Saturday, March 16, 2013

ဧပြီလ ၁ ရက်နေ့ စတင်ကာ ရောင်းချ မည်...

(ဧရာဝတီ)

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ် ဖုန်းများကို ဧပြီလ ၁ ရက်နေ့ စတင် ကာ ရောင်းချ ပေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွား မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက် ဈေးကွက် မှာ ဈေးတက် လျှက် ရှိနေသည်။


စီးပွားရှာတဲ့ စစ်တပ်နဲ့ မြေယာသိမ်းယူမှု ပြဿနာ

(VOA)


စစ်တပ်က သိမ်းယူထားတဲ့ မြေယာပမာဏဟာ ဧကနှစ်သိန်းခွဲနီးပါး ရှိတယ်လို့ လွှတ်တော်ရဲ့  လယ်ယာမြေ စုံစမ်းရေးကော်မရှင် အစိရင်ခံစာ မှာ မကြာမီက ဖော်ပြထားကြောင်း သိရပါတယ်။ ဒီပြဿနာကို တိုင်းရင်း သားအဖွဲ့တွေက တင်ပြနေတာ ကြာလှပါပြီ။ ၁၉၈၈ စစ်အစိုးရတက် လာပြီးနောက် စစ်အင်အားတိုးချဲ့ တာနဲ့ မြေယာသိမ်းယူမှုဟာ ဆက်စပ် နေပါတယ်။ တိုးချဲ့ ဖွဲ့စည်းထားတဲ့ တပ်ကိုကျွေးမွေးနိုင်တဲ့ စီးပွားရေး အင်အားမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ရပ်တည်ကြဖို့ စစ်အစိုးရက ညွှန်ကြားပါတယ်။ အဲဒီနောက် အစိုးရတပ်ရင်းတွေက ရိက္ခာလုယူတာနဲ့ မြေယာသိမ်းပိုက်တဲ့သတင်းတွေ မကြာခဏ ပေါ်ထွက်လာပါတယ်။

တိုးလာတဲ့တပ်ရင်းတွေရဲ့  စစ်စခန်း၊ စစ်တန်းလျားနဲ့ အခြားစစ်မှုရေးရာ အဆောက်အအုံတွေအတွက် လယ်ယာမြေကို သိမ်းပိုက်ပြီး လူနေအိမ် ခြေတွေကို ဖယ်ရှားလေ့ရှိပါတယ်။ လျော်ကြေးမပေးတဲ့အပြင် ဒေသခံ အရပ်သားတွေကို တပ်စခန်းသစ်မှာ အတင်းအဓမ္မခိုင်းစေပါတယ်။ လယ်ယာမြေကို စစ်တပ်ကသိမ်းယူပြီး လယ်သမားကို ပြန်ဌာစား တာမျိုးဟာ နေရာတိုင်းလိုလိုမှာ ရှိပါတယ်။ စစ်တပ်နဲ့ လယ်သမားပူး တွဲလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို တဝက်စီ ခွဲယူတာမျိုးလည်း ရှိပါတယ်။

Monday, March 11, 2013

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်

မဇ္ဈိမသတင်းဌာန 

ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်းထားသည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံများကပါ ထိုကဲ့သို့
ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး  အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားက ပြောကြားခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ်
ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံခဲ့ရသည့်ဒဏ်များကို ကုစားရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန်ခံဖြေရှင်းမှု ရှိရေးမှာ အလွန်အရေးကြီးလှသည်ဟု ဆိုသည်။

တပ်တွင်း ပြဿနာ မဖြေရှင်း ပေးလို့ အဆင့်ဆင့် တိုင်ကြားသူအား တပ်ထဲမှ နှင်ထုတ်

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၉၂) ခြေလျင်တပ်ရင်းအတွင်း နေထိုင်သူ တပ်ကြပ်ထွန်းဝင်းရဲ့ နေအိမ်လိုင်းခန်းမှာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ အိမ်ပိုင်နက်ကျော်နင်းမှု (သို့) ပိုင်နက်ကျူးလွန်မှုကို အရေးယူပေးဖို့ အကြိမ်ကြိမ်တိုင်ကြားသူ တပ်ကြပ်ထွန်းဝင်းရဲ့သား မောင်ဇင်ဝင်းထွန်းကို တပ်တွင်း မလာဖို့နဲ့ တပ်အပြင်ဘက်ရှိ ဈေးတန်းမှဆိုင်ရှင်များကို ၎င်းအား ဈေးမရောင်းဖို့ (ယာယီ) တပ်ရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းမှ အမိန့်ပေးထားတဲ့သတင်းအား တပ်တွင်း မိသားစုများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။

