Thursday, December 5, 2013

မျက်စိဒေါက်ထောက် ကြည်ရှုခြင်းခံရတော့မယ့် အာဆီယံဥက္ကဋ္ဌ

(Mizzima)

ဘရူနိုင်းမှာ အောက်တိုဘာ ၁၀ ရက်ကကျင်းပတဲ့ ရာထူးလွှဲပြောင်းရေး အခမ်းအနားမှာ မီဒီယာသမား တွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခြေခံအဆောက်အအုံ နည်းပါးမှုတွေကို ထောက်ပြပြီး ၎င်းအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်ကနေစတင်ပြီး အာဆီယံဥက္ကဋ္ဌရာထူးကို တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်မဖြစ် သမ္မတဦးသိန်းစိန်ကို မေးမြန်းခဲ့ပါတယ်။

 
အောက်တိုဘာလ ၂၉ ရက်က နေပြည်တော်မှာပြောခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က မြန်မာပြည်အ နေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်မှာ ငြိမ်းချမ်းရေး သာယာဝပြောရေးတို့အတွက် ဆောင် ရွက်သွားလိမ့်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ထို့အပြင် မိမိအစိုးရ ရဲ့ လတ်တလော ပြုပြင်ပြောင်းလဲမှု တွေ ဟာ အာဆီယံဒေသအတွက် နမူနာ ကောင်းတစ်ခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံ ဥက္ကဋ္ဌရာထူးကို အောင်မြင်စွာထမ်းဆောင်နိုင်ရေးအတွက် တက်ကြွစွာပါဝင်ခြင်းကလည်း မြန် မာနိုင်ငံသားတွေရဲ့ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်ဆဲရေး သဘောတူညီမှု မရခြင်းက မငြိမ်မသက်မှု တွေကို ဖြစ်စေ ပြီး မြန်မာနိုင်ငံရဲ့ အချိန်ခါကောင်းတစ်ခု အတွင်းမှာ အစိုးရအတွက် အလွန်အရှက်ရဖွယ် ရာဖြစ်လိမ့်မယ်လို့လည်း Lahva သုတေသနအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Tluang Lian Hnin ကပြောဆိုခဲ့ပါတယ်။

“တကယ်လို့ လက်နက်ကိုင်အဖွဲ့တွေ နဲ့ အစိုးရအကြား အပေးအယူလုပ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲအ တွက် သဘောတူညီမှုတစ်ရပ် ရနိုင်မယ်ဆိုရင်တော့ အစိုးရအတွက် ဒေသတွင်းနိုင်ငံတွေအတွက် တော် တော်လေး အထောက်အကူ ပြုနိုင်မှာပါ” လို့လည်း Tluang Lian Hnin ကဆိုပါတယ်။ “ဒီလိုမှ မဟုတ်ရင် တော့ အခမ်းအနားတွေမှာ အနှောင့်အယှက်တွေ ပေါ်ပေါက်နိုင်ပြီး လက်နက်ကိုင် အဖွဲ့တွေကလည်းသူ တို့ရဲ့ တည်ရှိနေမှုကို လူသိရှင်ကြား ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါ တယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အာဆီယံရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ တရုတ်ရဲ့အရိပ်က ကြီးကြီးမားမား လွှမ်းမိုးနေတာတော့ အမှန်ပါပဲ။ အာဆီယံရဲ့ ၂၀၁၂ ခုနှစ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ ကမ္ဘော ဒီယားနိုင်ငံဟာ တရုတ် နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိ မြေပိုင်နက် အငြင်းပွားမှုတွေအပေါ် အေးတိအေးစက်နေမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

“တကယ်လို့သာ ပေကျင်းအစိုးရအနေနဲ့ နေရာယူလွန်းရင် အာဆီယံအရေးကိစ္စတွေနဲ့ စပ်လျဉ်းပြီး မြန်မာ အစိုးရအပေါ် အခက်အခဲဖြစ်အောင်လုပ်ရင် မြန်မာအနေနဲ့ ပြန်လည်ခုခံနိုင်ပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဌာနဒုတိယဒါရိုက်တာ Phil Robertson ကဆိုပါတယ်။ 

