Sunday, May 11, 2014

ရေပေါ်အရုပ်ရေးတဲ့ သမ္မတ အကြံပေး။ အာသောကမင်းတရား ကျောက်စာ

လက်ရှိအခြေနေနှင့် ထင်ဟတ်၍ ပြန်လည် တင်ပြခြင်းပါ (ဂိုလ်ရှယ်လေး)

၂၀၁၄ဇန်နာဝရီလ ၂၂ ရက်နေ့ ညပိုင်းဘီဘီစီထုတ်လွှင့်မှုမှာ သမ္မတ စီးပွါးရေးဆိုင်ရာ အကြံပေး ပညာတတ်ကြီး ဒေါက် တာ ဇော်ဦးကို အင်တာဗျူးပါတယ်။ 

အင်တာဗျူး ရတဲ့အကြောင်းက အိုင်အမ်အက်ဖ် လို့ခေါ်တဲ့ တိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲကြီးက မြန်မာပြည်စီးပွါးရေး တိုးတက်လာပေမယ့် ငွေကြေးဖေါင်းပွမှုက ကြီးမာနေတယ်လို့ ထုတ်ပြန်ခဲ့တဲ့အကြောင်းရင်းကို အခြေခံပြီး အင်တာဗျူးလုပ်ခြင်းပါ။ 


သမ္မတ စီးပွါးရေး အကြံပေး ဒေါက်တာဇော်ဦး (ယခင် ကျောင်းသားတပ်မတော် ABSDF) ရဲ့ တောင်ပိုင်းဒေသ ဗဟိုကော်မတီဝင်- ပြီးတော့ အေဘီအစ်ဒီအက်ဖ် ကျောင်းသားရဲဘော်အားလုံးတို့ရဲ့ ရံပုံငွေတွေ ထောက်ပံကြေးတွေကို ဖြတ်သုတ်ပြီး တက်သုတ်ရိုက်ကာ-အမေရိကန်နိုင်ငံကို လစ်ထွက်လာသူ၊ ဒါပြင်မက မြန်မာ့နိုင်ငံရေး နဲ့ ပြည်သူသွေ လှုရှားတက်ကြွသူတွေ ကျောင်းသားတွေရဲ့ ထောင်ထဲက ဘ၀ တွေကို ဘန်းပြပြီး အမေရိကန်နိုင်ငံမှာ အန်ဂျီအိုတခုရဲ့ မြန်မာပြည်သူတွေအတွက် သတ်မှတ်လျာထားတဲ့ ရန်ပုံငွေတွေနဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး ကျောင်းတက်ခွင့် ရခဲ့သူ ။။။

ဒီနောက် အာရှဒေသ စီပွါးရေး အလားလာနှင့် အကျင့်ပြက်ချစာမှု ဆိုတဲ့ စာတမ်းတစောင် ရေးသားပြီး ပီအိပ်ချိဒီ ဒေါက်တာဘွဲကို ရခဲ့သူပါ။ အမေရိကန် တက္ကသိုလ်တွေရဲ့ အာမတန် မကောင်းတဲ့ အကျင့်က သူတို့တက္ကသိုလ်မှာ မရှိသေးတဲ့ အချက်လက်တချို့ကို စနစ်တကျ အသေးစိတ်ကျကျလေး စာတမ်းရေးတင်နိုင်မယ် ပြီးတော့ အဲဒီစာတမ်းက အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရှေ့ခရီးအတွက် တစုံတရာ အသုံးဝင်မယ်ဆိုရင် ဘွဲ့တွေ ကောက်တပ်ပေးလိုက်တဲ့ ပြသနာကြီး ပါပဲ။

အခု မြန်မာပြည်မှာ အဲဒီလိုနည်းနဲ့ အခြေနေနဲ့ ဘွဲ့ရခဲ့တဲ့သူတွေ အချို့ထဲက ဒေါက်တာဘွဲ့ရခဲ့သူ ဇော်ဦး ကတော့ဖြင့် အ၀တ်စားပြောင်းဝတ်သွားတဲ့ အာဏာရှင်လက်ဟောင်းက လူတွေ နဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်အတွက် စီးပွါးရေး အကြံပေးကြီး ဖြစ်နေပါ သတဲ့….

