Monday, November 11, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း - အပိုင်း(၅)

(မိုးမခ)


သန်းဝင်းလှိုင် ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၃
ပထစ အစိုးရအကြပ်အတည်း
          ထို့နောက် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲ ကို ကျင်းပပေးခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ မဲဆန္ဒနယ် ၂၅ဝ ရှိသည့်အနက် သန့်ရှင်းဖဆပလ က ၂ဝ၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တည်မြဲ ဖဆပလ က ၃၉ နေရာ အနိုင်ရရှိခဲ့သည်။ ပမညတသည် ရေးမြို့ တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Friday, November 8, 2013

ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာနှင့် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ လုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ

ရေးချင်ရာရေး မတုန်လှုပ် သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာနှင့်  ပါတီတွင်း သမ္မတလောင်း ရွေးကောက် ပွဲ လုပ်ရတော့ မည့် ကြံ့ခိုင်ရေးပါတီ

    တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမိုကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင် ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် သုံးသပ် . . .

ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်

မော်လမြိုင်၊ နိုဝင်ဘာ ၇

သထုံ အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။

သူခိုးဝန်ကြီးဌာန ၁၈ ခုကို သာဓု ခေါ်ရမလား?

ဒီကနေ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ ညပိုင်း အစီစဉ်တွင် ထုတ်လွှင်သွား ၀န်ကြီးဌာ ၁၈ ခု၏ မြန်မာကျပ်ငွေ သိန်း သန်းပေါင်းများစွာအား ဘုန်းထားကြသည်မှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း ၆ ထောင်နီးပါမျှရှိသည်ဟု နိုင်ငံတကာ ငွေကြေးဆိုင်ရာ နှင့် အာဂတိ စောင့်ကြည့်သူများအဖွဲ့ အမေရိကန် နယူးယောက်တိုင်းမ်တွင် ယနေ့ ပြောဆိုပါသည်။

အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း – အပိုင်း(၄)

(မိုးမခ)


သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၈၊ ၂၀၁၃
ဇာတာစန်း လဂ်တက်ခဲ့စဉ်
          ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သခင်နု ယာယီနိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာချိန်တွင် ဗိုလ်နေဝင်းသည် ၁၉၄၇ အောက်တိုဘာ ၈ ရက်တွင် ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သင်းတို့အား ခန့်အပ်ပြီးနောက် ဗိုလ်နေဝင်းအား ၁၉၄၇ ဒီဇင်ဘာလ ၂ ဝ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

Wednesday, November 6, 2013

အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း အပိုင်း(၃)

(မိုးမခ)


အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း အပိုင်း(၃)
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃

ဂျပန် စစ်ပညာတော်သင်ဘဝ
          ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ ၈ ရက် အင်္ဂါနေ့တွင် ကိုရီယုမာရူး (Koriyu Maru) သင်္ဘောဖြင့် ဂျပန်သို့ စေလွှတ်သော မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်တွင် သခင်ရူမောင်လည်း ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော်သုံးကျိပ်၏ နောက်ဆုံးအသုတ်လည်း ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဥာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။

နေပြည်တော် အသုံးစရိတ် ကြမ်းဟု လွှတ်တော် ဝေဖန်

(Irrawaddy)

နေပြည်တော်ကောင်စီ က နေပြည်တော် တည်ဆောက်ရေး စီမံကိန်း များအတွက် ကျပ် ငွေ ၂၀၀ ဘီလျံကျော် တောင်းခံ ထားသည့်အပြင် ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ၂၆ ဘီလျံ ထပ်မံတောင်းခံ လာသောကြောင့် နေပြည်တော်ကောင်စီ ဘတ်ဂျက် ကို  ပြည်ထောင်စုလွှတ်တော်တွင် အပြင်း အထန် ဝေဖန်ဆွေးနွေးမှု များ  ရှိနေသည်။ ထပ်မံတောင်းခံလာသော ငွေအလုံးငွေရင်း အသုံးစရိတ်ကို လွှတ်တော်က အပြည့်အ၀ခွင့်မပြုဘဲ ကျပ်သန်းပေါင်း ၁.၃ ဘီလျံကို လွှတ်တော်က စိစစ်ဖြတ်တောက်လိုက်ကြောင်းလည်း လွှတ်တော်အမတ်များက ဧရာဝတ်ီသို့ ပြောဆိုသည်။