“မြန်မာအနေနဲ့ ကမ္ဘောဒီးယားလို အမှားမျိုးကို ထပ်မံကျူးလွန်မှာ မဟုတ်ပါဘူး။ ၀န်ကြီးချုပ် Hun Sen နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေရဲ့ ဆောင်ရွက်မှုတွေက အာဆီယံအသိုင်းအ၀ိုင်းကို နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကြည်ညို မှုကို ကျဆင်းစေခဲ့အတွက် အခြားအာဆီယံအစိုးရတွေက ၎င်းတို့အပေါ် စိတ်ဆိုးဒေါသထွက်နေဆဲပါ။ မြန် မာနိုင်ငံအနေနဲ့ ၎င်းင်းတာဝန်ယူ နေတဲ့အချိန်အတွင်းမှာ ယခုလို အရှက်ရ ဖွယ်ကိစ်္စရပ်မျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး” လို့လည်း ၎င်းကဆိုလိုက်ပါတယ်။

အချို့ကလည်း မြန်မာနိုင်ငံအနေနဲ့ဒေသတွင်း ပေါင်းစည်းရေးကို ဇောင်းပေးလုပ်ဆောင်သွားမှာ ဖြစ်သလို အန္တရာယ်များတဲ့ ကိစ္စရပ်တွေကို သေချာပေါက် ရှောင်ရှားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ 

“မြန်မာအ နေနဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေး အသိုင်းအ၀ိုင်း (AEC) ကို ထူထောင်သွားနိုင်မယ့် နောက်ဆုံး ဆောင်ရွက်မှုတွေအတွက် စီမံခံခွဲဖို့ အဓိကအာရုံစိုက်နိုင်ပါတယ်” လို့ စင်ကာပူ အမျိုးသားတက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်တဲ့ Maitrii Aung-Thwin ကဆိုပါတယ်။ 
“မြန်မာအာဏာပိုင်တွေ အနေနဲ့ ကမ္ဘောဒီး ယားအပါအ၀င် အာဆီယံဥက္ကဋ္ဌဟောင်း အားလုံးရဲ့ အကြံဥာဏ်တွေနဲ့ အဆိုပြုချက်တွေကို ကြိုဆို ကောင်းကြိုဆိုနိုင်ပါတယ်” လို့လည်း ၎င်းကဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ဘာတွေကိုဘယ်လိုပဲ ဇောင်းပေးလုပ်ဆောင်နေပါစေ နိုင်ငံအတွင်းက လူအခွင့်အ ရေး ချိုးဖောက်မှုအခြေအနေတွေကို ယခင်ထက်ပိုပြီးတော့ မျက်စိဒေါက်ထောက် ကြည့်ခံရတော့မှာပါ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေ မီဒီယာဆင်ဆာဖြတ်တောက် တာတွေကို ဖျက်သိမ်းပေးသည့်တိုင် မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ဘယ် လိုတုံ့ပြန်သလဲဆိုတဲ့ အချက်ကိုတော့ သေသေချာချာ စောင့်ကြည့်ခြင်း ခံနေရပါတယ်။

ဝေဖန်မှုတွေဟာ အာဆီယံအဖွဲ့အတွင်းက ထွက်ပေါ်လာဖို့ မရှိပါဘူး။ 
အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းအ ရေးအပေါ် ၀င်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒရှိခြင်းကြောင့် ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံးမှာဗီတို အာဏာ သုံးပိုင်ခွင့်ရှိပြီး အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှုမရမခြင်း မူဝါဒတစ်ခုကိုရှေ့ဆက်ဆောင် ရွက်လို့မရပါဘူး။ 
ဒါဟာရှုပ်ထွေးတဲ့ ပြဿနာတွေဆိုရင် နောက်ချန်ထားခဲ့မယ်လို့ ဆိုလိုခြင်းလည်းဖြစ်ပါ တယ်။

“အာဆီယံအဖွဲ့ရဲ့ ပဋိဥာဏ်စာတမ်းမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းဟာ အဖွဲ့တည်ထောင် ခြင်းရဲ့ အဓိကရည်ရွယ်ချက်တစ်ခုအဖြစ် ဖော်ပြထားပေမယ့်လည်း ယင်းအနေနဲ့ လူ့အခွင့်အရေး ကိစ္စရပ် တွေကို လုံးဝဖြေရှင်းခြင်းမရှိပါဘူး” လို့ Robertson ကဆိုပါတယ်။

