Sunday, January 18, 2015

တရုတ်အစိုးရ၏ ရာဇာသံ နာခံရတော့မည်

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဌာန၏ ကွပ်ကဲမှုအောက် တွင်ရှိသော မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ သံအမတ်ကြီး မှတဆင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်သို့ အဆိုပါ ရာဇာသံအား ယနေ့( ဇန်နာဝရီလ ၁၄ ရက် ၂၀၁၅) ခုနှစ် နံနက် ၁၀ နာရီတွင် ပေးအပ်ကြောင်းသိရ၏။


တရုတ်အစိုးရအနေဖြင့် ၄င်း၏ ရာဇာသံတွင် ဖေါ်ပြထားသည်မှာ….
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တရားမ၀င် သစ်ထုတ်လုပ်မှုဖြင့် ဖမ်းဆီးသိန်းယူသွားသော ယာဉ်အမျိုးစား (၁၂)မျိုးနှင့် ယာဉ်ပေါင်း ၄၅၉ စီးသည် အဆိုပါ သစ်ထုတ်လုပ်သူများမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပိုင် ယူနန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေး ဌာနမှ ငှားယမ်းထားသော ယာဉ်များနှင့် ကရိယာပစ္စည်းများ ဖြစ်ပြီး အဆိုပါ သိမ်းဆည်း ပစ္စည်းများအားလုံး မြန်မာ အစိုးရ၏ စွဲချက်တွင် ဖေါ်ပြထားသော တရားမ၀င် သစ်ထုတ်လုပ်ရန် ငှားရမ်းခဲ့ခြင်းမဟုတ်ပဲ ယူနန်ဒေသ ဖွံ့ဖြိုးရေး အစီစဉ်၏ ခေါင်းစဉ်အောက်တွင်သာ ငှားယမ်းခဲ့ခြင်းကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရပိုင် ပစ္စည်းများ ဖြစ်ခြင်းကြောင့် တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ (၅၈) သန်းခန့် ရှိပြီး အဆိုပါ သိမ်းယူထားသော ပစ္စည်းများအားလုံးအား တရားဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်အုပ်ချုပ်ရေး ဆိုင်ရာ သက်ဆိုင်ရာ အရာရှိထံသို့ ပြန်လည်လွဲပြောင်းပေးရန် တောင်းဆိုထားသည်။
ထို့အပြင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသားများဖြစ်သော ၄၆၉ ဦးမှာ နယ်မြေ မှားယွင်းသွားရောက်၍ အလုပ်ကိုင် ရှာဖွေခြင်းသာ ဖြစ်ခြင်းကြောင့် အဆိုပါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ နိုင်ငံသားများအားလုံးတို့အား ပြန်လည်၍ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးရန် တောင်းဆိုထားသည်။

ဝိုင်းမော် ဖြစ်စဉ်နှင့်ပတ်သက်သော မြန်မာနိုင်ငံ သစ်တောရေးရာဌာန၏ ၀န်ထမ်းတစ်ဦးမှ “ အခု ဖမ်းထားတယ်ပြောတဲ့ တရုတ်တွေ သစ်ခုတ်နေတာ လွန်ခဲ့တဲ့ ( ၂) နှစ်လောက်ထဲကပါ အခုမှ ခုတ်နေတာမဟုတ်ပါဘူး …ပထမ အသုတ်ဆို လူပေါင်း ၆၀၀ လောက်နဲ့လာခုတ်တာ လုပ်ငန်း အဆင်ပြေလို့ ပြနတောင် သွားကြပြီ.. အခုမှ ဖမ်းထားတဲ့လူတွေက ဒေသခံနဲ့ပြသနာတက်တာရယ် ပြီးတော့ အခုမှ အသစ်ပြောင်းလာတဲ့ တပ်ရင်းမှူးနဲ့ တရုတ်သစ်ခုတ်သမားတွေ အဆင်မပြေတာကြောင့်မို့ ပြသနာ စဖြစ်ရာကနေ ဖမ်းတာ ဆီးတာ ဖြစ်လာကြတာပါ”…..ဟု ဆိုသည်။

ဝိုင်းမော် လူဝင်မှုကြီးကြပ်ရေးဌာန၏ အမည် မဖေါ်လိုသော ၀န်ထမ်းမှ .. "တရုတ်တွေ အခုလဲ ၀င်ထွက်နေတာပဲဗျာ ကျနော်တို့က မစစ်ရဲဘူး သူတို့က ပြည်နယ်ဝန်ကြီးချုပ်ကို သူတို့ရဲ့ ထောင်ကဲ(သူဌေးတွေက) အပိုင်ကိုင်ထားတာ ခွန့်ထားတာ ကျနော်တို့က သွားစစ်လား ဆေးလားလုပ်ရင် ဘ၀ပျက်ကုန်မှာလေ အဲဒါကြောင့် အထက်က ဖမ်းမှ ဖမ်းရောပဲ ကျနော်တို့လဲ မသိချင်ယောင် ဆောင်နေတာ ( ၂) နှစ် ကျော်ပြီ"….ဟု ထုတ်ဖေါ်ပြောဆိုပါသည်။