ဘီဘီစီက ဒေါက်တာ ဇော်ဦးကိုတိုက်ရိုက်အသံလွှင့်နေစဉ်မှာပဲ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ “အခုလိုငွေကြေးဖေါင်းပွမှု ဖြစ်နေတာကို ဘယ်လိုမျိုး ဖာထေး ကုသလို့ ရနိုင်မလဲ” လို့ မေးတော့ “ခုလိုငွေကြေးဖေါင်းပွနေမှုကို ကျနော်တို့ လက်ခံပါတယ် ကုသဖို့ နည်းလမ်းတွေက ငွေကြေးဖေါင်းပွမှု လျောကျဖို့ အခြေနေကတော့ အခွန်ကို တိုးကောက်ရမယ်” လို့ ဒေါက်တာ ဇော်ဦးက ခပ်တည်တည်နဲ့ မဆိုင်းမတွ အထစ်ငေါ့မရှိ ဖြေချလိုက်တယ်။

စာရေးသူ တောက်ခတ်မိတယ်။ လက်သီးဆုပ်မိမလောက်ကိုဖြစ်သွားတယ်။ အမေရိကန်တွင် ကျောင်းတက်ပြီး ဒေါက်တာဘွဲ့ရခဲ့သူက ငွေကြေးဖေါင်းပွမှုကို တရားလက်လွတ်ပြောဆိုပြီး အခွန်ငွေတွေ တိုးကောက်ရမယ် ဆိုတဲ့ စကားရပ်မှာ သူဖြတ်သန်း သင်ယူခဲ့လေသော စီးပွါးရေးပညာကို အားမနာ လူတစု အရေးသာဖို့ကို စဉ်းစားပြီး ပြောချလိုက်သည်သာ ဖြစ်နိုင်၏။

ဒေါက်တာ ဇော်ဦး တို့ ယနေ့သမ္မတကြီးအား အကြံပေးထားချက် အားလုံးနီးပါးမျှ စာရေးသူ သိပါသည် သို့သော် ဖေါ်ပြရန် အခွင့်လမ်း စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်ပါ၏။

ဒေါက်တာ ဇော်ဦးပြောသော အခွန်ကိစ္စကို စာရေးသူ ရှင်းပြရတော့မည်။ အခွန်ငွေ ကောက်ခံခြင်းသည် နိုင်ငံတိုင်းတွင်သော်၎င်း အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့စည်းရှိသော လူမှုအဖွဲ့ကြီးများတွင် အမှန်တကယ်ရှိကြပါသည်။ သို့သော် အခွန်ငွေ ကောက်ခံခြင်းနှင့် အခွန်ငွေပေးဆောင်သူတို့အား ပြန်လည် ၀န်ဆောင်မှုပေးရသော စနစ် စည်းကမ်း ဥပဒေ ခိုင်ခိုင်မာမာ ရှိ၇ပါမည်။

ပြည်သူများထံမှ အခွန်ငွေများအား ပုံစံအမျိုးမျိုး နုံန်းထားအမျိုးမျိုး အခြေနေအမျိုးမျိုးဖြင့် ကောက်ခံနိုင်ရန် ဥပဒေ ပြဌာန်း သတ်မှတ်မှု အခိုင်မာ ရှိရပြီး မိမိတို့ ကောက်ခံလိုက်သော အခွန်ငွေများအား မည်သို့ သုံးစွဲကြောင်း အားပွင့်လင်းမြင်သာ၍ ဘက်မလိုက်သော စာရင်းစစ်များအား ခန့်ထားကာ စောင့်ကြပ်ကြည့်ရှု့ရလေသည်။

မြန်မာပြည်တွင် အစိုးရအဆက်ဆက်သည် ပြည်သူများထံမှ အခွန်သာကောက်ခံခဲ့ကြပြီး အဆိုပါ အခွန်ငွေများအား မည်သို့ သုံးစွဲကြောင်းနှင့် မည်သို့သော ၀န်ဆောင်မှုပေးကြောင်း အတိလင်း ပြန်လည် ဖေါ်ပြထားခြင်း မကြားမိခဲ့ ဘူးပါ။ 

