Thursday, January 22, 2015

အရေးပေါ်အခြေအနေမှာ စစ်တပ်ဝင်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်

(RFA)

မြန်မာ့တပ်မတော်အနေနဲ့ တစ်ဘက်သက်အာဏာသိမ်းမှာ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာအရေးပေါ် အခြေအနေ ကြေညာရပြီဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းက ဖော်ပြပါတယ်။

 
ဒါ့ပြင် ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေပေါ်ပေါက် လာအောင် ပြင်ပအဖွဲ့အစည်းတွေက သွေးထိုးလှုံ့ဆော်လာနိုင်ကြောင်းလည်း ပြောပါတယ်။

ဒေသတစ်ခု၊ ပြည်နယ်တစ်ခုမှာ အရပ်ဘက် အာဏာပိုင်တွေ မထိန်းနိုင်ပဲ အခြေအနေတွေ ဆိုးသည်ထက်ဆိုးလာလို့ သမ္မတက အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်ဝင်ဖို့လိုပြီလို့ပြောတဲ့အခါ တုံ့ဆိုင်းမနေပဲ ဝင်ရမှာပါ၊ ဒီလိုမျိုး ဥပဒေနဲ့အညီ မဆောင်ရွက်ရင်၊ နောက်ဆက်တွဲပြဿနာတွေ အများကြီးကြုံရမှာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကဲခတ် ဒေါက်တာ ရန်မျိုးသိန်းကလည်း ဒီကိစ္စဟာ တိုင်းပြည်အခြေအနေအပေါ် စစ်တပ်ရဲ့ ကြည့်မြင်သုံးသပ်ပုံအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။ ပြည်သူတွေအမြင်က ဒီမိုကရေစီဘက်ကို သွားနေတယ်လို့မြင်ပေမဲ့၊ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေက ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်အေင် မရင့်ကျက်သေးဘူးလို့ မြင်နိုင်ပါတယ်၊ ဒါကြောင့် ရှေ့မှာ စစ်တပ်က ပကတိအခြေအနေမှန်ကို မမြင်နိုင်ဘူးဆိုရင် အာဏာသိမ်းနိုင်ပါတယ်လို့ Channel News Asia သတင်းကို ပြောဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။