Monday, February 25, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

 (၃၃)ကက မြေပြင်မှ ဝေဟင်ပစ် ဒုံးစခန်းများ။ကကက။ စစ်မက် ကာလအား မျှော်မှန်း၍ အောက်ပါ လုပ်ငန်းစဉ်များ ကြိုတင် ဆောင် ရွက်သည် -
(က)က မြေပြင်မှ ဝေဟင်ပစ် ဒုံးစခန်းများအား ကြိုတင် နေရာချထားခြင်း၊ တိုက်ပွဲဝင် အသင့် ဖြစ်စေရန် တည်ဆောက်မွမ်းမံခြင်း။
(ခ)က ကြိုတင် သတိပေး ရေဒါစခန်းများနှင့် ပူးပေါင်း ဇာတ်တိုက် လေ့ကျင့်ခြင်း။
(ဂ)က ဒုံးပျံ လက်နက်ပညာရှင် စစ်သည်များ၏ အခန်းကဏ္ဍအလိုက် လေ့ကျင့်သား ပြည့်ဝစေရန် အကြိမ်ကြိမ် လေ့ကျင့်ဇာတ်တိုက်ခြင်း။
(ဃ)က နည်းဗျူဟာအခြေအနေအရ အသင့်အနေအထားအမျိုးမျိုးတွင် တိုက်ပွဲဝင် အသင့်ဖြစ်စေခြင်း။


(၃၄)ကက မြေပြင်မှ ဝေဟင်ပစ်ဒုံးဆိုင်ရာ ပစ်မှတ်ရှာရေဒါများ။ ကကက။ စစ်အေးကာလ၌ပင် စစ်အတွင်းအား မျှော်မှန်း၍ အောက်ပါ လုပ်ငန်း စဉ်များ ဆောင်ရွက်ရသည် -
(က)က ရေဒါများ စွမ်းအားပြည့် စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန် ပြုပြင်ထိန်းသိမ်း လည်ပတ်စေခြင်း။
(ခ)က လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ဇာတ်တိုက်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်း။
(၃၅)ကက  ကွပ်ကဲမှုနှင့် ကြီးကြပ်မှုဆိုင်ရာဌာနများ၊ ဆက်သွယ် ရေးဌာနများ။ကကက။စစ်အေးကာလ၌ပင် စစ်အတွင်းအား မျှော်မှန်း၍ အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရသည် -
(က)က စိတ်ချလုံခြုံမှုရှိသော ဆက်သွယ်ရေးစနစ် ထူထောင်ခြင်း။
(ခ)က အထက်ဌာနများ၏ ညွှန်ကြားချက်များ၊ သတင်းအချက်အလက် များအား လျင်မြန် လုံခြုံစွာ ပေးပို့လက်ခံခြင်း။
(ဂ)က လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်မှု ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း။
(ဃ)က လေကြောင်းရန်ကာကွယ်ရေး သတင်းအချက်အလက်များ အပြန်အလှန်ပေးပို့ရာ၌ လျင်မြန်ချောမွေ့လုံခြုံစွာ ဆက်သွယ်နိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း။
(င)က ဆက်သွယ်ရေးဆိုင်ရာ ခေတ်မီနည်းပညာများ လေ့လာသင်ကြား လေ့ကျင့်စေခြင်း။