ဥပဒေနှင့်အညီ အခွန်ငွေပေးဆောင်သော ပြည်သူ (သို့မဟုတ်) ပြည်သား တယောက်အား အစိုးရမှ ၀န်ဆောင်မှု အခိုင်မာပေးရသည်။ 
ဆိုလိုသည်မှာ ထိုအခွန်ငွေပေးသူ၏ လုံခြုံရေး၊ နေထိုင်ရေး၊ ကျန်းမာရေး နှင့် အနာဂတ် ဘ၀ တို့ပါ ဒွန်တွဲ ဆက်ဆပ်နေ၏။ အခွန်ပေးဆောင်သောသူအား ဘက်မလိုက်သော တရားဥပဒေဖြင့် လုံခြုံရေးပေးရသည်။ အခွန်ပေးဆောင်သော သူအား နိုင်ငံတော်မှ ထောက်ပံ့ထားသော ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသခွင့် အခိုင်မာ ပေးရသည်။ အခွန်ပေးဆောင်ထားသော သူများ၏ နေထိုင်ရေးနှင့်ပတ်သက်သော အာမခံချက် အတိအလင်း အခိုင်မာပေးရသည်။ အခွန်ပေးဆောင်ထားသော သူ၏ အသက်ရွယ်ကြီးရင့်လာသောအခါ အစိုးရ၀န်ထမ်းများကဲ့သိုပင် နိုင်ငံတော်အားအကျိုးပြုခဲ့သော တိုင်းပြည်သားကောင်းသမီးကောင်းများအနေဖြင့် နေစရာ စားနပ်ရိက္ခာနှင့် ကျန်မာရေး စောင့်ရှောက်မှုနှင့် သတ်မှတ်ထားသော အသုံးစရိတ်အား အစိုးမှသေသည်အထိ ပင်စင်ကဲ့သို့ ပြန်လည် ၀န်ဆောင် ပေးအပ်ရသည်။ထိုအရာကို နိုင်ငံတကာတွင် ( Social Security Agenda) လူမှု လုံခြုံ ဖူလုံရေး လုပ်ငန်းစဉ် ဟု ခေါ်ဆိုလေသည်။

ဒေါက်တာ ဇော်ဦး ပြောချလိုက်သော ဘီဘီစီအင်တာဗျူးပေါ်က စကားရပ်သည် အခွန်သာ ဆက်တိုးကောက်ပြီး ငွေကြေးဖေါင်းပွမှုအား ဖြေရှင်းရန် သာဖြစ်၏။

ထိုမျှ အဆင်ချင် ကင်းမဲ့သောလူတယောက် စီးပွါးရေး ဒေါက်တာဘွဲ့ ရခဲ့သည်မှာ လူသားသမိုင်းအတွက် အလွန်ပင် နစ်နာလွန်းပြီး မတိုးတက် မဖွံ့ဖြိုးသေးသော တိုင်းပြည်တခုတွင် အခွန် တိုးကောက်ကာ ၀င်ငွေရှာရန် သမ္မတအားအကြံပေးနေရာတွင် ရပ်တည်လျှက် အကြံပေးပါလျှင် ထိုတိုင်းပြည်သည် ရေနည်းငါး ကဲ့သို့ ရေမရှိသော ရေခမ်းခြောက်လုမတတ်ဖြစ်သော နေရာတွင် အသက်ရှင်အောင် ကုတ်ကပ် ရုံန်းကန်ရှင်သန်နေရသော မသေသေးသော်လဲ အသက်ရှင်ဖို့ရာ မလွယ်ကူလောက်တော့သည့် အခြေနေရောက်ရှိနေသည့် ငါးသတ္တ၀ါများကဲ့သို့ ဖြစ်လာလေမည်။ 

သို့ကြောင့် ငွေကြေးဖေါင်းပွမှုအား လျောပါးသွားစေရန် ဒေါက်တာဇော်ဦးမှ သမ္မတအားအကြံပေးသင့်သည်မှာ…

*** လက်ရှိ လက်နက်ကိုင်တပ်မတော်မှ အဓမ္မသိမ်းယူထားသော နိုင်ငံတနံတလျားမှ မြေဧကပေါင်း တသန်း ခြောက်သိန်း သုံးထောင် ရှစ်ရာအား အမှန်တကယ် လယ်လုပ်သူ သီးနှံစိုက်ပျိုးသူ ရော်ဘာပင် လုပ်ငန်း လုပ်ကိုင်သူ သီခိုနှင့် အခြားသော ကောက်ပဲ ပြောင်းဝါ စိုက်ပျိုးသူများ၏ လက်ထဲသို့ တခုမကျန် ပြန်လည် အပ်နှင်းပေးပါလျင် နှစ်စဉ် တိုင်းပြည်၏ အခွန်ငွေနှင့် နိုင်ငံခြား ၀င်ငွေများ တိုးလာမည် ဖြစ်ပါ၏
****လက်ရှိ စစ်သားစုဆောင်းရေးနှင့် ခလေးများအား ဖမ်းဆီးသိုလှောင်ထားသော နိုင်ငံအနှံတလွှားမှ စစ်သားစုဆောင်းရေးတပ်ဆွယ် ၇၄၄ ခုနှင့် ရဲမွန် ၄၃၂ ခုတွင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရကာ ရောက်ရှိ ထိမ်းသိမ်းခံနေကြရသော စစ်သည်လောင်းလျာလေးများ နှစ်စဉ် (လေးသောင်းသုံးထောင်) မျှအား ပြည်တွင်းစစ်ပွဲများအတွင်း ထိခိုက်သေကြေ ဘ၀ပျက်နေကြရမည့် အစား …. အရပ်ဘက်လူမှုစောင့်ရှောက်ရေးသို့ ပြန်လည်ပေးပို့ကာ တိုင်းပြည်အတွက် ကုန်ထုတ်လုပ်မှု စိုက်ပျိုး ထုတ်လုပ်မှု နေရာများသို့ စနစ်တကျ နည်းပညာများပို့ချပေးပြီး ပြန်လည် နေရာချထားပါက နှစ်စဉ် အခွန်ငွေနှင့် နိုင်ငံခြား ၀င်ငွေများ တိုးပွားလာမည်ဖြစ်ပါ၏။

