Saturday, October 13, 2012

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၅)


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ပြည်တွင်း သတင်းထောက်များက စစ်ဖက်နီးစပ်သူများနဲ့ တွေ့ဆုံခဲ့ပြီး ဦးသန်းရွှေရဲ့ အနီးကပ် တပည့်များအကြောင်းကို အခုလို ဆက်လက် ပေးပို့လာပါတယ်။

အခု ဆက်လက် ဖော်ပြမယ့်သူကတော့ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင် (O.T.S -35) ဖြစ်ပြီး ခလရ (၁) မှာ တပ်ချုပ်ဦးသန်းရွှေ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်မှူးချုပ် သူရမြင့် မောင် ရန်ကုန်တိုင်း ဒုတိုင်းမှူး ဖြစ်နေစဉ် ကုန်းမြင့်သာ Golf ကွင်းမှာ Golf ရိုက်တိုင်း တပ်ချုပ်က သူ့ကိုခေါ်ပြီး ကုန်းမြင့်သာကို အဆင့်မြှင့် တင်ဖို့ မှာခဲ့ကြောင်း၊ အဲဒီနောက် ရကတတိုင်းမှူး ဗိုလ်ချုပ်ခင်မောင် သန်းနှင့် မတည့်လို့ သူ့အား ပြည်ထဲရေးဒုဝန်ကြီး ရွှေ့ပေးခဲ့ရကြောင်း၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဟာ ဗိုလ်မှူးကြီးဝာင်လှိုင် ဖြစ်နေပြီး ဗိုလ်မှူး ကြီး အဆင့်ပင် ရှိနေသေးလို့ သူက ဗိုလ်မှူးချုပ်ဖြစ်နေရာ တပ်ထုံးစံအရ ပြောင်းပြန် အလေးပြုရမလို ဖြစ်နေကြောင်း၊ နောက်မှ သာသနာရေးဝန် ကြီး နေရာလစ်လပ်လာလို့ ရကတတိုင်းမှူးနှင့် ဒုတိုင်းမှူးတွေရဲ့ အစဉ် အလာ အတိုင်း ကြွမြန်းရကြောင်း၊ သူကတော့ ရိုးသားပြီး ဖားတတ်တဲ့ အကျင့် မရှိပေမယ့် ဦးသန်းရွှေက ချစ်ပါကြောင်း၊ ရွှေဝါရောင် အရေး အခင်း အုံကြွနေချိန်မှာ တခြားလူဆိုရင် သာသနာရေးဝန်ကြီး ပြုတ်မှာဖြစ် ပေမဲ့ သူကတော့ အေးဆေးဖြစ်နေကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။