ကနေဒါအခြေစိုက် လူ့အခွင့်ရေး ဆိုင်ရာ Cadian Human Rights Watch အဖွဲ့မှ မြန်မာနိုင်ငံ အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် အဆိုပါ နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသ များတွင် လူကုန်ကူးမှုနှင့် မောင်ခို လုပ်ငန်းမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ပေါ်နေလျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် ရေး ဌာနသို့ စာတမ်း တင်သွင်းထားခဲ့ဘူးသည်။

အန္ဒိယနိုင်ငံ ဖြစ်သောနှင့်မြန်မာ နယ်စပ်ဖြစ်သော တမူးနှင့် နာဂကုန်းမြင့်ဒေသသို့ တရုတ်ပြည်မှ အန္ဒိယနိုင်ငံ အား ခွဲထွက်ရေး တောင်းဆိုနေသော လက်နက်ကိုင် သူပုန်များထံသို့ တရုတ်ပြည်မှ လက်နက်ခဲယမ်းများ နှစ်စဉ် တစ်နှစ်တွင် (၄) ကြိမ်ထက်မနည်း ထောက်ပံပေးနေသော လက်နက်သယ်ယူရေး လမ်းကြောင်းအား မြန်မာ အစိုးရမှ အန္ဒိယ နိုင်ငံမတည်ငြိမ်ရေးအတွက် တရုတ်နှင့် ပူးပေါင်းကာ အဆိုပါ သူပုန်များအား အကူညီပေးနေသည်ဟု အန္ဒိယမှ မြန်မာပြည်သို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက်လည်ပတ် ဆွေးနွေးခဲ့သော တငိပြချက်များကို http://timesofindia.indiatimes.com/india/India-steps-up-military-aid-to-Myanmar-to-offset-Chinas-might/articleshow/25075742.cms လင့်တွင် ၀င်ရောက် ဖတ်ရှု့နိုင်ပါသည်။ ထိုနောက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာ စစ်ဘက် အကြီးကဲ ဗိုလ်ချုပ်ကြီး စိုးဝင်းမှ အန္ဒိယ နိုင်ငံသို့ သွားရောက်၍ အဆိုပါ သူပုန် ကိစ္စများကို ပူပေါင်းဆောင်ရွက်ရန် ကတိက၀တ်ပြုကြောင်းကိုလည်း http://articles.economictimes.indiatimes.com/2013-12-10/news/45035190_1_enhanced-defence-cooperation-military-ties-armies လင့်တွင် ၀င်ရောက်ဖတ်ရှု့နိုင်ပါသည်။

ထိုအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် အန္ဒိယ အစိုးရထံသို့ သွားရောက်လည်ပတ်၍ ကတိက၀တ်များ ပြု၍ သူပုန်များအား လက်နက် မြန်မာမှတဆင့် တရုတ်လူမျိုး တရုတ်အထောက်ပံ့များအား အန္ဒိယသို့ဖြတ်သန်း သွားနေခြင်းအား မပြုရန် ပူပေါင်းဆောင်ရွက်ရန် ဆင်ဝှေ့ရန်ရှောင် ပြုလုပ်ထားကြောင်းကို http://inserbia.info/today/2013/11/india-to-provide-military-aid-to-myanmar/ တွင် ဖေါ်ပြထားသည်ကို တွေ့ရလေသည်။
မည်သို့ဆိုစေကာမူ မြန်မာပြည်အတွင်း တရုတ်လူမျိုးများ တံခါးမရှိ ဓားမရှိ ၀င်ထွက်နေကြသော အခြေနေမှာ ရွှေတူးဖေါ်ရေး သတ္တု တူးဖေါ်ရေး ကျောက်မျက် တူးဖေါ်ရေး မူးယစ်ဆေးဝါးနှင့် အခြားသော ကုန်သွယ်မှု လုပ်ငန်း များအတွက် ဆောင်ရွက်နေသည့်အခြေနေအား မြန်မာ စစ်ခေါင်းဆောင်ပိုင်းနှင့် အစိုးရ ထိန်တမ်း အရာရှိပိုင်းများဖြင့် လက်ဝါးရိုက် ၍ ပြည်ဝင်ခွင့် ဥပဒေအား နေပြည်တော် သမ္မတရုံးမှ အောက်ခြေ အကောက်ခွန် ကင်းစခန်းများ အထိ တိုက်ရိုက် ချိုးဖေါက်ခဲ့ခြင်းကြောင့် ယခု တရုတ်ပြည်မှ ပေးထားသော ရာဇာသံအား ခေါင်းမဖေါ်ဝံ့ပဲ လိုက်နာရမည်အခြေနေသို့ ဆိုက်ရောက်နေကြောင်းပါ…………..

အခြားထောက်ပြထားသော သတင်းအား အဆိုပါလင့် http://7daydaily.com/story/29349#.VLb3K3ucvfw တွင် ၀င်ရောက်ဖတ်ရှု့နိုင်ကြပါသည်။

သတင်း မှန်ဖြစ်၍ အားလုံးလွတ်လပ်စွာ ရှယ်ယူနိုင်ပါသည်

ဂိုလ်ရှယ်လေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။