********** လက်ရှိ တိုင်းပြည်အတွင်းခေတ်အဆက်ဆက် အာဏာအရှိန်ဝါဖြင့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုတို့အား လက်ဝါးကြီးအုပ်ကာ ချမ်းသာသွားခဲ့သော ချမ်းသာနေကြသော စစ်ဘက် အရပ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုအား စနစ်ကျစွာ ဥပဒေပြဌာန်းမှုများပြုလုပ်စေပြီး ၄င်းတို့၏ ပိုင်ဆိုင်မှုနှင့် ချိန်ထိုးသတ်မှတ်ထားသော အကောက်ခွန် စည်းမျဉ်းများ ပြန်လည်ချမှတ်၍ နိုင်ငံတော်အား တရားနည်းလမ်းတကျပိုင်ဆိုင်မှုမှ သတ်မှတ်သည့် အခွန်များအား ပြန်လည်ပေးဆောင်ရန် ဆောင်ရွက်ပါလျင် တိုင်းပြည်ဝင်ငွေ အကြီးကျယ် တိုးတက် မြင့်မားလာလေမည်။

****** နိုင်ငံတကာ ချစားမှု စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ထားချက် အတွင် မြန်မာနိုင်ငံသည် ချစားမှု အဆင် ကမ္ဘာတွင် နံပါတ် (၅)နေရာဝယ် ရှိနေရပြီး တနှစ်လျင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄ ထောင်မှ သန်းပေါင်း ရှစ်ထောင်ထိ ရှိနေသောကြောင့် …လက်ရှိတိုင်းပြည်တွင် ခေတ်အဆက်ဆက် အကျင့်ပျက်ချစားထားမှုကြီးများ ၊ ကောက်ခွန် ၀န်ထမ်းများမှ ဖုံးကွယ် လိမ်ညာ ကောက်ယူ ခိုးဝှက်ထားမှုများ၊ ဖြစ်သင့်သော အကောက်ခွန်အား လဒ်ငွေကြောင့် လိမ်ညာစာရင်းပြကာ ပုဂ္ဂိုလ်ရေး အရ အပေးယူ လုပ်ထားမှုများအား ဥပဒေနှင့် အညီ ဘက်မလိုက်ပဲ စနစ်တကျ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်သော အခွင့်အာဏာရှိသည့် အဖွဲ့စည်းတခုအား အစိုးရမှ ထူထောင်ကျားကန်ပေးပြီး မသမာမှုများအား ဘက်မလိုက်ပဲ စုံစမ်း ဖေါ်ထုတ် သွားစေပြီး ပြန်လည်ပေးဆောင်စေခိုင်းခြင်းအားဖြင့် နိုင်ငံတော် ၀င်ငွေ ထုထည်ကြီးမားစွာ မြင့်မားလာစေပါမည်။

*****လက်ရှိ တိုင်းပြည်တွင် ပြည်သူများသည် နိုင်ငံခြားမှ ၀င်ရောက်လာသော ကုပ္ပဏီများနှင့် ပြည်တွင်း ဖက်ဆပ် အပြင် တသီးပုဂ္ဂလ ကုပ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်နေသော လုပ်သားအင်အားမှာ ၆.၈ သန်း ခန့် ရှိသည်ဟု ကုလသမဂ္ဂ စစ်တမ်းတွင် ဖေါ်ပြထားပြီး အဆိုပါ ၆.၈ သန်းသည် အခြေခံ အလုပ်ကြမ်းနှင့် အလယ်လပ် ပညာတတ် လုပ်ငန်းများဖြစ်နေပြီး ၄င်းအလုပ်သမားအားလုံးတို့၏ ခံစားပိုင်ခွင့်သည် ဒေသအလိုက် လုပ်ငန်းပိုင်ဆိုင်ရာ ပြဌာန်းမှု အလိုက် ခံစားပိုင်ခွင့်အား အာရှဒေသနိုင်ငံများထဲတွင် နှစ်စဉ် အလုပ်ရှင်မှ ခေါင်းပုံဖြတ် အနိုင်ကျင့်ထားသော လုပ်ခလစာနှင့် လုပ်သက် အလိုက် လုပ်ငန်း ခွင်ခံစားပိုင်ခွင်သည် ၄၂ ရာနုံန်းမျှ နှိပ့်ကျ အနှိမ်ခံထားရပြီး အနောက်နိုင်ငံမှ လုပ်သားများနှင့် ယှဉ်ထိုးကြည့်လျှင် ၆၈ ရာနုံန်းကျော်မျှ နှိမ်ချ ပေးထားခြင်း များရှိနေပြီး အဆိုပါ ၆.၈သန်းခန့် ရှိသော အလုပ်သမားများ အဖို့ အလုပ်လုပ်ရင်းနှင့်ပင် ကျန်းမာရေး ချို့တဲ့မှုများအား ဆေးဝါးကုသမှု အပြည့်ဝ မရပဲ ၀မ်းစာတလုပ်ကို မှန်မှန်လေး စားရဖို့တောင်ပင် အတော်ကြီး ရုံန်းကန်နေရသော အခြေနေမှာ ဖေါင်စီးရင်းရေငတ်နေကြသူများ ဘ၀ သို့ပင် ဖြစ်နေကြရလေသည်။ 