နေပြည်တော်ကောင်စီ၏ နောက်ထပ်တောင်းခံငွေ လွှတ်တော် ထက်ဝက်ဖြတ်တောက်

(Mizzima)

နေပြည်တော်ကောင်စီမှ ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့် ဘဏ္ဍာငွေ သန်း ၂၆၀၀တွင် သန်း ၁၃၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲအရ ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လျှော့ချခွင့်ပြုလိုက်သည်။

နေပြည်တော်ကောင်စီသည် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ သံတမန်များ သွားလာဝင်ထွက် နားနေရာ ကန့်သတ်နယ်မြေရှိ လမ်းလယ်ကျွန်းများအား ရေပေးရေး (ရေဖြန်းချနိုင်ရေး)အတွက် လည်းကောင်း၊ ချောင်းမကြီးဆည်အနီးတွင် ရေကန်ငယ်တစ်ကန်တည်ဆောက်ခြင်းနှင့် သပြေကုန်းအ၀ိုင်းအနီးရှိ မင်္ဂလာကန်တော်တွင် မီးအလှတပ်ဆင်ခြင်းတို့အတွက် လည်းကောင်း နောက်ထပ်တောင်းခံငွေကျပ်သန်း ၂၆၀၀ အား ခွင့်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းအပေါ် လွှတ်တော်က ၅၀ ရာခိုင်နှုန်းဖြတ်တောက် လျှော့ချခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ရဲ့ အရည်အသွေး ကျဆင်းနေပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

၂၃ ကြိမ်မြောက် အာဆီယံနိုင်ငံရှိ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ကျင်းပရာ ပြင်ဦးလွင်မြို့

တပ်မတော် အရည်အသွေး ကျဆင်းနေပြီဟု စစ်ဖက်နီးစပ်သူများက သတင်းပေးလာပါတယ်။

Tuesday, November 5, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)

(မိုးမခ)
 အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)
ဗိုလ်နေဝင်းငယ်ဘဝ
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၅၊ ၂၀၁၃

Monday, November 4, 2013

အသွင်ကူးပြောင်းရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး

(ဧရာဝတီ)

သတင်း မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မကြာခန တွေ့ရတတ်တဲ့ သတင်းကတော့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးစဉ်မှာ အလွန်အကျွံ့ အင်အားသုံး၊ နှိပ်စက်ညှင်းပန်းလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြတာ၊ ခြေလွန်လက်လွန်ဖြစ်လို့ သေဆုံးသွားတာတွေ အပြင် စစ်တပ်ကလည်း တိုင်းရင်းသားဒေသတွေမှာ ဒေသခံပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းတဲ့ ကိစ္စတွေပါ။

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်း စစ်ကြောရေးကာလနဲ့ ထောင်တွင်းမှာ ထောက်လှမ်းရေးနဲ့ ထောင်ဝန်ထမ်းတွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ဆေးရုံတက်ရောက် ကုသနေတဲ့ သတင်းတွေလည်း မကြာသေးမီက တွေ့ရပါတယ်။

ကိုနေရွှေသွေးအောင်ကို ဦးသန်းရွှေက နေပြည်တော် ပြန်ခေါ်ထား

(ဧရာဝတီ)

သူရိယ အလင်း ဂျာနယ်တိုက် ကို ဝင်ရောက်သိမ်းဆည်းမှုမှာ ပါတယ် ဆိုပြီး သတင်း ထွက်ပြီးနောက် ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ကို အဖိုးဖြစ် သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရန်ကုန် ကနေ နေပြည်တော် ကို ပြန်လည် ခေါ်ယူထား လိုက်ပြီလို့ နေပြည်တော် သတင်း ရပ်ကွက် ကနေ သိရပါတယ်။