(၁၀.၆.၂၀၁၁) ရက်နေ့ ည (၁၀) နာရီကျော်ခန့်အချိန်မှာ ခလရ (၉၂) တပ်အတွင်း တပ်ကြပ်ထွန်းဝင်း (ကပ-၅၃၁၀၅၉) နေထိုင်ရာ စစ်သည်လိုင်းခန်းနေအိမ်တွင် သမီးဖြစ်သူ (၉) တန်းကျောင်းသူ မအေးဇင်ထွေးတစ်ဦးတည်းနေချိန် ခလရ (၉၂) မှ တပ်သားဇော်နိုင်ဝင်း ကိုယ်ပိုင်အမှတ် (ကပ-တ/၃၅၅၀၇၇)ဟာ အိမ်နောက် ဘေးတံခါးကို ဖျက်ဆီးကာ ဝင်ရောက်လာနေစဉ် မအေးဇင်ထွေးမှ အိမ်နီးနားချင်း များကို အော်ဟစ်အကူအညီတောင်းရာ တပ်သားဇော်နိုင်ဝင်းအား ဝိုင်းဝန်းဖမ်းဆီး ခဲ့ပါတယ်။

Sunday, March 10, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

(၄၂)        ကြားဖြတ်တိုက်ခိုက်ခြင်း (Interception) ။   အောက်ပါ အတိုင်း ဆောင်ရွက်သွား ရပါမည်-
              (က)    ကာကွယ်ရေးဇုန် သတ်မှတ်ခြင်း
(၁)        တိုက်လေယာဉ် တိုက်ခိုက်ရေးဇုန် (Fighter Engagement Zone) ။   သက်ဆိုင်ရာ လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ်မှ တပ်မတော်(လေ)ရှိ ကြားဖြတ် တိုက်လေယာဉ်များဖြင့် စစ်ဆင်နိုင်သည့် အကွာအဝေးအထိ/မြန်မာနိုင်ငံ လေကြောင်းရန် ကာကွယ်ရေး စိစစ်မှုဇုံ    (Myanmar Air Defense Identification) အထိ ဖြစ်ပါသည်။

Saturday, March 9, 2013

ကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ မှန်ကန်မှုမရှိကြောင်း အစိုးရ တုံ့ပြန်


2013-03-09 (RFA)

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူများကိစ္စ၊ ကချင်နဲ့ ရခိုင်ပြည်နယ်ဘက်က အခြေအနေများ လက်ပန်းတောင်းတောင် ဖြစ်စဉ်များအပြင် အကျဉ်းထောင်နဲ့ ရဲစခန်းတွေအတွင်းက လူ့အခွင့်အရေးချိုး ဖေါက်မူတွေကို ဖေါ်ပြထားပါတယ်။

Tuesday, March 5, 2013

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွှတ်ပေးသော်လည်း အမှုမရုပ်သေး

(ဧရာဝတီ)


ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေး ခံခဲ့ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးက္ကိဒ္ဓိလှ၊ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အရာရှိ များအပါအ၀င် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီ များမှ အကြီးတန်း အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေး ခဲ့ပြီး မကြာခင် ရက်ပိုင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ

(ဧရာဝတီ)


လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနှင့် ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုပြုပြီး ဆားလင်းကြီး မြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတကို တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးက ထူးခြားသော အမှုဖြစ်စဉ်ဖြင့် လက်ခံပြီး မတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်းဆို လိုက်ကြောင်း သိရသည်။

၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသော သပိတ် စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံတော် သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီ ပေးနေသည့် ကိုသောင်းထိုက်က ပြောသည်။

ဦးသိန်းစိန်အစိုးရ အမှန်တရား ဖော်ထုတ်ရေးကို ဘယ်လိုရင်ဆိုင်မလဲ

(ဧရာဝတီ)