အဆိုပါအခြေနေများကုစားနိုင်ရန် ဒေါက်တာဇော်ဦး ၁၄ နှစ်ကြာ နေထိုင်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ ယနေ့ ကုန်ဈေးနုံန်းသည် မြန်မာပြည်တွင်းရှိ ကုန်ဈေးနုံန်းနှင့် တပြေးညီဖြစ်တည်နေလေသည်။ 

သေခြာအောင် ထောက်ပြရပါမူ အခြေခံ အနိပ့်ဆုံးကုန်ဈေးနုံန်း တခုအရဆိုပါလျှုင် အမေရိကန် ပြည်ထောင်စုတွင် ဈေးပေါ သက်သာဆုံးသော ကြက်ဥ တဒါဇင်လျှင် အကောက်ခွန် အပါဝင် အမေရိကန် ဒေါ်လာ ၁ဒေါ်လာ နှင့် ၄၀ စင့် ဟုခေါ်သော တကျပ်ခွဲ နီးပါးမျှသာ ဖြစ်လေသည်။ ယနေ့မြန်မာငွေပေါက်ဈေးနှင့် ယေဘူယျ နိုင်းယှဉ်ပါလျှင် ၁၂၀၀ ကျပ် ၀န်ကျင်တွင် ရှိပြီး မြန်မာပြည်၏ ကြက်ဥ တဒါဇင်ပေါက်ဈေးသည် ယနေ့ ပြည်တွင်း ကုန်ဈေးနုံန်းအရ ကျပ် ၁၂၀၀ နှင့် ၁၅၀၀ အကြားတွင်ရှိနေလေသည်။

ထိုကြောင့် အနောက်နိုင်ငံကုန်ဈေးနုံန်းနှင့် အလားတူ ဖြစ်နေသော မြန်မာပြည်တွင်း ကုန်ဈေးနုံန်း အား အမှီလိုက်ပြီး ၀မ်းဝအောင် လုပ်ကိုင် စားသောက်နေကြရသော လုပ်သား လုပ်သမီးများအား ဒေါက်တာဇော်ဦး နားလည် စာနာစိတ်ထားရပေမည်။ အကြောင်းမှာ အနောက်နိုင်ငံ၏ အခြေခံလုပ်ခ လစာမှာ အစိုးရမှ အကောက်ခွန် ဖြတ်တောက်ပြီး လျင်တောင် အမေရိကန် ဒေါ်လာ ၁၂၀၀ မှ ၁၅၀၀ တွင်း ရရှိနေကြပြီး မြန်မာပြည်တွင်းမှ အခြေခံလုပ်ခလစာမှာ အမေရိကန်ဒေါ်လာနှင့် နိုင်းယှဉ်ပါလျင် တိုင်းပြည်တွင်း လုပ်သားတို့သည် အမေရိကန်ဒေါ်လာ ၈၀ မှ ၁၂၀ မျှလောက်သာ ရ၇ှိကြပြီး လုပ်သားခံစားခွင့်များလဲ မိုးနှင့်မြေလောက်ပင် ထပ်မံကွာခြားနေသည်ကို စီးပွါးရေး ပညာရှင် ဒေါက်တာ ဇော်ဦး မျက်ခြေပြတ်သွားသည်ဟု ထင်မိပါသည်။