(၃၆)ကက  ငုပ်လျှိုးအသွင် လေကြောင်းရန် ကာကွယ်ရေးအတွက် စစ်အေးကာလ ဆောင်ရွက်ချက်များ။ကကက။   စစ်အေးကာလ ငုပ်လျှိုး အသွင် လေကြောင်းရန် ကာကွယ်ရေးသည် လေကြောင်းရန် ကာ ကွယ်ရေး လက်နက်များကို ပေါ်လွင်ခြင်း မရှိစေဘဲ ဖုံးကွယ်ခြင်း၊ ပုံ ဖျက်ခြင်းများ ပြုလုပ်ထား၍ ရန်သူတိုက်ခိုက်လာမှ ခုခံတိုက်ခိုက် ချေ မှုန်းခြင်း ဖြစ်သည်။ တနည်းအားဖြင့် လေကြောင်းရန် ကာကွယ်ရေးလက် နက်များ မပြည့်မစုံ ရှိနေသောအခါ ကြိုတင် ကာကွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။ စစ်အေးကာလ ငုပ်လျှိုးအသွင် လေကြောင်းရန် ကာကွယ်ရေး ဆောင်ရွက်ရာတွင် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရသည် -
(က)က လေယာဉ်များ၊ လေယာဉ်ကွင်းများနှင့် အဆောက်အအုံတို့အား ပုံဖျက်ခြင်း၊ ဖုံးကွယ်ခြင်း၊ Radar, Laser, Microwave Absorbent Paint များဖြင့် Camouflage ပြုလုပ်ခြင်း။
(ခ)က လေယာဉ်များအား ဖြန့်ခွဲထားရှိခြင်း။
(ဂ)က လေယာဉ်ရုံများနှင့် အဆောက်အအုံများအား အခိုင်အမာတည် ဆောက်ခြင်း။
(ဃ)က လေယာဉ်၊ အဆောက်အအုံတုများ ပြုလုပ်ခြင်း။

(၃၇)ကက မြို့ပြလေကြောင်းရန်ကာကွယ်ခြင်း။ကကက။စစ်အေးကာလ လေကြောင်းရန် ကာကွယ်ရေး တည်ဆောက်ရာတွင် မြို့ပြ လေကြောင်း ရန် ကာကွယ်ရေးအား မဖြစ်မနေ ဖွဲ့စည်း၍ လုပ်ငန်း ဆောင်တာများအား ကြိုတင်ဆောင် ရွက်ထားရှိရန် လိုအပ်လှပေသည်။ မြို့ပြလေကြောင်းရန် ကာကွယ်ရေးလုပ်ငန်းသည် ပြည်သူလူထုနှင့် တပ်မတော် ပူးပေါင်း၍ စစ်အေးကာလမှာပင် စစ်အတွင်းအား မျှော်မှန်း၍ ကြိုတင် လုပ်ဆောင် ရခြင်းဖြစ်ပါသည် -

(က)က နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်ကျေးရွာအဆင့် အထိ မြို့ပြ ကာကွယ်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းထားရှိခြင်း။
(ခ)က ဗုံးခိုကျင်းများ ပြုလုပ်ပေးခြင်း။
(ဂ)က စစ်ဘေးဒါဏ်မှ လွတ်ရာဒေသများသို့ ရွှေ့ပြောင်းနိုင်ရေး စီမံချက်များရေးဆွဲ ထားရှိခြင်း။
(ဃ)က စက်ရုံ၊ အလုပ်ရုံများ၊ အရေးကြီး အဆောက်အအုံများအား ဖုံးကွယ်ပုံဖျက်ပေးခြင်း။
(င)က တစ်ဦးချင်းအတွက် ကာကွယ်မှု အစီအမံများ ဆောင်ရွက် ပေးခြင်း။
(စ)က ထောက်ပံ့၊ ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင် ဖွဲ့စည်း ထားရှိခြင်း။
(ဆ)က မီးငြိမ်းသတ်ရေး၊ အပျက်အစီးများ ရှင်းလင်းရေး၊ ပြုပြင် တည်ဆောက်ရေး အဖွဲ့ အစည်းများ ကြိုတင်ဖွဲ့စည်းတာဝန် ပေး အပ်ခြင်း။
(ဇ)က ကူးစက်တတ်သောရောဂါများမှ ကာကွယ်ရေးအတွက် အဖွဲ့ အစည်းများ ပေးထားခြင်း။
(ဈ)က အရန် အင်အားစုများ ကြိုတင်စုဆောင်းထားရှိခြင်းတို့ ဆောင်ရွက်ထားရှိရပါမည်။

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၈) ကို ဆက်လက် ဖော်ပြသွားပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။