ဥရောပ ၅ နိုင်ငံဆီ ခရီးထွက်လာတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ နော်ဝေး နိုင်ငံကို ပထမ ဆုံးရောက် လာပြီး နော်ဝေးအစိုးရတာဝန်ရှိ သူတွေ အပြင် နော်ဝေးမှာနေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ပါ တွေ့ဆုံခဲ့ပါ တယ်။ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်း တွေ၊ စစ်ပြေးဒုက္ခသည်တွေ ထောင်နဲ့ချီရောက်ရှိနေတဲ့အရပ်မှာ ဒီလို တွေ့ဆုံပွဲလုပ်ဖို့ သဘောတူတာကိုက ထူးခြားပြောင်းလဲလာမှု တခုအဖြစ် မြင်မိပါတယ်။ အရင်အစိုးရတွေခေတ်က (န၀တ၊ နအဖ ခေတ် က) ဒါမျိုး တခါမှ မတွေ့ခဲ့ ဖူးပါ။

ဒီတွေ့ဆုံပွဲမတိုင်ခင် ပထမ ဆုံးကျနော်မြင်လိုက်ရတဲ့ အပြောင်းအလဲ ကတော့ ပြည်ပရောက် မြန်မာတွေ ရဲ့ ဆန္ဒပြပွဲတွေကို လျစ်လျူရှုမထားပဲ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ လိုတယ်ဆိုတာကို အစိုးရ သစ်က လက်ခံလာခြင်းပါ။

ရိုက်နှက် စစ်ဆေးခဲ့ရာမှ စစ်သည် တစ်ဦး လက်လွန်ပြီး သေဆုံး

(စည်းလုံးခြင်းရဲ့အင်အား)


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် အမှတ် (၉၂) ခြေလျင်တပ်ရင်းမှ တပ်သားထွန်းမင်းဇော် (အဖ) ဦးအေးသိန်းဟာ တပ်ရင်းရှေ့တန်းကို ထွက်ခွာတော့မယ့်အချိန်မှာ အချိန်မှီ ပြန်မရောက် လာတဲ့အတွက် သူ့ကို စစ်ဆေးရာမှ လက်လွန်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ သေဆုံးသွားကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက် (၅) နာရီခွဲခန့်က ခလရ (၉၂) တပ်ရင်းဟာ ရှေ့တန်း စစ်မြေပြင်အနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ကရင်ပြည်နယ်ကို စစ်ဆင်ရေးရှေ့တန်း သွားရမှာဖြစ်ပြီး ရှေ့တန်းတိုက် ခိုက်ရေး စာရင်းမှာ တပ်သားထွန်းမင်းဇော်လည်း ပါဝင်ပါတယ်။
ရှေ့တန်းမထွက်ခွာမှီ ဒီဇင်ဘာလ (၂၈) ရက်နေ့ညက တပ်သားထွန်း မင်းဇော်ဟာ အဲဒီတပ်အနီးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အရက် သောက်ခဲ့ကြောင်း သိရပါတယ်။

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

(ဧရာဝတီ)


တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော် မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင် ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံ စာတွင် ပါရှိသည်။

Sunday, March 3, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။        လေကြောင်းရန် ကာကွယ်ရေး အရေးပါမှုကို သိရှိသည့် အားလျော်စွာ တပ်မတော် (လေ) ၏ ဖွဲ့စည်းပုံမှ ထုတ်နုတ်သကဲ့သို့ အမြောက်တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးရုံး ဖွဲ့စည်းပုံမှ လည်း အင်အားထုတ် နုတ်ပြီး လေကြောင်းရန် ကာကွယ်ရေး အရာရှိ ချုပ်ရုံး ဖွဲ့စည်းပုံအသစ်ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အရာရှိများအား ရုရှား၊ ယူကရိန်း၊ ဘီလာရုစ်နှင့် တရုတ်နိုင်ငံများသို့ သင်တန်း တက် ရောက်စေခဲ့ပြီး ၎င်းနိုင်ငံများမှ ပညာရှင်များ ကိုလည်း ခေါ်ယူကာ လေ ကြောင်းရန် ကာကွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ အရာရှိချုပ်၏ အဆင့်မှာ တပ်မတော်တွင် ထိပ်ပိုင်း အဆင့် (၅) အတွင်း ပါဝင်ကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် ဒုံးပျံများ အရေးပါမှုကို သိရှိသည့် အားလျော်စွာ ဒုံးတပ်ဖွဲ့ ညွှန်ကြား ရေးမှူးရုံး ဖွဲ့စည်းပုံအသစ်အား ခွဲထုတ်ပြီး ထိုးစစ်ပိုင်းဆိုင်ရာမှာ အသုံး ပြုဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ပါသည်။