***ဒေါက်တာဇော်ဦး ရှက်တတ်မည်ဆိုပါလျင် မိမိသင်ယူခဲ့သော စီးပွါးရေး ပါရဂူဘွဲ့အား စားရေးသူမှ မဝေဖန်လိုသော်လည်း မိမိ သင်ယူမှု လေ့လားမှုများ မပြည့်မစုံ ခေါင်းတခြားကိုယ်တခြားဖြစ်နေသည်ကို တွေရှိပါရန် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်က အာသောကမင်းကြီး တည်ထားစိုက်ထူခဲ့သော ကျောက်စာတိုင်များပေါ်တွင် ထုဆစ်ရေးသားထားခဲ့လေသော ကျောက်စာများထဲတွင် လက်ရှိ ကျောက်စာတိုင် ၁၀ တိုင်သာ အထင်ရှား ကျန်ရှိနေသောအရာများထဲမှ တိုင်းပြည်စီးပွါးရေးနှင့် ပတ်သက်သော ကျောက်စာတပိုဒ်အား စာရေးသူ ထောက်ပြရပေတော့မည်။ ထိုကျောက်စာတိုင်များထဲမှ ယနေ့ အန္ဒိယပြည် ဗာရာနသီ မြို့ဟောင်း၏ တောင်ဘက် မိုင် ၁၀၀မျှလောက်ဝေးသော ခြူနား ကျေးရွာ ၏ အရှေ့တည့်တည့် ကျောက်စာတိုင်နှစ်ခုမှာ အပိုဒ် (၁၄)ပိုဒ်ဖြင့် ထုဆစ် ရေးခြစ်ထားသော ကျောက်စာပိုဒ်များမှ ကျောက်စာအပိုဒ် နံပါတ် (၆) အား မူးရင်း ကျောက်စာမှ ပညာရှင်များ ပြန်လည်၍ အင်္ဂလိပ်ဘာသာဖြင့် ဘာသာ ပြန်ထားချက်အား ထုတ်နုတ်ပြရသော်…. 

