Sunday, September 1, 2013

ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် အချုပ်သား၊ အကျဉ်းသားများအား ရိုက်နှက်ပါက ထောက်ဒဏ်(၃)နှစ် ထိအရေးယူနိုင် ဟု ဒုဝန်ကြီးဖြေကြားခဲ့


ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် အချုပ်သား ၊အကျဉ်းသားများကို ရိုက်နှက်ခြင်း ၊အခြားသူအား ရိုက်နှက်ရန်ခိုင်းစေခြင်း နှင့် ဟန့် တားရန်ပျက်ကွက်ခြင်း တို့ တွေ့ ရှိပါက ထောင်ဒဏ် (၃)နှစ်ထိ ပြစ်ဒဏ်ချနိုင်သော ဥပဒေဖြင့် အရေး ယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်မှုးချုပ် ကျော်ကျော်ထွန်း ကဖြေကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏လစာစရိတ်ထောက်ပံ့ငွေများ၊အရည် အသွေးမြှင့်တင်မှုများနှင့်စပ်လျဉ်း သည့် မေးခွန်းများမေးမြန်းရာတွင် ---
“ယခုအချိန်ထိ အချုပ်သားများကို ရိုက်နှက်နေဆဲ ကိစ္စများရှိနေ ပါသဖြင့် မည်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ထိန်းကျောင်းမည်ကို သိရှိလို ပါကြောင်း။”မေးခွန်းအပေါ် မနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်တွင် ဒုဝန်ကြီးက ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာရဲတပ်ဖွဲ့အနေနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးအတွက် အဓိကအခန်းကဏ္ဍအဖြစ် တာဝန်ယူ ထမ်းဆောင်နေကြသူ များဖြစ်သည့်အတွက် ယင်းကဲ့သို့ တာဝန်ထမ်းဆောင်သည့်နေရာ တွင် ပြည် သူများ အမှန် တကယ်အားကိုးသော ပြည်သူ့ရဲများအဖြစ် လာဘ်ပေးလာဘ် ယူ ကင်း ရှင်းနိုင်စေရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ထဲ တွင် ပြည်သူ့ရဲ များအပေါ် တာဝန်ယူမှုအပိုင်းကို သိလိုပါ သဖြင့် မေးခွန်းကြီး ၈ ခု အား ဒေါ်လဲ့လဲ့ဝင်းဆွေ( တာမွေ မဲဆန္ဒနယ် )ပြည် သူ့ လွှတ်တော် အစည်းအဝေးတွင်ေ မေးမြန်းခဲ့သည်။

“ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေဖြင့် အချုပ်သားများကိုရိုက်နှက်သူရဲတပ်ဖွဲ့ ဝင် ကို ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ ၊နည်းဥပဒေများဖြင့် အ‌ရေးယူထိန်းသိမ်း ကြပ်မတ်ပေးလျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေးဥပဒေတွင် ပြဋ္ဌာန်း ထားရှိ တာသည်မှာ ပုဒ်မ ၁၇ (ဂ)။ အကျဉ်းသား၊ အချုပ်သား၁ ဦးက အခြားသူ၁ ဦးအား ရိုက်ပုတ်ရန် (သို့)အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေ လျှင်၊ ခွင့်ပြုလျှင် ထိုသို့ ပြုလုပ်နေသည်ကို သိလျက် ဟန့်တားရန် (သို့) အရေးယူရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ပုဒ်မ ၁၇ (ဆ) ။ အကျဉ်း သား၊ အချုပ်သား (သို့) ဖမ်းဆီးထားသူ ၁ ဦးအား ရိုက်ပုတ်လျှင် (သို့) အခြား နည်းဖြင့် ညှဉ်းပန်း နှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီးပြစ်မှု ထင်ရှား စီရင်ခြင်းခံရပါက ၃ နှစ်အ ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤဥပဒေ တွင် ဖော်ပြထားသည့် လျော့သောပြစ် ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟုပြဋ္ဌာန်း ထားရှိပြီး ဖောက်ဖျက်ကျူးလွန်သူ တပ်ဖွဲ့ဝင်များကို အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအနေနှင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအပြင် တည်ဆဲဥပဒေ ပြဋ္ဌာန်း ချက်များကိုပါ အရပ်သားများနည်းတူ လိုက်နာဆောင် ရွက် စေလျက်ရှိ ပါကြောင်း။” ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်း က ဖြေကြားခဲ့သည်။

မန္တလေးခေတ်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။