Monday, September 30, 2013

ဖွဲ့စည်းပုံပြင်ချင်ရင် အာဏာအရှိဆုံးသူနဲ့ နားလည်မှုရမှဖြစ်မယ် – ဒေါက်တာလွဏ်းဆွေ

(DVB)

၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး (သို့) အသစ်ရေး ဆွဲရေးကိစ္စ အမျိုးသား ဒီမိုကေရစီအဖွဲ့ ချုပ်က လူထုသေဘာ ထား တောင်းခံထားပါတယ်။

ဒါဟာ ဘယ်လောက် လက်တွေ့ ကျပါသလဲ။ ဒီလိုဆောင် ရွက်ခြင်းရဲ့ အကျိုးဆက်အဖြစ် ဘာတွေဖြစ် လာနိုင်ပါသလဲ။ နိုင်ငံရေးသုံးသပ် ချက်ဆောင်း ပါးတွေ ရေးသားနေ တဲ့ မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကို ဦးမောင်တူးက တွေ့ဆုံမေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က ဒီရက်ပိုင်းအတွင်းမှာ ကြေညာချက် ထုတ်လာပါတယ်။ လူထုအေပ်ါမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒေကာက်ယူမှာနဲ့ ပတ်သက်ပြီး ဘယ်လိုများ ပြောလိုပါလဲ။

တပ်မတော်၏ အပြည့်အ၀ထောက်ခံမှု မရလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်

(Mizzima)

မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။

တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများ
မှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်း သေချာနေသည်။

လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်

(Mizzima)

ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှု တွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများက လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့်အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

Sunday, September 29, 2013

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

(RFA)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

Saturday, September 28, 2013

၂၀၁၅အလွန် ကုဋေကြွယ် ခရိုနီသူဌေးကြီးများ၏ မျှော်လင့်ချက်နှင့် မျှော်လင့်ချက်မဲ့နေတဲ့ မျှော်လင့်ခြင်းပြည်သူများ

( UNDP ) သည် မြန်မာပြည်ရှိ မြို့နယ်ပေါင်း (၆၀)ကျော်မှ ၀င်ငွေနည်းမိသားစု နှစ်သောင်း(၂၀၀၀၀)အား ၂၀၁၀ခုနှစ်တွင် စစ်တမ်းကောက်ခဲ့ရာ မိသားစုအားလုံးမှာ ကုန်ဈေးနှုန်းနှင့် စားစရိတ်ကြီးမြင့်မှု ဒဏ်ကို ကျောကော့အောင် ခံနေရသည် ဟုဆိုသည်။   ယခု ဦးသိန်းစိန်၏ အရပ်သားအစိုးရ လက်ထက်တွင် ပြည်သူများမှာ ဆင်းရဲမှုဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေရသည်ဟု စစ်တမ်းက ဖော်ပြခဲ့သည် . . .

ဦးသိန်းစိန်၏ အရပ်သား တစ်ပိုင်း အစိုးရ တက်လာ ပြီးနောက် မြန်မာနှင့် အနောက် နိုင်ငံတို့ ရွှေလမ်း၊ ငွေလမ်း ဖောက်ကာ လမ်းများ ပွင့်သွား ချိန်တွင် မြန်မာ့ စီးပွားရေး ကဏ္ဍ၌ အကျပ် အတည်း တစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံ သူများ အနေဖြင့် မြန်မာပြည်မှ မည်သူနှင့် စီးပွား တွဲဖက် လုပ်ကိုင်မည် နည်းဟူသော ပြဿနာ အခက်အခဲ ဖြစ်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ စီးပွားဖက် အဖြစ် သတ်မှတ်ရန် အတွက် မြန်မာပြည်မှ အချမ်းသာဆုံး ပုဂ်္ဂိုလ် များမှာလည်း ယခင် အာဏာပိုင် များနှင့် နီးကပ် စပ်ယှက် ဆက်ဆံလျက် ရှိနေ ခြင်းနှင့် တခြားသော စွပ်စွဲ ခံရမှုများ ရှိနေ ခြင်းကြောင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းတွင် ၀င်လျက် ရှိနေ သေးခြင်းမှာ ရင်းနှီး မြှုပ်နှံသူများ အဖို့ ချီတုံ ချတုံ စဉ်းစားခန်း ဖွင့်ရန် အကြောင်း ဖန်လာ ခဲ့သည်။

မိုဘိုင်းဖုန်းကွန်ရက် ရင်းနှီးမြှုပ်နှံမှုနှင့် ခရိုနီဝါဒ

(Irrawaddy)