“သမာဒေ၀ နတ်မင်းများ၏ ချစ်ခြင်းမေတ္တာတော်အရ ပီယဒ၀ီ ( ပီယသိဒ္ဒိ) ပြည်ရှင်မင်းကြီး၏ မြွက်ဟမှာကြားလိုသည်မှာ…. ယခင် အတိတ်ကာလတွင် တိုင်းပြည်၏ စီးပွါးရေးအား အချိန်နှင့်တပြေးညီ ဘုရင်မင်းထံသို့ ပေးပို့တင်ပြခြင်း သို့မဟုတ် အထမြောက်အောင် ပြီးပြတ် ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် ယခုတွင် ငါဘုရင် မင်းမှ မိန့်မှာလေမည်..အဆိုပါ တိုင်းပြည် စီးပွါးရေးအား မည်သည့် အချိန်ခါမဆို ငါဘုရင် ပွဲတော်တည်စားသောက်နေသော ကာလ နေရာမျိုးမှာပင်၎င်း၊ မောင်းမ မိတ်သံများဖြင့် နေထိုင်လျက်ရှိနေသော အချိန်မှာပင်လျင်၎င်း၊ စက်တော်ခေါ် အိပ်ပျော်နေသော အိပ်ယာထက်တွင်သော်၎င်း၊ စီးတော်မြင်းယျာဉ် စီး၍ ဥယျာဉ် တော် ဆင်းသောအခါသမယတွင်၎င်း၊သို့တင်မက ငါဘုရင် ဘယ်သို့သောနေရာတွင်ပင် ရှိလင့်နေစေကာမူ သတင်းပို့သော သတင်းထောက်များအနေဖြင့် သတ်မှတ်ညွန်ကြားထားသော အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်နာလျက် ဖြစ်ကြောင်းကုန်စင် သတင်းပို့ လျောက်တင်ရမည် ၊ သို့မှသာပင် ငါကိုယ်တော်အနေဖြင့် ပြည်သူတို့၏ အကျိုးစီးပွါးအတွက် ပါဝင်ဆောင်ရွက်ရန် ရှိခွင့် ရနိုင်လာလေမည်။ တိုင်းပြည်၏ နန်းတွင် ကောင်စီတွင် သဘောမတူဖြစ်ကြခြင်း ၊ ငြင်းခုံမှု ဖြစ်နေကြလျင်တောင် ချက်ခြင်းပင် ငါထံသို့ အကြောင်းကြား တင်ပြကာ ဘယ်ခါမဆို ငါဘုရင်မှ နုတ်မိန့်ဖြင့်သော်၎င်း တရားဝင် ထုတ်ပြန်ချက်များပြုလုပ်ရာတွင်၎င်း တိုင်းပြည်၏ အရေးပေါ် စီးပွါး အကျိုးကိစ္စများသည် မဟာ မေတ္တာဖြင့်သာ ဆက်စပ်၍ ထုတ်ပြန်သော အမိန့် ဖြစ်စေရမည်။ ထိုစကားရပ်သည် ငါ၏ အမိန့်ဖြစ်သည်။ ငါဘုရင် အနေဖြင့်လည်း မိမိကိုယ်ကျိုးတွက်အား သြဇာ အာဏာ သုံးလျက်ပြုလုပ်ခြင်း သို့မဟုတ် ငါ၏ အကျိုးစီးပွါး တခုကိုသာ ဦးတည်ပြုလုပ်ခြင်းမျိုး မရှိစေရ။ မှန်ကန်စွာ ဆိုရသော်..ငါဘုရင်သည် တိုင်းသူပြည်သားအားလုံးတို့၏ သာယာဝပြောရေး အလုံးစုံသည် ငါ၏ တာဝန်မုချဖြစ်၏..သည့်အပြင် အာဏာပြ သြဇာ သုံးခြင်းသည် အကုသိုလ်၏ ရေသောက်မြစ်ဖြစ်ရကာ တိုင်းပြည်သူပြည်သားတို့၏ အကျိုးစီးပွါးအား အလေးထား ဆောင်ရွက်ခြင်းသာ ကုသိုလ်ဖြစ်ရာ၏။ အများပြည်သူတို့၏ သာယာဝပြောသော အကျိုးအား ဖေါ်ဆောင် လုပ်ကိုင်ခြင်းသည်ထက် ကောင်းသော အရာ အဘယ်မှာမှပင် မရှိနိုင်ပဲ ငါဘုရင်အနေဖြင့် ဘယ်အရာမဆို လုပ်ကိုင်ဆောင်ရွက်သမျှ အားလုံးတို့သည် ငါဘုရင်မှ တိုင်းသူပြည်သားများအား ပေးဆပ်ရန် တာဝန်၇ှိသော အကြွေးအားပေးဆပ်နေသော သဘောထားမှန်ဖြင့် ပြည်သူပြည်သားများအနေဖြင့် လက်ရှိဘ၀အခြေနေတွင်လည်း စိတ်သုခ ပျော်ရွှင်မှုများရ၇ှိပြီး နောင်ဘ၀တပါးတွင်လည်း နိဗ္ဗာန်သို့ ရောက်ရှိစံစားနိုင်ရန် ငါဘုရင်မှ ရည်ရွယ် လုပ်ဆောင်ပေမည်။
ထိုအတွက်ကြောင့် ယခုပြဌာန်းရေဆွဲထားသော စည်းမျဉ်းသည် ကမ္ဘာတည်သ၍ အဓွန့်ရှည်ကာ သားစဉ်မြေမြစ်များအထိ ကမ္ဘာသူကမ္ဘာသားတို့၏ သာယာဝပြောသော အကျိုးစီးပွါးအတွက် စိတ်ချမ်းသားကိုယ်ချမ်းသာဖြင့် နေထိုင်သွားနိုင်ကြရန် အတည်ပြု ရေးဆွဲပြဌာန်းသည်။ သို့သော် ယခုအကျိုးစီးပွါးကိစ္စသည် ကြီးမားသော သြဇာအာဏာ သုံးပြုခြင်း မရှိပဲ လုပ်ဆောင်ရန် အလွန် ခက်ခဲသော အရာပင်တည်း….”

Beloved-of-the-Gods, King Piyadasi, speaks thus:[13] In the past, state business was not transacted nor were reports delivered to the king at all hours. But now I have given this order, that at any time, whether I am eating, in the women's quarters, the bed chamber, the chariot, the palanquin, in the park or wherever, reporters are to be posted with instructions to report to me the affairs of the people so that I might attend to these affairs wherever I am. And whatever I orally order in connection with donations or proclamations, or when urgent business presses itself on the Mahamatras, if disagreement or debate arises in the Council, then it must be reported to me immediately. This is what I have ordered. I am never content with exerting myself or with despatching business. Truly, I consider the welfare of all to be my duty, and the root of this is exertion and the prompt despatch of business. There is no better work than promoting the welfare of all the people and whatever efforts I am making is to repay the debt I owe to all beings to assure their happiness in this life, and attain heaven in the next. 
Therefore this Dhamma edict has been written to last long and that my sons, grandsons and great-grandsons might act in conformity with it for the welfare of the world. However, this is difficult to do without great exertion. 

