(မိုးမခ)
စာရင်းစစ်အဖွဲ့ရဲ့ တင်ပြမှုကို ပြည်သူ့လွှတ်တော်မှာ
ဆွေးနွေးလာကြပါတယ်။ စာရင်းစစ်ဆိုတာ ပါဝါမြင့်မားစွာ ပေးထားတာ
လာဘ်စားမှုတိုက်ဖြက်ရေး အဓိကပဲဖြစ်ပါတယ်။ အစိုးရသစ် အစပိုင်းမှာ
ထိပ်ပိုင်းလာဘ်စားမှုများကို ကိုင်တွယ်လိုတဲ့ မြန်မာနိုင်ငံ စာရင်းစစ်ချုပ်
ဦးလွန်းမောင် အလုပ်ကထွက်သွား ခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဝန်ကြီးဌာနနဲ့အစိုးရဌာနဆိုင်ရာတွေမှာ
အကြီးအကျယ် အဂတိလိုက်စားမှုတွေ ဖြစ်လာပါတော့တယ်။ လာဘ်မစားဘူး ကြေငြာတဲ့ ဝန်ကြီး
ဦးဆန်းဆင့်လဲ ထုတ်ခံ၊ အရေးယူခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး
တစ်ရပ်မှာ ၀န်ကြီးဌာနတွေရဲ့ ဘတ်ဂျက် အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး
ဆွေးနွေးခဲ့သူကတော့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦး
ဖြစ်ပါတယ်။ ဆွေးနွေးသူရဲ့ ပြောဆိုချက်တွေကို မီဒီယာတွေက ကိုးကားဖော်ပြကြရာမှာတော့
အလွဲသုံးစားမှု ပြုလုပ်သူတွေထဲမှာ အောက်ခြေ၀န်ထမ်းတွေက အနည်းငယ်သာဖြစ်ပြီး
ရာထူးအဆင့်မြင့်သူတွေက အများကြီး ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဌာနအချို့မှာဆိုရင် ညွှန်ကြားရေးမှူးများသာမက ညွှန်ကြားရေးမှူးချုပ်များ အဆင့်အထိ
ပါဝင်နေတယ်လို့ ဒေါ်တင်နွယ်ဦးက (http://www.pyithuhluttaw.gov.mm/representative/%E1%80%B1%E1%80%92%E1%81%9A%E1%80%90%E1%80%84%E1%80%B9%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%A6%E1%80%B8 )
ဆွေးနွေးခဲ့တယ်လို့လည်း ဖတ်ရပါတယ်။
ပမာဏ ကွာခြားနိုင်
ဒေါ်တင်နွယ်ဦး ဆွေးနွေးခဲ့သလို လုပ်ပိုင်ခွင့်
များများရှိလေ ရထားတဲ့ လုပ်ပိုင်ခွင့် ရထားတဲ့ အနေအထား ကွာခြားတဲ့ အခြေအနေအလိုက်
အောက်ခြေ၀န်ထမ်းတွေနဲ့ အရာရှိကြီးတွေရဲ့ အလွဲသုံး စားပြုလုပ်နိုင်တဲ့
တန်ဖိုးပမာဏဟာလည်း ကွာခြားပါတယ်။
အရေးယူမှု မတွေ့ရသေး
Transparency
International အဖွဲ့ကြီးက
မြန်မာနိုင်ငံရဲ့ Corruption Perceptions
Index အဆင့်
သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံထဲက အဆင့်
၁၅၇ အဖြစ် သတ်မှတ် ဆိုးရွားတဲ့ အဆင့်သတ်မှတ်ချက်တွေ ရှိနေပေမယ့်လည်း
အရေးယူဆောင်ရွက်မှုတွေ အားနည်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အသစ်ပြန်လည်
ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ၂၀၁၄ ခုနှစ် ၆လတာ
ကော်မရှင်ထံသို့ တိုင်ကြားစာ ၅၃၃ စောင် ရောက်ရှိခဲ့ပြီး အဲဒီအထဲက သုံးစောင်ကသာ ဥပဒေနဲ့
ငြိစွန်းတာ တွေ့ခဲ့ရတယ်လို့ ပါရှိခဲ့ပြီး၊ ကျန်တာတွေတော့ အရေးယူ ဆောင်ရွက်မှုတွေ
မတွေ့ပါဘူး။ အရေးယူမှုမှာ အလွန်ပြောင်မြောက်တာကတော့ တရုပ်နိုင်ငံဖြစ်ပါတယ်။
ထိပ်ပိုင်းအရာရှိများ လာဘ်စားမှုဟာ နိုင်ငံတော်ပုန်ကန်မှုလောက် အပြစ်ကြီးပါတယ်။
၂၀၁၄ အရှေ့တောင်အာရှနိုင်ငံများ အဂတိကင်းရှင်းမှုမှာ
စင်ကာပူက ထိပ်ဆုံး နံပါတ်(၁)အဖြစ် အပြက်အသတ် နေရာယူထားပါတယ်။ မြန်မာကတော့ အဆင့်
၁၅၆မှာ ကမ္ဘောဒီယားနဲ့အတူ ဘိတ်ဆုံးမှာရပ်တည်နေပါတယ်။ မနှစ်ကထက်စာရင်
တဆင့်တက်လာပါတယ်။ ရမှတ်မှာ လာဘ်စားမှုလုံးဝမရှိရင် ၁၀၀မှတ်ရပါတယ်။ မြန်မာအမှတ်က
၂၁မှတ်၊ no change
ဖြစ်နေပါတယ်။
2014 Corruption
Perceptions Index, South East AsiaRank(+/1 change)
Country Index
(+/- change)007 (-2)
Singapore 84
(-2)050 (+2)
Malaysia 52
(+2)085 (+9)
Philippine 38
(+4)085 (+17)
Thailand 38
(+3)107 (+7)
Indonesia 37 (+5)119
(-3)
Vietnam 31 (no
change)145 (-5)
Lao 25 (-1)156
(-4)
Cambodia 21 (+1)156
(1-)
Myanmar 21 (no change)
Myanmar is no change
in 2014 corruption (no improvement)
နိဂုံးချုပ်
ပြည်သူ့ငွေစာရင်းကော်မတီက ဝန်ကြီးဌာနတွေကို ကိုင်တွယ်၊
သတိပေးနေပြီဆိုတော့ အရေးယူတော့မဲ့ အခြေအနေရောက်နေပါပြီ။ လုပ်ပြီးခဲ့တာတွေကိုတော့
နောက်အစိုးရသစ်က ပြန်ဖော်ထုတ်မှာမဟုတ်ပါဘူး။ အမြင်ကပ်ပုဒ်မစာရင်း ဝင်သွားသူတွေတော့
နောက်ကြောင်းပြန် အရေးယူနိုင်ပါတယ်။ ဘာပဲဖြစ်ပါစေ ..
* စာရင်းစစ်အဖွဲ့
သြဇာအာဏာကြီးထွားလာပြီး၊ သမ္မတနဲ့ဝန်ကြီးများရုံးကို အချိန်မရွေးဝင်စစ်နိုင်ခြင်း
* အဂတိလိုက်စားမှု
တိုက်ဖျက်ရေး ကော်မရှင်ကလဲ သမ္မတနဲ့ဝန်ကြီးများကို ခေါ်ယူစစ်ဆေးနိုင်ခြင်းစတဲ့..
အာဏာများ ရရှိလာမယ်ဆိုရင် အနည်းဆုံး
အင်ဒိုနီးရှားနိုင်ငံအဆင့် အရာရှိကြီးများ လာဘ်စားမှု
အထူးလျော့နည်းသွားမယ်ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့ သြဇာအာဏာရှိပြီး၊ အခွန်ကောက်ခြင်း
နဲ့ ဘတ်ဂျတ်အသုံးချခြင်းမှာ ဘယ်သူကိုစတင်အရေးယူ၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်မလဲ။
ဝန်ကြီးသတင်းရေးယင်တင်ပေးမှာလား။
ReplyDelete