဲ ဦးစီးကျင်းပ ရတဲ့ (လကခ) တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီပြိုင်ပွဲတွေမှ မရှုမလှ အရေးနိမ့်လို့ တပ်ချုပ်ရှေ့မှာ မျက်နှာပန်းမလှ ရှိနေမှာတော့ သေချာလှပါတယ်လို့ ပြောပါတယ်။ တပ်မတော် စွမ်းရည် မြင့်တင်ဖို့ ဒီသေနတ်ပစ် ပြိုင်ပွဲက မီးနီပြ အချက်ပေးလိုက်တာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလာပါတယ်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။