(၃၈)        စစ်အေးကာလ လေကြောင်းရန် ကာကွယ်ရေးသည် စစ်မ ဖြစ်ပွားမီ စစ်အတွင်းအား မျှော်မှန်း လျက် ကြိုတင်ပြင်ဆင်ရသော လုပ် ငန်းစဉ်များ ဖြစ်ပါသည်။ စစ်ပွဲအား မျှော်မှန်းလျက် ကြိုတင်လေ့ကျင့်ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများအား ကြိုတင် ဆောင် ရွက် ရပါသည်။ စစ်အေးကာလတွင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း များ ဆောင်ရွက်နေသည်နှင့် တပြိုင်နက် မိမိဝေဟင် ပိုင်နက်၏ လေ ကြောင်းရန် ကာကွယ်ရေးအား အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO) မှ ချမှတ်ထားသော ဥပဒေ များနှင့် အညီ လိုက် နာဆောင်ရွက်နေရမည် ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာတွေဆန္ဒပြ


02.03.2013 (OVA)
ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါ တယ်။ ဦးသိန်းစိန်ဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်လာတဲ့ သမ္မတဖြစ်တဲ့အတွက်  မြန်မာနိုင်ငံကိုယ်စားပြု သမ္မတအဖြစ် အသိ အမှတ်မပြုလို့ သမ္မတရဲ့ ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ဖင်လန်စံတော်ချိန် စနေမနက်ပိုင်းမှာ ဖင်လန်ပြည်သူ့လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါ တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံခရီးစဉ်အတွင်း ဒုတိယမြောက်နိုင်ငံ ဖြစ်တဲ့ ဖင်လန်နိုင်ငံ ကို သောကြာနေ့က ရောက်ရှိလာခဲ့ပါတယ်။ သော ကြာနေ့မှာတော့  ဖင်လန်သမ္မတနဲ့တွေ့ဆုံ ခဲ့ပြီးတဲ့နောက် မြန်မာသမ္မတ ရဲ့ ဖင်လန်ခရီးစဉ် ဒုတိယမြောက် စနေနေ့မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ရောက်မြန်မာနိုင်ငံသားတွေ က မြန်မာနိုင်ငံကိုယ် စားပြု သမ္မတအဖြစ်နဲ့ အသိအမှတ်မပြုကြောင်း၊ သမ္မတရဲ့ဖင်လန်နိုင်ငံ ခရီးစဉ်ကို မကြိုဆိုကြောင်း ပြည်သူ့ လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပါ တယ်။

Saturday, March 2, 2013

တာချီလိတ် တပ်တွင်း ပစ်ခတ်မှု တပ်ရင်းမှူး သေဆုံး

(ဧရာဝတီ)


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၃၁) ၌  ပြီးခဲ့သည့် ကြာသပတေးနေ့ ညပိုင်းက တပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

တပ်တွင်းစည်းရုံးရေး ကိစ္စများနှင့် ပတ်သက်ပြီး စကားများရာမှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး ပြည်စုံအောင်က သေနတ်နှင့် ပစ်ခတ်ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း၏ လည်ပင်း၌ ထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။

Friday, March 1, 2013

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။             ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက်  ပါတယ်။

ဆက်လက်ပြီး အယ်ဒီတာအဖွဲ့ဟာ အငြိမ်းစားယူသွားတဲ့ တပ်မတော်က အရာရှိကြီးတစ်ဦးအား ဆက်လက် မေးမြန်းခဲ့ပါတယ်။ အဲဒီအရာရှိကြီး ဟာ တပ်မှာနေခဲ့စဉ်က သူ့ရဲ့အထက်အရာရှိနဲ့ တွေ့ဆုံခဲ့တုန်း ရှေး ဟောင်းနှောင်းဖြစ် တပ်မတော်ခေါင်းဆောင်များရဲ့ အတွင်းရေးဇာတ် လမ်းများကို သိခဲ့ရလို့ ယခုလို ပြန်ပြောပြပါတယ်။