“ဦးသိန်းစိန်အစိုးရအနေဲ့ လူအခွင့်အရေး ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် ထင်ရှားတဲ့ ဆောင်ရွက်မှုတွေ ကို ပြုလုပ် ပြီးပြီ လို့ မက်ဒရီအောင်သွင်က ဆိုပါတယ်။ “အဲဒီဆောင်ရွက်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်ငါးဆယ် စာ ပြည်တွင်းစစ်အတွင်းက ဒဏ်ရာတွေကို အောင်အောင် မြင်မြင်ကုစားနိုင်ဖို့ မြန်မာနိုင်ငံအတွက်လို အပ်တယ်လို့ ပါဝင်ပတ်သက်သူ အားလုံးက သဘောတူထားတဲ့ ရေရှည်အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသ” ပါလို့ဆိုပါတယ်။

“လူ့အခွင့်အရေးလို့ ပြောနေတဲ့ ကိစ္စရပ်တွေဟာ လူမှုစီးပွားရေးကိစ္စရပ်တွေနဲ့ နီးကပ်စွာ ဆက်နွှယ်နေတာ ဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အပစ်ရပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စရပ်တွေလို အသက်မွေး ၀မ်းကြောင်းမှုနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေနဲ့လည်း ဆက်နွှယ်နေပါတယ်ဆိုတာကို ကျွန်တော်တို့ သတိထားသင့် ပါတယ်” လို့လည်းဆိုခဲ့ပါတယ်။
ဤဆောင်းပါးမှာ sea-globe.com တွင် ဖော်ပြထားသော Daniel Besant ၏ “In the Hotseat” အား ဆီလျော်သလို ကောက်နုတ် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ် ထွန်းကားလာခြင်းနှင့်အတူ အသိမှတ်ပြုခြင်း ခံထားရတဲ့ ဒေါ်အောင် ဆန်းစုကြည်ကကော ဘယ်လိုရှိမလဲ။ သူမရဲ့ပြည်သူတွေကို ကြည့်ရှုစောင့်ရှောက်ရမယ့်အ ချိန်မှာ သူမအနေနဲ့ ဘယ်လိုချဉ်းကပ်မလဲ။ သူမအနေနဲ့ သမ္မတဖြစ်ရေးအတွက် ခိုင်ခိုင်မာမာ ဆုံးဖြတ် ထားတာဖြစ်သလို နေပြည်တော်အစိုးရနဲ့ ထိပ်တိုက်တွေ့ဆုံမှာ မဟုတ်ဘူးလို့ အများက သဘောတူထား ပါတယ်။ စိတ် ၀င်စားဖို့ကောင်းတဲ့ အချက်ကတော့ နိုင်ငံ ခြားသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာကြောင့် သူမအနေနဲ့ သမ္မတဖြစ်ဖို့ အဟန့်အတားဖြစ်နေပြီး ဖွဲ့စည်းပုံကို ပြန်ပြင်ဖို့လိုနေပါတယ်။

“အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့နိုင်ငံရေးလမ်းစဉ်ထဲမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဟာ အရေးပါတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်” လို့ မက်ထရီအောင်သွင်ကဆိုပါတယ်။ “သူမအနေနဲ့ AEC အကောင်အထည် ဖော်ရေးမှာပါဝင်ဖို့ထက် ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေးကို ပိုပြီးတော့ စိတ်ဝင်စားတယ် ဆိုတာကို မကြာသေးခင်က စင်ကာပူမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်ခုအရ ခန့်မှန်းနိုင်ပါတယ်” လို့ လည်း ၎င်းကဆိုပါတယ်။

အချို့ကလည်း ပိုမိုပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့် အရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ရဲ့ စိတ်ပျက်ချက်ကို တစ်နေ့တခြား တိုးမြင့်ခံနေရပါတယ်” လို့ ရောဘတ်စင်ကဆိုပါတယ်။ “သူမကစစ်တပ်၊ အစိုးရတို့နဲ့ ဆက်ဆံရေးပြေပြစ်ဖို့အတွက် လိုက်လျောဆက် ဆံတဲ့မူဝါဒကို ကျင့်သုံးနေပါတယ်။ ဒါဟာ သူမအနေနဲ့ ဝေဖန်မှုတွေ သိပ်မလိုဘူးလို့ ဆိုလိုခြင်းပါ။ သူမအ တွက်တော့ အာဆီယံဟာ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်လာဖို့အတွက် မြန်မာစစ်တပ်ကို ဘယ်လိုစည်းရုံးရ မလဲဆိုတာကို အဖြေရှာရမယ့် အဓိကပြဇာတ်ထဲက အခန်းတစ်ခန်းလောက်သာရှိပါတယ်” လို့လည်း ၎င်း ကဆိုလိုက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။