Friday, January 25, 2013

တပ်ကြပ်ကြီးကတော်ထံမူးယစ်ဆေးဝါးဖမ်းမိရာက စစ်တပ်နှင့်ရဲပြဿနာဖြစ်

(တအာင်းမြေ)


၂၀၁၃ခုနှစ်၊ဇန်နဝါရီလ()ရက်နေ့တွင် မန်တုံရဲစခန်းမှ မန်တုံအခြေစိုက်တပ်ရင်းခလရ-၁၃၀ရှိ တပ်ကြပ်ကြီး ကတော် ဒေါ်အေးအောင်နှင့်အတူတရုတ်မတစ်ဦထံ မူးယစ်ဆေးဝါး(ယာဘ) အလုံးလေးရာကျော်ဖမ်းမိကြောင်း သိရသည်။ 

ခလရ ၁၃၀ တပ်ရင်းမှူးကျော်စွာသူဝင်းမှ ဒေါ်အေးအောင်အား မန်တုံရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသော အခါ ချက်ချင်းပြန်လွတ်ပေးရန် ရဲစခန်းမှူးထံဖုန်းဆက်အကြောင်းကြားခဲ့သည်။ စခန်းမှူးမှ ဥပဒေကြောင်း အရ မူးယစ်ဆေးဝါးရောင်းဝယ်ဖောင်းကားမှုဖြစ်သာဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုအကြောင်းပြန်ခဲ့သည်။ ထိုကြောင့် ခလရ(၁၃၀)တပ်ရင်းမှူးမှ စစ်သား၁၆ဦးအား ည()ခန့်တွင် မန်တုံရဲစခန်းအားဝိုင်းစေပြီး တရားခံ ဒေါ်အေးအောင်အားပြန်လွတ်ပေးရန် သေနတ်ပစ်ဖောက် အော်ဟစ်တောင်းဆိုစေခဲ့သည်။ 

သို့သော် မန်တုံရဲမှ မည်သို့မှပြန်တုံ့ပြန်ချင်းမပြုဘဲ စခန်းအတွင်းသာတိတ်ဆိတ်နေခဲ့သည့်အတွက် ထိုညတွင်း ချင်း စစ်သားများက မန်တုံမြို့တွင်း ဟိုခိုရပ်ကွက်တွင်းရှိ လောင်းကစားဝိုင်းတနေရာတွင် လူ(၁၂)ဦးအား ဖမ်းဆီးချုပ်နှောင်ကာ ရဲစခန်းသို့ဆောင်ပြီး ဥပဒေကြောင်းအရအရေးယူပေးရန် ပြောဆိုသည့်အပြင် အားဖူ ဆို သူအား ရဲစခန်းအရောက်တွင် မန်တုံဆေးရုံရောက်သည်အထိ ရဲများရှေ့တွင် ရိုက်နှက်ခဲ့သည်။ နောက်ပြီး ဟိုခိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်ပီးကိုလည်း ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့သည်။ 

အဓိကတော့ စစ်သားတွေက ရဲတွေကိုမကျေနပ်လို့အခုလို အချင်းချင်းဖဲရိုက်တာလောက်ကို အထူးတလည် ဖမ်းဆီးအရေးယူခိုင်းတယ်..အခုလိုမတည့်ဖြစ်နေတော့ လူဆယ့်တစ်ယောက်က အလကားနေရင်း အချုပ်ခန်းထဲ မှာ နေနေရတယ်” ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။ 

လက်ရှိချိန်ထိ မူးယစ်ဆေးဝါးဖမ်းမိထားသော ဒေါ်အေးအောင်နှင့်တရုတ်အမျိုးသမီးအား မန်တုံရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။