ဒီ လို ကိုနေရွှေသွေးအောင် ကို နေပြည်တော် ပြန်ခေါ်ထား လိုက်ရတာ ကတော့ သူရိယအလင်း ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် (CEO) ဦးမိုးဟိန်းဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တဦး ဖြစ် တာကြောင့် နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့ ပတ်သက် ရှုပ်ထွေးမှု ဖြစ်မှာ စိုးတာကြောင့် ဖြစ်နိုင် တယ်လို့ ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေပါ တယ်။

Sunday, November 3, 2013

သတင်းစာ၊ဂျာနယ်များ မရေးရဲတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းများအကြောင်း

(မိုးမခ)
ဇာနီကြီး၊ နိုဝင်ဘာ ၃၊ ၂၀၁၃

အနာဂတ်မြန်မာပြည်သည် ထိုင်းနိုင်ငံပုံစံသွားမည်လော၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသဖြင့် မည်သည့် ပုံစံသွားမည်လော ကျနော်မသိနိုင်၊ တရုပ်လိုတော့ မသွားလိုပဲ တောင်ကိုးရီးယားလို သွားစေချင်သော်လည်း ယခုဖြစ်ပျက်နေသောအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံ ပုံစံဖြစ်နေသည်။ ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများတွင် ပြဲနေအောင်သွားရောက်လုပ်ကိုင်ရသည့်အထဲ၊ အိမ်စေအလုပ်သမများကို တရားဝင်ခွင့်ပြုမည်ဟု ဆိုလာသည်ကို ကြိုဆိုရင်း ဝမ်းနည်းမိပါသည်။

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁)

(မိုးမခ)

မြန်မာနိုင်ငံတွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော် သုံးကျိပ်ဝင် တော် လှန်ရေးကောင်စီ ဥက္ကဌ၊ မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့် သမ္မတဟောင်း စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာစစ်အာဏာရှင်အပေါင်းတို့၏ “ဂေါ့ဒ်ဖားသား” (God Father) ခေါ် “ခေါင်းကိုင် ဖခင်ကြီး” ပင် ဖြစ်သည်။
သူသည် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ မှ ၁၉၇၃ ခုနှစ်အထိ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် (၁၉၇၃ မှ ၁၉၈၈ အထိ) တို့တွင် အဓိက ကြိုးကိုင်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ကြီး ဖြစ်သည်။ သူ၏အမွှေကို ယနေ့ထက်တိုင် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် အထိ ဆက်ခံနေဆဲ ဖြစ်သည်။ ဤသို့ဆိုလျှင် အာဏာရှင် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ဆန်းစစ်ဖို့ လိုပေမည်။

Friday, November 1, 2013

ဒီမိုကရေစီနှင့် စစ်တပ်

(Ven Ravika)

နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီထွန်းကားမှုရှိမရှိ အကောင်းဆုံး သိနိုင်သည့် နည်းတစ်ခုမှာ စစ်တပ်နှင့်ရဲဝန်ထမ်းတို့ကို လူ့မြင်ကွင်း၌ များများစားစား တွေ့ရခြင်းရှိမရှိ ထောက်ကြည့်လျှင် သိနိုင်သည်ဟု ဆိုသည်။ ဒီမိုကရေစီနိုင်ငံတိုင်းသည် ဒီမိုကရေစီအဆောက်အဦးကို ထူထောင်ရာ၌ စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချရမြဲဖြစ်သည်။ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့သည် လူနေရပ်ကွက်များ၊ ပြည်သူလူထုမြင်ကွင်းများ၌ စခန်းချပြီး နေကြလျှင် ဒီမိုကရေစီရေး ပျက်စီးနိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီအစိုးရတိုင်းသည် လူ့မြင်ကွင်းမှ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် မရရတဲ့နည်းဖြင့် ကြိုးစားကြရသည်။