ဒီလောက် ဆိုလျင် ဒေါက်တာဇော်ဦး တယောက် သံဝေဂ ရနိုင်ပေမည်ဟု စာရေးသူ မျှော်လင့်ပါသည်။ ယခင် မိမိမှ သမ္မတ ကြီးအား ပေးခဲ့သော အကြံအားလုံးတို့သည် တဖက်အတွက်သာ အကျိုးစီးပွါး ကြီးမားခဲ့ပြီး တိုင်းသူပြည်သားများအတွက် မဖြစ်စလောက် အခွင့်လမ်းလေးများသာရှိခဲ့ရသည်။ စာဖတ်သူများ သိသာစေရန်မှာ ဒေါက်တာဇော်ဦးတို့၏ ဗဟုအဖွဲ့မှ ၂၀၁၁ ခုနှစ်တွင် တက်လာသော နေပြည်တော် ရှိ အစိုးရအဖွဲ့အား အကြံပေးပုံတို့မှာ နိုင်ငံတကာ ဒဏ်ခတ်မှု( ၁၅)ခု နှင့် တိုင်းပြည်ပေါ်တွင် တင်ရှိနေသော နိုင်ငံတကာမှ အကြွေး အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ အား ပပျောက် စေရန်မှာ နိုင်ငံရေးအကျဉ်းသားများ အချိုးကျလွှတ်ပေးခြင်း ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အား အရေးပေါ် ပူးပေါင် ဆောင်ရွက်လာနိုင်သော ထိုင်ခုံနေရာတချို့ ပြင်ဆင်ပေးခြင်းတို့ဖြင့် တဖက်အတွက် အသာစီးမှ ပို၍အားကောင်းသွားသော အခွင့်လမ်းရ၇ှိခဲ့သော်လည်း ဖမ်းစရာ အကြောင်းရင်မရှိသော လူပုဂ္ဂိုလ်များတို့အား နိုင်ငံရေးအကျဉ်းသားများအဖြင့် ပြန်ပေးဆွဲသကဲ့သို့ အပေးယူလုပ်ခဲ့သည်က ခံရသူတို့အတွက် အလွန့်အလွန်ပင် နစ်နာလွန်းလှပြီး လက်ရှိ ပြည်သူတို့အနေဖြင့် ခံစာနေရသော စီးပွါးရေး မပြေလည်မှု ရောဂါ ဝေဒနာသည် နိုင်ငံရေး ဘောင်ခတ် ချုပ်နှောင်ကာ စစ်တပ်မှ အလေးသာသာဖြင့် နေရာယူခဲ့သလို လက်ရှိတွင်လဲ ဆက်လက် နေရာယူထားသည်မို့ အသားပိုမလိုပဲ ခဲဆွဲခံရသည့် ချိန်ခွင်ပမာ မညီမမျှ အနိပ်မြင့် ကွာဟ နေသော နိုင်ငံရေးစနစ်အား စနစ်တကျ ထောက်ပြကာ တစုံလုံး ပြောင်းလဲ ပြုပြင်မှသာလျှင် ဒေါက်တာဇော်ဦးပြောသော ငွေကြေးဖေါင်းပွမှုတင်မက လောဘ မောဟ ဖေါင်းပွမှုအောက်တွင် ရှိနေကြရသော တိုင်းပြည်တခုလုံးမှ ပြည်သူများလည် ဒုက္ခ သောက ကင်းဝေး ကြမည် ဖြစ်ကြောင်း…..အမေရိကန်ဒေါ်လာ တစ်လလျှင် ၇၀၀၀ ( ခုနှစ်ထာင်) မြန်မာငွေ သိန်း ခြောက်ရာ ကျော်လစာရရှိနေသော လူထုချွေးနဲစားဖြင့် အိပ်ဖေါင်းကာ စိတ်ပြောင်းသွားသော ဒေါက်တာ ဇော်ဦးတို့၏ အကြံပေးမှုများသည် …..တကယ်ပင် ရေရှည်မဖြစ်သင့်သော မသင့်မြတ်သော လုပ်ရပ်ဖြစ်သည့် တိုင်းသူ ပြည်သားများ၏ မျက်ခုံးမွေးပေါ်တွင် ခုန်ဆွ ခုန်ဆွ ဖြင့် ရေပေါ်တွင် အရုပ်ရေးဆွဲသလို ဖြစ်သော အကြံဥာဏ်များအား မပေးသင့်ပါကြောင်းပါ။။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက် ( ဒေါက်တာဇော်ဦးအနေဖြင့် စာရေးသူ၏ ထောက်ပြချက်များအား သဘောမတွေ့ပါလျင် ကြိုက်သလို မိမိ တတ်မြောက်ထားသော ပညာရပ် ဖြင့် ကြိုက်သည့်နေရာတွင် အများသူငှာ တိုင်းတပါးသားများပါမကျန် နားဆင်နိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် သော်၎င်း မြန်မာပြည်သားများ နားဆင်နိုင်ရန် မြန်မာဘာသာဖြင့်သော်၎င်း စာရေးသူအား စိန်ခေါ်နိုင်ပါသည်…ကြိုဆိုပါသည်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။