နောက်တပည့် တစ်ဦးကတော့ တပ်ချုပ်ဦးသန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ်က တပ်မဌာနချုပ်နှင့် ကပ်လျှက်ရှိပြီး လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ သနက (၁) တပ်ရင်းမှူး ဖြစ်ခဲ့သူ မဟာရန်ကုန် မြို့တော်ဝန် ဦးကိုလေးပင် ဖြစ်ပါ တယ်။ ထိုစဉ်က တပ်မမှူးကတော် ဖြစ်နေတဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့ လိုအပ် ချက်တွေကို အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့ အဖားတော်ခဲ့လို့ သဘော ကျပြီး ရန်ကုန်မြို့တော်ဝန်နေရာ ရသွားခဲ့တယ်လို့ စစ်ဖက် နီးစပ်သူများ က ဆိုပါတယ်။ သူ့ကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွှန့်နှင့် ထောက် လှမ်းရေး တပ်ဖွဲ့တွေက ဖြုတ်ဖို့ကြိုးစားတာတောင် မပြုတ်ပဲ အတွင်းရေး မှူး (၂) ဗိုလ်ချုပ်တင်ဦးနှင့်ပင် အမျိုးစပ် တော်လိုက်လို့ ထိုင်ခုံမြဲလှသူဖြစ် ကြောင်း၊ တပ်ချုပ်ဦးသန်းရွှေ ခေါင်းကိုက် စိတ်ရှုပ်ပြီဆိုရင် ဦးကိုလေးရဲ့ စည်ပင်က ဖန်တီးထားတဲ့ မင်္ဂလာဒုံ ပုလဲမြို့သစ်သို့ သွားရောက် အပန်း ဖြေလေ့ရှိကြောင်း၊ သူ့မှာ ပြစ်ချက်များနေပေမဲ့ နောက်ဆုံး ဥက္ကဌ ရုံးဝန်ကြီး အဖြစ်ပင် မပြုတ်ပဲ ထောင့်ဘဲ ကပ်သွားခဲ့ ထိုစဉ်က ကြောင်း သိရှိရပါတယ်။
စစ်တပ်လောကမှာ မထင်မှတ်ပဲ စင်တော် ကောက်ခံရသူကတော့ ဗိုလ် ချုပ်ကြီး သူရရွှေမန်းပင် ဖြစ်ပါတယ်။ သူ့ရဲ့ဇနီး ဒေါ်ခင်လေးသက်ဟာ ကျောင်းဆရာမ တစ်ဦးဖြစ်တာနဲ့အညီ တပ်ချုပ်ဦးသန်းရွှေရဲ့ အချစ်ဆုံး မြေး ဖိုးလပြည့်ကို ထိန်းကျောင်းပေးရဖူးသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေ ဝင်းရဲ့ ထောက်ခံချက်နှင့် ပံ့ပိုးမှုကြောင့် နတခတိုင်းမှူးကနေ ညှိုနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာရသူ ဖြစ်ပါတယ်။ သူဟာ ရေပန်းစားနေတဲ့ ဗိုလ် ချုပ်စိုးဝင်းနှင့် ဗိုလ်ချုပ်သိန်းစိန်တို့ထက် ကျော်ဖြတ်သွားသူ ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ စိတ်ထဲမှာ သူ့အား ယုံကြည်စိတ်ချရသူနှင့် သစ္စာရှိသူအဖြစ် အဓိကထား ရွေးချယ်ထားဟန်တူကြောင်း၊ စစ်တပ်မူဝါဒနဲ့ စည်းမျဉ်းစည်း ကမ်းတွေကို လျစ်လျူရှုကာ သူ့အား ရာထူးသစ် တီထွင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဦးရွှေမန်းဟာ အဲ့ဒီတီထွင်ရာထူး ရခါစက ဒုတပ်ချုပ်နဲ့ ဝန်ကြီးချုပ်တို့က အမြင်မကြည်မလင် ဖြစ်နေတတ်လို့ အနေအထိုင် ဆင်ခြင်နေရတယ်လို့ သူ့ရဲ့တပည့် ဗိုလ်မှူးတစ်ဦးကို ရင်ဖွင့် ပြောခဲ့ဖူးပါ တယ်။ သူဟာ တပ်ချုပ်အဖြစ် ရေပန်းစားပြီးမှ မြောက်ကိုးရီးယားနိုင်ငံကို လျှို့ဝှက် သွားရောက်တဲ့သတင်း ပေါက်ကြားမှုကြောင့် ဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးသိန်းစိန် (D.S.A – 9) ကတော့ စစ်ရုံးမှာ တောက်လျှောက် ဦးသန်းရွှေရဲ့ အဓိက နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ စစ်ဦးစီး အရာရှိတစ်ဦး အနေဖြင့် သစ္စာရှိရှိ လုပ်ကိုင်ခဲ့ကြောင်း၊ ဦးသန်းရွှေရဲ့ အသက်သွေးကြောဖြစ်တဲ့ သူလိုချင်တဲ့ အခြေခံဥပဒေကို ရေးဆွဲ အကောင်အထည်ဖော်ဖို့ အမျိုးသားညီလာခံ ကော်မရှင်ဥက္ကဌ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒါကြောင့် ဦးရွှေမန်းကို သမ္မတ မပေးတော့ဘဲ ဦးသိန်းစိန်ကို သမ္မတ ပေးလိုက်ဟန်တူကြောင်း စစ်ဖက်နီး စပ်သူများက သုံးသပ်ပါတယ်။

ဦးသန်းရွှေရဲ့ တပည့်ရင်း နောက်တစ်ဦးက ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (D.S.A – 15) ဖြစ်ကြောင်း၊ သူက စစ်ရုံးမှာ ဦးသိန်းစိန် တိုင်းမှူးအဖြစ် ဆင်းသွားကတည်းက ဦးသန်းရွှေရဲ့ အသက်သွေးကြောဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးတို့ကို ကိုင်တွယ်ရတဲ့ စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) အဖြစ် ဆက်တိုက်ဆိုသလို နေခဲ့ကြောင်း၊ ဦးမြင့်ဆွေ ထမင်းခူးခပ်ကျွေးမှ ဦးသန်းရွှေက စားကြောင်း၊ စစ်ရုံးမှာပင် G-3 မှ G-2၊ ထိုမှ G-1 အဖြစ် တောက်လျှောက်နေခဲ့လို့ စစ်ဦးစီးပညာရပ်မှာ ဂျိုးကပ်တယ်လို့ ဆိုကြ ကြောင်း၊ သူဟာ တိုင်းမှူးအဖြစ် ရာထူးရချိန်မှာ ရတခ တိုင်းမှူး အဖြစ် နေရာလပ်မရှိလို့ ခေတ္တသာ ဆင်းသွားရပြီး မကြာမီ ရကတ (ရန်ကုန်) တိုင်းမှူးအဖြစ် ပြန်လာရသူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ခင်ညွှန့် အရေးယူခံရ စဉ် ထောက်လှမ်းရေး အကြီးအကဲအဖြစ် ယုံကြည်လို့ သူ့ကို တာဝန်ပေး ခံခဲ့ရကြောင်း၊ တဖန် ရန်ကုန်တိုင်းကို စိတ်မချလို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ကစထမှူးအဖြစ် ဆက်လက် တာဝန်ပေးခဲ့ပြီး အစိုးရသစ် ဖွဲ့ပြန်တော့လည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့သလို ဒုသမ္မတနေ ရာကိုလည်း ဦးသန်းရွှေကပဲ ဖိအားပေး ဆွဲတင်ခဲ့ပေမဲ့ ဥပဒေကြောင်းအရ ကန့်ကွက် ပယ်ချခံရသူဖြစ်ကြောင်း စစ်ဖက် နီးစပ်သူများက သုံးသပ် ပေးပို့လာပါတယ်။

အပိုင်း (၆) ကို ဆက်လက် တင်ပြပေးသွားပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။