မြန်မာနိုင်ငံ မိုဘိုင်းတယ်လီဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ များကို ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးသည့် ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှုများက စောင့်ကြိုလျှက်ရှိကြောင်း နိုင်ငံတကာ စီးပွားရေးလေ့လာမှု အစီရင်ခံစာ တစောင်တွင် သတိပေးထားသည်။

မိုဘိုင်းဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးကို ကြီးကြပ်ရန် တာဝန်ရှိသည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် ယခုအချိန် သြဇာရှိသော နိုင်ငံရေးသမားများနှင့် သာမက ယခင်စစ်အစိုးရ နှင့်ပါ ဆက်သွယ် ပတ်သက်မှုရှိသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဦးစားပေးရမည့် အစီအစဉ်များ ရှိနေနိုင်သည် ဟုလည်း အမေရိကန်အခြေစိုက် သုတေသနနှင့် သုတေသန အထူးပြုကုမ္ပဏီ Maplecroft က ဆိုသည်။

Friday, September 27, 2013

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

(7 days)

ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ မပြင်လျှင် အယောင်ဆောင် ဒီမိုကရေစီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ဧရာဝတီ)

စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အယောင်ဆောင်ဒီမိုကရေစီစနစ်အောက်တွင် တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ကျင်းပမှုဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော NLD ၂၅ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဟု မခေါ်ဆိုနိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီစနစ် ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

(ဧရာဝတီ)

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံးတွင် စစ်တပ် သိမ်းဆည်းထားသော မြေဧက ၂သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

နေပြည်တော်တွင် ယနေ့ကျင်းပသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနှင့်ဆက်စပ်သော အစည်း အဝေး တွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတချို့ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုရှိနေဆဲ

(VOA)

မြန်မာနိုင်ငံအနေနဲ့ ဒုံးလက်နက် နည်းပညာနဲ့ ပတ်သက်ပြီး မြောက် ကိုရီယားနဲ့ စစ်ရေးဆက် ဆံမှုတွေ ရှိနေ တုန်းပဲလို့ ၀ါရှင်တန် အခြေစိုက်တဲ့ ကိုရီယား သတင်းဌာန တခုမှာ ရေးသားပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့ ရှိပြီးသား ဒုံးလက်နက် ပစ္စည်းတွေကို ပြင်ဆင်ထိမ်းသိမ်းဖို့ မြောက်ကိုရီးယားဟာ လိုအပ်နေတုန်းပဲလို့လည်း မြန်မာစစ်ရေးအကဲခတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

Thursday, September 26, 2013

အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဆွေးနွေးခန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
ဦးခင်အောင်မြင့်

မေး။ ။ မင်္ဂလာပါ အဘခင်ဗျား။ သူရဦးရွှေမန်း အနေနဲ့ လွှတ်တော်သက်တမ်း တစ်ဝက်လောက် ကျော်လာပြီးတဲ့ အချိန်မှာ အတွေ့အကြုံ အထိုက်အလျောက် ရရှိနေပြီး နိုင်ငံတကာကိုလည်း လေ့လာရေးခရီး ထွက်ခဲ့ပြီးပါပြီ။ သူ့ရဲ့ လှုပ်ရှားပြုမူ ဆောင်ရွက်ချက်တွေဟာ သံတမန် စကားလုံး အသုံးအနှုန်း ကြွယ်ဝပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဥပဒေဘက်တော်သား ပါလီမန်ဥက္ကဋ္ဌ ဖြစ်လာပြီလို့ အဘအနေနဲ့ မြင်ပါသလား။

Wednesday, September 25, 2013

အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့်အချက်များအား ပြင်ရန် မလိုအပ်ဟု တ-စ-ည ပါတီ ပြော

(Mizzima)

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီဝင်များက ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြောင်းနှင့်
ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း စက်တင်ဘာ လ၂၄ရက်က ပြုလုပ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ ၂၅ နှစ်မြောက်ငွေရတုအခမ်းအနား သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဘ်ဆိုက် လွှင့်တင်မည်

(ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ၀က်ဘ်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဘ်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

Tuesday, September 24, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မလိုကြောင်း ဦးဌေးဦး ပြော

(ဧရာဝတီ)

လက်ရှိပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးကို ဖျက်ပြီး နောက်ထပ် အသစ်တခုရေး ဆွဲပြဌာန်း ဖို့ မလိုအပ်ဘူး လို့ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆို လိုက်ပါ တယ်။

နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင် တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ ပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ဦးဌေးဦးက ခုလို ရှင်းပြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်အနားပေးခံရချိန်အထိအတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်

(ဒေါင်းမာန်ဟုန်)



Q - ဗိုလ်ချုပ်မှူးကြီးစောမောင်အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေးပြောပြပေးပါ။
A -
ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။