(Mizzima)
ဦးအောင်သောင်းအား အမေရိကန်က ယင်းသို့ အမည်ပျက်စာရင်း ထည့်သွင်းခြင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပရောဂမကင်းမှု ပြည်ခိုင်ဖြိုးပါတီဘက်မှ စွပ်စွဲသည့် သတင်းအချို့ ထွက်လာခဲ့သေးသည်။ ယင်းကိုမူ ဒေါ်အောင်ဆန်းစုကြည်က လုံးဝမဟုတ်ဟု ငြင်းဆိုလိုက်သည်။
"လုံးဝမဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ အန်တီတို့ကလေ။ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် သူတို့က လုပ်ပြီးမှ သိတာ။ လုံးဝလည်း အန်တီတို့နဲ့ တိုင်ပင်ပြီး လုပ်တာမဟုတ်ဘူး။ ပြီးတော့လည်း ဒီလိုဟာမျိုးဆိုတာက ရှေ့မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်နေတဲ့ အချိန်မှာ နောက်ကြောင်းပြန်လှည့်ရေးကို သိပ်ပြီးတော့ စိတ်မပါဘူး" ဟု နိုဝင်ဘာ ၁၀ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်သောင်းကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်း ထည့်သွင်းခြင်းကို
နိုဝင်ဘာ ၁၀ရက် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်က
ကန့်ကွက်လိုက်သည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အမေရိကန်၏
ဦးအောင်သောင်းအပေါ် အမည်ပျက်စာရင်း ထည့်သွင်းမှုကို ရှုံ့ချရန် အရေးကြီးအဆို
တင်သွင်းလိုက်ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိ လွှတ်တော်၌ အတည်ပြုခဲ့ခြင်း
ဖြစ်သည်။ဦးအောင်သောင်းအား အမေရိကန်က ယင်းသို့ အမည်ပျက်စာရင်း ထည့်သွင်းခြင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပရောဂမကင်းမှု ပြည်ခိုင်ဖြိုးပါတီဘက်မှ စွပ်စွဲသည့် သတင်းအချို့ ထွက်လာခဲ့သေးသည်။ ယင်းကိုမူ ဒေါ်အောင်ဆန်းစုကြည်က လုံးဝမဟုတ်ဟု ငြင်းဆိုလိုက်သည်။
"လုံးဝမဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ အန်တီတို့ကလေ။ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် သူတို့က လုပ်ပြီးမှ သိတာ။ လုံးဝလည်း အန်တီတို့နဲ့ တိုင်ပင်ပြီး လုပ်တာမဟုတ်ဘူး။ ပြီးတော့လည်း ဒီလိုဟာမျိုးဆိုတာက ရှေ့မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်နေတဲ့ အချိန်မှာ နောက်ကြောင်းပြန်လှည့်ရေးကို သိပ်ပြီးတော့ စိတ်မပါဘူး" ဟု နိုဝင်ဘာ ၁၀ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။