Wednesday, October 16, 2013

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ဥပဒေမျိုး ကမ္ဘာပေါ်တွင်မရှိ



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကဲ့သို့ ပြင်ဆင်ရန် ခက်ခဲ ရှုပ်ထွေးသည့် ဥပဒေမျိုး ကမ္ဘာ ပေါ်တွင်မရှိဟု NLD မှ ဖွဲ့စည်း ထားသည့်အခြေခံ ဥပဒေပြင်ဆင် ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြော သည်။

ကမ္ဘာပေါ်၌ အခြေခံဥပဒေ ပြင်ဆင်ရာတွင်

(၁) လွယ်ကူ သောပြင်ဆင်ခြင်း၊

(၂) ခက်ခဲ သော ပြင်ဆင်ခြင်း၊

(၃) အလွန် ခက်ခဲသော ပြင်ဆင်ခြင်းဟူ၍ ခွဲ ခြားထားကြောင်း၊

လွယ်ကူသော ပြင်ဆင်ခြင်းမှာလွှတ်တော်အမတ် ၅၁ ရာခိုင်နှုန်းထောက်ခံရန် လို အပ်ကြောင်း၊ ခက်ခဲသည့်ပြင်ဆင် မှုမှာ လွှတ်တော်အမတ် ၆၇ ရာ ခိုင်နှုန်းထောက်ခံရန် လိုအပ် ကြောင်း၊ အလွန်ခက်ခဲသည့် ပြင် ဆင်မှုမှာ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံရန် လိုအပ် ကြောင်း စသည်ဖြင့် သတ်မှတ် ထားကြောင်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ရှုပ် ထွေးသည့် ဥပဒေအမျိုးအစား ကမ္ဘာပေါ်တွင်မရှိဘဲ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန်အတွက် လွှတ်တော်အတွင်းမှ အမတ် ၂၀ ရာခိုင်နှုန်းက ဦးစွာ ထောက်ခံရန် လိုအပ်ပြီး ၎င်း ၂၀ ရာခိုင်နှုန်းထောက်ခံပြီးပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်ကာ ၇၅ ရာခိုင်နှုန်းကျော် ကောက်ခံပြီးပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရမည်ဖြစ်ကာ မဲထည့်နိုင်သူဦးရေစုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းထောက်ခံမှ ပြင် ဆင်နိုင်မည်ဖြစ်၍ ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ပြင်ဆင်ပုံဖြစ် သည်ဟု ဦးကိုနီကဆိုသည်။

၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံဥပဒေများအနက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တစ် ပါတီအာဏာရှင်စနစ်တွင်ပြဋ္ဌာန်း ခဲ့သည့် အခြေခံဥပဒေများထက် တပ်မတော်ကို ပိုမိုနေရာပေးထား ပြီး ၂၀၀၈ အခြေခံဥပဒေတွင် အာဏာသုံးရပ်ရှိသော်လည်း ထို အာဏာသုံးရပ်ကိုနောက်ဆုံးချုပ် ကိုင်ထားသည်မှာ ကာကွယ်ရေး ဦးစီးချုပ်ပင်ဖြစ်သည်ဟု ဦးကိုနီ ကဆိုသည်။

The hot news weekly

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။