ဆောင်းပါးရှင်အောင်မျိုးထွန်း
02 October 2014
သမ္မတ ဗိုလ်သိန်းစိန်ရဲ့  အောက်တိုဘာလ
ရေဒီယိုစကားမှာ အပစ်ရပ်စာချုပ်ကို အစောတလျင်စွာ လက်မှတ်ထိုးနိုင်မှ
နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာဖြစ်တယ်၊
ဒီအခြေအနေကမှ နိုင်ငံရေးတည်ငြိမ်မှုတွေ ရရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုအောင်မြင်ချောမွေ့ စွာ ကျင်းပနိုင်မယ်ဆိုတဲ့အချက်ကြောင့်၂၀၀၈ ခြေမန်းကွင်းနဲ့ အတုပ်အနှောင်ခံထားရတဲ့ ရွေးကောက်ပွဲနိုင်ငံရေးသမားတွေကြားမှာ အလုပ်အကိုင်မဲ့လမ်းဘေးရောက်သွားတော့မလားဟ ဆိုပြီး သောကပွား ဗျာများသွားခဲ့ကြတယ်။
စစ်အာဏာရှင် မဆလ ဗိုလ်နေ၀င်းခေတ်၊ ငြိမ်/ပိ ဗိုလ်စောမောင်နဲ့  ဗိုလ်သန်းရွှေရဲ့ နအဖခေတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တုန်းက အခုလောက် သေနတ်သံ ဗုံးသံတွေတိတ်ခဲ့ကြတာမဟုတ်ဆိုတာကြံ့ဖွံ့ သမ္မတဗိုလ်သိန်းစိန် ကောင်းကောင်းသိပါတယ်။